ရုရှားသူဌေးကြီး စွန့်ပစ်ထားခဲ့သော ဒေါ်လာ သန်း ၈၀ ကျော်တန် ရွက်လှေကြီးကို Google ၏ အမှုဆောင်အရာရှိချုပ်ဟောင်း Eric Schmidt က ဒေါ်လာ ၆၇ ဒသမ ၆ သန်းဖြင့် လေလံဆွဲ ဝယ်ယူ

ရုရှားသူဌေးကြီး စွန့်ပစ်ထားခဲ့သော ဒေါ်လာ သန်း ၈၀ ကျော်တန် ရွက်လှေကြီးကို Google ၏ အမှုဆောင်အရာရှိချုပ်ဟောင်း Eric Schmidt က ဒေါ်လာ ၆၇ ဒသမ ၆ သန်းဖြင့် လေလံဆွဲ ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
23 Jun 2023 11:16 am တွင် တင်ခဲ့သည်
478 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း ရုရှားသူဌေးကြီး အင်ဒရေ ဂါယက်ဗ်က ကာရစ်ဘီယန်ပင်လယ်ထဲတွင် စွန့်ပစ်ထားခဲ့သော စူပါရွက်လှေကြီးကို Google ၏ အမှုဆောင်အရာရှိချုပ်ဟောင်း အဲရစ် ရှမစ်( Eric Schmidt) က ပြီးခဲ့သောသောကြာနေ့က ဒေါ်လာ ၆၇ ဒသမ ၆ သန်းဖြင့် လေလံဆွဲ ဝယ်ယူလိုက်သည်။

(ဘီလျံနာ အင်ဒရေ ဂါယက်ဗ်၏ အဆိုပါ ရွက်လှေကြီး လေလံတင်ရောင်းချမည့် သတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)

ရုရှားသူဌေးကြီး အင်ဒရေ ဂါယက်ဗ်က အလျား ၂၆၇ ပေရှိသော Alfa Nero အမည်ရှိ ရွက်လှေကြီးကို Antigua ကျွန်းနိုင်ငံတွင် ဆိုက်ကပ်ကာ စွန့်ပစ်ထားခဲ့ခြင်း ဖြစ်သည်။

ရုရှားဘီလျံနာ အင်ဒရေ ဂါယက်ဗ်ကို ပြီးခဲ့သောနှစ်အတွင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း Bloomberg သတင်းဌာနက ဖော်ပြသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဓာတ်မြေသြဇာလုပ်ငန်းဖြင့် ချမ်းသာကြွယ်ဝသူ ဘီလျံနာ အင်ဒရေ ဂါယက်ဗ်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် နီးကပ်သူတစ်ဦးဖြစ်သည်ဟု ဆိုသည်။

အင်ဒရေ ဂါယက်ဗ်သည် ဤရွက်လှေကြီးကို ၂၀၁၄ ခုနှစ်က ဝယ်ယူခဲ့ရာတွင် ဒေါ်လာ သန်း ၁၂၀ ပေးခဲ့ရသည်။

Google ၏ အမှုဆောင်အရာရှိချုပ်ဟောင်း အဲရစ်ရှမစ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၅ ဘီလီယံခန့်ရှိသည်။

အမေရိကန်ဆိုင်ရာ Antigua နိုင်ငံသံအမတ်ကြီး ဆာရော်နယ်ဆန်းဒါးစ်က ပြောသည်မှာ အဲရစ်ရှမစ်သည် လေလံပွဲတွင် ပွင့်လင်းမြင်သာမှုအပြည့်ရှိသော လေလံပွဲမှတဆင့် လေလံအနိုင်ရရှိသွားကြောင်း ပြောသည်။

 

(Google ၏ အမှုဆောင်အရာရှိချုပ်ဟောင်း အဲရစ်ရှမစ်။ ဓာတ်ပုံ- Reuters)

 

 

 

(ရုရှားဘီလျံနာကြီး စွန့်ပစ်ခဲ့သော Alfa Nero ရွက်လှေကြီး။ ဓာတ်ပုံ- Getty Images)

 

 

