The Pianist ရုပ်ရှင်ဇာတ်ကားတွင် ဂျူးလူမျိုး စန္ဒယားဆရာ စပစ်မန်းအဖြစ် သရုပ်ဆောင်ကာ အော်စကာဆုရ ခဲ့သူ အေဒရီယန် ဘရိုဒီက ချစ်သူနှင့်အတူနေရန် ၇ နှစ်အချိန်ယူ မွမ်းမံခဲ့သော အမေရိကန်မှ ရဲတိုက်ကြီး

The Pianist ရုပ်ရှင်ဇာတ်ကားတွင် ဂျူးလူမျိုး စန္ဒယားဆရာ စပစ်မန်းအဖြစ် သရုပ်ဆောင်ကာ အော်စကာဆုရ ခဲ့သူ အေဒရီယန် ဘရိုဒီက ချစ်သူနှင့်အတူနေရန် ၇ နှစ်အချိန်ယူ မွမ်းမံခဲ့သော အမေရိကန်မှ ရဲတိုက်ကြီး - Property News in Myanmar from iMyanmarHouse.com
6 Mar 2023 10:32 am တွင် တင်ခဲ့သည်
1132 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

(The Pianist ရုပ်ရှင်)

The Pianist သည် ၂၀၀၂ ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့သော ဖြစ်ရပ်မှန်အခြေခံ ဒုတိယကမ္ဘာစစ်နောက်ခံ ရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ ရိုမန် ပိုလန်စကီးက ရိုက်ကူးခဲ့ပြီး ရုပ်ရှင်မင်းသား အေဒရီယန် ဘရိုဒီ ပါဝင် သရုပ်ဆောင်ခဲ့သည်။

နာဇီတို့၏ လူမျိုးတုန်းသတ်ဖြတ်မှုမှ လွတ်မြောက်ကျန်ရစ်သူ ပိုလန်နိုင်ငံသား ဂျူးလူမျိုး စန္ဒယားဆရာ ဝလာဒီစလော စပစ်မန်း (Władysław Szpilman) ရေးသားခဲ့သည့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် The Pianist (၁၉၄၆ ခုနှစ်က ထုတ်ဝေခဲ့) ကို အခြေခံကာ ရုပ်ရှင်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

စန္ဒယားဆရာ ဝလာဒီစလော စပစ်မန်း (Władysław Szpilman) သည် ၂၀၀၀ ပြည့်နှစ်၊ ဇူလိုင်လ ၆ ရက်တွင် ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ်ရှိပြီ ဖြစ်သည်။

အဆိုပါရုပ်ရှင်ကို ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနှင့် ပိုလန်နိုင်ငံတို့ ပူးပေါင်း ရိုက်ကူးထုတ်လုပ်ခဲ့ခြင်းဖြစ်ကာ အနုပညာအရသာမက စီးပွားရေးအရပါ အောင်မြင်ခဲ့သည်။

The Pianist ဇာတ်ကားသည် အော်စကာ ၇ ဆု ဇကာတင်စာရင်းဝင်ခဲ့ပြီး ၃ ဆုရရှိခဲ့ရာ အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆု၊ အကောင်းဆုံး မှီငြမ်းဇာတ်ညွှန်းဆုနှင့် အကောင်းဆုံး ဒါရိုက်တာဆုများ ရရှိခဲ့သည်။

 

 

ဂျူးလူမျိုး စန္ဒယားဆရာ ဝလာဒီစလော စပစ်မန်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ အမေရိကန် ရုပ်ရှင်မင်းသား အေဒရီယန် ဘရိုဒီမှာလည်း ထိုဇာတ်ကားဖြင့်ပင် ကမ္ဘာကျော် ရုပ်ရှင်မင်းသားဖြစ်ခဲ့သည့်အပြင် အကောင်းဆုံး ဇာတ်ဆောင်မင်းသားအဖြစ် အော်စကာဆုပင် ရရှိခဲ့သည်။

ထိုဇာတ်ကား၏ ရိုက်ကူးထုတ်လုပ်စရိတ်မှာ ကန်ဒေါ်လာ ၃၅ သန်းရှိခဲ့ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၂၀ ဒသမ ၁ သန်း ရရှိခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်း BBC သတင်းဌာနက ရွေးချယ်ဖော်ပြခဲ့သော ၂၁ ရာစုအကြီးမြတ်ဆုံး ရုပ်ရှင် ၁၀၀ စာရင်း တွင် The Pianist ကို ထည့်သွင်းဖော်ပြခဲ့သည်။

