“ကျီးတို့၏ အကျင့်”

“ကျီးတို့၏ အကျင့်” - Property Knowledge in Myanmar from iMyanmarHouse.com
8 Jul 2023 1:46 pm တွင် တင်ခဲ့သည်
1687 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

အိမ်မှာ ငှက်ကလေးတွေကို အစာကျွေးဖြစ်သည်။နေရာရှိ၍တော့မဟုတ် နောက်ဖေးပြတင်းပေါက်ပေါင်ပေါ်တွင် တင်ကြွေးခြင်းရခြင်း ဖြစ်သည်။

အစာလာစားသည့် ငှက်များတွင် စာကလေးလည်းပါသည်။ဆက်ရက်လည်းပါသည်။ခိုကလေးများနှင့် ကျီးကန်းတို့လည်း လာစားကြသည်။

အစာလာစားသည့် သတ္တဝါလေးများ၏ အကျင့်စရိုက်ကိုလည်း သတိထားခဲ့မိသည်။အစာလာစားသည့် သတ္တဝါတွေ ဖြစ်သော်လည်း ကွဲပြားသည့်အမျိုးစရိုက်ကို လိုက်ပြီး အမူအကျင့်တို့ မတူသည်ကိုလည်းတွေ့ရသည်။

စာကလေးတို့က တစ်ထိုင်တည်းမစား ထမင်းလုံးတစ်လုံးကို နှုတ်သီးနှင့်ချီပြီး တခြားနေရာသွားစားသည်။ ဆက်ရက်တို့လည်း တစ်ခါတစ်ရံလာစားကြသည်။

အဆိုးဆုံးက ခိုများ၊ ခိုဆိုသည့် သတ္တဝါများက အစာကြွေးလျှင် ကြွေးသည့်အစာကို ကောင်းကောင်းမစား ထမင်းတွေကို ခါပြီးမှ စားသည်။စားရသည်ကတစ်ဝက်၊ ဖိတ်စင်သည်တို့က တစ်ဝက်ဖြစ်သည်။

ခိုထီးတို့သည် အစာကို စားမလိုလုပ်ပြီး ပြန်ချခြင်း၊ခိုမက အစားစားဖို့လုပ်နေသည်ကို ခိုးထီးက အစာတွေပေါ်နင်းပြီး ဘေးကနေ ပတ်ပြီးကျူနေခြင်း တို့ကြောင့်လည်း အစာတို့ တံခါးပေါင်ပေါ်မှ အောက်သို့ကျကုန်သည်။

ခိုမက သဘောကောင်းလျှင် ကောင်းသလောက် အစာစားရင်းလည်း ဟိုဒင်း ဟိုဟာကို အကြိမ်ကြိမ် ပြုကျင့်သည်ကိုလည်း တွေ့ရသည်။ခိုထီး ခိုမတို့သည် အတောင်ပံတို့ကို ရိုက်ခါပြီး ခတ်သဖြင့်လည်း ကြွေးထားသည့်အစာတို့ မစားရဘဲ ဆုံးရှုံးသည်က များသည်။

သူတို့ကို အစာနှင့်မြှူလျှင် အလွယ်တကူ ဖမ်း၍ရသည်။အရဲကိုးလွန်းပြီး ဖျင်းအ,လွန်းသည်။သူတစ်ပါး စားနေလျှင်လည်း လုစားသည်။ရန်လုပ်သည်။ကိုယ်ကိုယ်တိုင်လည်းဖျက်ဆီးသည်။

 

 

 

စားစရာတစ်ခုကို ကျီးတစ်ကောင်ကတွေ့လျှင် သူတစ်ကောင်တည်း စားနိုင်ပါလျက် သူ့အပေါင်းအသင်းတို့ကို အသံပေးပြီးခေါ်သည်။နှစ်သက်သော အစားအစာဖြစ်သော်လည်း သတိလက်လွတ်မစား။အစာတစ်ခုကို ကိုက်ချီပြီး ခေါင်းထောင်၍ ရန်သူရှိမရှိကြည့်ပြီးမှ စားသည်ကိုတွေ့ရသည်။အစာကြွေးသူရှိနေလျှင်ပင် ဘယ်လောက်ပဲ စားချင်ချင် မစားသေးပဲကြည့်နေသည်ကိုတွေ့ရသည်။သူတို့ လာပြီးစားဝံ့အောင် ရှောင်ပေးမှ လာစားကြသည်ကိုတွေ့ရသည်။

