ဦးညွှတ်အပ်သော ဇွဲလုံ့လ (သို့မဟုတ်) ယာဉ်မောင်းလိုင်စင်ရရန် ၉၆၁ ကြိမ် ကြိုးစားခဲ့ရပြီး အသက် ၆၉ နှစ်အရွယ်ရောက်မှ ယာဉ်မောင်းလိုင်စင်ရခဲ့သည့် အသက် ၈၀ ကျော် အဘွားအိုတစ်ဦးအကြောင်း

ဦးညွှတ်အပ်သော ဇွဲလုံ့လ (သို့မဟုတ်) ယာဉ်မောင်းလိုင်စင်ရရန် ၉၆၁ ကြိမ် ကြိုးစားခဲ့ရပြီး အသက် ၆၉ နှစ်အရွယ်ရောက်မှ ယာဉ်မောင်းလိုင်စင်ရခဲ့သည့် အသက် ၈၀ ကျော် အဘွားအိုတစ်ဦးအကြောင်း - Property News in Myanmar from iMyanmarHouse.com
11 Apr 2023 2:16 pm တွင် တင်ခဲ့သည်
914 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တောင်ကိုရီးယားနိုင်ငံတွင် Cha Sa-soon အမည်ရှိ အဘွားအိုတစ်ဦးသည် ယာဉ်မောင်းလိုင်စင်ရရန် အကြိမ်ပေါင်း ၉၆၀ ကြိုးစားခဲ့ရပြီး ဝမ်ငွေ သန်းနှင့်ချီကာ ကုန်ကျခဲ့သည်အထိ ကြိုးစားခဲ့သော်လည်း ယာဉ်မောင်းလိုင်စင်မရခဲ့။

သို့သော် နောက်ဆုံးတွင်မူ ရေးဖြေစာမေးပွဲဖြေဆိုအောင်မြင်ခဲ့ပြီးနောက် ယခုအခါ ကားဖြင့် ကိုယ်တိုင်မောင်းကာ သွားလာလျက်ရှိကြောင်း YouTube တွင် Asian Culture Unlocked ချန်နယ်မှ မကြာသေးမီက လွှင့်တင်ခဲ့သော ဗွီဒီယိုဖိုင်တွင် ဖော်ပြခဲ့ပြီး အဆိုပါဗွီဒီယိုမှာ ကြည့်ရှုသူအလွန်များလျက် ရှိသည်။

Sa-soon သည် Sinchon ကျေးရွာတွင် တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး ယာဉ်မောင်းလိုင်စင် စာမေးပွဲကို ၉၆၁ ကြိမ်မြောက် ဖြေဆိုပြီးနောက် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

အဘွားအို၏ အတုယူဖွယ်ကြိုးစားအောင်မြင်မှုမှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ဖြစ်သော်လည်း မကြာသေးမီကမူ အဆိုပါဇာတ်လမ်းမှာ Reddit တွင် ပြန်လည်ပေါ်ပေါက်ကျော်ကြားကာ ကမ္ဘာတစ်ဝန်းမှ လူမှုကွန်ရက်သုံးစွဲသူများကို များစွာအတုယူလေးစားမှုများ ဖြစ်စေခဲ့သည်။

Sa-soon သည် ယာဉ်မောင်းလိုင်စင်စာမေးပွဲကို ၉၆၁ ကြိမ်မြောက် ဖြေဆိုအောင်မြင်ခဲ့သည်မှာ ၂၀၁၀ ပြည့်နှစ်ကဖြစ်ပြီး ထိုအချိန်က သူ၏အသက်မှာ ၆၉ နှစ်ရှိပြီ ဖြစ်သည်။

Sa-soon သည် ထိုဖြစ်ရပ်ကြောင့် တောင်ကိုရီးယားတွင် celebrity တစ်ဦးပမာ လူသိထင်ရှား ကျော်ကြားခဲ့သည်။

သူ၏ မလျှော့သောဇွဲလုံ့လမှာ လိုင်စင်ရရန်ကြိုးစားနေကြသူများအတွက် အတုယူလေးစားဖွယ်ရာ ဇာတ်လမ်းတစ်ခုလည်းဖြစ်သည်။

