ဘီလ်ဂိတ်မှသည် ဂျက်ကီချန်း သားသမီးများအထိ - ပိုင်ဆိုင်သမျှ အမွေပေးမည်မဟုတ်ကြောင်း ပြောထားသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ
ဘီလ်ဂိတ်မှသည် ဂျက်ကီချန်း သားသမီးများအထိ - ပိုင်ဆိုင်သမျှ အမွေပေးမည်မဟုတ်ကြောင်း ပြောထားသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ - Property News in Myanmar from iMyanmarHouse.com
8 Mar 2023 10:56 am တွင် တင်ခဲ့သည်
1186 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
မိဘများချမ်းသာအောင်မြင်လျှင် သင်လည်း အဆိုပါချမ်းသာကြွယ်ဝမှုများကို အမွေဆက်ခံကာ ချမ်းချမ်းသာသာ နေထိုင်ရလိမ့်မည်ဟူသော အတွေးမှာ လူအားလုံးတွင် ရှိမြဲအတွေးမျိုး ဖြစ်သည်။
ကမ္ဘာတစ်ဝန်းရှိ ချမ်းသာသော မိသားစု အများစုတွင် ထိုနည်းအတိုင်းသာ ဖြစ်သော်လည်း အချို့သော ကမ္ဘာကျော်ပုဂ္ဂိုလ်များကမူ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သားသမီးများ အမွေရလိမ့်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
အဆိုပါ ကမ္ဘာကျော်တို့က ၎င်းတို့၏ အလွန်များပြားလှသော ငွေကြေးများအပေါ် အထူးသတိထားကာ ထိုငွေတို့၏ အကျိုးရိုက်ခတ်မှုကိုလည်း သိရှိထားသည်။
၎င်းတို့က သားသမီးများကို အခြားကလေးငယ်များနည်းတူ ကြီးပြင်းစေချင်ပြီး နှစ်စဉ် စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ကြိုးစားနေရသူတို့၏ ကြိုးပမ်းအားထုတ်မှုများကို လေးစားမှု ရှိစေလိုသည်။
အောက်တွင် ကလေးများကို အမွေမပေးမည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များကို ဖော်ပြထားပါသည်။
(ဘီလ်ဂိတ်နှင့် မီလင်ဒါ ဂိတ်)
(ဓာတ်ပုံ - Bill Gates/ @BillGates/ Twitter; Melinda Gates/ @MelindaFrenchGates/ Twitter)
မိုက္ကရိုဆော့ဖ် တီထောင်သူ ဘီလ်ဂိတ်သည် တစ်ချိန်က ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် ပါဝင်နေဆဲ ဖြစ်သည်။
ဘီလ်ဂိတ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၀၇ ဘီလီယံရှိသော်လည်း သူ၏ သားသမီးများမှာ အဆိုပါ ငွေများကို အမွေရမည်မဟုတ်ချေ။
ဘီလ်ဂိတ်တို့ ဇနီးမောင်နှံနှစ်ဦးလုံးက (မှတ်ချက်။ ယခုအခါ ကွာရှင်းပြတ်စဲထားသည်။) ပရဟိတ လုပ်ငန်းများကို အလေးထားပြီး Bill and Melinda Gates ဖောင်ဒေးရှင်းကို တည်ထောင်ထားကာ လူသားမျိုးနွယ်တို့၏ ကောင်းကျိုးအတွက် လှူဒါန်းမှုများစွာ ပြုလုပ်လျက်ရှိသည်။
၂၀၁၈ ခုနှစ်အတွင်း This Morning နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ဘီလ်ဂိတ်က ပြောခဲ့သည်မှာ “ကလေးတွေကို ငွေအပုံလိုက် အမွေပေးဖို့ အစီအစဉ် မရှိပါဘူး။ အဲဒါမျိုးက သူတို့လုပ်မယ့်ဟာနဲ့ ကိုယ့်လမ်းကိုဖောက်ဖို့ ကြိုးစားမှုတွေကို ပျက်စီးစေလိမ့်မှာ ဖြစ်ပါတယ်။”ဟု ပြောထားသည်။
