အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....

အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ..... - Property Knowledge in Myanmar from iMyanmarHouse.com
19 Mar 2023 12:47 pm တွင် တင်ခဲ့သည်
843 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

ရှားပါးတဲ့ခေတ်ပျက်ကြီးထဲ ပိုင်ဆိုင်မှုတွေမြုပ်နှံဖို့အသေချာဆုံးနေရာက အိမ်ခြံမြေပဲတဲ့။ ရင်းနှီးမြုပ်နှံတဲ့နေရာမှာလည်း အိမ်ခြံမြေဥပဒေကို နှံ့နှံ့စပ်စပ်သိထားမှသာ အိမ်ခြံမြေဂျင်း ကင်းဝေးနိုင်မှာမလား။ ဒီကနေ့ iMyanmarHouse.com ရဲ့ အပတ်စဉ်အိမ်ခြံမြေအမေးအဖြေအစီအစဉ်မှာတော့ မြေနဲ့ပတ်သတ်တဲ့ အမေးအများဆုံးဥပဒေအမေးအဖြေ သုံးခုကို တင်ဆက်ပေးထားပါတယ်။

မေးခွန်း (၁) - နှစ်ဦးအမည်ပေါက် ပူးတွဲပိုင်ဆိုင်သည့် မြေကွက်ကို တစ်ဦးတည်းက ရောင်းချခြင်းသည် တရားဝင်ပါသလား ?

ဖြေ (၁) - လူပုဂ္ဂိုလ်နှစ်ဦး ပူးတွဲ ဝယ်ယူ ပိုင်ဆိုင်ထားသည့် မြေကွက် သို့မဟုတ် နှစ်ဦးပူးတွဲ အမည်ပေါက်မြေကွက် ကို နှစ်ဦးသဘောတူညီချက်ဖြင့်မဟုတ်ဘဲ တစ်ဦးတစ်ယောက်ထဲ၏ ဆန္ဒဖြင့်ရောင်းချခြင်းဖြစ်ပါက အဆိုပါ ရောင်းချခြင်းသည် ရောင်းချသူတစ်ဦးတည်းပိုင်ဆိုင်သည့်ဝေစုအတွက်သာ အတည်ဖြစ်ပါမည်။ သီးခြားသက်သာခွင့်အက်ဥပဒေ ပုဒ်မ ၁၅ အရသက်သာခွင့်ပေးရန်မှာ ဝယ်ယူသူအနေဖြင့် သဘောတူညီ ထားသည့် ရောင်းဖိုးငွေအားလုံးကိုပေးချေ၍ ရောင်းရန် ပဋိဉာဉ်ပြုထားသူ ခံစားပိုင်ဆိုင်ခွင့်ရှိသည့် ဝေစု အတွက်သာ ရယူရန်ဆန္ဒရှိရမည်ဖြစ်ပြီး နောက်ဆက်တွဲ တောင်းဆိုချက်များနှင့် လျော်ကြေးတို့ကို စွန့်လွှတ်ရမည်ဖြစ်ပါသည်။ ဝယ်ယူသူအနေဖြင့် သဘောတူညီထားသည့် ရောင်းဖိုးငွေအားလုံးကိုပေးချေခြင်းမပြုလုပ်ရသေးပါက အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်အရသီးခြားဆောင်ရွက်လိုသည့် ဒီကရီကို မရရှိနိုင်ပါ။ ယင်းကဲ့သို့သော အခြေအနေတွင် အချင်းဖြစ်မြေနှင့် အဆောက်အအုံကို ခွဲခြမ်းစိတ်ပိုင်း၍ လက်ရောက်ပေးအပ်စေရန်ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ ရောင်းချရန် ပျက်ကွက်သည့်အတွက် စရန်ပေးသဘောတူစာချုပ်တွင် ဖော်ပြထားသည့် လျော်ကြေးပမာဏကိုသာ ပေးအပ်စေရန်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လူပုဂ္ဂိုလ်နှစ်ဦး ပူးတွဲ ဝယ်ယူ ပိုင်ဆိုင်ထားသည့် မြေကွက်ကို ဝယ်ယူမည်ဆိုပါကနှစ်ဦးလုံး၏ သဘောတူညီချက်ဖြင့် လက်မှတ်ထိုးရောင်းချမှသာ တရားဝင်ရောင်းချခြင်းဖြစ်ပြီးဥပစာတစ်ခုလုံးကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။

 

မေးခွန်း (၂) - ဝယ်ယူထားသည့် ပါမစ်မြေကွက်မှာ ဂရန်သစ်လျှောက်ထားသူရှိနေပါလျှင်ဘယ်လိုဆောင်ရွက်ရမည်နည်း ?

