“သွားပြန်ပြီ တစ်ယောက်”

“သွားပြန်ပြီ တစ်ယောက်” - Property Knowledge in Myanmar from iMyanmarHouse.com
17 Mar 2023 1:39 pm တွင် တင်ခဲ့သည်
948 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

နာရေးအသိပေးမှုတစ်ခု ဖေ့စ်ဘုတ်တွင် တက်လာသည်။ ကျွန်တော့် အသိမိတ်ဆွေဖြစ်နေသည်။ သူ့ညီ၏ဖေ့စ်ဘုတ်မှ အသိပေးထားခြင်းဖြစ်သည်။

ဆုံးပါးသွားသော ကာယကံရှင်ကိုယ်တိုင်နှင့် အပြင်မှာရော၊ လူမှုကွန်ရက်မှာပါ မိတ်ဆွေဖြစ်သည်။ သို့သော်လည်း ယခုကိစ္စကိုတော့ သူကိုယ်တိုင် အသိပေး မသွားနိုင်တော့ပေ။

“ဟ..ဘာလဲကွကြောင်တောင်တောင်နဲ့ သေတဲ့သူက သူသေတော့မယ့်အကြောင်း လူမှုကွန်ရက် သိအောင် တင်နိုင်မလားကွ”ဟု ပြောပေရော့မည်။

ကျွန်တော်လည်းသိပါသည်။ ကိုယ်သေတော့မယ့်အကြောင်း မတင်ကြပါ။ ကိုယ်သေမယ် မသေဘူးဆိုတာလည်း ဘယ်သူမှ မခန့်မှန်းနိုင်ပါ။

ကာယကံရှင်၏ လုပ်ရပ်များအား ကြည့်ပြီး ခန်းမှန်းနိုင်ကြပါလိမ့်မည်ဟု ထင်ပါသည်။ကျွန်တော်လည်း သူ့ကိုကြည့်ပြီးခန့်မှန်းခဲ့သည်။

သိပ်မကြာတော့သည့် အချိန်ကာလအတွင်းဟု ယူဆခဲ့သည်။ ယူဆခန့်မှန်းခဲ့သည့် အတိုင်းပင် လေး၊ငါး၊ခြောက်လအတွင်း ဘဝကို အဆုံးသတ်သွားခဲ့ပေပြီ။

အားကောင်းမောင်းသန် လှုပ်ရှားရုန်းကန်နိုင်သေးသည့် အသက်အရွယ်တွင် အရှိန်ကိုနှေးကွေးစေသည့် လုပ်ရပ်တို့အား တရားလွန် ခုံမင်နှစ်သက်ခြင်းက အသက်တိုခြင်း၏ အကြောင်းတရားလို့ပင်ထင်ပါသည်။ မအိုဆေးကို တရားလွန်သောက်သွားခဲ့ပါပြီ။

သူသည် မက်ကင်းနစ်ပညာကိုတတ်သည်။ ဤပညာရပ်ဖြင့် ဘဝကိုဖြတ်သန်းနိုင်ပါသည်။ သို့သော်လည်း ထိုပညာရပ် အပေါ်တွင် မပြတ်လိုက်စားမှုမပြု၊ အသက်မွေးဝမ်းကျောင်းအနေနှင့်လုပ်ဖို့မစဉ်းစားခဲ့ပေ။ စိတ်ကူးရလျှင်လုပ်မည်။မလုပ်ချင်လျှင် မလုပ်ဘဲနေသည်။ပညာအပေါ်လည်း တန်းဖိုးမထား။ အလုပ်အပေါ်လည်း တန်ဖိုးမထား။

အဆိုးဆုံးက အချိန်ကို အလကားထိုင်ဖြုန်းဖို့ မွေးဖွားလာသူလို ဖြစ်နေသည်။ ထမင်းစားပညာကို သင်ခဲ့ပြီး ထိုပညာရပ်ဖြင့် ငွေမရှာခဲ့ပါ။ အရွယ်လေးရောက်ကတည်းက ယစ်ရွှေရည်ကို နှစ်သက်စွဲလမ်းလွန်းခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ယစ်ရွှေရည်၏ အစွမ်းကြောင့် အလုပ်လုပ်ချင်စိတ်တို့ လျော့ကျလာသည်။ အလုပ်ကရှိပါလျက်နှင့် မလုပ်နိုင် မကိုင်နိုင်ဖြစ်လာသည်။

