လေပြည်ဆောင်ယူသော ငိုရှိုက်သံများ (သို့မဟုတ်) အပင်များ ရေငတ်လျှင် လူတို့၏ နားနှင့် မကြားနိုင်သော ငိုကြွေးသံများ ထုတ်လွှင့်ကြကြောင်း အစ္စရေး သုတေသနပညာရှင်များ တွေ့ရှိ

လေပြည်ဆောင်ယူသော ငိုရှိုက်သံများ (သို့မဟုတ်) အပင်များ ရေငတ်လျှင် လူတို့၏ နားနှင့် မကြားနိုင်သော ငိုကြွေးသံများ ထုတ်လွှင့်ကြကြောင်း အစ္စရေး သုတေသနပညာရှင်များ တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
4 Apr 2023 12:17 pm တွင် တင်ခဲ့သည်
929 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လူတို့နည်းတူပင် အပင်များသည်လည်း နာကျင်ရချိန်များတွင် အော်သံများ ထုတ်လွှတ်ကြကြောင်း လေ့လာတွေ့ရှိမှု အသစ်တစ်ရပ်တွင် ဖော်ပြသည်။

“လေပြည်ဆောင်ယူသော အသံများ” ဟု အမည်ပေးထားသည့် သုတေသနစာတမ်းကို Cell အမည်ရှိ ဂျာနယ်တွင် … ရက်က ဖော်ပြခဲ့သည်။

သုတေသန စာတမ်းတွင် ဖော်ပြချက်အရ အပင်တို့သည် ရေငတ်လျှင် (သို့မဟုတ်) ဒဏ်ဖြစ်နေလျှင် နှုန်းလွန်အသံလှိုင်းများ အခြားသက်ရှိတို့ကြားစေရန် ထုတ်လွှင့်ကြသည်ဟုဆိုသည်။

အပင်တို့ ထုတ်လွှင့်သည့် အသံလှိုင်း ကြိမ်နှုန်းမှာ လူသားတို့ မကြားနိုင်အောင် မြင့်မားသော်လည်း အခြား နို့တိုက်သတ္တဝါများ ၊ အင်းဆက်များက ကြားသိနိုင်ကြောင်း ၊ အခြားအပင်များကလည်း ကြားသိဖွယ်ရာ ရှိကြောင်း ဖော်ပြသည်။

အပင်၏ အခြေအနေပေါ် မူတည်ပြီး ထုတ်လွှင့်သော အသံ ဆူညံမှုမှာ ကွဲခြားနိုင်သည်ဟု ဆိုသည်။

အဆိုပါ သုတေသနကို အစ္စရေးနိုင်ငံ ၊တဲလ်အဗစ်တက္ကသိုလ်မှ သုတေသနပညာရှင် အဖွဲ့တစ်ခုက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“အပင်တွေဟာ ဖိစီးမှု အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပြဿနာတစ်မျိုးစီတိုင်းအတွက် အပင်အသီးသီးဟာ အသံတစ်မျိုးစီ ထုတ်လွှင့်ကြပါတယ်”ဟု တဲလ်အဗစ်တက္ကသိုလ်၏ သတင်းထုတ်ပြန်ချက်တွင် သုတေသီတို့က ပြောထားသည်။

“အပင်တွေ ထုတ်လွှင့်တဲ့အသံကို လူသားတွေရဲ့ နားနဲ့ မကြားနိုင်ပေမယ့် လင်းနို့ ၊ ကြွက်နဲ့ အင်းဆက်တို့လို တိရ စ္ဆာန် အမျိုးမျိုးက ကြားနိုင်ပါတယ်”

တဲလ်အဗစ်တက္ကသိုလ်မှ Lilach Hadany ဦးဆောင်သော အဖွဲ့၏ သုတေသနတွင် ဆေးရွက်ကြီးနှင့် အာလူးပင်များကို သေတ္တာပုံးငယ်များတွင် ထားရှိပြီး ၁၀ စင်တီမီတာခန့်အကွာတွင် နှုန်းလွန်အသံလှိုင်းဖမ်း မိုက္ကရိုဖုန်း (Ultrasonic Microphone) တစ်လုံး ထားရှိခဲ့သည်။

Ultrasonic အသံများမှာ ကြိမ်နှုန်း 20000 Hz ရှိပြီး လူတို့၏ နားဖြင့် မကြားနိုင်ဘဲ ခွေး ၊ ကြောင် ၊ လင်းနို့တို့ကမူ Ultrasonic အသံများကို ကြားရသည်။

အပင်တို့သည် ဒဏ်ရာရခြင်း ၊ ရေငတ်ခြင်းများ ဖြစ်သည့်အခါ အသံများ ထုတ်လွှင့်ကြပြီး ထိုအသံများကို Ultrasonic မိုက္ကရိုဖုန်းဖြင့်သာ ဖမ်းယူနိုင်သည်။