အဖြေ (၂) - ဝယ်ယူထားသည့်မြေကွက်အား ဂရန် သွားရောက်လျှောက်ထားသည့်အခါ ပါမစ်တစ်ခုထဲတွင် အခြားသူ တစ်ဦးမှ ဂရန်သစ် လျှောက်ထားခဲ့ကြောင်း ပေါ်ပေါက်လာပြီး လျှောက်ထားခဲ့သူသည် ပါမစ် အမည် ပေါက်သူ သို့မဟုတ် အရပ်ကတိစာချုပ် အဆက်ဆက်ဖြင့်ဝယ်ယူထားသူဖြစ်ပါက အဆိုပါ ပုဂ္ဂိုလ်အား ပြန်လည်ခေါ်ဆိုပြီးယင်းဂရန်သစ်လျှောက်ထားချက်ကို ရုတ်သိမ်းကြောင်း တင်ပြစေရန် လိုအပ်ပါသည်။ ယင်းကဲ့သို့ ရုပ်သိမ်းကြောင်းအမှုတွဲတွင် ပိတ်သိမ်းသူ၏ မှတ်ပုံတင်မိတ္တူနှင့် ပါမစ် မိတ္တူတို့ကိုပူးတွဲ တင်ပြပြီး လျှောက်ထားရပါမည်။ ဖော်ပြပါအချက်များပြည့်စုံပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှ လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ဂရန်သစ်လျှောက်ထားသူမှလျှောက်ထားသည့် မြေကွက်တန်ဖိုးအတွက် ငွေပေးသွင်းရမည်ဖြစ်ပြီး ဂရန်သစ်ရရှိပါကလျှောက်ထားသူအား သက်ဆိုင်ရာဌာနမှ ပြန်လည် အကြောင်းကြားသွားမည် ဖြစ်ပါသည်။

 

မေးခွန်း (၃) - မြေအမျိုးအစားများစွာရှိသည့်အနက်  G3 စသည့် အဓိပ္ပါယ်မှာ မည်သို့နည်း ?

အဖြေ (၃) - မြေအမျိုးအစားများစွာရှိသည့်အနက် G3 စသည့်အဓိပ္ပာယ်မှာ - တတိယတန်းစားဥယျာဉ်ခြံမြေ ဖြစ်ပါ သည်။ မြေအမျိုးအစားများကို လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (ယခင် မြေစာရင်း) မှ စိုက်ပျိုးမြေများ - (လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်၊ ဓနိ၊ရော်ဘာ၊ တောင်ယာ ဟူ၍ မြေမျိုးကြီး ခုနစ်မျိုး ထပ်မံခွဲခြားထားပါသည်။) သစ်တောမြေများ၊စိုက်ပျိုးနိုင်သောမြေရိုင်း၊ တောရိုင်းမြေ (အပတော) များ၊ စားကျက်မြေ၊ လမ်းမြေ၊မီးရထားလမ်းမြေ၊ စက်ရုံမြေ၊ သတ္တုတွင်းမြေ၊ ဆည်မြောင်း၊ ကန်၊ တာတမံမြေ၊ မြစ်ချောင်းရေအောက်မြေ၊ အင်းအိုင်မြေ၊ မြို့မြေ၊ ရွာမြေ၊ သာသနာ၊ သုသာန်၊ အဆောက်အဦမြေ၊လေယာဉ်ကွင်းမြေ၊ ကျန်အခြားမြေဟူ၍ (၁၃) မျိုးထပ်မံ ခွဲခြားထားပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါရစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော  09-268022352, 09-966901767,  09 898000501၊ 09 898000502၊ 09 898000503  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

အိမ္ျခံေျမဥပေဒအေရး အပတ္စဥ္ေဆြးေႏြး အေျဖ႐ွာ.....

 

႐ွားပါးတဲ့ေခတ္ပ်က္ႀကီးထဲ ပိုင္ဆိုင္မႈေတြျမဳပ္ႏွံဖို႔အေသခ်ာဆုံးေနရာက အိမ္ျခံေျမပဲတဲ့။ ရင္းႏွီးျမဳပ္ႏွံတဲ့ေနရာမွာလည္း အိမ္ျခံေျမဥပေဒကို ႏွံ႔ႏွံ႔စပ္စပ္သိထားမွသာ အိမ္ျခံေျမဂ်င္း ကင္းေဝးႏိုင္မွာမလား။ ဒီကေန႔ iMyanmarHouse.com ရဲ႕ အပတ္စဥ္အိမ္ျခံေျမအေမးအေျဖအစီအစဥ္မွာေတာ့ ေျမနဲ႔ပတ္သတ္တဲ့ အေမးအမ်ားဆုံးဥပေဒအေမးအေျဖ သုံးခုကို တင္ဆက္ေပးထားပါတယ္။

ေမးခြန္း (၁) - ႏွစ္ဦးအမည္ေပါက္ ပူးတြဲပိုင္ဆိုင္သည့္ ေျမကြက္ကို တစ္ဦးတည္းက ေရာင္းခ်ျခင္းသည္ တရားဝင္ပါသလား ?