နယူးယောက်တိုင်းမ်သတင်းစာကြီး၏ ဖော်ပြချက်အရ ယခုအခါ အသက် ၈၂ နှစ်ရှိနေပြီဖြစ်သော အဘွားအို Sa-soon သည် ရက်သတ္တပတ်လျှင် ၅ ရက်ဖြင့် ယာဉ်မောင်းလိုင်စင်စာမေးပွဲကို နေ့စဉ်နေ့တိုင်း ၃ နှစ် ဆက်တိုက် ဖြေဆိုခဲ့ကြောင်း ဖော်ပြသည်။

 

 

(တောင်ကိုရီးယားမှ အဘွား Cha Sa-soon သည် ယာဉ်မောင်းလိုင်စင်စာမေးပွဲကို အကြိမ် ၉၆၀ အထိ ဖြေဆိုခဲ့ပြီး မအောင်မြင်ခဲ့ချေ။ နောက်ဆုံး ၉၆၁ ကြိမ်မြောက်တွင်မှ အောင်မြင်ခဲ့သည်။ Sa-soon သည် ယာဉ်မောင်းလိုင်စင်စာမေးပွဲအောင်မြင်သည်အထိ စုစုပေါင်းကုန်ကျစရိတ် ဝမ်ငွေ ၅ သန်း-ကန်ဒေါ်လာ ၄၂၀၀ ခန့်ကုန်ကျခဲ့ကြောင်း NBC သတင်းတွင် ဖော်ပြသည်။ အချို့သော သတင်းမီဒီယာတို့တွင်မူ သူ၏ ကုန်ကျစရိတ်မှာ ဒေါ်လာ ၁၃၅၀၀ ခန့်ရှိကြောင်း ဖော်ပြကြသည်)

စာမေးပွဲမှာ ထိုမျှဖြင့် မပြီး။ ယာဉ်မောင်းကျွမ်းကျင်မှု စမ်းသပ်ခြင်းနှင့် ယာဉ်ကြောလမ်းကြောစမ်းသပ်မှု ၂ ကြိမ် ပြုလုပ်ရသေးသည်။

ထိုစာမေးပွဲများတွင် ၄ ကြိမ်တိုင် ကျခဲ့သေးပြီး မလျှော့သောဇွဲလုံ့လကြောင့် နောက်ဆုံးတွင် ယာဉ်မောင်းလိုင်စင် ရယူနိုင်ခဲ့လေသည်။

Sa-soon အဘွားသည် Jeonbunk ယာဉ်မောင်းသင်တန်းကျောင်းတွင် ကားမောင်းသင်ခဲ့ခြင်းဖြစ်ပြီး သူ၏ ဇွဲလုံ့လနှင့် အောင်မြင်မှုကို ယာဉ်မောင်းသင်ပေးခဲ့သည့်ဆရာများက ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

 

 

(အဘွားကို ကားမောင်းသင်ပေးခဲ့သူများက ပြောသည်မှာ စာမေးပွဲအောင်မြင်သွားသည့်အတွက် စိတ်သက်သာရာ ရခဲ့ကြကြောင်း ပြောသည်)

 

“သူလိုင်စင်ရသွားတဲ့အချိန်မှာ ကျွန်တော်တို့အားလုံး ဂုဏ်ပြုပြီး ပွေ့ဖက်ခဲ့ကြ၊ ပန်းတွေပေးခဲ့ကြတယ်”ဟု ယာဉ်မောင်းသင်တန်းမှ နည်းပြတစ်ဦးဖြစ်သူ Park Su-yeon က တိုင်းမ်မဂ္ဂဇင်းကြီးသို့ ၂၀၁၀ ပြည့်နှစ်က ပြောခဲ့သည်။

“ကျွန်တော်တို့ ကျောပေါ်က ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ပြုတ်ကျသွားသလိုပါပဲ။ သူက မလျှော့တဲ့ ဇွဲနဲ့ ကြိုးစားနေတာကြောင့် ဒါကိုရပ်လိုက်ပါလို့ ပြောဖို့ သတ္တိ ကျွန်တော်တို့မှာ မရှိခဲ့ပါဘူး”

အဘွား၏ မလျှော့သောလုံ့လကို Hyundai ကား ကုမ္ပဏီကြီးကပင် အာရုံစိုက်မိခဲ့ပြီး အဘွား Sa-soon ကို ဒေါ်လာ ၁၆၈၀၀ တန် ကားတစ်စီး ဆုချီးမြှင့်ခဲ့သည်။