 

(အေဒရီယန် ဘရိုဒီ)

အေဒရီယန် နီကိုလပ်စ် ဘရိုဒီ (Adrian Nicholas Brody) (မွေး ၁၉၇၃) သည် အမေရိကန်ရုပ်ရှင်မင်းသား တစ်ဦးဖြစ်ပြီး The Pianist တွင် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိများသည်။

 

 

အေဒရီယန် ဘရိုဒီသည် The Pianist ဇာတ်ကားဖြင့် အော်စကာဆုရခဲ့စဉ်က အသက် ၂၉ နှစ်သာရှိသေးရာ အကောင်းဆုံးဇာတ်ဆောင်အဖြစ် အော်စကာဆုရသည့် ရုပ်ရှင်မင်းသားများတွင် အသက်အငယ်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

 

 

(နယူးယောက်ပြည်နယ်က ရဲတိုက်ကြီး)

အေဒရီယန်ဘရိုဒီသည် ၂၀၀၇ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ် အလယ်ပိုင်းတွင် ကျောက်တုံးရဲတိုက်ကြီးတစ်လုံးကို ဝယ်ယူခဲ့ပြီး ချစ်သူမိန်းကလေး (ဟောင်း) Elsa Pataky နှင့်အတူ နေထိုင်မည့် ချစ်ဗိမ္မာန်အဖြစ် ရည်ရွယ်ကာ ဆယ်စုနှစ်တစ်ခုနီးပါး အချိန်ယူကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

အေဒရီယန်ဘရိုဒီက အဆိုပါရဲတိုက်ကြီးအကြောင်းကို "Stone Barn Castle" အမည်ရှိ မှတ်တမ်း ရုပ်ရှင်တစ်ခုလည်း ရိုက်ကူးခဲ့သည်။

 

သူ၏ ရဲတိုက်ပြုပြင်မွမ်းမံမှုကို ရိုက်ကူးထားသည့် အဆိုပါ မှတ်တမ်းရုပ်ရှင်ကို Southwest ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့သည်။

ထိုရုပ်ရှင်အတွင်း အေဒရီယန် ဘရိုဒီက ဆောက်လုပ်ရေးကန်ထရိုက်တာများနှင့် တိုင်ပင်လုပ်ဆောင်ပုံ၊ ဘိလပ်မြေ မဆလာကိုင်နေပုံများအပြင် မြေအောက်ခန်းမှ ရေများကို စုပ်ထုတ်နေပုံများ ရိုက်ကူးပြသထားသည်။

ရဲတိုက်ကြီးမွမ်းမံမှု အစောပိုင်းကာလများသည် အေဒရီယန် ဘရိုဒီနှင့် ရုပ်ရှင်မင်းသမီး Pataky တို့၏ အချစ်ရေးပေါ်များစွာ မှီတည်နေသည်။

 

အေဒရီယန်တို့စုံတွဲသည် ၂၀၀၈ ခုနှစ်အတွင်း အဆိုပါရဲတိုက်ကြီးတွင် ဓာတ်ပုံများအတူတကွ ရိုက်ကူးခဲ့ကြပြီး မကြာမီတွင်ပင် သူတို့၏ အချစ်ရေးနိဂုံးချုပ်သွားခဲ့သည်။

Pataky မှာ Chris Hemsworth နှင့် ၂၀၁၀ ပြည့်နှစ်တွင် လက်ထပ်သွားသည်။

 

