အမေရိကန်ပြည် နှင်းမုန်တိုင်းကြားမှာ ဘေးကင်းရာ ထွက်မပြေးဘဲ မိမိ၏ ဥများပေါ် ဝပ်ထားပြီး အကာအကွယ် ပေးသည့် လင်းယုန်ငှက်တစ်ကောင်၏ မိဘမေတ္တာ

အမေရိကန်ပြည် နှင်းမုန်တိုင်းကြားမှာ ဘေးကင်းရာ ထွက်မပြေးဘဲ မိမိ၏ ဥများပေါ် ဝပ်ထားပြီး အကာအကွယ် ပေးသည့် လင်းယုန်ငှက်တစ်ကောင်၏ မိဘမေတ္တာ - Property News in Myanmar from iMyanmarHouse.com
28 Feb 2023 10:27 am တွင် တင်ခဲ့သည်
1381 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု ၊ မီနီဆိုးတားပြည်နယ်တွင် လင်းယုန်ငှက်တစ်ကောင်သည် နှင်းမုန်တိုင်း တိုက်ခတ် နေသော်လည်း ဘေးကင်းရာသို့ ထွက်မပြေးဘဲ ၎င်း၏ သားဥများပေါ်ဝပ်ကာ အနွေးဓာတ်ပေးနေခဲ့ပုံ ဗွီဒီယိုမှာ နိုင်ငံတကာ သတင်းမီဒီယာများတွင် ပျံ့နှံ့ကျော်ကြားလျက်ရှိသည်။

အဆိုပါ လင်းယုန်သည် နှင်းများအောက်တွင် တစ်ကိုယ်လုံးမြုပ်နေပြီး ဦးခေါင်းတစ်လုံးသာ ပေါ်နေတော့ သည်ကို တွေ့ရသည်။

မီနီဆိုးတားပြည်နယ် သဘာဝအရင်းအမြစ်ဌာန(DNR) က ဖြန့်ကျက်ချထားသော EagleCam ကင်မရာ တစ်ခုတွင် အဆိုပါ ဖြစ်ရပ်ဗွီဒီယိုကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

EagleCam ကင်မရာများသည် လင်းယုန်ငှက်များ သားဥချသည့်ကာလကို ၂၄ နာရီပတ်လုံး ရိုက်ကူးကာ အင်တာနက်မှ Live လွှင့်ပေးနေသည့် ကင်မရာများ ဖြစ်သည်။

လင်းယုန်ငှက်များသည် ဖေဖော်ဝါရီ ၁၅ ရက်တွင် သားဥချကာလ စတင်ကာ ပထမဆုံးဥချခဲ့ကြပြီး ဖေဖော်ဝါရီ ၁၈ ရက်တွင် နောက်တစ်ကြိမ်ဥကြောင်း (DNR)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လင်းယုန်ငှက်ဖိုနှင့် ငှက်မတို့သည် သားဥကို တစ်လှည့်စီ တာဝန်ပြောင်းကာ အနွေးဓာတ်ပေးလေ့ရှိကြသည်။

ငှက်ဖိုက အစာလည်းရှာပေးရသည်။

သို့သော် အသိုက်မှ ဝေးလွန်းသည့်နေရာသို့ မည်သည့်အခါမှ သွားလေ့မရှိ။

မိမိတို့၏ ဥများအတွက် ကျရောက်လာနိုင်မည့် အန္တရာယ်များကို ကြည့်ရှုစောင့်ရှောက်မှုပေးရသည်။

နှင်းမုန်တိုင်း လာတော့မည်ကို လင်းယုန်များက ကြိုတင်သိကြကြောင်း DNR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“လင်းယုန်ငှက်အဖိုအမ နှစ်ကောင်လုံးက နှင်းမုန်တိုင်းမလာမီမှာ အသိုက်ဆောက်ဖို့ ပစ္စည်းတွေ ပိုပြီးသယ်လာ ကြတယ်။”

ယခုရက်သတ္တပတ်အတွင်း မီနီဆိုတာပြည်နယ်တွင် နှင်းထု ၁ ပေကျော် ကျဆင်းခဲ့သည်။

ပြီးခဲ့သော ကြာသပတေးနံနက်က EagleCam ကင်မရာများမှ ထုတ်လွှင့်မှုကို ကြည့်ရှုကြရာ လင်းယုန်ငှက်များ အနက်မှ တစ်ကောင်မှာ တောင်ပုံယာပုံနှင်းထုအောက်တွင် ရောက်ရှိနေသည်ကို တွေ့ခဲ့ရသည်။

အဆိုပါ လင်းယုန်သည် ထိုအနေအထားအတိုင်း မလှုပ်မရှားအတန်ကြာ ရှိနေခဲ့ပြီး သူ၏ ဥများကို အနွေးဓာတ် ပေးနေခဲ့သည်။

အတန်ကြာ မုန်တိုင်းအနည်းငယ်စဲချိန်မှ မတ်တပ်ထရပ်ကာ အတောင်ပံမှ နှင်းများကိုခါချပြီး အသိုက်အား ပြုပြင်မှု အချို့ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

