ကမ္ဘာ့လေဆိပ်များ အော်စကာဆု (သို့မဟုတ်) ၂၀၂၃ ခုနှစ် တစ်ကမ္ဘာလုံးအတိုင်းအတာ အကောင်းဆုံး လေဆိပ်အဖြစ် စင်္ကာပူမှ ချန်ဂီလေဆိပ်ရွေးချယ်ခံရ

ကမ္ဘာ့လေဆိပ်များ အော်စကာဆု (သို့မဟုတ်) ၂၀၂၃ ခုနှစ် တစ်ကမ္ဘာလုံးအတိုင်းအတာ အကောင်းဆုံး လေဆိပ်အဖြစ် စင်္ကာပူမှ ချန်ဂီလေဆိပ်ရွေးချယ်ခံရ - Property News in Myanmar from iMyanmarHouse.com
20 Mar 2023 11:40 am တွင် တင်ခဲ့သည်
2544 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့လေဆိပ်များ အော်စကာဆု အဖြစ်နာမည်ကြီးသော Skytrax မှ ရွေးချယ်သည့် ၂၀၂၃ ခုနှစ်၊ Skytrax ကမ္ဘာ့လေဆိပ်များဆုတွင် စင်္ကာပူနိုင်ငံ၏ ချန်ဂီလေဆိပ်သည် ကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ် ရွေးချယ်ခံ လိုက်ရကြောင်း dailymail သတင်းဌာနက ဖော်ပြသည်။

ကမ္ဘာ့အကောင်းဆုံးလေဆိပ်များ ဆုပေးပွဲကို နယ်သာလန်နိုင်ငံ၏ မြို့တော် အမ်စတာဒမ်ရှိ Passenger Terminal Expo တွင် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ခြင်း ဖြစ်သည်။

ချန်ဂီလေဆိပ်သည် အဆိုပါဆုအပြင် ကမ္ဘာ့အကောင်းဆုံး လေဆိပ် ညစာဆု၊ ကမ္ဘာ့အကောင်းဆုံး လေဆိပ် အပန်းဖြေ Amenities ဆုနှင့် အာရှတိုက်၏ အကောင်းဆုံးလေဆိပ်ဆုများလည်း ရရှိခဲ့သည်။

ချန်ဂီလေဆိပ်ရှိ မီတာ ၄၀ မြင့်သော indoor ရေတံခွန်သည် ကမ္ဘာ့အကြီးမားဆုံးဖြစ်ပြီး ယခင်ကလည်း ၁၁ ကြိမ်တိုင်တိုင် ဆုများရရှိထားသည်။

ပြီးခဲ့သော ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့အကောင်းဆုံးလေဆိပ်ဆုများကို ကာတာနိုင်ငံ၏ မြို့တော်၊ ဒိုဟာရှိ Hamad နိုင်ငံတကာ လေဆိပ်က ရရှိခဲ့သည်။

Hamad နိုင်ငံတကာ လေဆိပ်သည် ယခု ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့အကောင်းဆုံးလေဆိပ်များစာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်နေသည်။

Hamad နိုင်ငံတကာ လေဆိပ်သည် ယခုနှစ်တွင် ကမ္ဘာ့အကောင်းဆုံး လေဆိပ် Shopping ဆု၊ အရှေ့အလယ်ပိုင်းဒေသ၏ အကောင်းဆုံးလေဆိပ်ဆုနှင့် အရှေ့အလယ်ပိုင်း၏ အသန့်ရှင်းဆုံး လေဆိပ်ဆု များလည်း ရရှိထားသည်။

ကမ္ဘာ့အကောင်းဆုံးလေဆိပ်များစာရင်းတွင် တတိယနေရာ၌ ရပ်တည်နေသည်မှာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှ Haneda လေဆိပ်ဖြစ်သည်။

Haneda လေဆိပ်သည် အဆိုပါဆုအပြင် ကမ္ဘာ့အသန့်ရှင်းဆုံးလေဆိပ်၊ ကမ္ဘာ့အကောင်းဆုံး ပြည်တွင်းလေဆိပ်နှင့် အကောင်းဆုံး လေဆိပ် PRM & Accessible Facilities ဆု ၃ ခုလည်း ရရှိခဲ့သည်။

(PRM = Passenger with Reduced Mobility လေယာဉ်သို့ ရောက်ရှိလာသည့် သွားလာရေး အကူအညီလိုအပ်သူများကို wheelchair ဖြင့် သယ်ယူပို့ဆောင်ပေးခြင်းအပါအဝင် အခြားဝန်ဆောင်မှုများ)

