ဝိဇ္ဇာနှင့်ပတ်သတ်၍ သိမှတ်ဖွယ်ရာများ

ဝိဇ္ဇာနှင့်ပတ်သတ်၍ သိမှတ်ဖွယ်ရာများ - Property Knowledge in Myanmar from iMyanmarHouse.com
21 Jun 2023 12:35 pm တွင် တင်ခဲ့သည်
2853 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

လောကီယဝိဇ္ဇာမျိုးဖြစ်သည့် ဆေးဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာတို့သည် မြေလျှိုးမိုးပျံနိုင်ကြောင်းသိရသည်။

အတ္တဝါဒုပါဒါန်ခေါ်သည့် သက္ကာယဒိဋ္ဌိကို ဖြိုခွဲနိုင်မှု မပြုနိုင်ခဲ့ပါမူ အန္ဓပုထုဇဉ် အကန်းမျိုး အရူးမျိုး အမိုက်မျိုးသာ ဖြစ်ကြောင်း၊အပါယ်တွင်းသို့ ပို့ဆောင်နိုင်သည့် ဒုစရိုက်ကံဆိုး အမျိုးမျိုးကို ကြိုးပမ်းတကုတ် ပြုလုပ်ရန် ဝန်မလေးတတ်ကြောင်း၊ ထိုအစွမ်းတို့ဖြင့် ပြုမှား လုပ်မှား လွဲမှားတို့ကို လုပ်တတ်ကြောင်းသိရသည်။

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး ပြုစုတော်မူသော ဝိဇ္ဇာမဂ္ဂဒီပနီနှင့် လက္ခဏဒီပနီတွင် ဆရာတော်ဘုရားကြီးက ဝိဇ္ဇာ ၅ ပါးနှင့်ပက်သတ်၍ အောက်ပါအတိုင်းရှင်းပြထားပါသည်။ဗဟုသုတအလို့ငှာ ကူးယူဝေမျှလိုက်ရပါသည်။

ဝိဇ္ဇာ ၅ မျိုး။ ။ဝိဇ္ဇာသည် ဝေဒဝိဇ္ဇာ၊ မန္တဝိဇ္ဇာ၊ ဂန္ဓာရီဝိဇ္ဇာ၊ လောကီယဝိဇ္ဇာ၊ အရိယဝိဇ္ဇာ ဟူ၍ ငါးပါး အပြားရှိ၏။

 

ထိုငါးပါးတွင် -

 

၁။ဝေဒဝိဇ္ဇာ

သာမဗေဒင် ၊ ယဇုဗေဒင် ၊ ဣရုဗေဒင် ၊ အာထဗ္ဗနဗေဒင်-ဟူသော လေးမျိုးသည် ဝေဒဝိဇ္ဇာမည်၏။

 

 

၂။မန္တဝိဇ္ဇာ

အမျိုးမျိုးသောလက္ခဏာကျမ်း၊ အမျိုးမျိုးသောနိမိတ်ကျမ်း၊ အမျိုးမျိုးသော နက္ခတ်ကျမ်း၊ အမျိုးမျိုးသော ဂါထာမန္တရားကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်းအစရှိသော လောကီပညာဟူ၍ ယခုလောက၌ ခေါ်ဝေါ်ကြသော အတတ်မျိုး ပညာမျိုးဟူသမျှ သည် မန္တဝိဇ္ဇာမည်၏။

(ဤဝိဇ္ဇာနှစ်ပါးကို ကမ္မာယတန သိပ္ပါယတန ဝိဇ္ဇာဌာနေသု ဟူသော ဉာဏဝိဘင်းပါဠိတော်များ၌သိရသည်။)

 

၃။ဂန္ဓာရီဝိဇ္ဇာ

ဆေးဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ ဟူ၍ ဝိဇ္ဇာဓရ ကျမ်းများ၌လာသော ဓနသိဒ္ဓိ၊ ပထဝီသိဒ္ဓိ၊ဥဒကသိဒ္ဓိ၊ အာကာသသိဒ္ဓိ၊ အာယုသိဒ္ဓိ၊ စိန္တာမယသိဒ္ဓိမျိုးသို့ ပေါက်ရောက်သဖြင့် နတ်သိကြားတို့၏ တန်ခိုး၊ အဘိဉာဏ်တန်ခိုးတို့နှင့် အလားတူတတ်စွမ်းနိုင်သော ဝိဇ္ဇာမျိုး ဟူသမျှသည် ဂန္ဓာရီဝိဇ္ဇာ မည်၏။