ထို့နောက်တွင် တစ်ဖန်ပြန်ဝပ်နေပြန်သည်။

ယင်းနောက် ခဏအကြာတွင် အခြားလင်းယုန်တစ်ကောင် ပြန်ရောက်လာပြီး သားဥဝပ်သည့် တာဝန် အပြောင်းအလဲ ပြုလုပ်ကြသည်။

DNR ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် လူတစ်ဦးက မှတ်ချက်ပြုသည်မှာ “စိတ်ဓာတ်ခိုင်မာတဲ့ မိဘမေတ္တာမျိုးပဲ”ဟု ဝင်ရောက်မှတ်ချက်ပြုသည်။

အခြားတစ်ဦးက မှတ်ချက်ပြုသည်မှာ “သူရဲ့ကလေးတွေက ဒီကျေးဇူးတွေ သိမှာမဟုတ်ဘူးဆိုတာ လောင်းရဲ တယ်”ဟုဆိုသည်။

နှင်းထု အလွှာလိုက်အုပ်နေသည့်အောက်တွင် နေရခြင်းမှာ သားဥများကို ဘေးအန္တရာယ်မှ ကာကွယ်သည့် အပြင် နွေးထွေးမှုရစေရန် အထောက်အကူဖြစ်စေနိုင်ကြောင်း သဘာဝအရ သိနေခြင်းလည်း ဖြစ်နိုင်သည်။

“နှင်းတွေက သူတို့ဥဝပ်နေတဲ့အချိန်မှာ အခွံတစ်ခုလိုမျိုး အကာအကွယ်ပေးထားတာ ဖြစ်ပါတယ်။ အခုအချိန်မှာ တော့ သားဥတွေဟာ နူးညံ့တဲ့ သားမွေး ၊ အတောင်တွေ ၊ သစ်ရွက်တွေနဲ့ မြက်ခြောက်တွေအကြား ပိုမို နွေးထွေးစွာ ရှိနေပါပြီ။”ဟု DNR က ထုတ်ပြန်ထားသည်။

လင်းယုန်ငှက်မသည် တတိယတစ်ဥ ဆက်ဥနိုင်ကြောင်း ၊ လင်းယုန်များသည် ၂ ရက် (သို့မဟုတ်) ၃ ရက်ခြား တစ်ကြိမ် ဥဥလေ့ရှိကြောင်း DNR က ထုတ်ပြန်သည်။

EagleCam ကင်မရာများကို တပ်ဆင်အသုံးပြုခဲ့သည်မှာ ၁၀ နှစ်ခန့်ရှိပြီဖြစ်ပြီး လင်းယုန်ငှက်များ၏ သားဥချပုံ မှတ်တမ်းအားလုံးကို ရိုက်ကူးထားမည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A bald eagle refused to move and got buried under snow — with only its head poking out — to protect its eggs during a storm, video shows (insider)

[Zawgyi]

အေမရိကန္ျပည္ ႏွင္းမုန္တိုင္းၾကားမွာ ေဘးကင္းရာ ထြက္မေျပးဘဲ မိမိ၏ ဥမ်ားေပၚ ဝပ္ထားျပီး အကာအကြယ္ ေပးသည့္ လင္းယုန္ငွက္တစ္ေကာင္၏ မိဘေမတၱာ

အေမရိကန္ျပည္ေထာင္စု ၊ မီနီဆိုးတားျပည္နယ္တြင္ လင္းယုန္ငွက္တစ္ေကာင္သည္ ႏွင္းမုန္တုိင္း တိုက္ခတ္ ေနေသာ္လည္း ေဘးကင္းရာသို႔ ထြက္မေျပးဘဲ ၎၏ သားဥမ်ားေပၚဝပ္ကာ အေႏြးဓာတ္ေပးေနခဲ့ပံု ဗြီဒီယိုမွာ ႏိုင္ငံတကာ သတင္းမီဒီယာမ်ားတြင္ ပ်ံ႕ႏွ႔ံေက်ာ္ၾကားလ်က္ရွိသည္။

အဆိုပါ လင္းယုန္သည္ ႏွင္းမ်ားေအာက္တြင္ တစ္ကိုယ္လံုုးျမဳပ္ေနျပီး ဦးေခါင္းတစ္လံုးသာ ေပၚေနေတာ့ သည္ကို ေတြ႔ရသည္။

မီနီဆိုးတားျပည္နယ္ သဘာဝအရင္းအျမစ္ဌာန(DNR) က ျဖန္႔က်က္ခ်ထားေသာ EagleCam ကင္မရာ တစ္ခုတြင္ အဆိုပါ ျဖစ္ရပ္ဗြီဒီယိုကို ေတြ႔ရွိခဲ့ရျခင္း ျဖစ္သည္။