ေျဖ (၁) - လူပုဂၢိဳလ္ႏွစ္ဦး ပူးတြဲ ဝယ္ယူ ပိုင္ဆိုင္ထားသည့္ ေျမကြက္ သို႔မဟုတ္ ႏွစ္ဦးပူးတြဲ အမည္ေပါက္ေျမကြက္ ကို ႏွစ္ဦးသေဘာတူညီခ်က္ျဖင့္မဟုတ္ဘဲ တစ္ဦးတစ္ေယာက္ထဲ၏ ဆႏၵျဖင့္ေရာင္းခ်ျခင္းျဖစ္ပါက အဆိုပါ ေရာင္းခ်ျခင္းသည္ ေရာင္းခ်သူတစ္ဦးတည္းပိုင္ဆိုင္သည့္ေဝစုအတြက္သာ အတည္ျဖစ္ပါမည္။ သီးျခားသက္သာခြင့္အက္ဥပေဒ ပုဒ္မ ၁၅ အရသက္သာခြင့္ေပးရန္မွာ ဝယ္ယူသူအေနျဖင့္ သေဘာတူညီ ထားသည့္ ေရာင္းဖိုးေငြအားလုံးကိုေပးေခ်၍ ေရာင္းရန္ ပဋိဉာဥ္ျပဳထားသူ ခံစားပိုင္ဆိုင္ခြင့္႐ွိသည့္ ေဝစု အတြက္သာ ရယူရန္ဆႏၵ႐ွိရမည္ျဖစ္ၿပီး ေနာက္ဆက္တြဲ ေတာင္းဆိုခ်က္မ်ားႏွင့္ ေလ်ာ္ေၾကးတို႔ကို စြန္႔လႊတ္ရမည္ျဖစ္ပါသည္။ ဝယ္ယူသူအေနျဖင့္ သေဘာတူညီထားသည့္ ေရာင္းဖိုးေငြအားလုံးကိုေပးေခ်ျခင္းမျပဳလုပ္ရေသးပါက အထက္ေဖာ္ျပပါ ျပ႒ာန္းခ်က္အရသီးျခားေဆာင္႐ြက္လိုသည့္ ဒီကရီကို မရ႐ွိႏိုင္ပါ။ ယင္းကဲ့သို႔ေသာ အေျခအေနတြင္ အခ်င္းျဖစ္ေျမႏွင့္ အေဆာက္အအုံကို ခြဲျခမ္းစိတ္ပိုင္း၍ လက္ေရာက္ေပးအပ္ေစရန္ေဆာင္႐ြက္ႏိုင္မည္မဟုတ္ဘဲ ေရာင္းခ်ရန္ ပ်က္ကြက္သည့္အတြက္ စရန္ေပးသေဘာတူစာခ်ဳပ္တြင္ ေဖာ္ျပထားသည့္ ေလ်ာ္ေၾကးပမာဏကိုသာ ေပးအပ္ေစရန္ေဆာင္႐ြက္ႏိုင္မည္ ျဖစ္ပါသည္။ သို႔ျဖစ္ပါ၍ လူပုဂၢိဳလ္ႏွစ္ဦး ပူးတြဲ ဝယ္ယူ ပိုင္ဆိုင္ထားသည့္ ေျမကြက္ကို ဝယ္ယူမည္ဆိုပါကႏွစ္ဦးလုံး၏ သေဘာတူညီခ်က္ျဖင့္ လက္မွတ္ထိုးေရာင္းခ်မွသာ တရားဝင္ေရာင္းခ်ျခင္းျဖစ္ၿပီးဥပစာတစ္ခုလုံးကို ပိုင္ဆိုင္ႏိုင္မည္ျဖစ္ပါသည္။

 

ေမးခြန္း (၂) - ဝယ္ယူထားသည့္ ပါမစ္ေျမကြက္မွာ ဂရန္သစ္ေလွ်ာက္ထားသူ႐ွိေနပါလွ်င္ဘယ္လိုေဆာင္႐ြက္ရမည္ နည္း ?