ဤဂန္ဓာရီဝိဇ္ဇာသည်ကား-

ကတမာ ဝိဇ္ဇာမယာ ဣဒ္ဓိ ၊ ဝိဇ္ဇာဓရာ ဝိဇ္ဇံ ပရိဇပ္ပေတွာ ဝေဟာယံ ဂစ္ဆန္တိ၊ အာကာသေ အန္တလိက္ခေ ဟတ္ထိမ္ပိ ဒဿေန္တိ၊အဿမ္ပိ ဒဿေန္တိ၊ရထမ္ပိ ဒဿေန္တိ၊ ပတ္တိမ္ပိ ဒဿေန္တိ၊ ဝိဝိဓမ္ပိ သေနာဗျူဟံ ဒဿေန္တိ၊ အယံ ဝိဇ္ဇာမယာ ဣဒ္ဓိ-

ဟူသော ပဋိသမ္ဘိဒါမဂ်ပါဠိတော်လာသည်။

 

ဝိဇ္ဇာမယဣဒ္ဓိ ဝိဇ္ဇာဓိုရ်

ကတမာ= အဘယ်မည်သောတန်ခိုးသည်၊ ဝိဇ္ဇာမယာဣဒ္ဓိ= အတတ်ဖြင့်ပြီးသော တန်ခိုးမည်သနည်း၊ ဝိဇ္ဇာဓရာ=ဝိဇ္ဇာဓိုရ်တို့သည်၊ဝိဇ္ဇံ=အတတ်ပညာကို၊ ပရိဇပ္ပေတွာ= စိပ်၍၊ဝါ=နှိုး၍၊ ဝေဟာယံ=ကောင်းကင်သို့၊ ဂစ္ဆန္တိ=ပျံသွားကြကုန်၏၊အန္တလိက္ခေ=ရေးခြစ်မထင်သော၊အာကာသေ=မိုးကောင်းကင်၌၊ ဟတ္ထိမ္ပိ=ဆင်တပ်ကို လည်း၊ ဒဿေန္တိ=ဖန်ဆင်း၍ပြနိုင်ကုန်၏၊ အဿမ္ပိ=မြင်းတပ်ကိုလည်း၊ဒဿေန္တိ= ဖန်ဆင်း၍ပြနိုင်ကုန်၏၊ ရထမ္ပိ=ရထားတပ်ကိုလည်း၊ ဒဿေန္တိ=ဖန်ဆင်း၍ပြနိုင်ကုန်၏၊ ပတ္တိမ္ပိ=လက်နက်ကိုင် ခြေသည်သူရဲတပ် ကိုလည်း၊ ဒဿေန္တိ=ဖန်ဆင်း၍ပြနိုင်ကုန်၏၊ဝိဝိဓံ=အထူးထူး အပြားပြားသော၊ သေနာဗျူဟမ္ပိ= စစ်သည်ဗိုလ်ထု အစုအရုံး အလုံးအရင်းကိုလည်း၊ဒဿေန္တိ=ဖန်ဆင်း၍ပြနိုင်ကုန်၏၊ အယံ=ဤသည်လျှင်၊ ဝိဇ္ဇာမယာ ဣဒ္ဓိ=အတတ်ဖြင့်ပြီးစေနိုင်သော ဝိဇ္ဇာမယ တန်ခိုးမည်၏။

(ဤပါဠိတော်၌ ဝိဇ္ဇာမယဣဒ္ဓိကို ပြတော်မူသဖြင့် အောက်ဖြစ်သော အာယုသိဒ္ဓိ၊အာကာသသိဒ္ဓိ၊ ဥဒကသိဒ္ဓိ၊ ပထဝီသိဒ္ဓိ၊ဓနသိဒ္ဓိ အစရှိသော သိဒ္ဓိမျိုးစုသည် ထိုပါဠိတော်တွင် အတွင်းဝင်၍ပါလေ၏ ဟုသိအပ်၏။)

