ရုရှားသမ္မတ ဗလာဒီမာပူတင်က ဟောလိဝုဒ်အက်ရှင်ကြယ်ပွင့် စတီဗင် ဆေးဂဲအား နိုင်ငံတော်မိတ်သင်္ဂဟဘွဲ့ ချီးမြှင့်သည့်အမိန့် လက်မှတ်ရေးထိုး၊ ရုရှားအစိုးရက စတီဗင်ဆေးဂဲကို မော်စကိုမြို့အနီးတွင် မြေဧက ၂၀ ခန့် ပေးထား

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဟောလိဝုဒ်အက်ရှင်ကြယ်ပွင့် စတီဗင် ဆေးဂဲအား နိုင်ငံတော်မိတ်သင်္ဂဟဘွဲ့ ချီးမြှင့်သည့်အမိန့် လက်မှတ်ရေးထိုး၊ ရုရှားအစိုးရက စတီဗင်ဆေးဂဲကို မော်စကိုမြို့အနီးတွင် မြေဧက ၂၀ ခန့် ပေးထား - Property News in Myanmar from iMyanmarHouse.com
1 Mar 2023 11:17 am တွင် တင်ခဲ့သည်
1017 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဟောလိဝုဒ် အက်ရှင်ကြယ်ပွင့် စတီဗင် ဆေးဂဲအား နိုင်ငံတော် မိတ်သင်္ဂဟဘွဲ့ (the state Order of Friendship ) ချီးမြှင့်သည့်အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက် ကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါ အမိန့်တွင် ဖော်ပြထားသည်မှာ စတီဗင်ဆေးဂဲ၏ နိုင်ငံတကာ ယဉ်ကျေးမှုနှင့် လူသားချင်းစာနာမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများတွင် သူ၏ ကြီးမားသော လုပ်ဆောင်ချက်များကြောင့် ပေးအပ်ချီးမြှင့် ရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စတီဗင် ဆေးဂဲသည် ရုရှားနိုင်ငံသို့ မကြာခဏသွားရောက်လည်ပတ်လေ့ရှိသူဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ရုရှား နိုင်ငံသားတစ်ဦး ဖြစ်လာခဲ့သည်။

(မှတ်ချက်။ စတီဗင် ဆေးဂဲသည် အမေရိကန်၊ ရုရှား၊ ဆားဘီးယား ၃ နိုင်ငံ၏ နိုင်ငံသားလက်မှတ်များ ရရှိထားသူ ဖြစ်သည်)

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စတီဗင် ဆေးဂဲကို ရုရှား ပတ်စ်ပို့တစ်ခု ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဆေးဂဲလ်သည် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အမေရိကန်နှင့် ဂျပန်ဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဦး အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။

စတီဗင် ဆေးဂဲသည် ရုရှားက ခရိုင်းမီးယားကို ကျူးကျော်မှုနှင့် ယူကရိန်းအား ကျူးကျော်တိုက်ခိုက်မှုတို့ကို ထောက်ခံသူတစ်ဦးလည်း ဖြစ်သည်။

ရုရှားသိမ်းပိုက်ထားသော Donbas ဒေသကို စတီဗင်ဆေးဂဲက ပြီးခဲ့သောနွေရာသီက အလည်အပတ်သွားခဲ့ သေးသည်။

ပြီးခဲ့သောနှစ်အတွင်း ရုရှားရုပ်မြင်သံကြားဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် စတီဗင်ဆေးဂဲက ပြောခဲ့သည်မှာ ယူကရိန်းက ရုရှားကို ခြိမ်းခြောက်မှုတစ်ရပ်ရှိနေကြောင်း ပြောခဲ့ဖူးသည်။

((စတီဗင်ဆေးဂဲကို ရုရှားအစိုးရက မြေနေရာ ပေးထား))

