ကွာရှင်းထားသော ဇနီးဖြစ်သူက ဒေါ်လာ ၁၄၅ သန်းတန် အိမ်ပေါ်မှ ဆင်းမပေး၊ ကီဗင်ကော်စနာ ဘယ်မှာ နေမလဲ ?

ကွာရှင်းထားသော ဇနီးဖြစ်သူက ဒေါ်လာ ၁၄၅ သန်းတန် အိမ်ပေါ်မှ ဆင်းမပေး၊ ကီဗင်ကော်စနာ ဘယ်မှာ နေမလဲ ? - Property News in Myanmar from iMyanmarHouse.com
30 Jun 2023 10:43 am တွင် တင်ခဲ့သည်
505 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ကီဗင်ကော်စနာသည် ၁၉၉၀ ပြည့်နှစ်တွင် Dances with Wolves ဇာတ်ကားဖြင့် ဟောလိဝုဒ်ထိပ်သီးကြယ်ပွင့် ဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်ပြည်၊ ကော်လိုရာဒိုပြည်နယ်၊ Aspen အရပ်မှ ၎င်းပိုင်ဆိုင်သော ဒေါ်လာ သန်း ၈၀ တန်ခြံကြီးကို အဆိုပါဇာတ်ကားမှ ဇာတ်ကောင် လက်ဖတင်နင် ဂျွန်ဒန်ဗာအား ဂုဏ်ပြုသောအားဖြင့် ဒန်ဗာမွေးမြူရေးခြံ (Dunbar Ranch) ဟု အမည်ပေးထားခဲ့သည်။

ဧကပေါင်း ၁၆၀ ကျယ်ဝန်းသော ဒန်ဗာခြံကြီးမှာ မြို့ငယ်တစ်ခုအကျယ်အဝန်းခန့်ရှိကာ အိပ်ခန်း ၁၂ ခန်း၊ ရေချိုးခန်း ၈ ခန်းပါဝင်ပြီး လူ ၂၇ ဦး တည်းခိုနိုင်သည့်နေရာ ဖြစ်သည်။

ခမ်းနားလှသော မွေးမြူရေးခြံကြီးတွင် ကိုယ်ပိုင်ဘေ့စ်ဘောကွင်း၊ ၂၄ နာရီ ခြံစောင့်များ၊ ငါးမျှားနိုင်သည့် ရေကန်များနှင့် ဂေါက်ရိုက်လေ့ကျင့်ရာနေရာတို့ ပါဝင်သည်။

ဇနီးဖြစ်သူနှင့် ကွာရှင်းပြီးနောက် အဆိုပါခြံကြီးမှာ ကီဗင်ကော့စ်နာသွားရောက်နေထိုင်ဖွယ်ရှိသည့် အကောင်းဆုံးနေရာဖြစ်သည်ဟု အများက ယူဆကြသည်။

အသက် ၆၈ နှစ်ရှိပြီဖြစ်သော ကီဗင်ကော့စ်နာသည် ဇနီးဖြစ်သူ Christine Baumgartner နှင့် ကွာရှင်းပြတ်စဲထားပြီး သူ၏ ဇနီးက ကယ်လီဖိုးနီးယားပြည်နယ်၊ Carpinteria မြို့ရှိ ဒေါ်လာ ၁၄၅ သန်းတန် စံအိမ်မှ ထွက်ခွာပေးရန် ငြင်းဆိုထားသည်။

အော်စကာဆုရှင် ကီဗင်ကော့စ်နာ၏ ကြွယ်ဝမှုမှာ ဒေါ်လာ သန်း ၂၅၀ ခန့်ရှိသည်ဟု ခန့်မှန်းရပြီး ဒန်ဗာခြံကြီးလည်း ပိုင်ဆိုင်ထားသေးသော်လည်း တရားရုံးမှတ်တမ်းများအရ ကီဗင်ကော့စနာက မိမိမှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီဖြစ်သည်ဟု တင်ပြထားသည်ဟု ဆိုသည်။

သူ၏ ဇနီးက ပြောသည်မှာမူ ကီဗင်ကော့စ်နာသည် မိမိတို့ကို မိသားစုနေအိမ်မှ နှင်ထုတ်ကာ သားသမီး ၃ ဦးကို အိမ်ရာမဲ့ဖြစ်အောင်လုပ်နေကြောင်း ပြောသည်။

 

(ကီဗင်ကော့စ်နာ၏ ဒေါ်လာ သန်း ၈၀ တန် ဧက ၁၆၀ ကျယ်ဝန်းသော မွေးမြူရေးခြံကြီး)

 

 