 

ဂန္ဓာရီဝိဇ္ဇာဖြစ်နည်း

ယခုအခါ ဂန္ဓာရီ ဝိဇ္ဇာလမ်းကို လုပ်၊ ကြံလိုသော သူသည် ရတနာသုံးပါးဂုဏ်ကို မိမိကိုယ်၌ အမြဲထုံစေ၍ တန်ခိုးကြီးသော တောစောင့်နတ်၊တောင်စောင့်နတ်၊ရုက္ခဋ္ဌ၊ ဘူမဋ္ဌ၊ ပဗ္ဗတဋ္ဌ နတ်တို့ကို လည်းကောင်း၊ မန္တရား အင်းအိုင်မျိုးကို အုပ်စိုးသော ဝိဇ္ဇာဒေဝနတ်တို့ကိုလည်းကောင်း၊ သိုက်သမိုင်းဝင် ဆေးပင်မျိုး ကျောက်ဓာတ်မျိုး တို့ကို အုပ်စိုးသော သြသဓိဒေဝနတ်တို့ကိုလည်းကောင်း ဤအလုံးစုံသော နတ်တို့ကို ရင်ဝယ်သားကဲ့သို သနားချစ်ခင် ကျွမ်းကျင်လေးမြတ်အောင် မိတ်သဟာယပြုလုပ်၍ ကြံမှ ထမြောက်နိုင်ရာသည်။

ဤဂန္ဓာရီဝိဇ္ဇာသည် နတ်တို့၏ ကမ္မဝိပါကဇိဒ္ဓိ တန်ခိုးကိုပင် လွှမ်းမိုးနိုင်သော ဝိဇ္ဇာမယိဒ္ဓိတန်ခိုးမျိုးဖြစ်ခဲ့၍ နတ်တို့မနာလိုရှိတတ်သည်။မနာလိုရှိသည့်အတွက် အသက်၏ အန္တရာယ်။ဆေးဝါး၏ အန္တရာယ် ဖြစ်တတ်သည်။

 

၄။လောကီယဝိဇ္ဇာ

လောကီယဝိဇ္ဇာ ဆိုသည်ကား သာသနာပ အခါ၌ သရဘင်္ဂ၊ သုနေတ္တ၊အရက အစရှိသော ရသေ့ကြီး တို့သည် ကသိုဏ်းဈာန်တို့ကိုရပြီး နိုင်နင်းပြီးနောက် အားထုတ်၍ရအပ်သော ဣဒ္ဓိဝိဓအဘိညာ၊ ဒိဗ္ဗစက္ခု ၊ ဒိဗ္ဗသောတ၊စေတောပရိယ၊ပုဗ္ဗေနိဝါသ၊ယထာကမ္မုပဂ၊ အနာဂတံသ အဘိညာ-ဟူသော အဘိညာဝိဇ္ဇာတို့ကို ဆိုသတည်း။

(ထိုဝိဇ္ဇာတို့သည်ကား ဇာတ်တော် နိပါတ်တော်တို့၌ ထင်ရှားလှကုန်ပြီ။)

ဤလောကီအဘိညာဝိဇ္ဇာတို့သည်ကား ဘုရား၊ပစ္စေကဗုဒ္ဓါ၊ အရိယာသာဝကတို့နှင့်လည်း ဆက်ဆံကုန်၏။

ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာသာဝကတို့ ရအပ်ရောက်အပ်သော ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါးတို့၌ အတွင်းဝင်ကုန်၏။

 

၅။အရိယဝိဇ္ဇာ

အရိယဝိဇ္ဇာ ဆိုသည်ကား အနိစ္စဝိဇ္ဇာ၊ ဒုက္ခဝိဇ္ဇာ၊ အနတ္တဝိဇ္ဇာ၊ မဂ္ဂဝိဇ္ဇာ၊ ဖလဝိဇ္ဇာတို့ကို ဆိုသတည်း၊ စတုသစ္စဉာဏ်လေးပါးကို ဆိုသည်ဟူ၍လည်းဆိုရပါ၏။

