အမေရိကန်ပြည်၊ မီချီဂန်ပြည်နယ်တွင် ၃၂၃ ဧက ခြံ၊ အိမ် ၄ လုံးနှင့် ကမ္ဘာဖျက်ကပ်ဘေးကြီးများဆိုက်ချိန်တွင် ပုန်းခိုနေထိုင်နိုင်မည့် မြေအနက် ပေ ၃၀ မှ မြေအောက်ဗုံးခိုစခန်းတို့ ပါဝင်သောခြံ ဒေါ်လာ ၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည်၊ မီချီဂန်ပြည်နယ်တွင် ၃၂၃ ဧက ခြံ၊ အိမ် ၄ လုံးနှင့် ကမ္ဘာဖျက်ကပ်ဘေးကြီးများဆိုက်ချိန်တွင် ပုန်းခိုနေထိုင်နိုင်မည့် မြေအနက် ပေ ၃၀ မှ မြေအောက်ဗုံးခိုစခန်းတို့ ပါဝင်သောခြံ ဒေါ်လာ ၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
28 Jun 2023 11:30 am တွင် တင်ခဲ့သည်
571 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

 

အမေရိကန်ပြည်ထောင်စု၊ မီချီဂန်ပြည်နယ်တွင် ၃၂၃ ဧက ကျယ်ဝန်းသော ခြံကြီးတစ်ခု ကန်ဒေါ်လာ ၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း New York Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ပင်မစံအိမ်မှာ စတုရန်းပေ ၁၃၅၀၀ ကျယ်ဝန်းပြီး သီးသန့် ရေကန် ၂ ခု၊ စိုက်ပျိုးရေးမှန်လုံအိမ်တစ်ခုတို့အပြင် အထူးခြားဆုံးမှာ စတုရန်းပေ ၅၀၀၀ ကျယ်ဝန်းသော မြေအောက်ဗုံးခိုစခန်းတစ်ခု ပါဝင်ခြင်းဖြစ်ကာ မူလက ကန်ဒေါ်လာ ၇ သန်း ဈေးခေါ်ခဲ့သည်။

ခြံဝန်းအတွင်း ခြံစောင့်၏ မွေးမြူရေးခြံအပါအဝင် အခြားအိမ် ၃ လုံးနှင့် သစ်သားအုပ်ကြွပ်မိုး နေအိမ်တို့မှာ ရေကန်တစ်ခုကို ဝန်းပတ်ထားကာ ကျောက်တုံးအိမ်တစ်လုံးလည်း ရှိသည်။

အရောင်းဈေးကွက်တင်ပေးသူမှာ Compass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော Samantha Reiss နှင့် Catherine Menichino တို့ ဖြစ်သည်။

ဈေးကွက်တင်အကျိုးဆောင်တို့၏ ပြောကြားချက်အရ ယခုခြံဝန်းနှင့် အဆောက်အအုံ ဆောက်လုပ်မှုများ အတွက် ကန်ဒေါ်လာ ၁၀ သန်းခန့် ကုန်ကျထားကြောင်း ပြောကြားထားရာ ယခုဈေးနှုန်းမှာ အရှုံးခံရောင်းချသည့်သဘော ဖြစ်သည်။

အကျိုးဆောင်တို့က ပြောသည်မှာ ဤခြံဝန်းမှ မော်တော်ကားဖြင့် ၅ မိနစ်ခရီးအကွာတွင် ရှိသော မီချီဂန်ပြည်နယ်၊ Marshall မြို့တွင် ၂၀၂၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ ဖို့ဒ်ကားစက်ရုံ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ပြောသည်။

 

 

(တောအုပ်မြေ ၃၂၃ ဧကခြံကြီးအတွင်း စံအိမ်တည်ရှိသည်။ ဓာတ်ပုံ-Brian McDonald)

 

(စတုရန်းပေ ၁၃၅၀၀ ကျယ်ဝန်းသော ပင်မစံအိမ်။ ဓာတ်ပုံ-Brian McDonald)

 

(ခြံဝန်းမြင်ကွင်း။ ဓာတ်ပုံ-Brian McDonald)

 

တမူထူးသော အိမ်ခြံမြေတစ်ခုဖြစ်ပြီး ကိုယ့်အားကိုယ်ကိုး လူနေမှုဟန်ဖြင့် နေထိုင်ရမည့်နေရာမျိုးဖြစ်ကာ တောအုပ်ကြီးအလယ်တွင် တည်ရှိပြီး အစိုးရ ရေမီးလိုင်းများမရှိ။

မြေအောက်ဗုံးခိုခန်းအတွင်း ဟင်းသီးဟင်းရွက်စိုက်ခင်းအခန်း၊ အသံလုံ သေနတ်ပစ်ကွင်း၊ မီးဖိုဆောင် ၂ ခု ၊ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၃ ခန်း ၊ လျှို့ဝှက်ဝင်ပေါက် ထွက်ပေါက် ၂ ခုတို့ ပါဝင်သည်။

မြေအောက်ဗုံးခိုစခန်းမှာ မြေအောက် ပေ ၃၀ အနက်တွင် ဆောက်လုပ်ထားပြီး ပင်မစံအိမ်နှင့် ဆက်သွယ်ထားသည်။