အန္တရာယ်ရှိသည်ဟု သူတို့ ယူဆလျှင် အစာကိုချီယူသွားပြီး အန္တရာယ်ကင်းနိုင်သည့်နေရာတွင် သွားစားသည်။ စားချင်သည့်အရာကိုသာ ယူစားပြီး မစားချင်သည်တို့ကို ချန်ထားခဲ့သည်။သူတို့စားနေသည့်နေရာတွင် အခြားသတ္တဝါများရောက်လာလျှင် ရှောင်ထွက်သွားသည်ကို တွေ့ရသည်။အခြားအကောင်များနှင့် ရောနှောစားသည်ကို တွေ့ရခဲသည်။ကျီးဖိုကျီးမ မိတ်လိုက်သည်ကိုလည်း မတွေ့ရပေ။

ထို့ကြောင့် ကျီးတို့နှင့်ပတ်သက်သော ထူးခြားသည့် အကြောင်းအရာလေးများရှိနိုင်မလားရှာကြည့်ရာတွင် ဖျာပုံတိုင်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ စီရင်ရေးသားသော သုတေသန သရုပ်ပြ အဘိဓာန်တွင် တွေ့ရသည်။

 

 

ကျီးတို့၏ ဝတ်အကျင့် ၅-ပါးကိုဖော်ပြထားသည်။ ကျီးတို့ရဲ့ ဝတ်အကျင့်ငါးပါးကိုအောက်ပါအတိုင်း ဖော်ပြထားသည်။

(၁) မေထုန်ကိုလျှို့ဝှက်စွာကျင့်ခြင်း၊

(၂) ရန်သူများကို အခါမလပ် ကြည့်ရှုဆင်ခြင်တတ်ခြင်း၊

(၃) အစားများတွေ့လျှင် အဖော်တို့ကို ခေါ်၍စားခြင်း၊

(၄) အစာနှင့်ရန်သူကို တစ်ပြိုင်နက်ကြည့်ခြင်း၊

(၅) လုံ့လရှိခြင်း ဆိုပြီးဖော်ပြထားကာ မင်းလုပ်သူတို့ လိုက်ယူကျင့်သုံးရန် ရာဇမတ္တန်ကျမ်း၌ပြသည် ဟုလည်း ညွှန်းဆိုထားပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

“က်ီးတို႔၏ အက်င့္”

 

အိမ္မွာ ငွက္ကေလးေတြကို အစာေကြၽးျဖစ္သည္။ေနရာ႐ွိ၍ေတာ့မဟုတ္ ေနာက္ေဖးျပတင္းေပါက္ေပါင္ေပၚတြင္ တင္ေႂကြးျခင္းရျခင္း ျဖစ္သည္။

အစာလာစားသည့္ ငွက္မ်ားတြင္ စာကေလးလည္းပါသည္။ဆက္ရက္လည္းပါသည္။ခိုကေလးမ်ားႏွင့္ က်ီးကန္းတို႔လည္း လာစားၾကသည္။

အစာလာစားသည့္ သတၱဝါေလးမ်ား၏ အက်င့္စ႐ိုက္ကိုလည္း သတိထားခဲ့မိသည္။အစာလာစားသည့္ သတၱဝါေတြ ျဖစ္ေသာ္လည္း ကြဲျပားသည့္အမ်ိဳးစ႐ိုက္ကို လိုက္ၿပီး အမူအက်င့္တို႔ မတူသည္ကိုလည္း ေတြ႕ရသည္။

စာကေလးတို႔က တစ္ထိုင္တည္းမစား ထမင္းလုံးတစ္လုံးကို ႏႈတ္သီးႏွင့္ခ်ီၿပီး တျခားေနရာသြားစားသည္။ ဆက္ရက္တို႔လည္း တစ္ခါတစ္ရံလာစားၾကသည္။

အဆိုးဆုံးက ခိုမ်ား၊ ခိုဆိုသည့္ သတၱဝါမ်ားက အစာေႂကြးလွ်င္ ေႂကြးသည့္အစာကို ေကာင္းေကာင္းမစား ထမင္းေတြကို ခါၿပီးမွ စားသည္။စားရသည္ကတစ္ဝက္၊ ဖိတ္စင္သည္တို႔က တစ္ဝက္ျဖစ္သည္။

ခိုထီးတို႔သည္ အစာကို စားမလိုလုပ္ၿပီး ျပန္ခ်ျခင္း၊ခိုမက အစားစားဖို႔လုပ္ေနသည္ကို ခိုးထီးက အစာေတြေပၚနင္းၿပီး ေဘးကေန ပတ္ၿပီးက်ဴေနျခင္း တို႔ေၾကာင့္လည္း အစာတို႔ တံခါးေပါင္ေပၚမွ ေအာက္သို႔က်ကုန္သည္။