အေျဖ (၂) - ဝယ္ယူထားသည့္ေျမကြက္အား ဂရန္ သြားေရာက္ေလွ်ာက္ထားသည့္အခါ ပါမစ္တစ္ခုထဲတြင္ အျခားသူ တစ္ဦးမွ ဂရန္သစ္ ေလွ်ာက္ထားခဲ့ေၾကာင္း ေပၚေပါက္လာၿပီး ေလွ်ာက္ထားခဲ့သူသည္ ပါမစ္ အမည္ ေပါက္သူ သို႔မဟုတ္ အရပ္ကတိစာခ်ဳပ္ အဆက္ဆက္ျဖင့္ဝယ္ယူထားသူျဖစ္ပါက အဆိုပါ ပုဂၢိဳလ္အား ျပန္လည္ေခၚဆိုၿပီးယင္းဂရန္သစ္ေလွ်ာက္ထားခ်က္ကို ႐ုတ္သိမ္းေၾကာင္း တင္ျပေစရန္ လိုအပ္ပါသည္။ ယင္းကဲ့သို႔ ႐ုပ္သိမ္းေၾကာင္းအမႈတြဲတြင္ ပိတ္သိမ္းသူ၏ မွတ္ပုံတင္မိတၱဴႏွင့္ ပါမစ္ မိတၱဴတို႔ကိုပူးတြဲ တင္ျပၿပီး ေလွ်ာက္ထားရပါမည္။ ေဖာ္ျပပါအခ်က္မ်ားျပည့္စုံပါက ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ၊ ၿမိဳ႕ျပေျမစီမံခန္႔ခြဲမႈဌာနမွ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီဆက္လက္ေဆာင္႐ြက္ေပးသြား မည္ျဖစ္ၿပီး ခြင့္ျပဳခ်က္ရ႐ွိပါက ဂရန္သစ္ေလွ်ာက္ထားသူမွေလွ်ာက္ထားသည့္ ေျမကြက္တန္ဖိုးအတြက္ ေငြေပးသြင္းရမည္ျဖစ္ၿပီး ဂရန္သစ္ရ႐ွိပါကေလွ်ာက္ထားသူအား သက္ဆိုင္ရာဌာနမွ ျပန္လည္ အေၾကာင္းၾကားသြားမည္ ျဖစ္ပါသည္။

 

ေမးခြန္း (၃) - ေျမအမ်ိဳးအစားမ်ားစြာ႐ွိသည့္အနက္  G3 စသည့္ အဓိပၸါယ္မွာ မည္သို႔နည္း ?

အေျဖ (၃) - ေျမအမ်ိဳးအစားမ်ားစြာ႐ွိသည့္အနက္ G3 စသည့္အဓိပၸာယ္မွာ - တတိယတန္းစားဥယ်ာဥ္ျခံေျမ ျဖစ္ပါ သည္။ ေျမအမ်ိဳးအစားမ်ားကို လယ္ယာေျမ စီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန (ယခင္ ေျမစာရင္း) မွ စိုက္ပ်ိဳးေျမမ်ား - (လယ္၊ ယာ၊ ကိုင္း၊ ကြၽန္း၊ ဥယ်ာဥ္၊ ဓနိ၊ေရာ္ဘာ၊ ေတာင္ယာ ဟူ၍ ေျမမ်ိဳးႀကီး ခုနစ္မ်ိဳး ထပ္မံခြဲျခားထားပါသည္။) သစ္ေတာေျမမ်ား၊စိုက္ပ်ိဳးႏိုင္ေသာေျမ႐ိုင္း၊ ေတာ႐ိုင္းေျမ (အပေတာ) မ်ား၊ စားက်က္ေျမ၊ လမ္းေျမ၊မီးရထားလမ္းေျမ၊ စက္႐ုံေျမ၊ သတၱဳတြင္းေျမ၊ ဆည္ေျမာင္း၊ ကန္၊ တာတမံေျမ၊ ျမစ္ေခ်ာင္းေရေအာက္ေျမ၊ အင္းအိုင္ေျမ၊ ၿမိဳ႕ေျမ၊ ႐ြာေျမ၊ သာသနာ၊ သုသာန္၊ အေဆာက္အဦေျမ၊ေလယာဥ္ကြင္းေျမ၊ က်န္အျခားေျမဟူ၍ (၁၃) မ်ိဳးထပ္မံ ခြဲျခားထားပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါရေစ။

ေမးခြန္းေပးပို႔ရန္ Link ➡ https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
area-one-business-complex
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service