(ဒန်ဗာမွေးမြူရေးခြံမှာ Dancing with Wolves ရုပ်ရှင်တွင် ကီဗင်ကော့စ်နာ၏ ဇာတ်ကောင်ကို ဂုဏ်ပြုသော အားဖြင့် အမည်ပေးထားခြင်းဖြစ်သည်။ Dancing with Wolves ဇာတ်ကားမှာ အော်စကာဆု ၂ ဆု ရရှိခဲ့သည်။)

 

 

(မွေးမြူရေးခြံကြီးအတွင်း စုစုပေါင်း အိပ်ခန်း ၁၂ ခန်း၊ ရေချိုးခန်း ၈ ခန်းပါဝင်သည့်အပြင် ဧည့်ဂေဟာအိမ်များ နှင့် ဝန်ထမ်းများအတွက် အဆောက်အအုံတစ်ခုလည်း ရှိသည်)

 

 

(Aspen မြို့ပြင် ရင်သပ်ရှုမောဖွယ်တောင်ကြားတစ်ခုတွင် တည်ရှိကာ ထရောက်ငါးများရှိသော ကိုယ်ပိုင်ရေကန်ကြီး ၂ ခုပါဝင်ပြီး သာယာလှပသော ကျေးလက်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။)

 

ကောင်းကင်ဓာတ်ပုံများတွင် တွေ့ရှိချက်အရ လက်ဖတင်နင် ဂျွန် ဒန်ဗာကို အစွဲပြုကာ အမည်ပေးထားသော ခြံကြီးအတွင်း အခြားသော facilities သစ်များ ဖြည့်သွင်းဆောက်လုပ်နေမှုကို တွေ့ရသည်။

Aspen မြို့ပြင် ၆ မိုင်ခန့်အကွာရှိ ရင်သပ်ရှုမောဖွယ်တောင်ကြားတွင် တည်ရှိကာ ရေစီးသန်ကာ ကြည်လင်လှသော ရေများဖြင့် နာမည်ကြီးသည့် Roaring Fork မြစ်မှာ ခြံဝန်းကြီးဘေး စိမ်းလန်းသော မြက်ခင်းများအနီးမှ ဖြတ်သန်းကာ စီးဆင်းလျက်ရှိသည်။

 

(ကီဗင်ကော့စ်နာနှင့် ဇနီးဟောင်း ခရစ္စတင်းတို့ကို ၂၀၂၂ ခုနှစ်အတွင်းက အတူတွေ့ခဲ့ရပုံ)

 

 

(ခရစ္စတင်းကို ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က အမေရိကန်ဘဏ်မှ ထွက်လာသည်ကို တွေ့ရပုံ)

 

 

(ကီဗင်ကော့စ်နာက ဤခြံကြီးကို မကြာသေးမီက တစ်ညလျှင် ဒေါ်လာ ၃၆၀၀၀ ဖြင့် အငှားဈေးကွက်တင်ခဲ့ဖူးသည်)

 

 

(ခြံကြီး၏ အကျယ်မှာ ဧက ၁၆၀ ရှိပြီး ကော်လိုရာဒိုပြည်နယ်၊ Aspen မြို့မှ ၆ မိုင်အကွာတွင် တည်ရှိသည်)

 

 

(Field of Dreams ဟု အမည်ပေးထားသော ဘေ့စ်ဘောကွင်း)

 

 

(Roaring Fork အမည်ရှိ ကြည်လင်ကာ ရေစီးသန်သော မြစ်ကြီးမှာ ခြံဝန်းကြီးဘေးမှ ဖြတ်သန်းစီးဆင်းလျက်ရှိသည်)

 

 

(ပင်မစံအိမ်၏ ကောင်းကင်မြင်ကွင်း)

 

 

(ရော့ကီးတောင်တန်းများအကြား တည်ရှိသော ခြံကြီးကို ကီဗင်ကော့စ်နာက ၂၀၀၀ ပြည့်နှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်)

 

 

(ထရောက်ငါးများရှိသော ရေကန်ကြီး ၂ ခုလည်း ပါဝင်သည်)

 

 

(အိပ်ခန်း ၁၂ ခန်းပါ စံအိမ်ကြီးအတွင်း မြင်ကွင်း)

 

 

(တစ်ညလျှင် ကန်ဒေါ်လာ ၃၆၀၀၀ ဖြင့် အငှားဈေးကွက်တင်ခဲ့ဖူးသည်)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Ref: Inside Yellowstone star Costner's $80million 'mini town' in Aspen - as he claims ex-wife's refusal to leave their $145M California compound has left him 'unable to live in his own home' (dailymail)

 

 

[Zawgyi]

 

ကြာရွင္းထားေသာ ဇနီးျဖစ္သူက ေဒၚလာ ၁၄၅ သန္းတန္ အိမ္ေပၚမွ ဆင္းမေပး၊ ကီဗင္ေကာ္စနာ ဘယ္မွာ ေနမလဲ