 

သာသနာခေတ်၌သာအရိယာဝိဇ္ဇာ ဖြစ်နိုင်ခြင်း

ဤအရိယာဝိဇ္ဇာကိုကား သာသနာတော်အတွင်း၌သာ ထမြောက် ပေါက်ရောက်အောင် ကြံဆောင်နိုင်သည်၊ သာသနာပအခါ၌ကား ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ကို ချန်ထား၍တစ်ပါးသော လူ နတ် ဗြဟ္မာတို့ ထမြောက် ပေါက်ရောက်အောင် ကြံဆောင် အားထုတ်နိုင်သော အခွင့်မရှိ။

 

အရိယာဝိဇ္ဇာခေတ်နှင့် အရိယာဖြစ်ထိုက်သူ

သာသနာငါးထောင်ဆိုသော ခေတ်သမယသည်ကား- အရိယဝိဇ္ဇာ၏ ခေတ်သမယချည်းပေတည်း။ ။

ဤအရိယဝိဇ္ဇာလမ်းကို ပေါက်ရောက်ထမြောက်အောင် ကြံဆောင်အားထုတ်နိုင်ငော သူမှသာလျှင် ဘုရားကိုတွေ့မြင် ဖူးမြော်ရသောသူ၊ ဘုရားသာသနာကို တွေ့ကြုံရသောသူဟူ၍ ဆိုထိုက်ချေသည်။

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး၏ “ဝိဇ္ဇာမဂ္ဂ ဒီပနီနှင့် လက္ခဏ ဒီပနီ” မှ ထုတ်နုတ်ဖော်ပြပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ဝိဇၨာႏွင့္ပတ္သတ္၍ သိမွတ္ဖြယ္ရာမ်ား

 

ေလာကီယဝိဇၨာမ်ိဳးျဖစ္သည့္ ေဆးဝိဇၨာ၊ အင္းဝိဇၨာ၊ျပဒါးဝိဇၨာ၊ သံဝိဇၨာတို႔သည္ ေျမလွ်ိဳးမိုးပ်ံႏိုင္ေၾကာင္းသိရသည္။

အတၱဝါဒုပါဒါန္ေခၚသည့္ သကၠာယဒိ႒ိကို ၿဖိဳခြဲႏိုင္မႈ မျပဳႏိုင္ခဲ့ပါမူ အႏၶပုထုဇဥ္ အကန္းမ်ိဳး အ႐ူးမ်ိဳး အမိုက္မ်ိဳးသာ ျဖစ္ေၾကာင္း၊အပါယ္တြင္းသို႔ ပို႔ေဆာင္ႏိုင္သည့္ ဒုစ႐ိုက္ကံဆိုး အမ်ိဳးမ်ိဳးကို ႀကိဳးပမ္းတကုတ္ ျပဳလုပ္ရန္ ဝန္မေလးတတ္ေၾကာင္း၊ ထိုအစြမ္းတို႔ျဖင့္ ျပဳမွား လုပ္မွား လြဲမွားတို႔ကို လုပ္တတ္ေၾကာင္းသိရသည္။

ေက်းဇူးေတာ္႐ွင္ လယ္တီဆရာေတာ္ဘုရားႀကီး ျပဳစုေတာ္မူေသာ ဝိဇၨာမဂၢဒီပနီႏွင့္ လကၡဏဒီပနီတြင္ ဆရာေတာ္ဘုရားႀကီးက ဝိဇၨာ ၅ ပါးႏွင့္ပက္သတ္၍ ေအာက္ပါအတိုင္း႐ွင္းျပထားပါသည္။ဗဟုသုတအလို႔ငွာ ကူးယူေဝမွ်လိုက္ရပါသည္။

ဝိဇၨာ ၅ မ်ိဳး။ ။ဝိဇၨာသည္ ေဝဒဝိဇၨာ၊ မႏၲဝိဇၨာ၊ ဂႏၶာရီဝိဇၨာ၊ ေလာကီယဝိဇၨာ၊ အရိယဝိဇၨာ ဟူ၍ ငါးပါး အျပား႐ွိ၏။