ရုရှားအာဏာပိုင်တို့က စတီဗင်ဆေးဂဲကို မော်စကိုမြို့အနီး Rublevka ဒေသရှိ မြေနေရာတစ်ခု ပေးခဲ့ဖူးကြောင်း newsweek မဂ္ဂဇင်းက ၂၀၂၂ ခုနှစ်အတွင်း ရေးသားဖော်ပြခဲ့ဖူးသည်။

ရုရှားသတင်းဌာနတစ်ခုဖြစ်သော Baza ၏ ဖော်ပြချက်အရ The Gorki Holding အမည်ရှိ ကုမ္ပဏီသည် မော်စကိုမြို့၊ Odintsovo ခရိုင်ရှိ မြေကွက်ကြီးတစ်ခု ရရှိခဲ့ကြောင်း၊ အဆိုပါကုမ္ပဏီသည် စတီဗင်ဆေးဂဲ ရှယ်ယာ ၂၆ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသော ကုမ္ပဏီဖြစ်ကြောင်း ဖော်ပြသည်။

မော်စကိုဒေသ အာဏာပိုင်တို့က The Gorki Holding ကုမ္ပဏီကို Odintsovo ခရိုင်တွင် မြေ ၈ ဒသမ ၂ ဟက်တာ ( ၂၀ ဧက) ပေးထားပြီး ဈေးကွက်ပေါက်ဈေးအားဖြင့် ရုရှားရူဘယ်ငွေ သန်း ၈၀၀ (ကန်ဒေါ်လာ ၁၃ ဒသမ ၆ သန်း) တန်ကြေးရှိသည်ဟု ဆိုသည်။ Baza သတင်းဌာန၏ ဖော်ပြချက်အရ The Gorki Holding ကုမ္ပဏီသည် ထိိုမြေနေရာတွင် နိုင်ငံတကာ ကိုယ်ခံပညာရပ်များ စင်တာကြီးတစ်ခု ဆောက်လုပ်ရန် ရည်ရွယ်ထားကြောင်း ဖော်ပြသည်။

စတီဗင်ဆေးဂဲ၏ ကုမ္ပဏီက ထိုမြေနေရာကို လေလံဆွဲခြင်းမပြုရဘဲ ရရှိခဲ့ခြင်း ဖြစ်သည်။

မော်စကို အာဏာပိုင်တို့က ထုတ်ပြန်သည်မှာ စတီဗင်ဆေးဂဲ၏ ကုမ္ပဏီက ဆောက်လုပ်မည့် အဆောက်အအုံ ကြီးကြောင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ကြောင်း ပြောကာ ၎င်းတို့၏ ဆုံးဖြတ်ချက် မှန်ကန်တရားမျှတကြောင်း ရှင်းချက်ထုတ်ထားသည်။

ရုရှားသမ္မတပူတင်နှင့် စတီဗင်ဆေးဂဲတို့နှစ်ဦးလုံးမှာ ကိုယ်ခံပညာရှင်များဖြစ်ကြပြီး ခင်မင်ရင်းနှီးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော မိတ်ဆွေများလည်း ဖြစ်သည်။

စတီဗင်ဆေးဂဲကို ရုရှားနိုင်ငံသားအဖြစ် လက်ခံပေးခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ရုရှားသမ္မတ ပူတင်က စတီဗင်ဆေးဂဲကို ရုရှား ပတ်စ်ပို့ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့သည့်အပြင် မော်စကိုမြို့ပြင်ရှိ သူ၏ စံအိမ်တော်တွင် လက်ခံတွေ့ဆုံခဲ့သည်။ ယူကရိန်းစစ်ပွဲ အစောပိုင်းကာလများတွင် စတီဗင်ဆေးဂဲက ပူတင်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောကြား ခဲ့ဖူးသည်။

ဗလာဒီမာပူတင်သည် ကမ္ဘာ့အကြီးမြတ်ဆုံး ခေါင်းဆောင် မဟုတ်လျှင်တောင်မှ သက်ရှိထင်ရှားရှိသည့် ကမ္ဘာ့ အကြီးမြတ်ဆုံး ခေါင်းဆောင်များတွင် တစ်ဦးအပါအဝင်ဖြစ်ကြောင်း စတီဗင်ဆေးဂဲက ပြောသည်ဟု London’s Times တွင် ဖော်ပြသည်။