သူ၏ ဘဝအကြောင်း ထုတ်ဖော်ပြောကြားရန် မေးမြန်းရာတွင် အေဒရီယန် ဘရိုဒီက ပြောသည်မှာ “ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို မျှဝေရတာဟာ စိန်ခေါ်မှုတစ်ခုပဲဆိုတာ ကျွန်တော်ဝန်ခံပါတယ်။ ဒါပေမယ့် ဒီမှတ်တမ်းရုပ်ရှင်က ကျွန်တော်တို့တွေကြားက တူညီတဲ့ခံစားချက်တွေကို ဖော်ပြတယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ အိမ်ဆိုတဲ့ ခံစားချက်တစ်ခုကို လိုက်လံရှာဖွေနေကြတယ်။ ကျွန်တော်တို့အားလုံးမှာ အိပ်မက်တွေ ၊ စိတ်ကူးမျှော်လင့်ချက်တွေ ရှိကြတယ်။ ဘဝဟာ တခါတရံမှာတော့ ကျွန်တော်တို့ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာဘူး။ ဒီလိုစိတ်ကူးအိပ်မက်တွေဲမှာ ကောင်းခြင်းတွေ အများကြီးလည်း ကြုံရမှာဖြစ်သလို ကျော်လွှားရမယ့် အတားအဆီးတွေလည်း ရှိပါတယ်။ ကျွန်တော့်ဘဝမှာ ကြုံခဲ့ရသူတွေအားလုံးလည်း ချစ်စရာကောင်းကြတယ်။ ဒါကြောင့် ဒီအတွေ့အကြုံတွေကို မျှဝေရတာဟာ လှပတဲ့ ကိစ္စပါပဲ ။ ကျွန်တော့်အနေနဲ့ ဖုံးကွယ်ထားစရာ ဘာမှမရှိပါဘူး။ ဒါတွေအားလုံးဟာ ဘဝခရီးရဲ့ အစိတ်အပိုင်းတွေပါ။ ဒါတွေမပါဘဲ ကျွန်တော့်ဘဝကို ပြောပြလို့ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။

ကျောက်တုံးရဲတိုက်ကြီးကို အေဒရီယန် ဘရိုဒီ မွမ်းမံပြင်ဆင်နေသည်မှာ အပြီးသတ်ခဲ့ပြီ ဖြစ်သည်။

 

 

တစ်ခုတည်းသော ပြဿနာမှာ ရဲတိုက်ကြီးကို ဆယ်စုနှစ်တစ်ခုနီးပါး အချိန်ယူပြင်ဆင်ပြီးနောက်တွင် အမှန်တကယ် အခြေချနေထိုင်ရန် အားလပ်ချိန်ရှာဖွေနေရခြင်း ဖြစ်သည်။

အေဒရီယန် ဘရိုဒီသည် သရုပ်ဆောင်ခြင်း၊ ရုပ်ရှင်ထုတ်လုပ်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေရာ ရဲတိုက်ကြီးတွင် သွားရောက်နေထိုင်ခြင်း မပြုနိုင်သေး။ သို့သော် သူ့ဘဝအစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် ပြန်လည်ရောင်းထုတ်ရန် အစီအစဉ်လည်းမရှိကြောင်း အေဒရီယန်က ပြောသည်။

“လက်ရှိအချိန်မှာ ကျွန်တော် ငယ်ပါသေးတယ်။ ကျွန်တော့်မှာ ရည်မှန်းချက်တွေ အများကြီးရှိသေးပြီး ကျွန်တော်လုပ်ချင်တာတွေလည်း အများကြီးရှိသေးတယ်။ တရုတ်ပြည်မှာ ကျွန်တော် ရုပ်ရှင်တွေ ထုတ်လုပ်နေတယ်”

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Adrien Brody Spent 7 Years Renovating A Castle, And It Changed His Life (huffpost, gawker, wikipedia)

 

 

 

[Zawgyi]

 

The Pianist ရုပ္ရွင္ဇာတ္ကားတြင္ ဂ်ဴးလူမ်ဳိး စႏၵယားဆရာ စပစ္မန္းအျဖစ္ သရုပ္ေဆာင္ကာ ေအာ္စကာဆုရ ခဲ့သူ ေအဒရီယန္ ဘရိုဒီက ခ်စ္သူႏွင့္အတူေနရန္ ၇ ႏွစ္အခ်ိန္ယူ မြမ္းမံခဲ့ေသာ အေမရိကန္မွ ရဲတိုက္ၾကီး

 

(The Pianist ရုပ္ရွင္)