ထိုငါးပါးတြင္ -

၁။ေဝဒဝိဇၨာ

သာမေဗဒင္ ၊ ယဇုေဗဒင္ ၊ ဣ႐ုေဗဒင္ ၊ အာထဗၺနေဗဒင္-ဟူေသာ ေလးမ်ိဳးသည္ ေဝဒဝိဇၨာမည္၏။

၂။မႏၲဝိဇၨာ

အမ်ိဳးမ်ိဳးေသာလကၡဏာက်မ္း၊ အမ်ိဳးမ်ိဳးေသာနိမိတ္က်မ္း၊ အမ်ိဳးမ်ိဳးေသာ နကၡတ္က်မ္း၊ အမ်ိဳးမ်ိဳးေသာ ဂါထာမႏၲရားက်မ္း၊ ေဆးက်မ္း၊ ဓာတ္က်မ္းအစ႐ွိေသာ ေလာကီပညာဟူ၍ ယခုေလာက၌ ေခၚေဝၚၾကေသာ အတတ္မ်ိဳး ပညာမ်ိဳးဟူသမွ် သည္ မႏၲဝိဇၨာမည္၏။

(ဤဝိဇၨာႏွစ္ပါးကို ကမၼာယတန သိပၸါယတန ဝိဇၨာဌာေနသု ဟူေသာ ဉာဏဝိဘင္းပါဠိေတာ္မ်ား၌သိရသည္။)

 

၃။ဂႏၶာရီဝိဇၨာ

ေဆးဝိဇၨာ၊ အင္းဝိဇၨာ၊ ျပဒါးဝိဇၨာ၊ သံဝိဇၨာ ဟူ၍ ဝိဇၨာဓရ က်မ္းမ်ား၌လာေသာ ဓနသိဒၶိ၊ ပထဝီသိဒၶိ၊ဥဒကသိဒၶိ၊ အာကာသသိဒၶိ၊ အာယုသိဒၶိ၊ စိႏၲာမယသိဒၶိမ်ိဳးသို႔ ေပါက္ေရာက္သျဖင့္ နတ္သိၾကားတို႔၏ တန္ခိုး၊ အဘိဉာဏ္တန္ခိုးတို႔ႏွင့္ အလားတူတတ္စြမ္းႏိုင္ေသာ ဝိဇၨာမ်ိဳး ဟူသမွ်သည္ ဂႏၶာရီဝိဇၨာ မည္၏။

ဤဂႏၶာရီဝိဇၨာသည္ကား-

ကတမာ ဝိဇၨာမယာ ဣဒၶိ ၊ ဝိဇၨာဓရာ ဝိဇၨံ ပရိဇေပၸတြာ ေဝဟာယံ ဂစၧႏၲိ၊ အာကာေသ အႏၲလိေကၡ ဟတၳိမၸိ ဒေႆႏၲိ၊အႆမၸိ ဒေႆႏၲိ၊ရထမၸိ ဒေႆႏၲိ၊ ပတၱိမၸိ ဒေႆႏၲိ၊ ဝိဝိဓမၸိ ေသနာဗ်ဴဟံ ဒေႆႏၲိ၊ အယံ ဝိဇၨာမယာ ဣဒၶိ-