 

 

(မြေအောက်စခန်းသို့ ဝင်ပေါက်နေရာ။ ဓာတ်ပုံ-Brian McDonald)

 

(မြေအောက်စခန်းသို့ ဦးတည်သည့် ဥမင်။ ဓာတ်ပုံ-Brian McDonald)

 

(မြေအောက် ဟင်းသီးဟင်းရွက် စိုက်ပျိုးရာအခန်း။ ဓာတ်ပုံ-Brian McDonald)

 

(ဥမင်လှိုဏ်ခေါင်း။ ဓာတ်ပုံ-Brian McDonald)

 

 

ပင်မစံအိမ်တွင် အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၉ ခန်းပါသည်။

အဝင်ခန်းမမှာ ပုံမှန်ထက် ၂ ဆမြင့်မားသော မျက်နှာကြက်များရှိသည်။ မီးဖိုဆောင်တွင် စကျင်ကျောက်စားပွဲမျက်နှာပြင်များ ၊ စတီးအသုံးအဆောင်ပစ္စည်းများ ၊ မီးဖို ၆ ခုပါ စားဖိုမှူးအဆင့်မီးဖိုနှင့် အလယ်ဗဟိုချက်ပြုတ်ခုံတို့ ပါဝင်သည်။

ထို့အပြင် စံအိမ်အတွင်း မြင့်မားသော မျက်နှာကြက်များ ရှိသည့် ဧည့်ခန်း ၊ ညစာစားခန်းများနှင့် မီးလင်းဖိုတစ်ခုပါသော ရုံးခန်းတစ်ခုတို့ ပါဝင်သည်။

 

 

(ပင်မစံအိမ်။ ဓာတ်ပုံ-Brian McDonald)

 

(အဝင်ခန်းမ။ ဓာတ်ပုံ-Brian McDonald)

 

(အိမ်တွင်းရေကူးကန်။ ဓာတ်ပုံ-Brian McDonald)

 

(မီးဖိုဆောင်။ ဓာတ်ပုံ-Brian McDonald)

 

(ဧည့်ခန်း။ ဓာတ်ပုံ-Brian McDonald)

 

(မှန်လုံအိမ် စိုက်ခင်း။ ဓာတ်ပုံ-Brian McDonald)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This Michigan compound comes with a bunker fit to withstand doomsday (nypost)

 

 

 

[Zawgyi]

 

အေမရိကန္ျပည္၊ မီခ်ီဂန္ျပည္နယ္တြင္ ၃၂၃ ဧက ျခံ၊ အိမ္ ၄ လံုးႏွင့္ ကမၻာဖ်က္ကပ္ေဘးၾကီးမ်ားဆိုက္ခ်ိန္တြင္ ပုန္းခိုေနထိုင္ႏိုင္မည့္ ေျမအနက္ ေပ ၃၀ မွ ေျမေအာက္ဗံုးခိုစခန္းတို႔ ပါဝင္ေသာျခံ ေဒၚလာ ၆ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

 

အေမရိကန္ျပည္ေထာင္စု၊ မီခ်ီဂန္ျပည္နယ္တြင္ ၃၂၃ ဧက က်ယ္ဝန္းေသာ ျခံၾကီးတစ္ခု ကန္ေဒၚလာ ၆ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာေၾကာင္း New York Post သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ပင္မစံအိမ္မွာ စတုရန္းေပ ၁၃၅၀၀ က်ယ္ဝန္းျပီး သီးသန္႔ ေရကန္ ၂ ခု၊ စိုက္ပ်ဳိးေရးမွန္လံုအိမ္တစ္ခုတို႔အျပင္ အထူးျခားဆံုးမွာ စတုရန္းေပ ၅၀၀၀ က်ယ္ဝန္းေသာ ေျမေအာက္ဗံုးခိုစခန္းတစ္ခု ပါဝင္ျခင္းျဖစ္ကာ မူလက ကန္ေဒၚလာ ၇ သန္း ေစ်းေခၚခဲ့သည္။

ျခံဝန္းအတြင္း ျခံေစာင့္၏ ေမြးျမဴေရးျခံအပါအဝင္ အျခားအိမ္ ၃ လံုးႏွင့္ သစ္သားအုပ္ၾကြပ္မိုး ေနအိမ္တို႔မွာ ေရကန္တစ္ခုကို ဝန္းပတ္ထားကာ ေက်ာက္တံုးအိမ္တစ္လံုးလည္း ရွိသည္။

အေရာင္းေစ်းကြက္တင္ေပးသူမွာ Compass အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္မ်ားျဖစ္ေသာ Samantha Reiss ႏွင့္ Catherine Menichino တုိ႔ ျဖစ္သည္။

ေစ်းကြက္တင္အက်ဳိးေဆာင္တို႔၏ ေျပာၾကားခ်က္အရ ယခုျခံဝန္းႏွင့္ အေဆာက္အအံု ေဆာက္လုပ္မႈမ်ား အတြက္ ကန္ေဒၚလာ ၁၀ သန္းခန္႔ ကုန္က်ထားေၾကာင္း ေျပာၾကားထားရာ ယခုေစ်းႏႈန္းမွာ အရံႈးခံေရာင္းခ်သည့္သေဘာ ျဖစ္သည္။

