အိန္ဒိယနိုင်ငံ ပြွန်းမြို့မှ သရဲအလွန်ခြောက်သော ရုပ်ရှင်ရုံကြီး
အိန္ဒိယနိုင်ငံ ပြွန်းမြို့မှ သရဲအလွန်ခြောက်သော ရုပ်ရှင်ရုံကြီး - Property News in Myanmar from iMyanmarHouse.com
6 Jun 2023 11:39 am တွင် တင်ခဲ့သည်
634 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အိန္ဒိယနိုင်ငံ ၊ ပြွန်းမြို့ ၊ Camp အရပ် East လမ်းတွင် သရဲအလွန်ခြောက်သော Victory Theatre အမည်ရှိ ရုပ်ရှင်ရုံကြီးတစ်ခု ရှိသည်။
အဆိုပါ ရုပ်ရှင်ရုံကို ၁၉၈၇ ခုနှစ်အထိ Capitol ဟု ခေါ်ခဲ့ပြီး ရုပ်ရှင်ရုံပိုင်ဆိုင်မှုနှင့် စပ်လျဉ်းပြီး ဆယ်စုနှစ်တစ်ခုကြာ တရားတဘောင်ရင်ဆိုင်ခဲ့ရပြီးနောက် လက်ရှိပိုင်ရှင်က အမှုနိုင်ခဲ့ပြီးနောက် Victory ဟု အမည်ပြောင်းခဲ့ခြင်း ဖြစ်သည်။
(အိန္ဒိယ လွတ်လပ်ရေးကြိုးပမ်းသူတို့က ဗုံးခွဲခြင်း)
ရာစုနှစ်တစ်ခုကျော် သက်တမ်းရှိပြီ ဖြစ်သော ရုပ်ရှင်ရုံကြီးကို ယခင်က အင်္ဂလိပ်အရာရှိတို့အတွက် ကဇာတ်ရုံအဖြစ် အသုံးပြုခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်း ၇၀ ကျော်က အိန္ဒိယလွတ်လပ်ရေးကြိုးပမ်းသူတို့သည် ဤရုပ်ရှင်ရုံကို ဗုံးခွဲခဲ့ရာ အင်္ဂလိပ်လူမျိုး ၄ ဦးသေဆုံးကာ အခြား ၁၈ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
သမိုင်းအချက်အလက်များအရ အသက် ၁၆ နှစ်အရွယ်ရှိ Narayan Dabhade အမည်ရှိ လူငယ်တစ်ဦး အင်္ဂလိပ်အရာရှိ၏ အမိန်ဖြင့် ရဲတပ်ဖွဲ့က ပစ်သတ်ခြင်းကို ခံခဲ့ရသောကြောင့် အိန္ဒိယလွတ်လပ်ရေး ကြိုးပမ်းသော အဖွဲ့က အင်္ဂလိပ်စစ်သည်များနှင့် မိသားစုဝင်များ ရုပ်ရှင်ကြည့်လေ့ရှိသော ပြွန်းမြို့မှ ရုပ်ရှင်ရုံ ၃ ခုတွင် ဗုံးခွဲ တိုက်ခိုက်ရန် စီစဉ်ခဲ့ကြသည်။
အိန္ဒိယလွတ်လပ်ရေးကြိုးပမ်းသူ Haribhau Limaye ရေးသားသော စာအုပ်တွင် ဖော်ပြခဲ့သည်မှာ ရုပ်ရှင်ရုံ ၃ ခုကို တိုက်ခိုက်မှု ပြုလုပ်ရန် အနည်းဆုံး လူ ၁၆ ဦး လိုအပ်မည်ဖြစ်သောကြောင့် ရုပ်ရှင်ရုံ ၂ ခုသာ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
ရုပ်ရှင်ရုံကြီး၏ မူရင်းဗိသုကာလက်ရာများ ယနေ့တိုင် မပြောင်းမလဲ ရှိနေဆဲဖြစ်ကာ အပြင်မျက်နှာစာနှင့် ပေါ်တီကိုတို့အပါအဝင်ဖြစ်သည်။