This Morning ၏ ခန့်မှန်းချက်အရ ဘီလ်ဂိတ်၏ သားသမီးများသည် ကန်ဒေါ်လာ ၁၀ သန်းခန့် ရရှိဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
(Warren Buffett)
(ဓာတ်ပုံ- Warren Buffett/ Twitter)
အမေရိကန် သူဌေးကြီး Warren Buffett သည် ကန်ဒေါ်လာ ၁၀၇ ဘီလီယံအထိ ချမ်းသာသော်လည်း သူ၏ ကလေး ၃ ဦးကို တစ်ဦးလျှင် ကန်ဒေါ်လာ ၂ ဘီလီယံစီသာ အမွေပေးရန် စီစဉ်ထားကြောင်း Washington Post သတင်းဌာနက ၂၀၁၄ ခုနှစ်အတွင်း ရေးသားဖော်ပြခဲ့သည်။
ဘီလ်ဂိတ်နည်းတူ Warren Buffett သည်လည်း သူ၏ ပိုင်ဆိုင်မှုများကို လှူဒါန်းခဲ့ရန် ရည်ရွယ်ထားသည်။
ကမ္ဘာကျော်သူဌေးကြီးများစုကာ မိမိတို့၏ ပိုင်ဆိုင်မှု ထက်ဝက်ကို လှူဒါန်းမည့် The Giving Pledge အစီအစဉ်ကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည့် Warren Buffett က သူ၏ ပိုင်ဆိုင်မှု ၉၉ ရာခိုင်နှုန်းကို သက်ရှိထင်ရှားရှိစဉ် (သို့မဟုတ်) ကွယ်လွန်ပြီးချိန်တွင် လှူဒါန်းသွားမည်ဟု ကတိပြုထားသည်။
(ဂျိမ်းစ်ဘွန်း မင်းသား Daniel Craig )
(ဓာတ်ပုံ- Glass Onion/ Photo by John Wilson/Netflix © 2022 – © 2022 Netflix, Inc./ IMDb)
ဂျိမ်းစ်ဘွန်းမင်းသားဟု နာမည်ကြီးသူ Daniel Craig က သူ၏ ပိုင်ဆိုင်သော ချမ်းသာကြွယ်ဝမှုများကို ကလေးများ အမွေမဆက်ခံနိုင်မီတွင် ပရဟိတအဖွဲ့များသို့ လှူဒါန်းသွားရန် ရည်ရွယ်ထားသည်။
Daniel Craig တွင် သားသမီး ၂ ဦးရှိသည်။
တစ်ဦးမှာ ဇနီးဖြစ်သူ Rachel Weisz နှင့် ရရှိခြင်းဖြစ်ပြီး အခြားတစ်ဦးမှာ ပထမဇနီးဟောင်း Fiona Loudon နှင့် ရရှိခဲ့သော Ella အမည်ရှိ သမီးဖြစ်သည်။
အဆိုပါ ကလေးနှစ်ဦးလုံးမှာ Daniel Craig ၏ များပြားလှသော ပိုင်ဆိုင်မှုများကို အမွေရရှိလိမ့်မည် မဟုတ်ချေ။
Daniel Craig သည် Knives Out နှင့် The Glass Onion ဇာတ်ကားများတွင် စုံထောက် Benoit Blanc အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာမှ ကန်ဒေါ်လာ သန်း ၁၀၀ ခန့်ရရှိထားသည်။
ထို့အပြင် No Time To Die အမည်ရှိ ဇာတ်ကားတွင် ဂျိမ်းစ်ဘွန်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် ကန်ဒေါ်လာ ၂၅ သန်းရရှိထားပြီး စုစုပေါင်း ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၁၆၀ ခန့်ရှိသည်။
Daniel Craig က Saga မဂ္ဂဇင်းသို့ ၂၀၂၀ ပြည့်နှစ်အတွင်း ပြောခဲ့သည်မှာ “ကျွန်တော့် သဘောထားကတော့ မကွယ်လွန်မီမှာ ဒီငွေတွေကို လှူဒါန်းသွားခဲ့ဖို့ပါပဲ။ နောက်မျိုးဆက်အတွက် များပြားလှတဲ့ငွေတွေကို မထားခဲ့ချင်ပါဘူး။ ”ဟု ပြောသည်။
ကလေးများအနေဖြင့် ကိုယ်ပိုင်အောင်မြင်မှု လမ်းဖောက်သင့်ကြောင်း ယုံကြည်သည်ဟု ၎င်းက ပြောသည်။