The Pianist သည္ ၂၀၀၂ ခုႏွစ္က ရုိက္ကူးထုတ္လုပ္ခဲ့ေသာ ျဖစ္ရပ္မွန္အေျခခံ ဒုတိယကမၻာစစ္ေနာက္ခံ ရုပ္ရွင္ျဖစ္ျပီး ဒါရိုက္တာ ရိုမန္ ပိုလန္စကီးက ရိုက္ကူးခဲ့ျပီး ရုပ္ရွင္မင္းသား ေအဒရီယန္ ဘရိုဒီ ပါဝင္ သရုပ္ေဆာင္ခဲ့သည္။

နာဇီတို႔၏ လူမ်ဳိးတုန္းသတ္ျဖတ္မႈမွ လြတ္ေျမာက္က်န္ရစ္သူ ပိုလန္ႏိုင္ငံသား ဂ်ဴးလူမ်ဳိး စႏၵယားဆရာ ဝလာဒီစေလာ စပစ္မန္း (Władysław Szpilman) ေရးသားခဲ့သည့္ ကိုယ္တိုင္ေရးအတၳဳပၸတၱိစာအုပ္ The Pianist (၁၉၄၆ ခုႏွစ္က ထုတ္ေဝခဲ့) ကို အေျခခံကာ ရုပ္ရွင္ရိုက္ကူးခဲ့ျခင္းျဖစ္သည္။

စႏၵယားဆရာ ဝလာဒီစေလာ စပစ္မန္း (Władysław Szpilman) သည္ ၂၀၀၀ ျပည့္ႏွစ္၊ ဇူလိုင္လ ၆ ရက္တြင္ ကြယ္လြန္ခဲ့ရာ ကြယ္လြန္ခ်ိန္တြင္ အသက္ ၈၈ ႏွစ္ရွိျပီ ျဖစ္သည္။

အဆိုပါရုပ္ရွင္ကို ျပင္သစ္၊ ျဗိတိန္၊ ဂ်ာမနီႏွင့္ ပိုလန္ႏိုင္ငံတို႔ ပူးေပါင္း ရိုက္ကူးထုတ္လုပ္ခဲ့ျခင္းျဖစ္ကာ အႏုပညာအရသာမက စီးပြားေရးအရပါ ေအာင္ျမင္ခဲ့သည္။

The Pianist ဇာတ္ကားသည္ ေအာ္စကာ ၇ ဆု ဇကာတင္စာရင္းဝင္ခဲ့ျပီး ၃ ဆုရရွိခဲ့ရာ အေကာင္းဆံုး ဇာတ္ေဆာင္မင္းသားဆု၊ အေကာင္းဆံုး မွီျငမ္းဇာတ္ညႊန္းဆုႏွင့္ အေကာင္းဆံုး ဒါရိုက္တာဆုမ်ား ရရွိခဲ့သည္။

ဂ်ဴးလူမ်ဳိး စႏၵယားဆရာ ဝလာဒီစေလာ စပစ္မန္းအျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့သူ အေမရိကန္ ရုပ္ရွင္မင္းသား ေအဒရီယန္ ဘရိုဒီမွာလည္း ထိုဇာတ္ကားျဖင့္ပင္ ကမၻာေက်ာ္ ရုပ္ရွင္မင္းသားျဖစ္ခဲ့သည့္အျပင္ အေကာင္းဆံုး ဇာတ္ေဆာင္မင္းသားအျဖစ္ ေအာ္စကာဆုပင္ ရရွိခဲ့သည္။

ထိုဇာတ္ကား၏ ရိုက္ကူးထုတ္လုပ္စရိတ္မွာ ကန္ေဒၚလာ ၃၅ သန္းရွိခဲ့ျပီး ဝင္ေငြမွာ ကန္ေဒၚလာ ၁၂၀ ဒသမ ၁ သန္း ရရွိခဲ့သည္။

၂၀၁၆ ခုႏွစ္အတြင္း BBC သတင္းဌာနက ေရြးခ်ယ္ေဖာ္ျပခဲ့ေသာ ၂၁ ရာစုအၾကီးျမတ္ဆံုး ရုပ္ရွင္ ၁၀၀ စာရင္း တြင္ The Pianist ကို ထည့္သြင္းေဖာ္ျပခဲ့သည္။

(ေအဒရီယန္ ဘရိုဒီ)