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ LaGuardia လေဆိပ်၏ Terminal B မှာ ကမ္ဘာ့အကောင်းဆုံး လေဆိပ် Terminal သစ်ဆု ရရှိခဲ့သည်။

((၂၀၂၃ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ထိပ်တန်း လေဆိပ် ၂၀ စာရင်း))

၁။ ချန်ဂီလေဆိပ် (စင်္ကာပူနိုင်ငံ)

၂။ Hamad နိုင်ငံတကာလေဆိပ် (ကာတာ)

၃။ Haneda လေဆိပ် (ဂျပန်နိုင်ငံ၊ တိုကျိုမြို့)

၄။ Incheon နိုင်ငံတကာလေဆိပ် (တောင်ကိုရီးယား)

၅။ ချားလ်စ်ဒီဂေါလေဆိပ် (ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့)

၆။ အစ္စတန်ဘူ လေဆိပ် (တူရကီနိုင်ငံ)

၇။ မြူးနစ်လေဆိပ် (ဂျာမနီ)

၈။ ဇူးရစ်လေဆိပ် (ဆွစ်ဇာလန်)

၉။ Narita နိုင်ငံတကာလေဆိပ် (ဂျပန်)

၁၀။ Barajas လေဆိပ် (စပိန်နိုင်ငံ၏မြို့တော် မက်ဒရစ်)

၁၁။ ဗီယန်နာနိုင်ငံတကာလေဆိပ် (သြစထရီးယားနိုင်ငံ)

၁၂။ Vantaa လေဆိပ် (ဖင်လန်နိုင်ငံ၏မြို့တော် ဟယ်လ်ဆင်းကီး)

၁၃။ Fiumicino လေဆိပ် (အီတလီနိုင်ငံ၏မြို့တော် ရောမ)

၁၄။ ကိုပင်ဟေဂင်လေဆိပ် (ဒိန်းမတ်နိုင်ငံ၏မြို့တော် ကိုပင်ဟေဂင်)

၁၅။ Kansai နိုင်ငံတကာလေဆိပ် (ဂျပန်နိုင်ငံ၊ အိုဆကမြို့)

၁၆။ Chubu Centrair နိုင်ငံတကာလေဆိပ် (ဂျပန်နိုင်ငံ)

၁၇။ ဒူဘိုင်းနိုင်ငံတကာလေဆိပ် (အာရပ်စော်ဘွားများပြည်ထောင်စု)

၁၈။ Tacoma နိုင်ငံတကာလေဆိပ် ( အမေရိကန်ပြည်ထောင်စု၊ ဆီယက်တဲမြို့)

၁၉။ မဲလ်ဘုန်းလေဆိပ် (သြစတေးလျ)

၂၀။ ဗန်ကူးဗား နိုင်ငံတကာလေဆိပ် (ကနေဒါ)

(ကမ္ဘာ့အကောင်းဆုံးလေဆိပ်ဆု ရရှိသွားသော ချန်ဂီလေဆိပ်ရှိ ကမ္ဘာ့အကြီးမားဆုံး indoor ရေတံခွန်ကြီး)

ဗြိတိန်မှာ မည်သည့်ဆုမှ မရရှိခဲ့ချေ။

(ကမ္ဘာ့အဆင့် ဒုတိယနေရာတွင် ရပ်တည်နေသော Hamad နိုင်ငံတကာလေဆိပ်-ကာတာ)

(ကမ္ဘာ့အဆင့် တတိယနေရာတွင် ရပ်တည်နေသော Haneda လေဆိပ်- ဂျပန်)

(ကမ္ဘာ့အကောင်းဆုံး လေဆိပ် Terminal သစ်ဆု ရရှိသွားသော LaGuardia လေဆိပ်-(နယူးယောက်မြို့) ရှိ Terminal B)

Skytrax မှ Edward Plaisted က ပြောသည်မှာ “၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အကောင်းဆုံးလေဆိပ်ဆု ရရှိသွားတဲ့ စင်္ကာပူက ချန်ဂီလေဆိပ်အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ Covid-19 ကပ်ဘေးကြီး အပြင်းအထန် ရိုက်ခတ် ခံခဲ့ရပြီးတဲ့နောက် လက်ရှိအချိန်မှာ ချန်ဂီလေဆိပ်ကို ခရီးသည်ဝင်ထွက်မှု ပမာဏဟာ ကိုဗစ်မတိုင်မီ ကာလရဲ့ ၈၀ ရာခိုင်နှုန်းလောက်ရှိနေပါပြီ။ လာမယ့် ၂၀၂၄ ခုနှစ်မှာ ကိုဗစ်မတိုင်မီကာလ အခြေအနေကို ပြန်လည်ရောက်ရှိမယ်လို့ မျှော်လင့်ရပါတယ်”ဟု ဆိုသည်။