(အင်ဒီယာနာဂျုန်းစ် မင်းသား George Lucas)
(ဓာတ်ပုံ- George Lucas/ Photo by Michael Caulfield – © WireImage.com – WireImage.com/IMDb)
Star Wars နှင့် Indiana Jones ရုပ်ရှင်ဇာတ်လမ်းတွဲများဖြင့် နာမည်ကျော်သူ George Lucas ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံ ရှိသည်။
George Lucas က သူ၏ ငွေများကို သူ၏ မျိုးဆက်အား အမွေပေးခဲ့မည် မဟုတ်ကြောင်း ပြောကြားသည်။
George Lucas က ပညာရေးကဏ္ဍကို အထူးအားပေးလှူဒါန်းပြီး George Lucas ပညာရေးဖောင်ဒေးရှင်း ထူထောင်ထားသည်။
ထို့အပြင် George Lucas သည် The Giving Pledge အစီအစဉ်သို့လည်း ၂၀၁၀ ပြည့်နှစ်က ပူးပေါင်းပါဝင်ခဲ့သည်။
သူ၏ ပိုင်ဆိုင်မှုများကို သားသမီး ၄ ဦးအား အမွေပေးမည့်အစား လူသားမျိုးနွယ်များအတွက် လှူဒါန်းခဲ့မည် ဖြစ်ကြောင်း George Lucas က ကတိပြုထားသည်။
(ဖေ့စ်ဘုတ် တည်ထောင်သူ Mark Zuckerberg)
(ဓာတ်ပုံ- Mark Zuckerberg/ Facebook)
ဖေ့စ်ဘုတ်တည်ထောင်သူ Mark Zuckerberg သည်လည်း ကလေးများကို အမွေပေးမည်မဟုတ်ကြောင်း ပြောထားသည့် ကမ္ဘာကျော်မိဘများတွင် အပါအဝင်ဖြစ်သည်။
Mark Zuckerberg ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၆၂ ဘီလီယံခန့် ရှိသည်။ ကလေး ၂ ဦး၏ မိဘများဖြစ်သော Mark Zuckerberg တို့စုံတွဲက ဖေ့စ်ဘုတ်၏ ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို ကလေးများကို အမွေပေးမည့်အစား ၎င်းတို့ သက်ရှိထင်ရှားရှိစဉ်ကာလအတွင်း လှူဒါန်းသွားမည်ဖြစ်ကြောင်း ၂၀၁၅ ခုနှစ်အတွင်းက ပြောထားသည်။
( ဂျက်ကီချန်း)
(ဓာတ်ပုံ -Jackie Chan/ Instagram)
ဂျက်ကီချန်း၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၃၉၀ မှ သန်း ၄၀၀ ကြားရှိသည်။
ကလေးနှစ်ဦး၏ ဖခင်ဖြစ်သော ဂျက်ကီချန်းက သူ၏ သားသမီးများအနေဖြင့် ပိုင်ဆိုင်မှု အနည်းငယ်မျှပင် ရမည်မဟုတ်ကြောင်း ပြောထားသည်။
၂၀၁၁ ခုနှစ်အတွင်း ဂျက်ကီချန်းက ပြောသည်မှာ သူ၏ သားဖြစ်သူသည် အမွေအဖြစ် မည်သည့်ငွေမှ ရလိမ့်မည် မဟုတ်ကြောင်း ပြောထားသည်။
“သူ့အနေနဲ့ အရည်အချင်းရှိရင် သူ့ဘာသာ ငွေရှာနိုင်ပါလိမ့်မယ်။ အရည်အချင်းမရှိဘူးဆိုရင်တော့ ကျွန်တော့် ငွေတွေကို ဖြုန်းတဲ့သူပဲ ဖြစ်လာလိမ့်မယ်။ ”ဟု ဂျက်ကီချန်းက ကြေညာထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Bill Gates to Jackie Chan: Celebrities who say their children won’t be inheriting their fortune (lifestyleasia)
[Zawgyi]
(Warren Buffett)
( ဂျက်ကီချန်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
mya-villa
119-mdy
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service