ဟူေသာ ပဋိသမ႓ိဒါမဂ္ပါဠိေတာ္လာသည္။

ဝိဇၨာမယဣဒၶိ ဝိဇၨာဓိုရ္

ကတမာ= အဘယ္မည္ေသာတန္ခိုးသည္၊ ဝိဇၨာမယာဣဒၶိ= အတတ္ျဖင့္ၿပီးေသာ တန္ခိုးမည္သနည္း၊ ဝိဇၨာဓရာ=ဝိဇၨာဓိုရ္တို႔သည္၊ဝိဇၨံ=အတတ္ပညာကို၊ ပရိဇေပၸတြာ= စိပ္၍၊ဝါ=ႏိႈး၍၊ ေဝဟာယံ=ေကာင္းကင္သို႔၊ ဂစၧႏၲိ=ပ်ံသြားၾကကုန္၏၊အႏၲလိေကၡ=ေရးျခစ္မထင္ေသာ၊အာကာေသ=မိုးေကာင္းကင္၌၊ ဟတၳိမၸိ=ဆင္တပ္ကို လည္း၊ ဒေႆႏၲိ=ဖန္ဆင္း၍ျပႏိုင္ကုန္၏၊ အႆမၸိ=ျမင္းတပ္ကိုလည္း၊ဒေႆႏၲိ= ဖန္ဆင္း၍ျပႏိုင္ကုန္၏၊ ရထမၸိ=ရထားတပ္ကိုလည္း၊ ဒေႆႏၲိ=ဖန္ဆင္း၍ျပႏိုင္ကုန္၏၊ ပတၱိမၸိ=လက္နက္ကိုင္ ေျခသည္သူရဲတပ္ ကိုလည္း၊ ဒေႆႏၲိ=ဖန္ဆင္း၍ျပႏိုင္ကုန္၏၊ဝိဝိဓံ=အထူးထူး အျပားျပားေသာ၊ ေသနာဗ်ဴဟမၸိ= စစ္သည္ဗိုလ္ထု အစုအ႐ုံး အလုံးအရင္းကိုလည္း၊ဒေႆႏၲိ=ဖန္ဆင္း၍ျပႏိုင္ကုန္၏၊ အယံ=ဤသည္လွ်င္၊ ဝိဇၨာမယာ ဣဒၶိ=အတတ္ျဖင့္ၿပီးေစႏိုင္ေသာ ဝိဇၨာမယ တန္ခိုးမည္၏။

(ဤပါဠိေတာ္၌ ဝိဇၨာမယဣဒၶိကို ျပေတာ္မူသျဖင့္ ေအာက္ျဖစ္ေသာ အာယုသိဒၶိ၊အာကာသသိဒၶိ၊ ဥဒကသိဒၶိ၊ ပထဝီသိဒၶိ၊ဓနသိဒၶိ အစ႐ွိေသာ သိဒၶိမ်ိဳးစုသည္ ထိုပါဠိေတာ္တြင္ အတြင္းဝင္၍ပါေလ၏ ဟုသိအပ္၏။)

 

ဂႏၶာရီဝိဇၨာျဖစ္နည္း

ယခုအခါ ဂႏၶာရီ ဝိဇၨာလမ္းကို လုပ္၊ ၾကံလိုေသာ သူသည္ ရတနာသုံးပါးဂုဏ္ကို မိမိကိုယ္၌ အၿမဲထုံေစ၍ တန္ခိုးႀကီးေသာ ေတာေစာင့္နတ္၊ေတာင္ေစာင့္နတ္၊႐ုကၡ႒၊ ဘူမ႒၊ ပဗၺတ႒ နတ္တို႔ကို လည္းေကာင္း၊ မႏၲရား အင္းအိုင္မ်ိဳးကို အုပ္စိုးေသာ ဝိဇၨာေဒဝနတ္တို႔ကိုလည္းေကာင္း၊ သိုက္သမိုင္းဝင္ ေဆးပင္မ်ိဳး ေက်ာက္ဓာတ္မ်ိဳး တို႔ကို အုပ္စိုးေသာ ၾသသဓိေဒဝနတ္တို႔ကိုလည္းေကာင္း ဤအလုံးစုံေသာ နတ္တို႔ကို ရင္ဝယ္သားကဲ့သို သနားခ်စ္ခင္ ကြၽမ္းက်င္ေလးျမတ္ေအာင္ မိတ္သဟာယျပဳလုပ္၍ ၾကံမွ ထေျမာက္ႏိုင္ရာသည္။

ဤဂႏၶာရီဝိဇၨာသည္ နတ္တို႔၏ ကမၼဝိပါကဇိဒၶိ တန္ခိုးကိုပင္ လႊမ္းမိုးႏိုင္ေသာ ဝိဇၨာမယိဒၶိတန္ခိုးမ်ိဳးျဖစ္ခဲ့၍ နတ္တို႔မနာလို႐ွိတတ္သည္။မနာလို႐ွိသည့္အတြက္ အသက္၏ အႏၲရာယ္။ေဆးဝါး၏ အႏၲရာယ္ ျဖစ္တတ္သည္။

