အရောင်စုံအရုပ်အိမ်ကလေးများ စုပုံထားသည့်နှယ် အင်ဒိုနီးရှားနိုင်ငံမှ ချစ်စဖွယ်သက်တံ့ရွာငယ်လေး ဂျိုဒီပန်

အရောင်စုံအရုပ်အိမ်ကလေးများ စုပုံထားသည့်နှယ် အင်ဒိုနီးရှားနိုင်ငံမှ ချစ်စဖွယ်သက်တံ့ရွာငယ်လေး ဂျိုဒီပန် - Property News in Myanmar from iMyanmarHouse.com
23 Jul 2023 2:17 pm တွင် တင်ခဲ့သည်
1064 ကြိမ် ကြည့်ရှု့ပြီး

 

 

[Unicode]

 

အင်ဒိုနီးရှား ပိုလာဘာလီကျွန်းကလေးဝယ် သူကလေးနဲ့တွေ့လို့ ချစ်ကြိုးသွယ်ပြီးရင်တော့ ရောင်စုံသက်တံ့ရွာငယ်လေး ဂျိုဒီပန်ကို သွားလည်ဖို့ မမေ့ပါနဲ့။ ရွာကလေးထဲကို ဝင်ဝင်ချင်းအရောင်စုံကမ္ဘာကလေးထဲရောက်သွားသလို ဖြူနီပြာဝါခရမ်းပန်း ဆေးရောင်စုံခြယ်သထားတဲ့ အိမ်ငယ်အထပ်လေးများဟာ ခရီးသွားများကြား ကြည့်ရှုစရာမျက်စိပသာဒဖြစ်စေမှာပါ။

 

သက်တံ့ရွာငယ်လေး ဂျိုဒီပန်ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်မှာရှိပါတယ်။ ပုံမှာမြင်တဲ့အတိုင်း ပြည်ပခရီးသွားလည်ပတ်သူတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲငင်ဖို့ရာ သက်တံ့ရောင်စုံရွာငယ်လေးဖြစ်လာအောင် ပြည်တွင်းအနုပညာရှင် အယောက် ၃၀ ဝန်းကျင်ခန့် ပူးပေါင်းဖန်တီးခဲ့ကြပါတယ်။

 

သက်တံ့ပုံသဏ္ဍာန်လှပလွန်းတဲ့ ရွာငယ်လေးဖြစ်သွားပြီးနောက်မှာတော့ ရွာရဲ့အစိတ်အပိုင်းတိုင်းလိုလိုဟာ စိတ်ဝင်တစားဆွဲဆောင်မှုအပြည့် သုခဘုံကလေးသဖွယ်ဖြစ်သွားပါတော့တယ်။ ရွာငယ်ကလေးရဲ့ အိမ်တွေနဲ့ နံရံတိုင်းကို ရွင်မြူးတက်ကြွတဲ့အရောင်ကလေးများခြယ်သထားပြီး ခရီးသွားများဟာ ရွာငယ်ကလေးထဲခြေချလိုက်တာနဲ့ ရောင်စုံကမ္ဘာငယ်လေးထဲ ရောက်ရှိသွားသလို ခံစားရမှာဖြစ်ပါတယ်။

 

ရောင်စုံအိမ်ကလေးများတင်မကသေးပါဘူး။ လမ်းကြိုလမ်းကြားတွေထဲ လည်ပတ်သွားလာနေရင်း ဖြတ်ခနဲအပေါ်မော့ကြည့်လိုက်တိုင်းမှာ ပြာလဲ့လဲ့ကောင်းကင်လွှာအစား ရောင်စုံထီးလေးတွေက ကာမိုးပေးထားမှာပါ။ ခရီးသွားတွေကို နေရောင်ခြည်အပူဒဏ်ကနေ ကာကွယ်ပေးဖို့အတွက် ရွာကလေးက စီမံပေးထားတာဖြစ်ပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံဟာ ဂျိုဒီပန်ရွာကလေးမှတစ်ဆင့် နိုင်ငံခြားခရီးသွားဝင်ငွေအလွန်များပြားစွာရှာဖွေနိုင်ခဲ့ပြီး ရွာကလေးထဲဝင်ဖို့အတွက် ဝင်ကြေးကတော့ မယုံနိုင်လောက်အောင် ဈေးချိုလွန်းပါတယ်။

 

အင်ဒိုနီးရှားကျွန်းဆွယ်နိုင်ငံကလေးဟာ အပန်းဖြေလည်ပတ်စရာနေရာပေါများလှပြီး ခရီးသွားများအားဆွဲဆောင်တဲ့နေရာမှာ ဂျိုဒီပန်ရွာငယ်ကလေးဟာလည်းအပါအဝင်ဖြစ်ပါတယ်။ အင်ဒိုနီးရှားရဲ့ အထင်ကရ ဘာလီကျွန်းသို့ရောက်ခဲ့ရင်တော့ ပွဲဆက်အဖြစ် ဂျိုဒီပန်ရွာငယ်ကလေးကိုပါ လည်ပတ်ဖို့ရာ အကြံပြုပါရစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