 

(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က အက်ရှင်ကြယ်ပွင့် စတီဗင်ဆေးဂဲကို ရုရှားပတ်စ်ပို့ ပေးကာ လက်ဆွဲနှုတ်ဆက်နေပုံ။ ဓာတ်ပုံ- ALEXEY DRUZHININ/AFP/GETTY IMAGES)

 

စတီဗင်ဆေးဂဲ၏ ဖခင်ဘက်မှ ဘိုးဘွားများမှာ ရုရှားနိုင်ငံသား ဂျူးများဖြစ်ပြီး နောက်ပိုင်းတွင် အမေရိကန်သို့ ပြောင်းရွှေ့အခြေချခဲ့သူများ ဖြစ်သည်။

ရုရှားနိုင်ငံ Kalmykia, Tuva နှင့် Yakutia ဒေသများတွင် စတီဗင်ဆေးဂဲ၏ မျိုးရိုးဇာစ်မြစ်များရှိကြောင်း ရုရှားနိုင်ငံပိုင် သတင်းအေဂျင်စီဖြစ်သော RIA Novosti က ဖော်ပြသည်။

သမ္မတပူတင်၏ သတင်းထုတ်ပြန်ရေးအတွင်းဝန် ဒီမီထရီ ပက်စ်ကော့ဗ်က ပြောသည်မှာ စတီဗင်ဆေးဂဲသည် ရုရှားအပေါ် နွေးထွေးသည့် ခံစားချက်များရှိသူအဖြစ် သိထားကြောင်း၊ ရုရှားနိုင်ငံသားအဖြစ်ရရှိရန် တောင်းဆို ထားသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ပြောသည်။

စတီဗင် ဆေးဂဲက ၎င်းအနေဖြင့် ရုရှားနိုင်ငံသားအဖြစ်ကို မည်သည့်အခါမှ စွန့်လွှတ်သွားမည်မဟုတ်ကြောင်း ပြီးခဲ့သောနှစ်အတွင်းက ပြောထားသည်။

ရုရှားနိုင်ငံတော် မှတ်ပုံတင်ဌာန Rosreestr ၏ ထုတ်ပြန်ချက်အရ စတီဗင်ဆီးဂဲ၏ ကုမ္ပဏီသို့ ပေးခဲ့သည့် မြေကွက်သည် မူလက ကလေးများ ကင်ဆာပြန်လည်ထူထောင်ရေးစင်တာ ဆောက်လုပ်ရန် မှတ်ပုံတင်ထား ခဲ့သော နေရာဖြစ်သည်ဟု ဆိုသည်။

မော်စကို ဒေသအာဏာပိုင်များနှင့် စတီဗင်ဆေးဂဲ၏ ကုမ္ပဏီတို့အကြား တရားဝင်သဘောတူညီထားချက်အရ ၂၀၂၆ ခုနှစ်သို့ရောက်လျှင် အဆိုပါမြေနေရာ၌ ကိုယ်ခံပညာရပ်စင်တာ ၂ ထပ်အဆောက်အအုံတစ်ခု ဆောက်လုပ်သွားရန် သဘောတူထားသည်။

ပင်မ အိုက်ကီဒိုခန်းမတစ်ခုနှင့် တွဲဖက်အဆောက်အအုံများပါသည့် complex တစ်ခုအဖြစ် ဆောက်လုပ်သွား မည်ဖြစ်ကာ အားကစားလေ့ကျင့်ခန်းမတစ်ခု၊ ကွန်ဖရင့်ခန်းမနှင့် ပြပွဲခန်းမနေရာတို့ ပါဝင်မည်ဖြစ်ကြောင်း Baza သတင်းဌာနက ဖော်ပြသည်။