 

၄။ေလာကီယဝိဇၨာ

ေလာကီယဝိဇၨာ ဆိုသည္ကား သာသနာပ အခါ၌ သရဘဂၤ၊ သုေနတၱ၊အရက အစ႐ွိေသာ ရေသ့ႀကီး တို႔သည္ ကသိုဏ္းဈာန္တို႔ကိုရၿပီး ႏိုင္နင္းၿပီးေနာက္ အားထုတ္၍ရအပ္ေသာ ဣဒၶိဝိဓအဘိညာ၊ ဒိဗၺစကၡဳ ၊ ဒိဗၺေသာတ၊ေစေတာပရိယ၊ပုေဗၺနိဝါသ၊ယထာကမၼဳပဂ၊ အနာဂတံသ အဘိညာ-ဟူေသာ အဘိညာဝိဇၨာတို႔ကို ဆိုသတည္း။

(ထိုဝိဇၨာတို႔သည္ကား ဇာတ္ေတာ္ နိပါတ္ေတာ္တို႔၌ ထင္႐ွားလွကုန္ၿပီ။)

ဤေလာကီအဘိညာဝိဇၨာတို႔သည္ကား ဘုရား၊ပေစၥကဗုဒၶါ၊ အရိယာသာဝကတို႔ႏွင့္လည္း ဆက္ဆံကုန္၏။

ဘုရား၊ ပေစၥကဗုဒၶါ၊ အရိယာသာဝကတို႔ ရအပ္ေရာက္အပ္ေသာ ဝိဇၨာသုံးပါး၊ ဝိဇၨာ႐ွစ္ပါးတို႔၌ အတြင္းဝင္ကုန္၏။

၅။အရိယဝိဇၨာ

အရိယဝိဇၨာ ဆိုသည္ကား အနိစၥဝိဇၨာ၊ ဒုကၡဝိဇၨာ၊ အနတၱဝိဇၨာ၊ မဂၢဝိဇၨာ၊ ဖလဝိဇၨာတို႔ကို ဆိုသတည္း၊ စတုသစၥဉာဏ္ေလးပါးကို ဆိုသည္ဟူ၍လည္းဆိုရပါ၏။

သာသနာေခတ္၌သာအရိယာဝိဇၨာ ျဖစ္ႏိုင္ျခင္း

ဤအရိယာဝိဇၨာကိုကား သာသနာေတာ္အတြင္း၌သာ ထေျမာက္ ေပါက္ေရာက္ေအာင္ ၾကံေဆာင္ႏိုင္သည္၊ သာသနာပအခါ၌ကား ပေစၥကဗုဒၶါအ႐ွင္ျမတ္တို႔ကို ခ်န္ထား၍တစ္ပါးေသာ လူ နတ္ ျဗဟၼာတို႔ ထေျမာက္ ေပါက္ေရာက္ေအာင္ ၾကံေဆာင္ အားထုတ္ႏိုင္ေသာ အခြင့္မ႐ွိ။

အရိယာဝိဇၨာေခတ္ႏွင့္ အရိယာျဖစ္ထိုက္သူ

သာသနာငါးေထာင္ဆိုေသာ ေခတ္သမယသည္ကား- အရိယဝိဇၨာ၏ ေခတ္သမယခ်ည္းေပတည္း။ ။

ဤအရိယဝိဇၨာလမ္းကို ေပါက္ေရာက္ထေျမာက္ေအာင္ ၾကံေဆာင္အားထုတ္ႏိုင္ေငာ သူမွသာလွ်င္ ဘုရားကိုေတြ႕ျမင္ ဖူးေျမာ္ရေသာသူ၊ ဘုရားသာသနာကို ေတြ႕ၾကဳံရေသာသူဟူ၍ ဆိုထိုက္ေခ်သည္။

ေက်းဇူးေတာ္႐ွင္ လယ္တီဆရာေတာ္ဘုရားႀကီး၏ “ဝိဇၨာမဂၢ ဒီပနီႏွင့္ လကၡဏ ဒီပနီ” မွ ထုတ္ႏုတ္ေဖာ္ျပပါသည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service