ခိုမက သေဘာေကာင္းလွ်င္ ေကာင္းသေလာက္ အစာစားရင္းလည္း ဟိုဒင္း ဟိုဟာကို အႀကိမ္ႀကိမ္ ျပဳက်င့္သည္ကိုလည္း ေတြ႕ရသည္။ခိုထီး ခိုမတို႔သည္ အေတာင္ပံတို႔ကို ႐ိုက္ခါၿပီး ခတ္သျဖင့္လည္း ေႂကြးထားသည့္အစာတို႔ မစားရဘဲ ဆုံး႐ႈံးသည္က မ်ားသည္။

သူတို႔ကို အစာႏွင့္ျမႇဴလွ်င္ အလြယ္တကူ ဖမ္း၍ရသည္။အရဲကိုးလြန္းၿပီး ဖ်င္းအ,လြန္းသည္။သူတစ္ပါး စားေနလွ်င္လည္း လုစားသည္။ရန္လုပ္သည္။ကိုယ္ကိုယ္တိုင္လည္းဖ်က္ဆီးသည္။

စားစရာတစ္ခုကို က်ီးတစ္ေကာင္ကေတြ႕လွ်င္ သူတစ္ေကာင္တည္း စားႏိုင္ပါလ်က္ သူ႕အေပါင္းအသင္းတို႔ကို အသံေပးၿပီးေခၚသည္။ႏွစ္သက္ေသာ အစားအစာျဖစ္ေသာ္လည္း သတိလက္လြတ္မစား။အစာတစ္ခုကို ကိုက္ခ်ီၿပီး ေခါင္းေထာင္၍ ရန္သူ႐ွိမ႐ွိၾကည့္ၿပီးမွ စားသည္ကိုေတြ႕ရသည္။အစာေႂကြးသူ႐ွိေနလွ်င္ပင္ ဘယ္ေလာက္ပဲ စားခ်င္ခ်င္ မစားေသးပဲၾကည့္ေနသည္ကိုေတြ႕ရသည္။သူတို႔ လာၿပီးစားဝံ့ေအာင္ ေ႐ွာင္ေပးမွ လာစားၾကသည္ကိုေတြ႕ရသည္။

အႏၲရာယ္႐ွိသည္ဟု သူတို႔ ယူဆလွ်င္ အစာကိုခ်ီယူသြားၿပီး အႏၲရာယ္ကင္းႏိုင္သည့္ေနရာတြင္ သြားစားသည္။ စားခ်င္သည့္အရာကိုသာ ယူစားၿပီး မစားခ်င္သည္တို႔ကို ခ်န္ထားခဲ့သည္။သူတို႔စားေနသည့္ေနရာတြင္ အျခားသတၱဝါမ်ားေရာက္လာလွ်င္ ေ႐ွာင္ထြက္သြားသည္ကို ေတြ႕ရသည္။အျခားအေကာင္မ်ားႏွင့္ ေရာေႏွာစားသည္ကို ေတြ႕ရခဲသည္။က်ီးဖိုက်ီးမ မိတ္လိုက္သည္ကိုလည္း မေတြ႕ရေပ။

ထို႔ေၾကာင့္ က်ီးတို႔ႏွင့္ပတ္သက္ေသာ ထူးျခားသည့္ အေၾကာင္းအရာေလးမ်ား႐ွိႏိုင္မလား႐ွာၾကည့္ရာတြင္ ဖ်ာပုံတိုင္သစ္ဆရာေတာ္ အဂၢမဟာပ႑ိတ အ႐ွင္ဩဘာသာဘိဝံသ စီရင္ေရးသားေသာ သုေတသန သ႐ုပ္ျပ အဘိဓာန္တြင္ ေတြ႕ရသည္။

က်ီးတို႔၏ ဝတ္အက်င့္ ၅-ပါးကိုေဖာ္ျပထားသည္။ က်ီးတို႔ရဲ႕ ဝတ္အက်င့္ငါးပါးကိုေအာက္ပါအတိုင္း ေဖာ္ျပထားသည္။

(၁)ေမထုန္ကိုလွ်ိဳ႕ဝွက္စြာက်င့္ျခင္း၊

(၂)ရန္သူမ်ားကို အခါမလပ္ ၾကည့္႐ႈဆင္ျခင္တတ္ျခင္း၊

(၃)အစားမ်ားေတြ႕လွ်င္ အေဖာ္တို႔ကို ေခၚ၍စားျခင္း၊

(၄)အစာႏွင့္ရန္သူကို တစ္ၿပိဳင္နက္ၾကည့္ျခင္း၊

(၅)လုံ႔လ႐ွိျခင္း ဆိုၿပီးေဖာ္ျပထားကာ မင္းလုပ္သူတို႔ လိုက္ယူက်င့္သုံးရန္ ရာဇမတၱန္က်မ္း၌ျပသည္ဟု ဟုလည္း ၫႊန္းဆိုထားပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service