အဆိုပါ အဆောက်အအုံ ဆောက်လုပ်မှုတွင် အလုပ်အကိုင် ၈ မျိုး ဖန်တီးပေးနိုင်ရန် ရည်ရွယ်ထားပြီး ပျှမ်းမျှလစာမှာ အနည်းဆုံး တစ်လလျှင် ရူဘယ် ၄၉၆၀၀ ခန့် ရမည်ဟု ဆိုသည်။

မော်စကို အာဏာပိုင်တိို့နှင့် သဘောတူညီထားချက်အရ အဆောက်အအုံဆောက်လုပ်မှုအတွက် ဝန်ထမ်းခေါ် ယူရာတွင် မော်စကိုမှ Odintsovo ဒေသခံများကို ခေါ်ယူရန် သဘောတူထားသည်။

(ဆက်စပ်သတင်း)

စတီဗင်ဆေးဂဲ၏ ကျည်ကာမှန်များ တပ်ဆင်ထားသော စံအိမ်ကြီး

https://www.imyanmarhouse.com/news/read/1011255

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Vladimir Putin signs a decree honoring US actor – and Russian citizen – Steven Seagal (edition)

 

 

[Zawgyi]

ရုရွားသမၼတ ဗလာဒီမာပူတင္က ေဟာလိဝုဒ္အက္ရွင္ၾကယ္ပြင့္ စတီဗင္ ေဆးဂဲအား ႏိုင္ငံေတာ္မိတ္သဂၤဟဘြဲ႔ ခ်ီးျမွင့္သည့္အမိန္႔ လက္မွတ္ေရးထုိး၊ ရုရွားအစိုးရက စတီဗင္ေဆးဂဲကို ေမာ္စကိုျမိဳ႕အနီးတြင္ ေျမဧက ၂၀ ခန္႔ ေပးထား

ရုရွားသမၼတ ဗလာဒီမာပူတင္သည္ ေဟာလိဝုဒ္ အက္ရွင္ၾကယ္ပြင့္ စတီဗင္ ေဆးဂဲအား ႏိုင္ငံေတာ္ မိတ္သဂၤဟဘြဲ႔ (the state Order of Friendship ) ခ်ီးျမွင့္သည့္အမိန္႔တစ္ရပ္ကို လက္မွတ္ေရးထုိးလိုက္ ေၾကာင္း CNN သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

အဆိုပါ အမိန္႔တြင္ ေဖာ္ျပထားသည္မွာ စတီဗင္ေဆးဂဲ၏ ႏိုင္ငံတကာ ယဥ္ေက်းမႈႏွင့္ လူသားခ်င္းစာနာမႈ ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈက႑မ်ားတြင္ သူ၏ ၾကီးမားေသာ လုပ္ေဆာင္ခ်က္မ်ားေၾကာင့္ ေပးအပ္ခ်ီးျမွင့္ ရျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

စတီဗင္ ေဆးဂဲသည္ ရုရွားႏိုင္ငံသို႔ မၾကာခဏသြားေရာက္လည္ပတ္ေလ့ရွိသူျဖစ္ျပီး ၂၀၁၆ ခုႏွစ္တြင္ ရုရွား ႏိုင္ငံသားတစ္ဦး ျဖစ္လာခဲ့သည္။

(မွတ္ခ်က္။ စတီဗင္ ေဆးဂဲသည္ အေမရိကန္၊ ရုရွား၊ ဆားဘီးယား ၃ ႏိုင္ငံ၏ ႏိုင္ငံသားလက္မွတ္မ်ား ရရွိထားသူ ျဖစ္သည္)

ရုရွားသမၼတ ဗလာဒီမာ ပူတင္က စတီဗင္ ေဆးဂဲကို ရုရွား ပတ္စ္ပို႔တစ္ခု ကိုယ္တိုင္ကိုယ္က် ေပးအပ္ခဲ့ျခင္း ျဖစ္သည္။