“ချန်ဂီလေဆိပ်ကို အခုလို အသိအမှတ်ပြုမှုဟာ ခရီးသည်တွေဆီကလာတာဖြစ်ပါတယ်။ ဒါက နိုင်ငံတကာ လေကြောင်းခရီးသည်တွေအကြား ဒီလေဆိပ်ရဲ့ ကျော်ကြားမှုကို အထင်အရှားပြသလိုက်တာဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးလေဆိပ်ဆု ရရှိသွားတာဟာ ချန်ဂီလေဆိပ်အောင်မြင်ဖို့အတွက် ဝိုင်းဝန်းကြိုးစားခဲ့ကြတဲ့ လေဆိပ်ဝန်ထမ်းအားလုံးအပေါ် အသိအမှတ်ပြုမှုဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်”

ကမ္ဘာ့အကောင်းဆုံးလေဆိပ်ဆုကို လေကြောင်းခရီးသွားများထံ စိတ်ကျေနပ်မှုစစ်တမ်း ကောက်ယူ မဲပေးစေခဲ့ခြင်းဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Oscars for airports' names Singapore Changi best airport in the world for 2023, Terminal B at New York's LaGuardia declared 'best new terminal' - and the UK wins nothing (dailymail)

[Zawgyi]

ကမၻာ့ေလဆိပ္မ်ား ေအာ္စကာဆု (သို႔မဟုတ္) ၂၀၂၃ ခုႏွစ္ တစ္ကမၻာလံုးအတိုင္းအတာ အေကာင္းဆံုး ေလဆိပ္အျဖစ္ စကၤာပူမွ ခ်န္ဂီေလဆိပ္ေရြးခ်ယ္ခံရ

ကမၻာ့ေလဆိပ္မ်ား ေအာ္စကာဆု အျဖစ္နာမည္ၾကီးေသာ Skytrax မွ ေရြးခ်ယ္သည့္ ၂၀၂၃ ခုႏွစ္၊ Skytrax ကမၻာ့ေလဆိပ္မ်ားဆုတြင္ စကၤာပူႏိုင္ငံ၏ ခ်န္ဂီေလဆိပ္သည္ ကမၻာ့အေကာင္းဆံုး ေလဆိပ္အျဖစ္ ေရြးခ်ယ္ခံ လုိက္ရေၾကာင္း dailymail သတင္းဌာနက ေဖာ္ျပသည္။

ကမၻာ့အေကာင္းဆံုးေလဆိပ္မ်ား ဆုေပးပြဲကို နယ္သာလန္ႏိုင္ငံ၏ ျမိဳ႕ေတာ္ အမ္စတာဒမ္ရွိ Passenger Terminal Expo တြင္ ျပီးခဲ့ေသာ ဗုဒၶဟူးေန႔က က်င္းပခဲ့ျခင္း ျဖစ္သည္။

ခ်န္ဂီေလဆိပ္သည္ အဆိုပါဆုအျပင္ ကမၻာ့အေကာင္းဆံုး ေလဆိပ္ ညစာဆု၊ ကမၻာ့အေကာင္းဆံုး ေလဆိပ္ အပန္းေျဖ Amenities ဆုႏွင့္ အာရွတိုက္၏ အေကာင္းဆံုးေလဆိပ္ဆုမ်ားလည္း ရရွိခဲ့သည္။

ခ်န္ဂီေလဆိပ္ရွိ မီတာ ၄၀ ျမင့္ေသာ indoor ေရတံခြန္သည္ ကမၻာ့အၾကီးမားဆံုးျဖစ္ျပီး ယခင္ကလည္း ၁၁ ၾကိမ္တိုင္တိုင္ ဆုမ်ားရရွိထားသည္။

ျပီးခဲ့ေသာ ၂၀၂၁ ႏွင့္ ၂၀၂၂ ခုႏွစ္ ကမၻာ့အေကာင္းဆံုးေလဆိပ္ဆုမ်ားကို ကာတာႏိုင္ငံ၏ ျမိဳ႕ေတာ္၊ ဒိုဟာရွိ Hamad ႏိုင္ငံတကာ ေလဆိပ္က ရရွိခဲ့သည္။