ထိုအသံတို့သည် စူးစူးရှရှ မရှိသည့် အခါမျိုးတွင် ပြောင်းဖူးပေါက်ပေါက်ဖောက်သကဲ့သို့ အလွန်တိုတိုပြတ်ပြတ် အသံမျိုးဖြစ်ကြောင်း Handay က ပြောသည်။

“ဒါဟာ သီချင်းဆိုသံမဟုတ်ပါဘူး”

ဖမ်းယူရရှိသော အသံများမှာ ကြိမ်နှုန်း 20000 Hz မှ 250000 Hz ကြားရှိသည်။

လူသားတို့မှာ 16000 Hz ကြိမ်နှုန်းဝန်းကျင်ကိုသာ ကြားရသည်။

သုတေသနအဖွဲ့က ဖမ်းယူရရှိခဲ့သည့် အသံများကို အထူးပြုလုပ်ထားသည့် AI algorithms များဖြင့် ဆန်းစစ်ခဲ့ကြသည်။

အဆိုပါ AI algorithms တို့သည် ထုတ်လွှင့်သည့် အပင်အမျိုးမျိုးနှင့် အသံအမျိုးအစားတို့ကို ခွဲခြားနိုင်သည်ဟု ဆိုသည်။

ဒဏ်ရာပိုရလေ အသံပိုထုတ်လွှင့်လေ ဖြစ်သည်။

“ဘာမှမဖြစ်တဲ့ အပင်တွေက တစ်နာရီကို ပျမ်းမျှ ၁ ကြိမ်အောက်ပဲ အသံထုတ်လွှင့်ပေမယ့် ရေငတ်တဲ့ ၊ ဒဏ်ရာရတဲ့ အပင်တွေက နာရီတိုင်းမှာ အသံထုတ်လွှင့်မှုတွေ အကြိမ်ရေ ဒါဇင်နဲ့ ချီပြီး ထုတ်လွှင့်ကြပါတယ်”ဟု သုတေသနပညာရှင် Lilach Hadany က ပြောကြောင်း Science Daily ကဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Plants make cries for help when stressed or deprived of water, says study (wionews)

 

 

 

 

[Zawgyi]

ေလျပည္ေဆာင္ယူေသာ ငိုရႈိက္သံမ်ား (သို႔မဟုတ္) အပင္မ်ား ေရငတ္လွ်င္ လူတို႔၏ နားႏွင့္ မၾကားႏိုင္ေသာ ငိုေၾကြးသံမ်ား ထုတ္လႊင့္ၾကေၾကာင္း အစၥေရး သုေတသနပညာရွင္မ်ား ေတြ႔ရွိ

 

 

လူတို႔နည္းတူပင္ အပင္မ်ားသည္လည္း နာက်င္ရခ်ိန္မ်ားတြင္ ေအာ္သံမ်ား ထုတ္လႊတ္ၾကေၾကာင္း ေလ့လာေတြ႔ရွိမႈ အသစ္တစ္ရပ္တြင္ ေဖာ္ျပသည္။

“ေလျပည္ေဆာင္ယူေသာ အသံမ်ား” ဟု အမည္ေပးထားသည့္ သုေတသနစာတမ္းကို Cell အမည္ရွိ ဂ်ာနယ္တြင္ … ရက္က ေဖာ္ျပခဲ့သည္။

သုေတသန စာတမ္းတြင္ ေဖာ္ျပခ်က္အရ အပင္တို႔သည္ ေရငတ္လွ်င္ (သို႔မဟုတ္) ဒဏ္ျဖစ္ေနလွ်င္ ႏႈန္းလြန္အသံလိႈင္းမ်ား အျခားသက္ရွိတို႔ၾကားေစရန္ ထုတ္လႊင့္ၾကသည္ဟုဆိုသည္။

အပင္တို႔ ထုတ္လႊင့္သည့္ အသံလိႈင္း ၾကိမ္ႏႈန္းမွာ လူသားတုိ႔ မၾကားႏိုင္ေအာင္ ျမင့္မားေသာ္လည္း အျခား ႏို႔တိုက္သတၱဝါမ်ား ၊ အင္းဆက္မ်ားက ၾကားသိႏိုင္ေၾကာင္း ၊ အျခားအပင္မ်ားကလည္း ၾကားသိဖြယ္ရာ ရွိေၾကာင္း ေဖာ္ျပသည္။

အပင္၏ အေျခအေနေပၚ မူတည္ျပီး ထုတ္လႊင့္ေသာ အသံ ဆူညံမႈမွာ ကြဲျခားႏိုင္သည္ဟု ဆိုသည္။

အဆိုပါ သုေတသနကို အစၥေရးႏိုင္ငံ ၊တဲလ္အဗစ္တကၠသိုလ္မွ သုေတသနပညာရွင္ အဖြဲ႔တစ္ခုက ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