ရုပ်ရှင်ရုံအတွင်းတွင်မူ ခေတ်မီ မွမ်းမံမှုများ ပြုလုပ်ထားသည်။ ဤရုပ်ရှင်ရုံတွင် တစ်ပတ်လျှင် ဟင်ဒီရုပ်ရှင်ကား ၂ ကားခန့်ပြသည်။
ယခင်က အသုံးပြုခဲ့သော သတ္တုခေါက်ကုလားထိုင်များအစား အနည်းငယ်ပိုမိုကောင်းမွန်သော ကူရှင်ခုံများ အစားထိုးခြင်း ၊ ဒီဂျစ်တယ်စနစ် ရုပ်ရှင်ပြစက် ၊ ခေတ်မီအသံစနစ်များအပြင် လေအေးစက် တပ်ဆင်မှုများ ပြုလုပ်ခဲ့သည်။
ရုပ်ရှင်ရုံအပြင်ဘက်တွင် Cafe Victory အမည်ရှိ ကော်ဖီဆိုင်တွင် အသားညှပ်ပေါင်မုန့်များ ၊ စမူဆာများ ၊ ပြောင်းဖူးပေါက်ပေါက်များနှင့် အချိုရည်များ ရောင်းချပေးသည်။
ဤရုပ်ရှင်ရုံရှိ လက်မှတ်ဈေးနှုန်းမှာ ပြွန်းမြို့တွင် ဈေးအသက်သာဆုံးဖြစ်ပြီး ရူပီး ၁၀၀ မှ ၁၈၀ ကြားသာ ရှိရာ သရဲခြောက်သည့် နာမည်ကြီးသည့်တိုင် ဒေသခံများနှင့် ကောလိပ်ကျောင်းသားကျောင်းသူများ လာရောက်ကြည့်ရှုလေ့ရှိကြသည်။
(ပရလောက ဖြစ်ရပ်များ)
Victory ရုပ်ရှင်ရုံသည် ပြွန်းမြို့၏ သရဲအခြောက်ဆုံးနေရာများတွင် တစ်ခုအပါအဝင်ဖြစ်သည်။
ရုပ်ရှင်ရုံများတွင် လူမရှိချိန်များတွင်ဆိုလျှင် ခြောက်ခြားဖွယ်ရယ်သံကြီးများ ငယ်သံပါအောင် စူးစူးဝါးဝါး ဟစ်အော်သံများ ခုံများကို ထုရိုက်နေသံများ ၊ ခုံများ ရွေ့လျားနေသည့် အသံများ ၊ ကြားရလေ့ရှိသည်ဟု ဆိုသည်။
Victory ရုပ်ရှင်ရုံအတွင်း ဆန်းကြယ်သည့် ဖြစ်ရပ်များကို ဝန်ထမ်းများနှင့် ဒေသခံများ များစွာ ကြုံတွေ့ခဲ့ရဖူးသည်။
အများအားဖြင့် ရုပ်ရှင်ရုံအတွင်း လူသူမရှိချိန် ညဘက်များတွင် ပရလောကဖြစ်ရပ်များ ပေါ်ပေါက်လေ့ရှိသည်။
တစ်ခါတစ်ရံတွင် ရုပ်ရှင်ပြနေချိန်တွင်ပင် အဆိုပါ ဖြစ်ရပ်များ ပေါ်ပေါက်လေ့ရှိသည်။
သရဲကားပြနေချိန်မျိုးတွင် ဖြစ်ပေါ်လေ့မရှိဘဲ ဘောလိဝုဒ်အချစ်ကား ပြနေချိန်မျိုးတွင် ဖြစ်ပွားလေ့ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Dare To Watch A Show At Pune's Most Haunted Yet Iconic Movie Theatre? (lbb)
[Zawgyi]
(ပရလောက ဖြစ်ရပ်များ)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service