ထို့အပြင် Hyundai ကုမ္ပဏီကြီးအတွက် ကြော်ငြာရိုက်ကူးခြင်းများပင် ပြုလုပ်ခဲ့ရသည်။

“ယာဉ်မောင်းလိုင်စင်စာမေးပွဲအတွက် နေ့တိုင်းသွားနေရတာ ကျွန်မအတွက် ပြဿနာမရှိပါဘူး။ ဒါက ကျောင်းတက်နေရသလိုပါပဲ။ ကျွန်မ အမြဲတမ်းကျောင်းကို လွမ်းတယ်လေ”

 

(Hyundai က ကားတစ်စီး လက်ဆောင်ပေးခဲ့ပြီးနောက် ထိုကုမ္ပဏီကြီးအတွက် ကြော်ငြာများပင် ရိုက်ကူးပေးခဲ့ရသည်)

 

အဘွား Sa-soon က ဘဝရပ်တည်ရေးအတွက် ကိုယ်တိုင်စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်များ ရောင်းချသူတစ်ဦးဖြစ်ပြီး ဟင်းသီးဟင်းရွက်ရောင်းချရေးအတွက် ကားမောင်းသင်လိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မြေးများကိုလည်း တိရ စ္ဆာန်ရုံသို့ ကားမောင်းပို့လိုကြောင်း အဘွား Sa-soon က တိုင်းမ်မဂ္ဂဇင်းကြီးသို့ ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: It took me 960 tries to get my license at 69 — and cost me thousands of dollars (nypost)

 

 

 

[Zawgyi]

ဦးညႊတ္အပ္ေသာ ဇြဲလံု႔လ (သို႔မဟုတ္) ယာဥ္ေမာင္းလိုင္စင္ရရန္ ၉၆၁ ၾကိမ္ ၾကိဳးစားခဲ့ရျပီး အသက္ ၆၉ ႏွစ္အရြယ္ေရာက္မွ ယာဥ္ေမာင္းလိုင္စင္ရခဲ့သည့္ အသက္ ၈၀ ေက်ာ္ အဘြားအိုတစ္ဦးအေၾကာင္း

 

 

ေတာင္ကိုရီးယားႏိုင္ငံတြင္ Cha Sa-soon အမည္ရွိ အဘြားအိုတစ္ဦးသည္ ယာဥ္ေမာင္းလိုင္စင္ရရန္ အၾကိမ္ေပါင္း ၉၆၀ ၾကိဳးစားခဲ့ရျပီး ဝမ္ေငြ သန္းႏွင့္ခ်ီကာ ကုန္က်ခဲ့သည္အထိ ၾကိဳးစားခဲ့ေသာ္လည္း ယာဥ္ေမာင္းလိုင္စင္မရခဲ့။

သို႔ေသာ္ ေနာက္ဆံုးတြင္မူ ေရးေျဖစာေမးပြဲေျဖဆိုေအာင္ျမင္ခဲ့ျပီးေနာက္ ယခုအခါ ကားျဖင့္ ကိုယ္တိုင္ေမာင္းကာ သြားလာလ်က္ရွိေၾကာင္း YouTube တြင္ Asian Culture Unlocked ခ်န္နယ္မွ မၾကာေသးမီက လႊင့္တင္ခဲ့ေသာ ဗြီဒီယိုဖိုင္တြင္ ေဖာ္ျပခဲ့ျပီး အဆိုပါဗြီဒီယိုမွာ ၾကည့္ရႈသူအလြန္မ်ားလ်က္ ရွိသည္။

Sa-soon သည္ Sinchon ေက်းရြာတြင္ တစ္ဦးတည္းေနထိုင္သူျဖစ္ျပီး ယာဥ္ေမာင္းလိုင္စင္ စာေမးပြဲကို ၉၆၁ ၾကိမ္ေျမာက္ ေျဖဆိုျပီးေနာက္ ေအာင္ျမင္ခဲ့ျခင္း ျဖစ္သည္။