ခင်မင်မှုအရ အလုပ်ပေးကြသော်လည်း ယစ်ရွှေရည်၏ ယစ်ပလ္လင်တွင် တဖြည်းဖြည်း အသုံးတော်ခံလာရသည်။ နောက်ပိုင်းတွင် ဘယ်သူကမှလည်း မသုံးတော့သည့် အနေအထားသို့ရောက်သွားသည်။

ထို့နောက် မိခင်မုဆိုးမကြီးထံမှ ရသည် ပိုက်ဆံလေးဖြင့် နှစ်လုံးထိုးလိုက်၊တစ်လုံးလောင်းလိုက်ဖြင့် ကံအကြောင်း ကောင်းနိုင်လိမ့်နိုးဖြင့် လုပ်နေခဲ့သည်။

ကံအကြောင်းက ကောင်းခဲ့ပြီးသားဖြစ်သည်။မွေးခဲ့ပြီးကတည်းက ကိုယ်လက်အင်္ဂါတို့ပြည့်စုံခဲ့ပါပြီ။မိဘကလည်း ကောင်းစွာရှင်သန်အောင်ပြုစုခဲ့ပြီးပြီ။ဆက်လက်ရုန်းကန်ဖို့က မိမိ၏ကိစ္စသာဖြစ်သည်။

ယစ်ရွှေရည်တမြမြနှင့် သေလမ်းကိုရွေးခဲ့သည်က ကိုယ့်ကိစ္စဖြစ်သည်။အသိတရားတို့ကို မိမိဖာသာ ရှာဖွေရမည်။ အကျင့်တရားတို့ကိုလည်း မိမိကိုယ်တိုင် စောင့်ထိန်းကျင့်ကြံရပါသည်။ဘယ်သူမှ လာလုပ်ပေးလို့မရ။

လောကဝန်လည်း မထမ်းဆောင်နိုင်ခဲ့။ ကိစ္စမရှိပါ။ ထမ်းနိုင်မှ ထမ်းကြပါ။

မိမိဝန်ကိုတော့ အရွယ်ရောက်လာလျှင် မိမိကိုယ်တိုင် ထမ်းနိုင်နေကြရပါမည်။

စည်းမဲ့ကမ်းမဲ့၊ အတိုင်းအဆမဲ့ သောက်စားခြင်းက မိမိဝန်တာ၊မိသားစုဝန်တာများကို လည်းပျက်စီးစေသည်။ သူ့၏ အစ်ကိုတစ်ယောက်သည်လည်း မအိုဆေးကိုသောက်ပြီး ထိုနည်းလည်းကောင်းဖြင့် သူ့အရင်သွားခဲ့ပြီ။

ယခုတော့ သူသည်လည်း လောကကြီးနှင့် မိဘတို့သည် သူ့အတွက် ဆန်လည်းကုန်ခဲ့ပြီ။ မြေလည်းလေးခဲ့ပြီ။ ဝမ်းရေစပ်ခဲ့သည့် မိဘတွေအတွက်လည်း တာဝန်တို့မကျေခဲ့ပေ။

ကမ္ဘာမြေကြီးက သင့်ဝန်ကို မထမ်းလိုတော့။ နောက်ဆုံးအနေနှင့် မြေပြင်အတွက် မြေဩဇာတော့ ဖြစ်ကောင်းပါရဲ့ဟုသာ အကောင်းတစ်ကွက်တော့ တွေးရသည်။

ဒီလိုပုံမျိုးနဲ့ နေဝင်ချိန်စောင့်နေသူတို့ ကျွန်တော့် အသိထဲတွင်ရှိနေဦးမည်လား။ ကြုံရင်တော့ တားနိုင်သမျှ တားကြည့်ဦးပါမည်။ ဒါပေမဲ့ ဘယ်သူမပြု မိမိမှုသာပင်။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

“သြားျပန္ၿပီ တစ္ေယာက္”

နာေရးအသိေပးမႈတစ္ခု ေဖ့စ္ဘုတ္တြင္ တက္လာသည္။ ကြၽန္ေတာ္႕ အသိမိတ္ေဆြျဖစ္ေနသည္။ သူ႕ညီ၏ေဖ့စ္ဘုတ္မွ အသိေပးထားျခင္းျဖစ္သည္။