 

ကီဗင္ေကာ္စနာသည္ ၁၉၉၀ ျပည့္ႏွစ္တြင္ Dances with Wolves ဇာတ္ကားျဖင့္ ေဟာလိဝုဒ္ထိပ္သီးၾကယ္ပြင့္ ျဖစ္လာခဲ့ျပီးေနာက္ပိုင္း အေမရိကန္ျပည္၊ ေကာ္လိုရာဒိုျပည္နယ္၊ Aspen အရပ္မွ ၎ပိုင္ဆိုင္ေသာ ေဒၚလာ သန္း ၈၀ တန္ျခံၾကီးကို အဆိုပါဇာတ္ကားမွ ဇာတ္ေကာင္ လက္ဖတင္နင္ ဂၽြန္ဒန္ဗာအား ဂုဏ္ျပဳေသာအားျဖင့္ ဒန္ဗာေမြးျမဴေရးျခံ (Dunbar Ranch) ဟု အမည္ေပးထားခဲ့သည္။

ဧကေပါင္း ၁၆၀ က်ယ္ဝန္းေသာ ဒန္ဗာျခံၾကီးမွာ ျမိဳ႕ငယ္တစ္ခုအက်ယ္အဝန္းခန္႔ရွိကာ အိပ္ခန္း ၁၂ ခန္း၊ ေရခ်ဳိးခန္း ၈ ခန္းပါဝင္ျပီး လူ ၂၇ ဦး တည္းခိုႏိုင္သည့္ေနရာ ျဖစ္သည္။

ခမ္းနားလွေသာ ေမြးျမဴေရးျခံၾကီးတြင္ ကိုယ္ပိုင္ေဘ့စ္ေဘာကြင္း၊ ၂၄ နာရီ ျခံေစာင့္မ်ား၊ ငါးမွ်ားႏိုင္သည့္ ေရကန္မ်ားႏွင့္ ေဂါက္ရိုက္ေလ့က်င့္ရာေနရာတို႔ ပါဝင္သည္။

ဇနီးျဖစ္သူႏွင့္ ကြာရွင္းျပီးေနာက္ အဆိုပါျခံၾကီးမွာ ကီဗင္ေကာ့စ္နာသြားေရာက္ေနထိုင္ဖြယ္ရွိသည့္ အေကာင္းဆံုးေနရာျဖစ္သည္ဟု အမ်ားက ယူဆၾကသည္။

အသက္ ၆၈ ႏွစ္ရွိျပီျဖစ္ေသာ ကီဗင္ေကာ့စ္နာသည္ ဇနီးျဖစ္သူ Christine Baumgartner ႏွင့္ ကြာရွင္းျပတ္စဲထားျပီး သူ၏ ဇနီးက ကယ္လီဖိုးနီးယားျပည္နယ္၊ Carpinteria ျမိဳ႕ရွိ ေဒၚလာ ၁၄၅ သန္းတန္ စံအိမ္မွ ထြက္ခြာေပးရန္ ျငင္းဆိုထားသည္။

ေအာ္စကာဆုရွင္ ကီဗင္ေကာ့စ္နာ၏ ၾကြယ္ဝမႈမွာ ေဒၚလာ သန္း ၂၅၀ ခန္႔ရွိသည္ဟု ခန္႔မွန္းရျပီး ဒန္ဗာျခံၾကီးလည္း ပိုင္ဆိုင္ထားေသးေသာ္လည္း တရားရံုးမွတ္တမ္းမ်ားအရ ကီဗင္ေကာ့စနာက မိမိမွာ ယခုအခါ အိမ္ရာမဲ့ျဖစ္ေနျပီျဖစ္သည္ဟု တင္ျပထားသည္ဟု ဆိုသည္။

သူ၏ ဇနီးက ေျပာသည္မွာမူ ကီဗင္ေကာ့စ္နာသည္ မိမိတို႔ကို မိသားစုေနအိမ္မွ ႏွင္ထုတ္ကာ သားသမီး ၃ ဦးကို အိမ္ရာမဲ့ျဖစ္ေအာင္လုပ္ေနေၾကာင္း ေျပာသည္။

(ကီဗင္ေကာ့စ္နာ၏ ေဒၚလာ သန္း ၈၀ တန္ ဧက ၁၆၀ က်ယ္ဝန္းေသာ ေမြးျမဴေရးျခံၾကီး)

(ဒန္ဗာေမြးျမဴေရးျခံမွာ Dancing with Wolves ရုပ္ရွင္တြင္ ကီဗင္ေကာ့စ္နာ၏ ဇာတ္ေကာင္ကို ဂုဏ္ျပဳေသာ အားျဖင့္ အမည္ေပးထားျခင္းျဖစ္သည္။ Dancing with Wolves ဇာတ္ကားမွာ ေအာ္စကာဆု ၂ ဆု ရရွိခဲ့သည္။)