အဘြားအို၏ အတုယူဖြယ္ၾကိဳးစားေအာင္ျမင္မႈမွာ လြန္ခဲ့ေသာ ဆယ္စုႏွစ္တစ္ခုေက်ာ္က ျဖစ္ေသာ္လည္း မၾကာေသးမီကမူ အဆိုပါဇာတ္လမ္းမွာ Reddit တြင္ ျပန္လည္ေပၚေပါက္ေက်ာ္ၾကားကာ ကမၻာတစ္ဝန္းမွ လူမႈကြန္ရက္သံုးစြဲသူမ်ားကို မ်ားစြာအတုယူေလးစားမႈမ်ား ျဖစ္ေစခဲ့သည္။

Sa-soon သည္ ယာဥ္ေမာင္းလိုင္စင္စာေမးပြဲကို ၉၆၁ ၾကိမ္ေျမာက္ ေျဖဆိုေအာင္ျမင္ခဲ့သည္မွာ ၂၀၁၀ ျပည့္ႏွစ္ကျဖစ္ျပီး ထိုအခ်ိန္က သူ၏အသက္မွာ ၆၉ ႏွစ္ရွိျပီ ျဖစ္သည္။

Sa-soon သည္ ထိုျဖစ္ရပ္ေၾကာင့္ ေတာင္ကိုရီးယားတြင္ celebrity တစ္ဦးပမာ လူသိထင္ရွား ေက်ာ္ၾကားခဲ့သည္။

သူ၏ မေလွ်ာ့ေသာဇြဲလံု႔လမွာ လိုင္စင္ရရန္ၾကိဳးစားေနၾကသူမ်ားအတြက္ အတုယူေလးစားဖြယ္ရာ ဇာတ္လမ္းတစ္ခုလည္းျဖစ္သည္။

နယူးေယာက္တိုင္းမ္သတင္းစာၾကီး၏ ေဖာ္ျပခ်က္အရ ယခုအခါ အသက္ ၈၂ ႏွစ္ရွိေနျပီျဖစ္ေသာ အဘြားအို Sa-soon သည္ ရက္သတၱပတ္လွ်င္ ၅ ရက္ျဖင့္ ယာဥ္ေမာင္းလိုင္စင္စာေမးပြဲကို ေန႔စဥ္ေန႔တိုင္း ၃ ႏွစ္ ဆက္တိုက္ ေျဖဆိုခဲ့ေၾကာင္း ေဖာ္ျပသည္။

(ေတာင္ကိုရီးယားမွ အဘြား Cha Sa-soon သည္ ယာဥ္ေမာင္းလိုင္စင္စာေမးပြဲကို အၾကိမ္ ၉၆၀ အထိ ေျဖဆိုခဲ့ျပီး မေအာင္ျမင္ခဲ့ေခ်။ ေနာက္ဆံုး ၉၆၁ ၾကိမ္ေျမာက္တြင္မွ ေအာင္ျမင္ခဲ့သည္။ Sa-soon သည္ ယာဥ္ေမာင္းလိုင္စင္စာေမးပြဲေအာင္ျမင္သည္အထိ စုစုေပါင္းကုန္က်စရိတ္ ဝမ္ေငြ ၅ သန္း-ကန္ေဒၚလာ ၄၂၀၀ ခန္႔ကုန္က်ခဲ့ေၾကာင္း NBC သတင္းတြင္ ေဖာ္ျပသည္။ အခ်ဳိ႕ေသာ သတင္းမီဒီယာတို႔တြင္မူ သူ၏ ကုန္က်စရိတ္မွာ ေဒၚလာ ၁၃၅၀၀ ခန္႔ရွိေၾကာင္း ေဖာ္ျပၾကသည္)

စာေမးပြဲမွာ ထိုမွ်ျဖင့္ မျပီး။ ယာဥ္ေမာင္းကၽြမ္းက်င္မႈ စမ္းသပ္ျခင္းႏွင့္ ယာဥ္ေၾကာလမ္းေၾကာစမ္းသပ္မႈ ၂ ၾကိမ္ ျပဳလုပ္ရေသးသည္။

ထိုစာေမးပြဲမ်ားတြင္ ၄ ၾကိမ္တိုင္ က်ခဲ့ေသးျပီး မေလွ်ာ့ေသာဇြဲလံု႔လေၾကာင့္ ေနာက္ဆံုးတြင္ ယာဥ္ေမာင္းလိုင္စင္ ရယူႏိုင္ခဲ့ေလသည္။