အေရာင္စုံအ႐ုပ္အိမ္ကေလးမ်ား စုပုံထားသည့္ႏွယ္ အင္ဒိုနီး႐ွားႏိုင္ငံမွ ခ်စ္စဖြယ္သက္တံ့႐ြာငယ္ေလး ဂ်ိဳဒီပန္

 

အင္ဒိုနီး႐ွား ပိုလာဘာလီကြၽန္းကေလးဝယ္ သူကေလးနဲ႔ေတြ႕လို႔ ခ်စ္ႀကိဳးသြယ္ၿပီးရင္ေတာ့ ေရာင္စုံသက္တံ့႐ြာငယ္ေလး ဂ်ိဳဒီပန္ကို သြားလည္ဖို႔ မေမ့ပါနဲ႔။ ႐ြာကေလးထဲကို ဝင္ဝင္ခ်င္းအေရာင္စုံကမ႓ာကေလးထဲေရာက္သြားသလို ျဖဴနီျပာဝါခရမ္းပန္း ေဆးေရာင္စုံျခယ္သထားတဲ့ အိမ္ငယ္အထပ္ေလးမ်ားဟာ ခရီးသြားမ်ားၾကား ၾကည့္႐ႈစရာမ်က္စိပသာဒျဖစ္ေစမွာပါ။

သက္တံ့႐ြာငယ္ေလး ဂ်ိဳဒီပန္ဟာ အင္ဒိုနီး႐ွားႏိုင္ငံ ဂ်ာဗားကြၽန္းေပၚမွာ႐ွိပါတယ္။ ပုံမွာျမင္တဲ့အတိုင္း ျပည္ပခရီးသြားလည္ပတ္သူေတြရဲ႕ စိတ္ဝင္စားမႈကို ဆြဲငင္ဖို႔ရာ သက္တံ့ေရာင္စုံ႐ြာငယ္ေလးျဖစ္လာေအာင္ ျပည္တြင္းအႏုပညာ႐ွင္ အေယာက္ ၃၀ ဝန္းက်င္ခန္႔ ပူးေပါင္းဖန္တီးခဲ့ၾကပါတယ္။

သက္တံ့ပုံသ႑ာန္လွပလြန္းတဲ့ ႐ြာငယ္ေလးျဖစ္သြားၿပီးေနာက္မွာေတာ့ ႐ြာရဲ႕အစိတ္အပိုင္းတိုင္းလိုလိုဟာ စိတ္ဝင္တစားဆြဲေဆာင္မႈအျပည့္ သုခဘုံကေလးသဖြယ္ျဖစ္သြားပါေတာ့တယ္။ ႐ြာငယ္ကေလးရဲ႕ အိမ္ေတြနဲ႔ နံရံတိုင္းကို ႐ြင္ျမဴးတက္ႂကြတဲ့အေရာင္ကေလးမ်ားျခယ္သထားၿပီး ခရီးသြားမ်ားဟာ ႐ြာငယ္ကေလးထဲေျခခ်လိုက္တာနဲ႔ ေရာင္စုံကမ႓ာငယ္ေလးထဲ ေရာက္႐ွိသြားသလို ခံစားရမွာျဖစ္ပါတယ္။

ေရာင္စုံအိမ္ကေလးမ်ားတင္မကေသးပါဘူး။ လမ္းႀကိဳလမ္းၾကားေတြထဲ လည္ပတ္သြားလာေနရင္း ျဖတ္ခနဲအေပၚေမာ့ၾကည့္လိုက္တိုင္းမွာ ျပာလဲ့လဲ့ေကာင္းကင္လႊာအစား ေရာင္စုံထီးေလးေတြက ကာမိုးေပးထားမွာပါ။ ခရီးသြားေတြကို ေနေရာင္ျခည္အပူဒဏ္ကေန ကာကြယ္ေပးဖို႔အတြက္ ႐ြာကေလးက စီမံေပးထားတာျဖစ္ပါတယ္။

အင္ဒိုနီး႐ွားႏိုင္ငံဟာ ဂ်ိဳဒီပန္႐ြာကေလးမွတစ္ဆင့္ ႏိုင္ငံျခားခရီးသြားဝင္ေငြအလြန္မ်ားျပားစြာ႐ွာေဖြႏိုင္ခဲ့ၿပီး ႐ြာကေလးထဲဝင္ဖို႔အတြက္ ဝင္ေၾကးကေတာ့ မယုံႏိုင္ေလာက္ေအာင္ ေဈးခ်ိဳလြန္းပါတယ္။

အင္ဒိုနီး႐ွားကြၽန္းဆြယ္ႏိုင္ငံကေလးဟာ အပန္းေျဖလည္ပတ္စရာေနရာေပါမ်ားလွၿပီး ခရီးသြားမ်ားအားဆြဲေဆာင္တဲ့ေနရာမွာ ဂ်ိဳဒီပန္႐ြာငယ္ကေလးဟာလည္းအပါအဝင္ျဖစ္ပါတယ္။ အင္ဒိုနီး႐ွားရဲ႕ အထင္ကရ ဘာလီကြၽန္းသို႔ေရာက္ခဲ့ရင္ေတာ့ ပြဲဆက္အျဖစ္ ဂ်ိဳဒီပန္႐ြာငယ္ကေလးကိုပါ လည္ပတ္ဖို႔ရာ အၾကံျပဳပါရေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service