အဆိုပါ ရွက်လှေကို ထုတ်လုပ်ခဲ့သည့် Oceanco ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ဤရွက်လှေသည် ကမ္ဘာ့အထင်ကရဖြစ်ဆုံး ရွက်လှေများတွင် ပါဝင်ပြီး ဂရန်းပီယာနို ၁ လုံး ၊ ရဟတ်ယာဉ်ကွင်းအဖြစ် ပြောင်းလဲနိုင်သော ရေကူးကန်တို့ ပါဝင်ကြောင်း ဖော်ပြသည်။

ထိုရွက်လှေ ထိန်းသိမ်းစရိတ်မှာ တစ်လလျှင် ဒေါ်လာ ၁၁၂၀၀၀ ကုန်ကျနေသောကြောင့် Antigua အစိုးရက ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

အဲရစ်ရှမစ်သည် Google ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ၂၀၀၁ မှ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

 

(ရုရှား ဘီလျံနာ အင်ဒရီ ဂါယက်ဗ် )

 

 

အဲရစ်ရှမစ်သည် ၂၀၁၅ ခုနှစ်တွင် Google ၏ မိခင်ကုမ္ပဏီ Alphabet ၏ အမှုဆောင်ဥက္ကဌဖြစ်လာပြီး ၂၀၁၈ ခုနှစ်တွင် နှုတ်ထွက်ခဲ့သည်။

 

(ဆက်စပ်သတင်း )

ရုရှားသူဌေးကြီး စွန့်ပစ်ထားခဲ့သော ဒေါ်လာ ၈၁ သန်းတန် ရွက်လှေကြီးကို ရွက်လှေဆိုက်ကပ်ထားသည့် နိုင်ငံက လေလံတင်ရောင်းချမည်

https://www.imyanmarhouse.com/news/read/1061138

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ex-Google CEO Eric Schmidt wins Russian oligarch’s superyacht for $67.6M at auction (nypost)

 

 

 

 

[Zawgyi]

ရုရွားသူေဌးၾကီး စြန္႔ပစ္ထားခဲ့ေသာ ေဒၚလာ သန္း ၈၀ ေက်ာ္တန္ ရြက္ေလွၾကီးကို Google ၏ အမႈေဆာင္အရာရွိခ်ဳပ္ေဟာင္း Eric Schmidt က ေဒၚလာ ၆၇ ဒသမ ၆ သန္းျဖင့္ ေလလံဆြဲ ဝယ္ယူ

 

ရုရွားက ယူကရိန္းႏိုင္ငံကို က်ဴးေက်ာ္တုိက္ခိုက္မႈ ေပၚေပါက္ခဲ့ျပီးေနာက္ပိုင္း ရုရွားသူေဌးၾကီး အင္ဒေရ ဂါယက္ဗ္က ကာရစ္ဘီယန္ပင္လယ္ထဲတြင္ စြန္႔ပစ္ထားခဲ့ေသာ စူပါရြက္ေလွၾကီးကို Google ၏ အမႈေဆာင္အရာရွိခ်ဳပ္ေဟာင္း အဲရစ္ ရွမစ္( Eric Schmidt) က ျပီးခဲ့ေသာေသာၾကာေန႔က ေဒၚလာ ၆၇ ဒသမ ၆ သန္းျဖင့္ ေလလံဆြဲ ဝယ္ယူလိုက္သည္။

(ဘီလ်ံနာ အင္ဒေရ ဂါယက္ဗ္၏ အဆိုပါ ရြက္ေလွၾကီး ေလလံတင္ေရာင္းခ်မည့္ သတင္းကို iMyanmarHouse.com ဝက္ဘ္ဆုိက္ၾကီးတြင္ ေရးသားေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္။)

ရုရွားသူေဌးၾကီး အင္ဒေရ ဂါယက္ဗ္က အလ်ား ၂၆၇ ေပရွိေသာ Alfa Nero အမည္ရွိ ရြက္ေလွၾကီးကို Antigua ကၽြန္းႏုိင္ငံတြင္ ဆိုက္ကပ္ကာ စြန္႔ပစ္ထားခဲ့ျခင္း ျဖစ္သည္။