Hamad ႏိုင္ငံတကာ ေလဆိပ္သည္ ယခု ၂၀၂၃ ခုႏွစ္တြင္ ကမၻာ့အေကာင္းဆံုးေလဆိပ္မ်ားစာရင္းတြင္ ဒုတိယေနရာ၌ ရပ္တည္ေနသည္။

Hamad ႏိုင္ငံတကာ ေလဆိပ္သည္ ယခုႏွစ္တြင္ ကမၻာ့အေကာင္းဆံုး ေလဆိပ္ Shopping ဆု၊ အေရွ႕အလယ္ပိုင္းေဒသ၏ အေကာင္းဆံုးေလဆိပ္ဆုႏွင့္ အေရွ႕အလယ္ပိုင္း၏ အသန္႔ရွင္းဆံုး ေလဆိပ္ဆု မ်ားလည္း ရရွိထားသည္။

ကမၻာ့အေကာင္းဆံုးေလဆိပ္မ်ားစာရင္းတြင္ တတိယေနရာ၌ ရပ္တည္ေနသည္မွာ ဂ်ပန္ႏိုင္ငံ၊ တိုက်ဳိျမိဳ႕မွ Haneda ေလဆိပ္ျဖစ္သည္။

Haneda ေလဆိပ္သည္ အဆိုပါဆုအျပင္ ကမၻာ့အသန္႔ရွင္းဆံုးေလဆိပ္၊ ကမၻာ့အေကာင္းဆံုး ျပည္တြင္းေလဆိပ္ႏွင့္ အေကာင္းဆံုး ေလဆိပ္ PRM & Accessible Facilities ဆု ၃ ခုလည္း ရရွိခဲ့သည္။

(PRM = Passenger with Reduced Mobility ေလယာဥ္သို႔ ေရာက္ရွိလာသည့္ သြားလာေရး အကူအညီလိုအပ္သူမ်ားကို wheelchair ျဖင့္ သယ္ယူပို႔ေဆာင္ေပးျခင္းအပါအဝင္ အျခားဝန္ေဆာင္မႈမ်ား)

အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ႕ရွိ LaGuardia ေလဆိပ္၏ Terminal B မွာ ကမၻာ့အေကာင္းဆံုး ေလဆိပ္ Terminal သစ္ဆု ရရွိခဲ့သည္။

((၂၀၂၃ ခုႏွစ္ ကမၻာ့အေကာင္းဆံုး ထိပ္တန္း ေလဆိပ္ ၂၀ စာရင္း))

၁။ ခ်န္ဂီေလဆိပ္ (စကၤာပူႏိုင္ငံ)

၂။ Hamad ႏိုင္ငံတကာေလဆိပ္ (ကာတာ)

၃။ Haneda ေလဆိပ္ (ဂ်ပန္ႏိုင္ငံ၊ တိုက်ဳိျမိဳ႕)

၄။ Incheon ႏိုင္ငံတကာေလဆိပ္ (ေတာင္ကိုရီးယား)

၅။ ခ်ားလ္စ္ဒီေဂါေလဆိပ္ (ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ျမိဳ႕)

၆။ အစၥတန္ဘူ ေလဆိပ္ (တူရကီႏိုင္ငံ)

၇။ ျမဴးနစ္ေလဆိပ္ (ဂ်ာမနီ)

၈။ ဇူးရစ္ေလဆိပ္ (ဆြစ္ဇာလန္)

၉။ Narita ႏိုင္ငံတကာေလဆိပ္ (ဂ်ပန္)

၁၀။ Barajas ေလဆိပ္ (စပိန္ႏိုင္ငံ၏ျမိဳ႕ေတာ္ မက္ဒရစ္)

၁၁။ ဗီယန္နာႏိုင္ငံတကာေလဆိပ္ (ၾသစထရီးယားႏိုင္ငံ)

၁၂။ Vantaa ေလဆိပ္ (ဖင္လန္ႏိုင္ငံ၏ျမိဳ႕ေတာ္ ဟယ္လ္ဆင္းကီး)

၁၃။ Fiumicino ေလဆိပ္ (အီတလီႏိုင္ငံ၏ျမိဳ႕ေတာ္ ေရာမ)

၁၄။ ကိုပင္ေဟဂင္ေလဆိပ္ (ဒိန္းမတ္ႏိုင္ငံ၏ျမိဳ႕ေတာ္ ကိုပင္ေဟဂင္)

၁၅။ Kansai ႏိုင္ငံတကာေလဆိပ္ (ဂ်ပန္ႏိုင္ငံ၊ အိုဆကျမိဳ႕)