အက်ဳိးေဆာင္တို႔က ေျပာသည္မွာ ဤျခံဝန္းမွ ေမာ္ေတာ္ကားျဖင့္ ၅ မိနစ္ခရီးအကြာတြင္ ရွိေသာ မီခ်ီဂန္ျပည္နယ္၊ Marshall ျမိဳ႕တြင္ ၂၀၂၆ ခုႏွစ္အတြင္း ကန္ေဒၚလာ ၁ ဘီလီယံတန္ေၾကးရွိ ဖို႔ဒ္ကားစက္ရံု ဖြင့္လွစ္ရန္ စီစဥ္ထားေၾကာင္း ေျပာသည္။

(ေတာအုပ္ေျမ ၃၂၃ ဧကျခံၾကီးအတြင္း စံအိမ္တည္ရွိသည္။ ဓာတ္ပံု-Brian McDonald)

(စတုရန္းေပ ၁၃၅၀၀ က်ယ္ဝန္းေသာ ပင္မစံအိမ္။ ဓာတ္ပံု-Brian McDonald)

(ျခံဝန္းျမင္ကြင္း။ ဓာတ္ပံု-Brian McDonald)

တမူထူးေသာ အိမ္ျခံေျမတစ္ခုျဖစ္ျပီး ကိုယ့္အားကိုယ္ကိုး လူေနမႈဟန္ျဖင့္ ေနထိုင္ရမည့္ေနရာမ်ဳိးျဖစ္ကာ ေတာအုပ္ၾကီးအလယ္တြင္ တည္ရွိျပီး အစိုးရ ေရမီးလိုင္းမ်ားမရွိ။

ေျမေအာက္ဗံုးခိုခန္းအတြင္း ဟင္းသီးဟင္းရြက္စိုက္ခင္းအခန္း၊ အသံလံု ေသနတ္ပစ္ကြင္း၊ မီးဖိုေဆာင္ ၂ ခု ၊ အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၃ ခန္း ၊ လွ်ိဳ႕ဝွက္ဝင္ေပါက္ ထြက္ေပါက္ ၂ ခုတို႔ ပါဝင္သည္။

ေျမေအာက္ဗံုးခိုစခန္းမွာ ေျမေအာက္ ေပ ၃၀ အနက္တြင္ ေဆာက္လုပ္ထားျပီး ပင္မစံအိမ္ႏွင့္ ဆက္သြယ္ထားသည္။

(ေျမေအာက္စခန္းသို႔ ဝင္ေပါက္ေနရာ။ ဓာတ္ပံု-Brian McDonald)

(ေျမေအာက္စခန္းသို႔ ဦးတည္သည့္ ဥမင္။ ဓာတ္ပံု-Brian McDonald)

(ေျမေအာက္ ဟင္းသီးဟင္းရြက္ စိုက္ပ်ဳိးရာအခန္း။ ဓာတ္ပံု-Brian McDonald)

(ဥမင္လႈိဏ္ေခါင္း။ ဓာတ္ပံု-Brian McDonald)

ပင္မစံအိမ္တြင္ အိပ္ခန္း ၆ ခန္းႏွင့္ ေရခ်ဳိးခန္း ၉ ခန္းပါသည္။

အဝင္ခန္းမမွာ ပံုမွန္ထက္ ၂ ဆျမင့္မားေသာ မ်က္ႏွာၾကက္မ်ားရွိသည္။ မီးဖုိေဆာင္တြင္ စက်င္ေက်ာက္စားပြဲမ်က္ႏွာျပင္မ်ား ၊ စတီးအသံုးအေဆာင္ပစၥည္းမ်ား ၊ မီးဖို ၆ ခုပါ စားဖုိမွဴးအဆင့္မီးဖုိႏွင့္ အလယ္ဗဟိုခ်က္ျပဳတ္ခံုတို႔ ပါဝင္သည္။

ထို႔အျပင္ စံအိမ္အတြင္း ျမင့္မားေသာ မ်က္ႏွာၾကက္မ်ား ရွိသည့္ ဧည့္ခန္း ၊ ညစာစားခန္းမ်ားႏွင့္ မီးလင္းဖုိတစ္ခုပါေသာ ရံုးခန္းတစ္ခုတို႔ ပါဝင္သည္။

(ပင္မစံအိမ္။ ဓာတ္ပံု-Brian McDonald)

(အဝင္ခန္းမ။ ဓာတ္ပံု-Brian McDonald)

(အိမ္တြင္းေရကူးကန္။ ဓာတ္ပံု-Brian McDonald)

(မီးဖိုေဆာင္။ ဓာတ္ပံု-Brian McDonald)

(ဧည့္ခန္း။ ဓာတ္ပံု-Brian McDonald)

(မွန္လံုအိမ္ စိုက္ခင္း။ ဓာတ္ပံု-Brian McDonald)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This Michigan compound comes with a bunker fit to withstand doomsday (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service