ဆုံးပါးသြားေသာ ကာယကံ႐ွင္ကိုယ္တိုင္ႏွင့္ အျပင္မွာေရာ၊ လူမႈကြန္ရက္မွာပါ မိတ္ေဆြျဖစ္သည္။ သို႔ေသာ္လည္း ယခုကိစၥကိုေတာ့ သူကိုယ္တိုင္ အသိေပး မသြားႏိုင္ေတာ့ေပ။

“ဟ..ဘာလဲကြေၾကာင္ေတာင္ေတာင္နဲ႔ ေသတဲ့သူက သူေသေတာ့မယ့္အေၾကာင္း လူမႈကြန္ရက္ သိေအာင္ တင္ႏိုင္မလားကြ”ဟု ေျပာေပေရာ့မည္။

ကြၽန္ေတာ္လည္းသိပါသည္။ ကိုယ္ေသေတာ့မယ့္အေၾကာင္း မတင္ၾကပါ။ ကိုယ္ေသမယ္ မေသဘူးဆိုတာလည္း ဘယ္သူမွ မခန္႔မွန္းႏိုင္ပါ။

ကာယကံ႐ွင္၏ လုပ္ရပ္မ်ားအား ၾကည့္ၿပီး ခန္းမွန္းႏိုင္ၾကပါလိမ့္မည္ဟု ထင္ပါသည္။ကြၽန္ေတာ္လည္း သူ႕ကိုၾကည့္ၿပီးခန္႔မွန္းခဲ့သည္။

သိပ္မၾကာေတာ့သည့္ အခ်ိန္ကာလအတြင္းဟု ယူဆခဲ့သည္။ ယူဆခန္႔မွန္းခဲ့သည့္ အတိုင္းပင္ ေလး၊ငါး၊ေျခာက္လအတြင္း ဘဝကို အဆုံးသတ္သြားခဲ့ေပၿပီ။

အားေကာင္းေမာင္းသန္ လႈပ္႐ွား႐ုန္းကန္ႏိုင္ေသးသည့္ အသက္အ႐ြယ္တြင္ အ႐ွိန္ကိုေႏွးေကြးေစသည့္ လုပ္ရပ္တို႔အား တရားလြန္ ခုံမင္ႏွစ္သက္ျခင္းက အသက္တိုျခင္း၏ အေၾကာင္းတရားလို႔ပင္ထင္ပါသည္။ မအိုေဆးကို တရားလြန္ေသာက္သြားခဲ့ပါၿပီ။

သူသည္ မက္ကင္းနစ္ပညာကိုတတ္သည္။ ဤပညာရပ္ျဖင့္ ဘဝကိုျဖတ္သန္းႏိုင္ပါသည္။ သို႔ေသာ္လည္း ထိုပညာရပ္ အေပၚတြင္ မျပတ္လိုက္စားမႈမျပဳ၊ အသက္ေမြးဝမ္းေက်ာင္းအေနႏွင့္လုပ္ဖို႔မစဥ္းစားခဲ့ေပ။ စိတ္ကူးရလွ်င္လုပ္မည္။မလုပ္ခ်င္လွ်င္ မလုပ္ဘဲေနသည္။ပညာအေပၚလည္း တန္းဖိုးမထား။ အလုပ္အေပၚလည္း တန္ဖိုးမထား။

အဆိုးဆုံးက အခ်ိန္ကို အလကားထိုင္ျဖဳန္းဖို႔ ေမြးဖြားလာသူလို ျဖစ္ေနသည္။ ထမင္းစားပညာကို သင္ခဲ့ၿပီး ထိုပညာရပ္ျဖင့္ ေငြမ႐ွာခဲ့ပါ။ အ႐ြယ္ေလးေရာက္ကတည္းက ယစ္ေ႐ႊရည္ကို ႏွစ္သက္စြဲလမ္းလြန္းခဲ့သည္။ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ယစ္ေ႐ႊရည္၏ အစြမ္းေၾကာင့္ အလုပ္လုပ္ခ်င္စိတ္တို႔ ေလ်ာ့က်လာသည္။ အလုပ္က႐ွိပါလ်က္ႏွင့္ မလုပ္ႏိုင္ မကိုင္ႏိုင္ျဖစ္လာသည္။