(ေမြးျမဴေရးျခံၾကီးအတြင္း စုစုေပါင္း အိပ္ခန္း ၁၂ ခန္း၊ ေရခ်ဳိးခန္း ၈ ခန္းပါဝင္သည့္အျပင္ ဧည့္ေဂဟာအိမ္မ်ား ႏွင့္ ဝန္ထမ္းမ်ားအတြက္ အေဆာက္အအံုတစ္ခုလည္း ရွိသည္)

(Aspen ျမိဳ႕ျပင္ ရင္သပ္ရႈေမာဖြယ္ေတာင္ၾကားတစ္ခုတြင္ တည္ရွိကာ ထေရာက္ငါးမ်ားရွိေသာ ကိုယ္ပိုင္ေရကန္ၾကီး ၂ ခုပါဝင္ျပီး သာယာလွပေသာ ေက်းလက္ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္။)

ေကာင္းကင္ဓာတ္ပံုမ်ားတြင္ ေတြ႔ရွိခ်က္အရ လက္ဖတင္နင္ ဂၽြန္ ဒန္ဗာကို အစြဲျပဳကာ အမည္ေပးထားေသာ ျခံၾကီးအတြင္း အျခားေသာ facilities သစ္မ်ား ျဖည့္သြင္းေဆာက္လုပ္ေနမႈကို ေတြ႔ရသည္။

Aspen ျမိဳ႕ျပင္ ၆ မိုင္ခန္႔အကြာရွိ ရင္သပ္ရႈေမာဖြယ္ေတာင္ၾကားတြင္ တည္ရွိကာ ေရစီးသန္ကာ ၾကည္လင္လွေသာ ေရမ်ားျဖင့္ နာမည္ၾကီးသည့္ Roaring Fork ျမစ္မွာ ျခံဝန္းၾကီးေဘး စိမ္းလန္းေသာ ျမက္ခင္းမ်ားအနီးမွ ျဖတ္သန္းကာ စီးဆင္းလ်က္ရွိသည္။

(ကီဗင္ေကာ့စ္နာႏွင့္ ဇနီးေဟာင္း ခရစၥတင္းတို႔ကို ၂၀၂၂ ခုႏွစ္အတြင္းက အတူေတြ႔ခဲ့ရပံု)

(ခရစၥတင္းကို ျပီးခဲ့ေသာ ဗုဒၶဟူးေန႔က အေမရိကန္ဘဏ္မွ ထြက္လာသည္ကို ေတြ႔ရပံု)

(ကီဗင္ေကာ့စ္နာက ဤျခံၾကီးကို မၾကာေသးမီက တစ္ညလွ်င္ ေဒၚလာ ၃၆၀၀၀ ျဖင့္ အငွားေစ်းကြက္တင္ခဲ့ဖူးသည္)

(ျခံၾကီး၏ အက်ယ္မွာ ဧက ၁၆၀ ရွိျပီး ေကာ္လိုရာဒိုျပည္နယ္၊ Aspen ျမိဳ႕မွ ၆ မိုင္အကြာတြင္ တည္ရွိသည္)

(Field of Dreams ဟု အမည္ေပးထားေသာ ေဘ့စ္ေဘာကြင္း)

(Roaring Fork အမည္ရွိ ၾကည္လင္ကာ ေရစီးသန္ေသာ ျမစ္ၾကီးမွာ ျခံဝန္းၾကီးေဘးမွ ျဖတ္သန္းစီးဆင္းလ်က္ရွိသည္)

(ပင္မစံအိမ္၏ ေကာင္းကင္ျမင္ကြင္း)

(ေရာ့ကီးေေတာင္တန္းမ်ားအၾကား တည္ရွိေသာ ျခံၾကီးကို ကီဗင္ေကာ့စ္နာက ၂၀၀၀ ျပည့္ႏွစ္တြင္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္)

(ထေရာက္ငါးမ်ားရွိေသာ ေရကန္ၾကီး ၂ ခုလည္း ပါဝင္သည္)

(အိပ္ခန္း ၁၂ ခန္းပါ စံအိမ္ၾကီးအတြင္း ျမင္ကြင္း)

(တစ္ညလွ်င္ ကန္ေဒၚလာ ၃၆၀၀၀ ျဖင့္ အငွားေစ်းကြက္တင္ခဲ့ဖူးသည္)

 

Ref: Inside Yellowstone star Costner's $80million 'mini town' in Aspen - as he claims ex-wife's refusal to leave their $145M California compound has left him 'unable to live in his own home' (dailymail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service