ေအဒရီယန္ နီကိုလပ္စ္ ဘရိုဒီ (Adrian Nicholas Brody) (ေမြး ၁၉၇၃) သည္ အေမရိကန္ရုပ္ရွင္မင္းသား တစ္ဦးျဖစ္ျပီး The Pianist တြင္ ပါဝင္သရုပ္ေဆာင္ခဲ့မႈျဖင့္ လူသိမ်ားသည္။ ေအဒရီယန္ ဘရိုဒီသည္ The Pianist ဇာတ္ကားျဖင့္ ေအာ္စကာဆုရခဲ့စဥ္က အသက္ ၂၉ ႏွစ္သာရွိေသးရာ အေကာင္းဆံုးဇာတ္ေဆာင္အျဖစ္ ေအာ္စကာဆုရသည့္ ရုပ္ရွင္မင္းသားမ်ားတြင္ အသက္အငယ္ဆံုးအျဖစ္ မွတ္တမ္းဝင္ခဲ့သည္။

(နယူးေယာက္ျပည္နယ္က ရဲတုိက္ၾကီး)

ေအဒရီယန္ဘရိုဒီသည္ ၂၀၀၇ ခုႏွစ္အတြင္း အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျပည္နယ္ အလယ္ပိုင္းတြင္ ေက်ာက္တံုးရဲတိုက္ၾကီးတစ္လံုးကို ဝယ္ယူခဲ့ျပီး ခ်စ္သူမိန္းကေလး (ေဟာင္း) Elsa Pataky ႏွင့္အတူ ေနထိုင္မည့္ ခ်စ္ဗိမၼာန္အျဖစ္ ရည္ရြယ္ကာ ဆယ္စုႏွစ္တစ္ခုနီးပါး အခ်ိန္ယူကာ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။ ေအဒရီယန္ဘရိုဒီက အဆိုပါရဲတုိက္ၾကီးအေၾကာင္းကို "Stone Barn Castle" အမည္ရွိ မွတ္တမ္း ရုပ္ရွင္တစ္ခုလည္း ရိုက္ကူးခဲ့သည္။

သူ၏ ရဲတုိက္ျပဳျပင္မြမ္းမံမႈကို ရိုက္ကူးထားသည့္ အဆိုပါ မွတ္တမ္းရုပ္ရွင္ကို Southwest ရုပ္ရွင္ပြဲေတာ္တြင္ ျပသခဲ့သည္။

ထိုရုပ္ရွင္အတြင္း ေအဒရီယန္ ဘရိုဒီက ေဆာက္လုပ္ေရးကန္ထရိုက္တာမ်ားႏွင့္ တိုင္ပင္လုပ္ေဆာင္ပံု၊ ဘိလပ္ေျမ မဆလာကိုင္ေနပံုမ်ားအျပင္ ေျမေအာက္ခန္းမွ ေရမ်ားကို စုပ္ထုတ္ေနပံုမ်ား ရိုက္ကူးျပသထားသည္။

ရဲတိုက္ႀကီးမြမ္းမံမႈ အေစာပိုင္းကာလမ်ားသည္ ေအဒရီယန္ ဘ႐ိုဒီႏွင့္ ႐ုပ္႐ွင္မင္းသမီး Pataky တို႔၏ အခ်စ္ေရးေပၚမ်ားစြာ မွီတည္ေနသည္။

ေအဒရီယန္တို႔စံုတြဲသည္ ၂၀၀၈ ခုႏွစ္အတြင္း အဆိုပါရဲတုိက္ၾကီးတြင္ ဓာတ္ပံုမ်ားအတူတကြ ရိုက္ကူးခဲ့ၾကျပီး မၾကာမီတြင္ပင္ သူတို႔၏ အခ်စ္ေရးနိဂံုးခ်ဳပ္သြားခဲ့သည္။

