သြစတေးလျတွင် ရွှေရှာခြင်းများ အလွန်ခေတ်စားခဲ့သည့်ကာလက ပြည့်တန်ဆာဂေဟာအဖြစ် သုံးခဲ့ကာ ဝေါ့ဒစ္စနေ၏ ရုပ်ရှင်များတွင် ထည့်သွင်းရိုက်ကူးခဲ့ဖူးသော အဆောက်အအုံကြီး အရောင်းဈေးကွက်ဝင်လာ

သြစတေးလျတွင် ရွှေရှာခြင်းများ အလွန်ခေတ်စားခဲ့သည့်ကာလက ပြည့်တန်ဆာဂေဟာအဖြစ် သုံးခဲ့ကာ ဝေါ့ဒစ္စနေ၏ ရုပ်ရှင်များတွင် ထည့်သွင်းရိုက်ကူးခဲ့ဖူးသော အဆောက်အအုံကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
1 Aug 2023 12:10 pm တွင် တင်ခဲ့သည်
702 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

သြစတေးလျနိုင်ငံတွင် ရွှေရှာခြင်းများ အလွန်ခေတ်စားခဲ့သည့်ကာလက ပြည့်တန်ဆာဂေဟာအဖြစ် သုံးခဲ့ကာ ဝေါ့ဒစ္စနေ၏ ရုပ်ရှင်များတွင် ထည့်သွင်းရိုက်ကူးခဲ့ဖူးသော ဝိတိုရိယပြည်နယ်မှ အရက်ဆိုင်/တည်းခိုခန်းနှင့် နေအိမ် အရောင်းဈေးကွက်ဝင်လာသည်။

ပိုင်ရှင်များဖြစ်သော စတီဖင်နှင့် ကာမန်အော်တာဝေးတို့က ၁၈၆၉ ခုနှစ်ခန့်တွင် ဆောက်လုပ်ခဲ့သော အရက်ဆိုင်/တည်းခိုခန်းနှင့် ၁၈၉၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော နေအိမ်တို့ကို လုပ်ငန်းတစ်ခုလုပ်ကိုင်ရန် ရည်ရွယ်ချက်ဖြင့် လွန်ခဲ့သော ၈ နှစ်ခန့်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

မစ္စတာ အော်တာဝေးက ပြောသည်မှာ ၎င်းတို့ တွေ့ရှိခဲ့သည့်ကာလက ဤအဆောက်အအုံတို့မှာ ယိုယွင်းနေ ကြောင်း ပြောသည်။

နေအိမ်ကို ပစ္စည်းများ သိုလှောင်ခြင်းအတွက် ဆယ်စုနှစ် ၃ ခုခန့် အသုံးပြုခဲ့ပြီး အရက်ဆိုင်/ တည်းခိုခန်းမှာမူ ၁၉၉၀ ပြည့်လွန်ကာလများတွင် ခေတ္တမျှ ဖွင့်လှစ်ခဲ့ပြီးနောက် ပြန်လည် ပိတ်သိမ်းသွားခဲ့သည်။

 

 

(The Ironbark Bistro ဟု အမည်ပေးထားသော အရက်ဆိုင်သည် ဒစ္စနေ၏ ရုပ်ရှင်များတွင် ပါဝင်ခဲ့ဖူးသည်။)

 

အော်တာဝေးတို့စုံတွဲက အကြီးစားပြုပြင်မွမ်းမံမှုများ ပြန်လည်ပြုလုပ်ခဲ့ရာ အိပ်ခန်း ၂ ခန်းပါ နေအိမ်မှ အောက်ခြေကျောက်ငုတ်များ လဲလှယ်ခြင်း ၊ ကြမ်းခင်းများ ၊ နံရံများ ၊ ရေပိုက်လိုင်းနှင့် မီးကြိုးလိုင်းများ အသစ်လဲလှယ်ခြင်းများ ပြုလုပ်ခဲ့သည်။

တည်းခိုခန်းတွင် မီးဖိုဆောင် ၂ ခု၏ ကြားမှ နံရံကို ဖြိုချကာ စတီးနံရံများ ၊ ပီဇာမုန့်ဖုတ်ဖိုနှင့် မီးဖိုကြီးတစ်ခုတို့ ပါသော ပိုမိုကြီးမားသည့် မီးဖိုဆောင်အဖြစ် ပြောင်းလဲခဲ့ခြင်းမှ လွဲပြီး အများစုမှာ မူရင်းအတိုင်း တည်ရှိသည်။

 

 

ထို့အပြင် သီးခြားကော့တေးအရက်ဘား ၊ မီးဖိုအိုးတစ်ခုရှိသော Beer Garden ၊ ပစ္စည်းထားသိုသော အအေးခန်းနှင့် ဆိုလာပြား ၈၀ တို့ ရှိသည်။