ေဆးဂဲလ္သည္ ရုရွားႏိုင္ငံျခားေရးဝန္ၾကီးဌာန၏ အေမရိကန္ႏွင့္ ဂ်ပန္ဆိုင္ရာ အထူးကိုယ္စားလွယ္တစ္ဦး အျဖစ္လည္း လုပ္ကိုင္ခဲ့သည္။

စတီဗင္ ေဆးဂဲသည္ ရုရွားက ခရိုင္းမီးယားကို က်ဴးေက်ာ္မႈႏွင့္ ယူကရိန္းအား က်ဴးေက်ာ္တိုက္ခိုက္မႈတို႔ကို ေထာက္ခံသူတစ္ဦးလည္း ျဖစ္သည္။

ရုရွားသိမ္းပိုက္ထားေသာ Donbas ေဒသကို စတီဗင္ေဆးဂဲက ျပီးခဲ့ေသာေႏြရာသီက အလည္အပတ္သြားခဲ့ ေသးသည္။

ျပီးခဲ့ေသာႏွစ္အတြင္း ရုရွားရုပ္ျမင္သံၾကားဌာနႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ စတီဗင္ေဆးဂဲက ေျပာခဲ့သည္မွာ ယူကရိန္းက ရုရွားကို ျခိမ္းေျခာက္မႈတစ္ရပ္ရွိေနေၾကာင္း ေျပာခဲ့ဖူးသည္။

((စတီဗင္ေဆးဂဲကို ရုရွားအစိုးရက ေျမေနရာ ေပးထား))

ရုရွားအာဏာပိုင္တို႔က စတီဗင္ေဆးဂဲကို ေမာ္စကိုျမိဳ႕အနီး Rublevka ေဒသရွိ ေျမေနရာတစ္ခု ေပးခဲ့ဖူးေၾကာင္း newsweek မဂၢဇင္းက ၂၀၂၂ ခုႏွစ္အတြင္း ေရးသားေဖာ္ျပခဲ့ဖူးသည္။

ရုရွားသတင္းဌာနတစ္ခုျဖစ္ေသာ Baza ၏ ေဖာ္ျပခ်က္အရ The Gorki Holding အမည္ရွိ ကုမၸဏီသည္ ေမာ္စကိုျမိဳ႕၊ Odintsovo ခရိုင္ရွိ ေျမကြက္ၾကီးတစ္ခု ရရွိခဲ့ေၾကာင္း၊ အဆိုပါကုမၸဏီသည္ စတီဗင္ေဆးဂဲ ရွယ္ယာ ၂၆ ရာခိုင္ႏႈန္း ပိုင္ဆိုင္ထားေသာ ကုမၸဏီျဖစ္ေၾကာင္း ေဖာ္ျပသည္။

ေမာ္စကိုေဒသ အာဏာပိုင္တို႔က The Gorki Holding ကုမၸဏီကို Odintsovo ခရိုင္တြင္ ေျမ ၈ ဒသမ ၂ ဟက္တာ ( ၂၀ ဧက) ေပးထားျပီး ေစ်းကြက္ေပါက္ေစ်းအားျဖင့္ ရုရွားရူဘယ္ေငြ သန္း ၈၀၀ (ကန္ေဒၚလာ ၁၃ ဒသမ ၆ သန္း) တန္ေၾကးရွိသည္ဟု ဆိုသည္။ Baza သတင္းဌာန၏ ေဖာ္ျပခ်က္အရ The Gorki Holding ကုမၸဏီသည္ ထိုိေျမေနရာတြင္ ႏိုင္ငံတကာ ကိုယ္ခံပညာရပ္မ်ား စင္တာၾကီးတစ္ခု ေဆာက္လုပ္ရန္ ရည္ရြယ္ထားေၾကာင္း ေဖာ္ျပသည္။