Sa-soon အဘြားသည္ Jeonbunk ယာဥ္ေမာင္းသင္တန္းေက်ာင္းတြင္ ကားေမာင္းသင္ခဲ့ျခင္းျဖစ္ျပီး သူ၏ ဇြဲလံု႔လႏွင့္ ေအာင္ျမင္မႈကို ယာဥ္ေမာင္းသင္ေပးခဲ့သည့္ဆရာမ်ားက ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၾကသည္။

(အဘြားကို ကားေမာင္းသင္ေပးခဲ့သူမ်ားက ေျပာသည္မွာ စာေမးပြဲေအာင္ျမင္သြားသည့္အတြက္ စိတ္သက္သာရာ ရခဲ့ၾကေၾကာင္း ေျပာသည္)

“သူလိုင္စင္ရသြားတဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႔အားလံုး ဂုဏ္ျပဳျပီး ေပြ႔ဖက္ခဲ့ၾက၊ ပန္းေတြေပးခဲ့ၾကတယ္”ဟု ယာဥ္ေမာင္းသင္တန္းမွ နည္းျပတစ္ဦးျဖစ္သူ Park Su-yeon က တိုင္းမ္မဂၢဇင္းၾကီးသို႔ ၂၀၁၀ ျပည့္ႏွစ္က ေျပာခဲ့သည္။

“ကၽြန္ေတာ္တို႔ ေက်ာေပၚက ၾကီးမားတဲ့ဝန္ထုပ္ဝန္ပိုးၾကီးတစ္ခု ျပဳတ္က်သြားသလိုပါပဲ။ သူက မေလွ်ာ့တဲ့ ဇြဲနဲ႔ ၾကိဳးစားေနတာေၾကာင့္ ဒါကိုရပ္လိုက္ပါလို႔ ေျပာဖို႔ သတၱိ ကၽြန္ေတာ္တို႔မွာ မရွိခဲ့ပါဘူး”

အဘြား၏ မေလွ်ာ့ေသာလံု႔လကို Hyundai ကား ကုမၸဏီၾကီးကပင္ အာရံုစိုက္မိခဲ့ျပီး အဘြား Sa-soon ကို ေဒၚလာ ၁၆၈၀၀ တန္ ကားတစ္စီး ဆုခ်ီးျမွင့္ခဲ့သည္။

ထို႔အျပင္ Hyundai ကုမၸဏီၾကီးအတြက္ ေၾကာ္ျငာရိုက္ကူူးျခင္းမ်ားပင္ ျပဳလုပ္ခဲ့ရသည္။

“ယာဥ္ေမာင္းလိုင္စင္စာေမးပြဲအတြက္ ေန႔တိုင္းသြားေနရတာ ကၽြန္မအတြက္ ျပႆနာမရွိပါဘူး။ ဒါက ေက်ာင္းတက္ေနရသလိုပါပဲ။ ကၽြန္မ အျမဲတမ္းေက်ာင္းကို လြမ္းတယ္ေလ”

(Hyundai က ကားတစ္စီး လက္ေဆာင္ေပးခဲ့ျပီးေနာက္ ထိုကုမၸဏီၾကီးအတြက္ ေၾကာ္ျငာမ်ားပင္ ရိုက္ကူးေပးခဲ့ရသည္)

အဘြား Sa-soon က ဘဝရပ္တည္ေရးအတြက္ ကိုယ္တိုင္စိုက္ပ်ဳိးသည့္ ဟင္းသီးဟင္းရြက္မ်ား ေရာင္းခ်သူတစ္ဦးျဖစ္ျပီး ဟင္းသီးဟင္းရြက္ေရာင္းခ်ေရးအတြက္ ကားေမာင္းသင္လိုခဲ့ျခင္း ျဖစ္သည္။