ခင္မင္မႈအရ အလုပ္ေပးၾကေသာ္လည္း ယစ္ေ႐ႊရည္၏ ယစ္ပလႅင္တြင္ တျဖည္းျဖည္း အသုံးေတာ္ခံလာရသည္။ ေနာက္ပိုင္းတြင္ ဘယ္သူကမွလည္း မသုံးေတာ့သည့္ အေနအထားသို႔ေရာက္သြားသည္။

ထို႔ေနာက္ မိခင္မုဆိုးမႀကီးထံမွ ရသည္ ပိုက္ဆံေလးျဖင့္ ႏွစ္လုံးထိုးလိုက္၊တစ္လုံးေလာင္းလိုက္ျဖင့္ ကံအေၾကာင္း ေကာင္းႏိုင္လိမ့္ႏိုးျဖင့္ လုပ္ေနခဲ့သည္။

ကံအေၾကာင္းက ေကာင္းခဲ့ၿပီးသားျဖစ္သည္။ေမြးခဲ့ၿပီးကတည္းက ကိုယ္လက္အဂၤါတို႔ျပည့္စုံခဲ့ပါၿပီ။မိဘကလည္း ေကာင္းစြာ႐ွင္သန္ေအာင္ျပဳစုခဲ့ၿပီးၿပီ။ဆက္လက္႐ုန္းကန္ဖို႔က မိမိ၏ကိစၥသာျဖစ္သည္။

ယစ္ေ႐ႊရည္တျမျမႏွင့္ ေသလမ္းကိုေ႐ြးခဲ့သည္က ကိုယ့္ကိစၥျဖစ္သည္။အသိတရားတို႔ကို မိမိဖာသာ ႐ွာေဖြရမည္။ အက်င့္တရားတို႔ကိုလည္း မိမိကိုယ္တိုင္ ေစာင့္ထိန္းက်င့္ၾကံရပါသည္။ဘယ္သူမွ လာလုပ္ေပးလို႔မရ။

ေလာကဝန္လည္း မထမ္းေဆာင္ႏိုင္ခဲ့။ ကိစၥမ႐ွိပါ။ ထမ္းႏိုင္မွ ထမ္းၾကပါ။

မိမိဝန္ကိုေတာ့ အ႐ြယ္ေရာက္လာလွ်င္ မိမိကိုယ္တိုင္ ထမ္းႏိုင္ေနၾကရပါမည္။

စည္းမဲ့ကမ္းမဲ့၊ အတိုင္းအဆမဲ့ ေသာက္စားျခင္းက မိမိဝန္တာ၊မိသားစုဝန္တာမ်ားကို လည္းပ်က္စီးေစသည္။ သူ႕၏ အစ္ကိုတစ္ေယာက္သည္လည္း မအိုေဆးကိုေသာက္ၿပီး ထိုနည္းလည္းေကာင္းျဖင့္ သူ႕အရင္သြားခဲ့ၿပီ။

ယခုေတာ့ သူသည္လည္း ေလာကႀကီးႏွင့္ မိဘတို႔သည္ သူ႕အတြက္ ဆန္လည္းကုန္ခဲ့ၿပီ။ ေျမလည္းေလးခဲ့ၿပီ။ ဝမ္းေရစပ္ခဲ့သည့္ မိဘေတြအတြက္လည္း တာဝန္တို႔မေက်ခဲ့ေပ။

ကမ႓ာေျမႀကီးက သင့္ဝန္ကို မထမ္းလိုေတာ့။ ေနာက္ဆုံးအေနႏွင့္ ေျမျပင္အတြက္ ေျမဩဇာေတာ့ ျဖစ္ေကာင္းပါရဲ႕ဟုသာ အေကာင္းတစ္ကြက္ေတာ့ ေတြးရသည္။

ဒီလိုပုံမ်ိဳးနဲ႔ ေနဝင္ခ်ိန္ေစာင့္ေနသူတို႔ ကြၽန္ေတာ္႕ အသိထဲတြင္႐ွိေနဦးမည္လား။ ၾကဳံရင္ေတာ့ တားႏိုင္သမွ် တားၾကည့္ဦးပါမည္။ ဒါေပမဲ့ ဘယ္သူမျပဳ မိမိမႈသာပင္။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

mya-villa
kt

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service