တည်းခိုခန်း၏ သမိုင်းကြောင်းနှင့်စပ်လျဉ်းပြီး မစ္စတာအော်တာဝေးက ပြောသည်မှာ အဆိုပါ အဆောက်အအုံ ကို ယခင်က ဂိမ်းကစားခန်းအဖြစ်လည်းကောင်း၊ သြစတေးလျနိုင်ငံတွင် ရွှေတူးခြင်းများ ခေတ်စားခဲ့သည့် ကာလက ပြည့်တန်ဆာဂေဟာအဖြစ်လည်းကောင်း အသုံးပြုခဲ့ဖူးကြောင်း ပြောသည်။

 

 

တည်းခိုခန်း၏ အောက်တွင် မြေအောက်ဥမင်လှိုဏ်ခေါင်းတစ်ခုရှိပြီး အရက်ဆိုင်နှင့် ဆက်သွယ်ထားကြောင်း ၊ လူကြီးလူကောင်းတို့အနေဖြင့် ပြည့်တန်ဆာဂေဟာသို့ လူမသိစေဘဲ တိတ်တဆိတ်သွားနိုင်ကြောင်း မစ္စတာအော်တာဝေးက ပြောသည်။

နောက်ပိုင်းတွင်မူ ဥမင်လှိုဏ်ခေါင်းကို မြေပြန်ဖို့ခဲ့ပြီး ဝင်ပေါက်ကိုလည်း ပိတ်သိမ်းခဲ့သည်။

 

 

(ဤတည်းခိုခန်းသည် ၁၉၇၅ ခုနှစ်က ပြသခဲ့သော ဒစ္စနေ၏ ရုပ်ရှင် Ride a Wild Pony တွင် ပါဝင်ခဲ့ဖူးသည်။ ဓာတ်ပုံ-Everett Collection)

မစ္စတာအော်တာဝေးက ပြောသည်မှာ ယနေ့ကာလတွင် တည်းခိုခန်းနေရာ၌ လစဉ်ဂီတပွဲများ ကျင်းပကြောင်း ၊ ခြံဝန်းအတွင်း Beer Garden တွင် တီးဝိုင်းများက တီးခတ်ဖျော်ဖြေသည့် ဂီတရပ်ဝန်းတစ်ခုဖြစ်လာကြောင်း ပြောသည်။

“ကျွန်တော်က အရက်ဘားနောက်မှာ မတ်တပ်ရပ်နေချိန်မှာ တီးဝိုင်းကလည်း တီးခတ်ဖျော်ဖြေနေပြီး လူတိုင်းက လိုက်ပါသီချင်းဆို ကခုန်နေကြတယ်။ ဒီမြင်ကွင်းက ရုပ်ရှင်တွေထဲမှာ တွေ့ရတဲ့ ရှေးခေတ် အိုင်ယာလန် အရက်ဘားတွေလိုပါပဲ။”

 

မစ္စတာအော်တာဝေးက ပြောသည်မှာ မိမိနှင့် ဇနီးဖြစ်သူတို့သည် Chiltern မြို့ကလေးနှင့် ဤလုပ်ငန်းကို မြတ်နိုးကြောင်း ၊ သို့သော် မြေးမကလေး မွေးဖွားလာမှုကြောင့် မိသားစုနှင့် နီးနီးကပ်ကပ်နေထိုင်နိုင်ရန် ရောင်းချရခြင်း ဖြစ်ကြောင်း ပြောသည်။

 

 

ဈေးကွက်တင်ပေးသော အကျိုးဆောင် Aaron Jay Camilleri က ပြောသည်မှာ ယခုအိမ်ခြံမြေကို မည်သူဝယ်ယူသည်ဖြစ်စေ သြစတေးလျသမိုင်း၏ တစိတ်တဒေသကို ဝယ်ယူခြင်း ဖြစ်ကြောင်း ပြောသည်။

 

 

Ironbark Bistro တည်းခိုခန်း၏ တည်နေရာမှာ သြစတေးလျနိုင်ငံ ၊ ဝိတိုရိယပြည်နယ် ၊Chiltern မြို့ ၊ Conness လမ်း ၊ အမှတ် ၄၁-၄၃ တွင် တည်ရှိပြီး ဒေါ်လာ ၈၅၀၀၀၀ ဈေးခေါ်ထားသည်။

 

 

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Gold Rush-era brothel featured in Disney film hits the market

 

 

 

[Zawgyi]