“အပင္ေတြဟာ ဖိစီးမႈ အေျခအေနေတြနဲ႔ ရင္ဆိုင္ရတဲ့အခါ ျပႆနာတစ္မ်ဳိးစီတုိင္းအတြက္ အပင္အသီးသီးဟာ အသံတစ္မ်ဳိးစီ ထုတ္လႊင့္ၾကပါတယ္”ဟု တဲလ္အဗစ္တကၠသိုလ္၏ သတင္းထုတ္ျပန္ခ်က္တြင္ သုေတသီတို႔က ေျပာထားသည္။

“အပင္ေတြ ထုတ္လႊင့္တဲ့အသံကုိ လူသားေတြရဲ႕ နားနဲ႔ မၾကားႏုိင္ေပမယ့္ လင္းႏို႔ ၊ ၾကြက္နဲ႔ အင္းဆက္တို႔လို တိရ စၦာန္ အမ်ဳိးမ်ဳိးက ၾကားႏိုင္ပါတယ္”

တဲလ္အဗစ္တကၠသိုလ္မွ Lilach Hadany ဦးေဆာင္ေသာ အဖြဲ႔၏ သုေတသနတြင္ ေဆးရြက္ၾကီးႏွင့္ အာလူးပင္မ်ားကို ေသတၱာပံုးငယ္မ်ားတြင္ ထားရွိျပီး ၁၀ စင္တီမီတာခန္႔အကြာတြင္ ႏႈန္းလြန္အသံလိႈင္းဖမ္း မိုကၠရုိဖုန္း (Ultrasonic Microphone) တစ္လံုး ထားရွိခဲ့သည္။

Ultrasonic အသံမ်ားမွာ ၾကိမ္ႏႈန္း 20000 Hz ရွိျပီး လူတို႔၏ နားျဖင့္ မၾကားႏုိင္ဘဲ ေခြး ၊ ေၾကာင္ ၊ လင္းႏို႔တို႔ကမူ Ultrasonic အသံမ်ားကို ၾကားရသည္။

အပင္တို႔သည္ ဒဏ္ရာရျခင္း ၊ ေရငတ္ျခင္းမ်ား ျဖစ္သည့္အခါ အသံမ်ား ထုတ္လႊင့္ၾကျပီး ထိုအသံမ်ားကို Ultrasonic မိုကၠရိုဖုန္းျဖင့္သာ ဖမ္းယူႏိုင္သည္။

ထိုအသံတို႔သည္ စူးစူးရွရွ မရွိသည့္ အခါမ်ဳိးတြင္ ေျပာင္းဖူးေပါက္ေပါက္ေဖာက္သကဲ့သို႔ အလြန္တိုတိုျပတ္ျပတ္ အသံမ်ဳိးျဖစ္ေၾကာင္း Handay က ေျပာသည္။

“ဒါဟာ သီခ်င္းဆိုသံမဟုတ္ပါဘူး”

ဖမ္းယူရရွိေသာ အသံမ်ားမွာ ၾကိမ္ႏႈန္း 20000 Hz မွ 250000 Hz ၾကားရွိသည္။

လူသားတို႔မွာ 16000 Hz ၾကိမ္ႏႈန္းဝန္းက်င္ကိုသာ ၾကားရသည္။

သုေတသနအဖြဲ႔က ဖမ္းယူရရွိခဲ့သည့္ အသံမ်ားကို အထူးျပဳလုပ္ထားသည့္ AI algorithms မ်ားျဖင့္ ဆန္းစစ္ခဲ့ၾကသည္။

အဆိုပါ AI algorithms တို႔သည္ ထုတ္လႊင့္သည့္ အပင္အမ်ဳိးမ်ဳိးႏွင့္ အသံအမ်ဳိးအစားတို႔ကုိ ခြဲျခားႏိုင္သည္ဟု ဆိုသည္။

ဒဏ္ရာပိုရေလ အသံပိုထုတ္လႊင့္ေလ ျဖစ္သည္။

“ဘာမွမျဖစ္တဲ့ အပင္ေတြက တစ္နာရီကို ပ်မ္းမွ် ၁ ၾကိမ္ေအာက္ပဲ အသံထုတ္လႊင့္ေပမယ့္ ေရငတ္တဲ့ ၊ ဒဏ္ရာရတဲ့ အပင္ေတြက နာရီတိုင္းမွာ အသံထုတ္လႊင့္မႈေတြ အၾကိမ္ေရ ဒါဇင္နဲ႔ ခ်ီျပီး ထုတ္လႊင့္ၾကပါတယ္”ဟု သုေတသနပညာရွင္ Lilach Hadany က ေျပာေၾကာင္း Science Daily ကေဖာ္ျပသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Plants make cries for help when stressed or deprived of water, says study (wionews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
imyanmarmarket
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service