ထို႔အျပင္ ေျမးမ်ားကိုလည္း တိရ စၦာန္ရံုသို႔ ကားေမာင္းပို႔လိုေၾကာင္း အဘြား Sa-soon က တိုင္းမ္မဂၢဇင္းၾကီးသို႔ ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: It took me 960 tries to get my license at 69 — and cost me thousands of dollars (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် ခွဲစိတ်ဆရာဝန်တို့က ကျောက်ကပ်ကင်ဆာဖြစ်နေသူ၏ ကျောက်ကပ်တစ်ခြမ်းကို ခွဲထုတ်ဖယ်ရှား ရာတွင် ကျောက်ကပ်အကောင်းကို မှားယွင်းခွဲထုတ်ခဲ့ရာ လူနာမှာ ကင်ဆာဖြစ်နေသော ကျောက်ကပ်ဖြင့် ကျန်ရစ်ခဲ့...
ပြင်သစ်တွင် ခွဲစိတ်ဆရာဝန်တို့က ကျောက်ကပ်ကင်ဆာဖြစ်နေသူ၏ ကျောက်ကပ်တစ်ခြမ်းကို ခွဲထုတ်ဖယ်ရှား ရာတွင် ကျောက်ကပ်အကောင်းကို မှားယွင်းခွဲထုတ်ခဲ့ရာ လူနာမှာ ကင်ဆာဖြစ်နေသော ကျောက်ကပ်ဖြင့် ကျန်ရစ်ခဲ့...
လေလည်ခြင်းဖြင့် ဂင်းနက်စ်စံချိန်တင်ထားသော ဗြိတိန်အမျိုးသားက ကမ္ဘာတဝန်း အခကြေးငွေဖြင့် လေလည်ပြကာ ဝင်ငွေကောင်းနေ...
လေလည်ခြင်းဖြင့် ဂင်းနက်စ်စံချိန်တင်ထားသော ဗြိတိန်အမျိုးသားက ကမ္ဘာတဝန်း အခကြေးငွေဖြင့် လေလည်ပြကာ ဝင်ငွေကောင်းနေ...
လေလည်ခြင်းဖြင့် သွေးဖိအားကျစေနိုင်ကာ လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါ ဖြစ်မည့်အလားအလာကို ကာကွယ်ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ လေ့လာချက်တွင် တွေ့ရှိ...
လေလည်ခြင်းဖြင့် သွေးဖိအားကျစေနိုင်ကာ လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါ ဖြစ်မည့်အလားအလာကို ကာကွယ်ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ လေ့လာချက်တွင် တွေ့ရှိ...
တစ်နေ့လျှင် ကော်ဖီ ၂ ခွက်ထက် ပိုမိုသောက်သုံးသူတို့မှာ အသည်းကင်ဆာဖြစ်နိုင်ချေ ၄၃ ရာခိုင်နှုန်း နည်းပါးကြောင်း လေ့လာတွေ့ရှိ...
တစ်နေ့လျှင် ကော်ဖီ ၂ ခွက်ထက် ပိုမိုသောက်သုံးသူတို့မှာ အသည်းကင်ဆာဖြစ်နိုင်ချေ ၄၃ ရာခိုင်နှုန်း နည်းပါးကြောင်း လေ့လာတွေ့ရှိ...
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တွေ့ရှိ...
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တွေ့ရှိ...
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသားကြီး...
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသားကြီး...
ဂရိနိုင်ငံတွင် “လေမှုတ်စောင်း”များ တပ်ဆင်နေ၊ လေပြေအသွေးတွင် ဂီတသံများ ပျံ့လွင့်စေမည့်အပြင် လမ်းမီးတိုင်များအတွက် လျှပ်စစ်ဓာတ်အားလည်း ထုတ်လုပ်ပေးနိုင်...
ဂရိနိုင်ငံတွင် “လေမှုတ်စောင်း”များ တပ်ဆင်နေ၊ လေပြေအသွေးတွင် ဂီတသံများ ပျံ့လွင့်စေမည့်အပြင် လမ်းမီးတိုင်များအတွက် လျှပ်စစ်ဓာတ်အားလည်း ထုတ်လုပ်ပေးနိုင်...
ငှက်ပျောသီးအစိမ်းများတွင်ရှိသော ကစီဓာတ်က အချို့သော မျိုးရိုးလိုက် ကင်ဆာအမျိုးအစားများကို ၆၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်ကြောင်း ဗြိတိန်သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...
ငှက်ပျောသီးအစိမ်းများတွင်ရှိသော ကစီဓာတ်က အချို့သော မျိုးရိုးလိုက် ကင်ဆာအမျိုးအစားများကို ၆၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်ကြောင်း ဗြိတိန်သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service