ၾသစေတးလ်တြင္ ေရႊရွာျခင္းမ်ား အလြန္ေခတ္စားခဲ့သည့္ကာလက ျပည့္တန္ဆာေဂဟာအျဖစ္ သံုးခဲ့ကာ ေဝါ့ဒစၥေန၏ ရုပ္ရွင္မ်ားတြင္ ထည့္သြင္းရုိက္ကူးခဲ့ဖူးေသာ အေဆာက္အအံုၾကီး အေရာင္းေစ်းကြက္ဝင္လာ

 

ၾသစေတးလ်ႏိုင္ငံတြင္ ေရႊရွာျခင္းမ်ား အလြန္ေခတ္စားခဲ့သည့္ကာလက ျပည့္တန္ဆာေဂဟာအျဖစ္ သံုးခဲ့ကာ ေဝါ့ဒစၥေန၏ ရုပ္ရွင္မ်ားတြင္ ထည့္သြင္းရုိက္ကူးခဲ့ဖူးေသာ ဝိတုိရိယျပည္နယ္မွ အရက္ဆိုင္/တည္းခိုခန္းႏွင့္ ေနအိမ္ အေရာင္းေစ်းကြက္ဝင္လာသည္။

ပိုင္ရွင္မ်ားျဖစ္ေသာ စတီဖင္ႏွင့္ ကာမန္ေအာ္တာေဝးတို႔က ၁၈၆၉ ခုႏွစ္ခန္႔တြင္ ေဆာက္လုပ္ခဲ့ေသာ အရက္ဆိုင္/တည္းခုိခန္းႏွင့္ ၁၈၉၁ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ေသာ ေနအိမ္တို႔ကို လုပ္ငန္းတစ္ခုလုပ္ကိုင္ရန္ ရည္ရြယ္ခ်က္ျဖင့္ လြန္ခဲ့ေသာ ၈ ႏွစ္ခန္႔က ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

မစၥတာ ေအာ္တာေဝးက ေျပာသည္မွာ ၎တုိ႔ ေတြ႔ရွိခဲ့သည့္ကာလက ဤအေဆာက္အအံုတုိ႔မွာ ယိုယြင္းေန ေၾကာင္း ေျပာသည္။

ေနအိမ္ကို ပစၥည္းမ်ား သိုေလွာင္ျခင္းအတြက္ ဆယ္စုႏွစ္ ၃ ခုခန္႔ အသံုးျပဳခဲ့ျပီး အရက္ဆုိင္/ တည္းခိုခန္းမွာမူ ၁၉၉၀ ျပည့္လြန္ကာလမ်ားတြင္ ေခတၱမွ် ဖြင့္လွစ္ခဲ့ျပီးေနာက္ ျပန္လည္ ပိတ္သိမ္းသြားခဲ့သည္။

(The Ironbark Bistro ဟု အမည္ေပးထားေသာ အရက္ဆုိင္သည္ ဒစၥေန၏ ရုပ္ရွင္မ်ားတြင္ ပါဝင္ခဲ့ဖူးသည္။)

ေအာ္တာေဝးတို႔စံုတြဲက အၾကီးစားျပဳျပင္မြမ္းမံမႈမ်ား ျပန္လည္ျပဳလုပ္ခဲ့ရာ အိပ္ခန္း ၂ ခန္းပါ ေနအိမ္မွ ေအာက္ေျခေက်ာက္ငုတ္မ်ား လဲလွယ္ျခင္း ၊ ၾကမ္းခင္းမ်ား ၊ နံရံမ်ား ၊ ေရပိုက္လုိင္းႏွင့္ မီးၾကိဳးလိုင္းမ်ား အသစ္လဲလွယ္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

တည္းခုိခန္းတြင္ မီးဖိုေဆာင္ ၂ ခု၏ ၾကားမွ နံရံကို ျဖိဳခ်ကာ စတီးနံရံမ်ား ၊ ပီဇာမုန္႔ဖုတ္ဖုိႏွင့္ မီးဖိုၾကီးတစ္ခုတို႔ ပါေသာ ပိုမိုၾကီးမားသည့္ မီးဖိုေဆာင္အျဖစ္ ေျပာင္းလဲခဲ့ျခင္းမွ လြဲျပီး အမ်ားစုမွာ မူရင္းအတုိင္း တည္ရွိသည္။

ထုိ႔အျပင္ သီးျခားေကာ့ေတးအရက္ဘား ၊ မီးဖိုအိုးတစ္ခုရွိေသာ Beer Garden ၊ ပစၥည္းထားသုိေသာ အေအးခန္းႏွင့္ ဆုိလာျပား ၈၀ တို႔ ရွိသည္။