စတီဗင္ေဆးဂဲ၏ ကုမၸဏီက ထိုေျမေနရာကို ေလလံဆြဲျခင္းမျပဳရဘဲ ရရွိခဲ့ျခင္း ျဖစ္သည္။

ေမာ္စကို အာဏာပိုင္တို႔က ထုတ္ျပန္သည္မွာ စတီဗင္ေဆးဂဲ၏ ကုမၸဏီက ေဆာက္လုပ္မည့္ အေဆာက္အအံု ၾကီးေၾကာင့္ အလုပ္အကိုင္အခြင့္အလမ္းသစ္မ်ား ဖန္တီးေပးႏိုင္ေၾကာင္း ေျပာကာ ၎တို႔၏ ဆံုးျဖတ္ခ်က္ မွန္ကန္တရားမွ်တေၾကာင္း ရွင္းခ်က္ထုတ္ထားသည္။

ရုရွားသမၼတပူတင္ႏွင့္ စတီဗင္ေဆးဂဲတို႔ႏွစ္ဦးလံုးမွာ ကိုယ္ခံပညာရွင္မ်ားျဖစ္ၾကျပီး ခင္မင္ရင္းႏွီးခဲ့သည္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ျပီျဖစ္ေသာ မိတ္ေဆြမ်ားလည္း ျဖစ္သည္။

စတီဗင္ေဆးဂဲကို ရုရွားႏိုင္ငံသားအျဖစ္ လက္ခံေပးခဲ့ျပီးေနာက္ ၂၀၁၆ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ ရုရွားသမၼတ ပူတင္က စတီဗင္ေဆးဂဲကို ရုရွား ပတ္စ္ပို႔ ကိုယ္တိုင္ကိုယ္က် ေပးအပ္ခဲ့သည့္အျပင္ ေမာ္စကိုျမိဳ႕ျပင္ရွိ သူ၏ စံအိမ္ေတာ္တြင္ လက္ခံေတြ႔ဆံုခဲ့သည္။ ယူကရိန္းစစ္ပြဲ အေစာပိုင္းကာလမ်ားတြင္ စတီဗင္ေဆးဂဲက ပူတင္ကို ေထာက္ခံေၾကာင္း ထုတ္ေဖာ္ေျပာၾကား ခဲ့ဖူးသည္။

ဗလာဒီမာပူတင္သည္ ကမၻာ့အၾကီးျမတ္ဆံုး ေခါင္းေဆာင္ မဟုတ္လွ်င္ေတာင္မွ သက္ရွိထင္ရွားရွိသည့္ ကမၻာ့ အၾကီးျမတ္ဆံုး ေခါင္းေဆာင္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ေၾကာင္း စတီဗင္ေဆးဂဲက ေျပာသည္ဟု London’s Times တြင္ ေဖာ္ျပသည္။

(၂၀၁၆ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၅ ရက္တြင္ ရုရွားသမၼတ ဗလာဒီမာပူတင္က အက္ရွင္ၾကယ္ပြင့္ စတီဗင္ေဆးဂဲကို ရုရွားပတ္စ္ပို႔ ေပးကာ လက္ဆြဲႏႈတ္ဆက္ေနပံု။ ဓာတ္ပံု- ALEXEY DRUZHININ/AFP/GETTY IMAGES)

စတီဗင္ေဆးဂဲ၏ ဖခင္ဘက္မွ ဘိုးဘြားမ်ားမွာ ရုရွားႏိုင္ငံသား ဂ်ဴးမ်ားျဖစ္ျပီး ေနာက္ပိုင္းတြင္ အေမရိကန္သို႔ ေျပာင္းေရႊ႕အေျခခ်ခဲ့သူမ်ား ျဖစ္သည္။

ရုရွားႏိုင္ငံ Kalmykia, Tuva ႏွင့္ Yakutia ေဒသမ်ားတြင္ စတီဗင္ေဆးဂဲ၏ မ်ဳိးရိုးဇာစ္ျမစ္မ်ားရွိေၾကာင္း ရုရွားႏိုင္ငံပိုင္ သတင္းေအဂ်င္စီျဖစ္ေသာ RIA Novosti က ေဖာ္ျပသည္။