၁၆။ Chubu Centrair ႏိုင္ငံတကာေလဆိပ္ (ဂ်ပန္ႏိုင္ငံ)

၁၇။ ဒူဘိုင္းႏိုင္ငံတကာေလဆိပ္ (အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု)

၁၈။ Tacoma ႏိုင္ငံတကာေလဆိပ္ ( အေမရိကန္ျပည္ေထာင္စု၊ ဆီယက္တဲျမဳိ႕)

၁၉။ မဲလ္ဘုန္းေလဆိပ္ (ၾသစေတးလ်)

၂၀။ ဗန္ကူးဗား ႏိုင္ငံတကာေလဆိပ္ (ကေနဒါ)

Source: Skytrax

(ကမၻာ့အေကာင္းဆံုးေလဆိပ္ဆု ရရွိသြားေသာ ခ်န္ဂီေလဆိပ္ရွိ ကမၻာ့အၾကီးမားဆံုး indoor ေရတံခြန္ၾကီး)

ျဗိတိန္မွာ မည္သည့္ဆုမွ မရရွိခဲ့ေခ်။

(ကမၻာ့အဆင့္ ဒုတိယေနရာတြင္ ရပ္တည္ေနေသာ Hamad ႏိုင္ငံတကာေလဆိပ္-ကာတာ)

(ကမၻာ့အဆင့္ တတိယေနရာတြင္ ရပ္တည္ေနေသာ Haneda ေလဆိပ္- ဂ်ပန္)

(ကမၻာ့အေကာင္းဆံုး ေလဆိပ္ Terminal သစ္ဆု ရရွိသြားေသာ LaGuardia ေလဆိပ္-(နယူးေယာက္ျမိဳ႕) ရွိ Terminal B)

Skytrax မွ Edward Plaisted က ေျပာသည္မွာ “၂၀၂၃ ခုႏွစ္၊ ကမၻာ့အေကာင္းဆံုးေလဆိပ္ဆု ရရွိသြားတဲ့ စကၤာပူက ခ်န္ဂီေလဆိပ္အတြက္ ကၽြန္ေတာ္တို႔ ဂုဏ္ယူပါတယ္။ Covid-19 ကပ္ေဘးၾကီး အျပင္းအထန္ ရိုက္ခတ္ ခံခဲ့ရျပီးတဲ့ေနာက္ လက္ရွိအခ်ိန္မွာ ခ်န္ဂီေလဆိပ္ကို ခရီးသည္ဝင္ထြက္မႈ ပမာဏဟာ ကိုဗစ္မတိုင္မီ ကာလရဲ႕ ၈၀ ရာခိုင္ႏႈန္းေလာက္ရွိေနပါျပီ။ လာမယ့္ ၂၀၂၄ ခုႏွစ္မွာ ကိုဗစ္မတိုင္မီကာလ အေျခအေနကို ျပန္လည္ေရာက္ရွိမယ္လို႔ ေမွ်ာ္လင့္ရပါတယ္”ဟု ဆိုသည္။

“ခ်န္ဂီေလဆိပ္ကို အခုလို အသိအမွတ္ျပဳမႈဟာ ခရီးသည္ေတြဆီကလာတာျဖစ္ပါတယ္။ ဒါက ႏိုင္ငံတကာ ေလေၾကာင္းခရီးသည္ေတြအၾကား ဒီေလဆိပ္ရဲ႕ ေက်ာ္ၾကားမႈကို အထင္အရွားျပသလိုက္တာျဖစ္ပါတယ္။ ကမၻာ့အေကာင္းဆံုးေလဆိပ္ဆု ရရွိသြားတာဟာ ခ်န္ဂီေလဆိပ္ေအာင္ျမင္ဖို႔အတြက္ ဝိုင္းဝန္းၾကိဳးစားခဲ့ၾကတဲ့ ေလဆိပ္ဝန္ထမ္းအားလံုးအေပၚ အသိအမွတ္ျပဳမႈျဖစ္တယ္ဆိုတာ ထင္ရွားပါတယ္”

ကမၻာ့အေကာင္းဆံုးေလဆိပ္ဆုကို ေလေၾကာင္းခရီးသြားမ်ားထံ စိတ္ေက်နပ္မႈစစ္တမ္း ေကာက္ယူ မဲေပးေစခဲ့ျခင္းျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Oscars for airports' names Singapore Changi best airport in the world for 2023, Terminal B at New York's LaGuardia declared 'best new terminal' - and the UK wins nothing (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service