ရုရွားဘီလ်ံနာ အင္ဒေရ ဂါယက္ဗ္ကို ျပီးခဲ့ေသာႏွစ္အတြင္း အေမရိကန္ ဘ႑ာေရးဝန္ၾကီးဌာနက ပိတ္ဆို႔အေရးယူမႈမ်ား ျပဳလုပ္ခ့ဲေၾကာင္း Bloomberg သတင္းဌာနက ေဖာ္ျပသည္။ အေမရိကန္ဘ႑ာေရးဝန္ၾကီးဌာန၏ ထုတ္ျပန္ခ်က္အရ ဓာတ္ေျမၾသဇာလုပ္ငန္းျဖင့္ ခ်မ္းသာၾကြယ္ဝသူ ဘီလ်ံနာ အင္ဒေရ ဂါယက္ဗ္သည္ ရုရွားသမၼတ ဗလာဒီမာ ပူတင္ႏွင့္ နီးကပ္သူတစ္ဦးျဖစ္သည္ဟု ဆုိသည္။

အင္ဒေရ ဂါယက္ဗ္သည္ ဤရြက္ေလွၾကီးကို ၂၀၁၄ ခုႏွစ္က ဝယ္ယူခဲ့ရာတြင္ ေဒၚလာ သန္း ၁၂၀ ေပးခဲ့ရသည္။

Google ၏ အမႈေဆာင္အရာရွိခ်ဳပ္ေဟာင္း အဲရစ္ရွမစ္၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၂၅ ဘီလီယံခန္႔ရွိသည္။

အေမရိကန္ဆိုင္ရာ Antigua ႏိုင္ငံသံအမတ္ၾကီး ဆာေရာ္နယ္ဆန္းဒါးစ္က ေျပာသည္မွာ အဲရစ္ရွမစ္သည္ ေလလံပြဲတြင္ ပြင့္လင္းျမင္သာမႈအျပည့္ရွိေသာ ေလလံပြဲမွတဆင့္ ေလလံအႏိုင္ရရွိသြားေၾကာင္း ေျပာသည္။

(Google ၏ အမႈေဆာင္အရာရိွခ်ဳပ္ေဟာင္း အဲရစ္ရွမစ္။ ဓာတ္ပံု- Reuters)

(ရုရွားဘီလ်ံနာၾကီး စြန္႔ပစ္ခဲ့ေသာ Alfa Nero ရြက္ေလွၾကီး။ ဓာတ္ပံု- Getty Images)

အဆိုပါ ရြက္ေလွကို ထုတ္လုပ္ခဲ့သည့္ Oceanco ကုမၸဏီ၏ ထုတ္ျပန္ခ်က္အရ ဤရြက္ေလွသည္ ကမၻာ့အထင္ကရျဖစ္ဆံုး ရြက္ေလွမ်ားတြင္ ပါဝင္ျပီး ဂရန္းပီယာႏို ၁ လံုး ၊ ရဟတ္ယာဥ္ကြင္းအျဖစ္ ေျပာင္းလဲႏုိင္ေသာ ေရကူးကန္တုိ႔ ပါဝင္ေၾကာင္း ေဖာ္ျပသည္။

ထိုရြက္ေလွ ထိန္းသိမ္းစရိတ္မွာ တစ္လလွ်င္ ေဒၚလာ ၁၁၂၀၀၀ ကုန္က်ေနေသာေၾကာင့္ Antigua အစိုးရက ေရာင္းခ်ရန္ စီစဥ္ခဲ့ျခင္းျဖစ္သည္။

အဲရစ္ရွမစ္သည္ Google ၏ အမႈေဆာင္အရာရွိခ်ဳပ္အျဖစ္ ၂၀၀၁ မွ ၂၀၁၁ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့သည္။

(ရုရွား ဘီလ်ံနာ အင္ဒရီ ဂါယက္ဗ္ )

အဲရစ္ရွမစ္သည္ ၂၀၁၅ ခုႏွစ္တြင္ Google ၏ မိခင္ကုမၸဏီ Alphabet ၏ အမႈေဆာင္ဥကၠဌျဖစ္လာျပီး ၂၀၁၈ ခုႏွစ္တြင္ ႏႈတ္ထြက္ခဲ့သည္။

(ဆက္စပ္သတင္း )

ရုရွားသူေဌးၾကီး စြန္႔ပစ္ထားခဲ့ေသာ ေဒၚလာ ၈၁ သန္းတန္ ရြက္ေလွၾကီးကို ရြက္ေလွဆိုက္ကပ္ထားသည့္ ႏိုင္ငံက ေလလံတင္ေရာင္းခ်မည္

https://www.imyanmarhouse.com/news/read/1061138

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ex-Google CEO Eric Schmidt wins Russian oligarch’s superyacht for $67.6M at auction (nypost)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service