တည္းခုိခန္း၏ သမိုင္းေၾကာင္းႏွင့္စပ္လ်ဥ္းျပီး မစၥတာေအာ္တာေဝးက ေျပာသည္မွာ အဆိုပါ အေဆာက္အအံု ကို ယခင္က ဂိမ္းကစားခန္းအျဖစ္လည္းေကာင္း၊ ၾသစေတးလ်ႏုိင္ငံတြင္ ေရႊတူးျခင္းမ်ား ေခတ္စားခဲ့သည့္ ကာလက ျပည့္တန္ဆာေဂဟာအျဖစ္လည္းေကာင္း အသံုးျပဳခဲ့ဖူးေၾကာင္း ေျပာသည္။

တည္းခိုခန္း၏ ေအာက္တြင္ ေျမေအာက္ဥမင္လိႈဏ္ေခါင္းတစ္ခုရွိျပီး အရက္ဆိုင္ႏွင့္ ဆက္သြယ္ထားေၾကာင္း ၊ လူၾကီးလူေကာင္းတို႔အေနျဖင့္ ျပည့္တန္ဆာေဂဟာသို႔ လူမသိေစဘဲ တိတ္တဆိတ္သြားႏိုင္ေၾကာင္း မစၥတာေအာ္တာေဝးက ေျပာသည္။

ေနာက္ပိုင္းတြင္မူ ဥမင္လိႈဏ္ေခါင္းကို ေျမျပန္ဖုိ႔ခဲ့ျပီး ဝင္ေပါက္ကုိလည္း ပိတ္သိမ္းခဲ့သည္။

(ဤတည္းခိုခန္းသည္ ၁၉၇၅ ခုႏွစ္က ျပသခဲ့ေသာ ဒစၥေန၏ ရုပ္ရွင္ Ride a Wild Pony တြင္ ပါဝင္ခဲ့ဖူးသည္။ ဓာတ္ပံု-Everett Collection) မစၥတာေအာ္တာေဝးက ေျပာသည္မွာ ယေန႔ကာလတြင္ တည္းခိုခန္းေနရာ၌ လစဥ္ဂီတပြဲမ်ား က်င္းပေၾကာင္း ၊ ျခံဝန္းအတြင္း Beer Garden တြင္ တီးဝိုင္းမ်ားက တီးခတ္ေဖ်ာ္ေျဖသည့္ ဂီတရပ္ဝန္းတစ္ခုျဖစ္လာေၾကာင္း ေျပာသည္။

“ကၽြန္ေတာ္က အရက္ဘားေနာက္မွာ မတ္တပ္ရပ္ေနခ်ိန္မွာ တီးဝိုင္းကလည္း တီးခတ္ေဖ်ာ္ေျဖေနျပီး လူတိုင္းက လုိက္ပါသီခ်င္းဆို ကခုန္ေနၾကတယ္။ ဒီျမင္ကြင္းက ရုပ္ရွင္ေတြထဲမွာ ေတြ႔ရတ့ဲ ေရွးေခတ္ အုိင္ယာလန္ အရက္ဘားေတြလုိပါပဲ။”

မစၥတာေအာ္တာေဝးက ေျပာသည္မွာ မိမိႏွင့္ ဇနီးျဖစ္သူတို႔သည္ Chiltern ျမဳိ႕ကေလးႏွင့္ ဤလုပ္ငန္းကို ျမတ္ႏိုးေၾကာင္း ၊ သို႔ေသာ္ ေျမးမကေလး ေမြးဖြားလာမႈေၾကာင့္ မိသားစုႏွင့္ နီးနီးကပ္ကပ္ေနထုိင္ႏုိင္ရန္ ေရာင္းခ်ရျခင္း ျဖစ္ေၾကာင္း ေျပာသည္။

ေစ်းကြက္တင္ေပးေသာ အက်ဳိးေဆာင္ Aaron Jay Camilleri က ေျပာသည္မွာ ယခုအိမ္ျခံေျမကို မည္သူဝယ္ယူသည္ျဖစ္ေစ ၾသစေတးလ်သမိုင္း၏ တစိတ္တေဒသကုိ ဝယ္ယူျခင္း ျဖစ္ေၾကာင္း ေျပာသည္။

Ironbark Bistro တည္းခုိခန္း၏ တည္ေနရာမွာ ၾသစေတးလ်ႏိုင္ငံ ၊ ဝိတိုရိယျပည္နယ္ ၊Chiltern ျမိဳ႕ ၊ Conness လမ္း ၊ အမွတ္ ၄၁-၄၃ တြင္ တည္ရွိျပီး ေဒၚလာ ၈၅၀၀၀၀ ေစ်းေခၚထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Gold Rush-era brothel featured in Disney film hits the market

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service