သမၼတပူတင္၏ သတင္းထုတ္ျပန္ေရးအတြင္းဝန္ ဒီမီထရီ ပက္စ္ေကာ့ဗ္က ေျပာသည္မွာ စတီဗင္ေဆးဂဲသည္ ရုရွားအေပၚ ေႏြးေထြးသည့္ ခံစားခ်က္မ်ားရွိသူအျဖစ္ သိထားေၾကာင္း၊ ရုရွားႏိုင္ငံသားအျဖစ္ရရွိရန္ ေတာင္းဆို ထားသည္မွာ ၾကာျမင့္ခဲ့ျပီျဖစ္ေၾကာင္း ေျပာသည္။

စတီဗင္ ေဆးဂဲက ၎အေနျဖင့္ ရုရွားႏိုင္ငံသားအျဖစ္ကို မည္သည့္အခါမွ စြန္႔လႊတ္သြားမည္မဟုတ္ေၾကာင္း ျပီးခဲ့ေသာႏွစ္အတြင္းက ေျပာထားသည္။

ရုရွားႏိုင္ငံေတာ္ မွတ္ပံုတင္ဌာန Rosreestr ၏ ထုတ္ျပန္ခ်က္အရ စတီဗင္ဆီးဂဲ၏ ကုမၸဏီသို႔ ေပးခဲ့သည့္ ေျမကြက္သည္ မူလက ကေလးမ်ား ကင္ဆာျပန္လည္ထူေထာင္ေရးစင္တာ ေဆာက္လုပ္ရန္ မွတ္ပံုတင္ထား ခဲ့ေသာ ေနရာျဖစ္သည္ဟု ဆိုသည္။

ေမာ္စကို ေဒသအာဏာပိုင္မ်ားႏွင့္ စတီဗင္ေဆးဂဲ၏ ကုမၸဏီတို႔အၾကား တရားဝင္သေဘာတူညီထားခ်က္အရ ၂၀၂၆ ခုႏွစ္သို႔ေရာက္လွ်င္ အဆိုပါေျမေနရာ၌ ကိုယ္ခံပညာရပ္စင္တာ ၂ ထပ္အေဆာက္အအံုတစ္ခု ေဆာက္လုပ္သြားရန္ သေဘာတူထားသည္။

ပင္မ အိုက္ကီဒိုခန္းမတစ္ခုႏွင့္ တြဲဖက္အေဆာက္အအံုမ်ားပါသည့္ complex တစ္ခုအျဖစ္ ေဆာက္လုပ္သြား မည္ျဖစ္ကာ အားကစားေလ့က်င့္ခန္းမတစ္ခု၊ ကြန္ဖရင့္ခန္းမႏွင့္ ျပပြဲခန္းမေနရာတို႔ ပါဝင္မည္ျဖစ္ေၾကာင္း Baza သတင္းဌာနက ေဖာ္ျပသည္။

အဆိုပါ အေဆာက္အအံု ေဆာက္လုပ္မႈတြင္ အလုပ္အကိုင္ ၈ မ်ဳိး ဖန္တီးေပးႏိုင္ရန္ ရည္ရြယ္ထားျပီး ပွ်မ္းမွ်လစာမွာ အနည္းဆံုး တစ္လလွ်င္ ရူဘယ္ ၄၉၆၀၀ ခန္႔ ရမည္ဟု ဆိုသည္။

ေမာ္စကို အာဏာပိုင္တိုိ႔ႏွင့္ သေဘာတူညီထားခ်က္အရ အေဆာက္အအံုေဆာက္လုပ္မႈအတြက္ ဝန္ထမ္းေခၚ ယူရာတြင္ ေမာ္စကိုမွ Odintsovo ေဒသခံမ်ားကို ေခၚယူရန္ သေဘာတူထားသည္။

(ဆက္စပ္သတင္း)

စတီဗင္ေဆးဂဲ၏ က်ည္ကာမွန္မ်ား တပ္ဆင္ထားေသာ စံအိမ္ၾကီး

https://www.imyanmarhouse.com/news/read/1011255

 

 

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Vladimir Putin signs a decree honoring US actor – and Russian citizen – Steven Seagal (edition)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service