မိမိကိုယ်ကိုယ်ကို အဆုံးစီရင်သွားသော နာမည်ကြီး ကိုရီးယားအဆိုတော်၊ ရုပ်ရှင်မင်းသား Moonbin အတွက် ညီမဖြစ်သူ ရေးသားခဲ့သည့် လွမ်းဆွတ်မှု အမှတ်တရစာမှာ ပရိသတ်များအား မျက်ရည်ဖြိုင်ဖြိုင်ကျစေခဲ့
မိမိကိုယ်ကိုယ်ကို အဆုံးစီရင်သွားသော နာမည်ကြီး ကိုရီးယားအဆိုတော်၊ ရုပ်ရှင်မင်းသား Moonbin အတွက် ညီမဖြစ်သူ ရေးသားခဲ့သည့် လွမ်းဆွတ်မှု အမှတ်တရစာမှာ ပရိသတ်များအား မျက်ရည်ဖြိုင်ဖြိုင်ကျစေခဲ့ - Property News in Myanmar from iMyanmarHouse.com
26 Apr 2023 12:11 pm တွင် တင်ခဲ့သည်
1565 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Moonbin (မွေး-၁၉၉၈) သည် တောင်ကိုရီးယား အဆိုတော်၊ ရုပ်ရှင်မင်းသား၊ မော်ဒယ်တစ်ဦးဖြစ်ပြီး Fantagio ရုပ်ရှင်နှင့် တေးထုတ်လုပ်ရေးကုမ္ပဏီဖြင့် စာချုပ်ချုပ်ထားသူ ဖြစ်သည်။
Moonbin သည် တောင်ကိုရီးယားလူငယ်ဂီတအဖွဲ့ Astro နှင့် ယင်း၏ အဖွဲ့ခွဲ Moonbin & Sanha တို့၏ အဖွဲ့ဝင် ဖြစ်သည်။
(ရုတ်တရက် သေဆုံးမှု)
Moonbin သည် ၂၀၂၃ ခုနှစ် ၊ ဧပြီလ ၁၉ ရက် ညနေတွင် ဆိုးလ်မြို့တော် ဂမ်နန်ခရိုင်ရှိ သူ၏ နေအိမ်တွင် သေဆုံးနေသည်ကို သူ၏ မန်နေဂျာက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အစမ်းလေ့ကျင့်မှုများအတွက် မလာသောကြောင့် မန်နေဂျာက လိုက်သွားခဲ့ခြင်း ဖြစ်သည်။
ဂမ်နန်ခရိုင် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ မိမိကိုယ်ကို အဆုံးစီရင်သွားခြင်း ဖြစ်ဟန်ရကြောင်း ဖော်ပြသည်။
ဂမ်နန်ခရိုင် ရဲတပ်ဖွဲ့က CNN သတင်းဌာနသို့ ပြောခဲ့သည်မှာ Moonbin သေဆုံးမှုတွင် မင်္သကာဖွယ်ရာ လက္ခဏာများ မတွေ့ရကြောင်း ပြောသည်။
(Moonbin ၏ ညီမ Moon Sua က အစ်ကိုဖြစ်သူအတွက် ရေးသားခဲ့သောစာ)
Moonbin ၏ ညီမဖြစ်သူသည် Moonbin အတွက် လွမ်းဆွတ်ဖွယ် အမှတ်တရ နေရာသို့ တိတ်တဆိတ်လာရောက်ခဲ့ပြီး အမှတ်တရစာ ရေးသားခဲ့မှုမှာ ပရိသတ်များအား မျက်ရည်ဖြိုင်ဖြိုင် ကျစေခဲ့သည်။
Fantagio ကုမ္ပဏီက Moonbin အတွက် လွမ်းဆွတ်ဖွယ်အမှတ်တရနေရာ ပြုလုပ်ပေးခဲ့ရာ ထိုနေရာသို့ သွားရောက်ခဲ့သူတစ်ဦးက လူပေါင်းများစွာ ရေးသားခဲ့သည့် အမှတ်တရစာများကို ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်တွင် တင်ခဲ့သည်။
အဆိုပါ စာများအနက် ပရိသတ်များ၏ နှလုံးသားကို ကိုင်လှုပ်ခဲ့သည်မှာ Moonbin ၏ ညီမ Moon Sua ရေးသားခဲ့သောစာ ဖြစ်သည်။
“အိုပါး … ညီမလေးပါ။ အစ်ကိုကြီးရဲ့ အဖိုးတန်တစ်ဦးတည်းသော ညီမလေး Sua ပါ။ အမှတ်တရနေရာကို ညီမလေး လာခဲ့တယ်။ ညီမလေး အရမ်းကို ငိုကြွေးခဲ့ရပြီးပြီ။ အခု ညီမလေး မငိုတော့ဘူး။ အခုကစပြီး ညီမလေး ပြုံးပြုံးလေး နေတော့မယ်နော်။ ညီမလေး လုပ်ချင်တာတွေ လုပ်တော့မယ်။ ကိုကြီး အဲဒီမှာ ပျော်လိမ့်မယ်လို့ ညီမလေး မျှော်လင့်တယ်။ ညီမလေးလုပ်တာတွေ မှန်လားဆိုတာ ကိုကြီးစောင့်ကြည့် ပေးပါဦး။ ကိုကြီးအတွက် ညီမလေး ကြိုးစားရှင်သန်သွားပါမယ်။ အခက်အခဲတွေ ကြုံလာရရင် ကိုကြီးဆီကို လာပြီး ရင်ဖွင့်မယ်လေ။ ကိုကြီးက ညီမလေးကို နှစ်သိမ့်ပေးရမယ်နော်။ ကိုကြီးကို ညီမလေး အရမ်းချစ်တယ်။ ကိုကြီးရဲ့ ညီမငယ်လေးအဖြစ် ထာဝရ ရှိနေပါမယ်”ဟု ရေးသားထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Moon Sua's handwritten letter to her brother Moonbin brings fans to tears (allkpop)
[Zawgyi]
(ရုတ်တရက် သေဆုံးမှု)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service