Pataky မွာ Chris Hemsworth ႏွင့္ ၂၀၁၀ ျပည့္ႏွစ္တြင္ လက္ထပ္သြားသည္။

သူ၏ ဘဝအေၾကာင္း ထုတ္ေဖာ္ေျပာၾကားရန္ ေမးျမန္းရာတြင္ ေအဒရီယန္ ဘရိုဒီက ေျပာသည္မွာ “ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြကို မွ်ေဝရတာဟာ စိန္ေခၚမႈတစ္ခုပဲဆိုတာ ကၽြန္ေတာ္ဝန္ခံပါတယ္။ ဒါေပမယ့္ ဒီမွတ္တမ္းရုပ္ရွင္က ကၽြန္ေတာ္တို႔ေတြၾကားက တူညီတဲ့ခံစားခ်က္ေတြကို ေဖာ္ျပတယ္လို႔ ယံုၾကည္ပါတယ္။ ကၽြန္ေတာ္တို႔ အားလံုးဟာ အိမ္ဆိုတဲ့ ခံစားခ်က္တစ္ခုကို လိုက္လံရွာေဖြေနၾကတယ္။ ကၽြန္ေတာ္တို႔အားလံုးမွာ အိပ္မက္ေတြ ၊ စိတ္ကူးေမွ်ာ္လင့္ခ်က္ေတြ ရွိၾကတယ္။ ဘဝဟာ တခါတရံမွာေတာ့ ကၽြန္ေတာ္တို႔ ေမွ်ာ္လင့္တဲ့အတိုင္း ျဖစ္မလာဘူး။ ဒီလိုစိတ္ကူးအိပ္မက္ေတြဲမွာ ေကာင္းျခင္းေတြ အမ်ားၾကီးလည္း ၾကံဳရမွာျဖစ္သလို ေက်ာ္လႊားရမယ့္ အတားအဆီးေတြလည္း ရွိပါတယ္။ ကၽြန္ေတာ့္ဘဝမွာ ၾကံဳခဲ့ရသူေတြအားလံုးလည္း ခ်စ္စရာေကာင္းၾကတယ္။ ဒါေၾကာင့္ ဒီအေတြ႔အၾကံဳေတြကို မွ်ေဝရတာဟာ လွပတဲ့ ကိစၥပါပဲ ။ ကၽြန္ေတာ့္အေနနဲ႔ ဖံုးကြယ္ထားစရာ ဘာမွမရွိပါဘူး။ ဒါေတြအားလံုးဟာ ဘဝခရီးရဲ႕ အစိတ္အပိုင္းေတြပါ။ ဒါေတြမပါဘဲ ကၽြန္ေတာ့္ဘဝကို ေျပာျပလို႔ မျဖစ္ႏိုင္ပါဘူး” ဟု ေျပာသည္။

ေက်ာက္တံုးရဲတိုက္ၾကီးကို ေအဒရီယန္ ဘရိုဒီ မြမ္းမံျပင္ဆင္ေနသည္မွာ အျပီးသတ္ခဲ့ျပီ ျဖစ္သည္။

တစ္ခုတည္းေသာ ျပႆနာမွာ ရဲတိုက္ၾကီးကို ဆယ္စုႏွစ္တစ္ခုနီးပါး အခ်ိန္ယူျပင္ဆင္ျပီးေနာက္တြင္ အမွန္တကယ္ အေျခခ်ေနထုိင္ရန္ အားလပ္ခ်ိန္ရွာေဖြေနရျခင္း ျဖစ္သည္။

ေအဒရီယန္ ဘရိုဒီသည္ သရုပ္ေဆာင္ျခင္း၊ ရုပ္ရွင္ထုတ္လုပ္ျခင္းတို႔ျဖင့္ အလုပ္ရႈပ္ေနရာ ရဲတိုက္ၾကီးတြင္ သြားေရာက္ေနထိုင္ျခင္း မျပဳႏိုင္ေသး။ သို႔ေသာ္ သူ႔ဘဝအစိတ္အပိုင္းတစ္ခုျဖစ္ေသာေၾကာင့္ ျပန္လည္ေရာင္းထုတ္ရန္ အစီအစဥ္လည္းမရွိေၾကာင္း ေအဒရီယန္က ေျပာသည္။

“လက္ရွိအခ်ိန္မွာ ကၽြန္ေတာ္ ငယ္ပါေသးတယ္။ ကၽြန္ေတာ့္မွာ ရည္မွန္းခ်က္ေတြ အမ်ားၾကီးရွိေသးျပီး ကၽြန္ေတာ္လုပ္ခ်င္တာေတြလည္း အမ်ားၾကီးရွိေသးတယ္။ တရုတ္ျပည္မွာ ကၽြန္ေတာ္ ရုပ္ရွင္ေတြ ထုတ္လုပ္ေနတယ္”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Adrien Brody Spent 7 Years Renovating A Castle, And It Changed His Life (huffpost, gawker, wikipedia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service