EagleCam ကင္မရာမ်ားသည္ လင္းယုန္ငွက္မ်ား သားဥခ်သည့္ကာလကို ၂၄ နာရီပတ္လံုး ရိုက္ကူးကာ အင္တာနက္မွ Live လႊင့္ေပးေနသည့္ ကင္မရာမ်ား ျဖစ္သည္။

လင္းယုန္ငွက္မ်ားသည္ ေဖေဖာ္ဝါရီ ၁၅ ရက္တြင္ သားဥခ်ကာလ စတင္ကာ ပထမဆံုးဥခ်ခဲ့ၾကျပီး ေဖေဖာ္ဝါရီ ၁၈ ရက္တြင္ ေနာက္တစ္ၾကိမ္ဥေၾကာင္း (DNR)၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

လင္းယုန္ငွက္ဖိုႏွင့္ ငွက္မတို႔သည္ သားဥကို တစ္လွည့္စီ တာဝန္ေျပာင္းကာ အေႏြးဓာတ္ေပးေလ့ရွိၾကသည္။

ငွက္ဖိုက အစာလည္းရွာေပးရသည္။

သို႔ေသာ္ အသိုက္မွ ေဝးလြန္းသည့္ေနရာသို႔ မည္သည့္အခါမွ သြားေလ့မရွိ။

မိမိတို႔၏ ဥမ်ားအတြက္ က်ေရာက္လာႏိုင္မည့္ အႏၱရာယ္မ်ားကို ၾကည့္ရႈေစာင့္ေရွာက္မႈေပးရသည္။

ႏွင္းမုန္တိုင္း လာေတာ့မည္ကို လင္းယုန္မ်ားက ၾကိဳတင္သိၾကေၾကာင္း DNR ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပ သည္။

“လင္းယုန္ငွက္အဖိုအမ ႏွစ္ေကာင္လံုးက ႏွင္းမုန္တိုင္းမလာမီမွာ အသိုက္ေဆာက္ဖို႔ ပစၥည္းေတြ ပိုျပီးသယ္လာ ၾကတယ္။”

ယခုရက္သတၱပတ္အတြင္း မီနီဆိုတာျပည္နယ္တြင္ ႏွင္းထု ၁ ေပေက်ာ္ က်ဆင္းခဲ့သည္။

ျပီးခဲ့ေသာ ၾကာသပေတးနံနက္က EagleCam ကင္မရာမ်ားမွ ထုတ္လႊင့္မႈကို ၾကည့္ရႈၾကရာ လင္းယုန္ငွက္မ်ား အနက္မွ တစ္ေကာင္မွာ ေတာင္ပံုယာပံုႏွင္းထုေအာက္တြင္ ေရာက္ရွိေနသည္ကို ေတြ႔ခဲ့ရသည္။

အဆိုပါ လင္းယုန္သည္ ထုိအေနအထားအတုိင္း မလႈပ္မရွားအတန္ၾကာ ရွိေနခဲ့ျပီး သူ၏ ဥမ်ားကို အေႏြးဓာတ္ ေပးေနခဲ့သည္။

အတန္ၾကာ မုန္တိုင္းအနည္းငယ္စဲခ်ိန္မွ မတ္တပ္ထရပ္ကာ အေတာင္ပံမွ ႏွင္းမ်ားကိုခါခ်ျပီး အသုိက္အား ျပဳျပင္မႈ အခ်ိဳ႕ျပဳလုပ္ခဲ့သည္ကို ေတြ႔ရသည္။

ထို႔ေနာက္တြင္ တစ္ဖန္ျပန္ဝပ္ေနျပန္သည္။

ယင္းေနာက္ ခဏအၾကာတြင္ အျခားလင္းယုန္တစ္ေကာင္ ျပန္ေရာက္လာျပီး သားဥဝပ္သည့္ တာဝန္ အေျပာင္းအလဲ ျပဳလုပ္ၾကသည္။

DNR ၏ ေဖ့စ္ဘုတ္စာမ်က္ႏွာတြင္ လူတစ္ဦးက မွတ္ခ်က္ျပဳသည္မွာ “စိတ္ဓာတ္ခိုင္မာတဲ့ မိဘေမတၱာမ်ဳိးပဲ”ဟု ဝင္ေရာက္မွတ္ခ်က္ျပဳသည္။

အျခားတစ္ဦးက မွတ္ခ်က္ျပဳသည္မွာ “သူရဲ႕ကေလးေတြက ဒီေက်းဇူးေတြ သိမွာမဟုတ္ဘူးဆိုတာ ေလာင္းရဲ တယ္”ဟုဆိုသည္။

ႏွင္းထု အလႊာလုိက္အုပ္ေနသည့္ေအာက္တြင္ ေနရျခင္းမွာ သားဥမ်ားကို ေဘးအႏၱရာယ္မွ ကာကြယ္သည့္ အျပင္ ေႏြးေထြးမႈရေစရန္ အေထာက္အကူျဖစ္ေစႏုိင္ေၾကာင္း သဘာဝအရ သိေနျခင္းလည္း ျဖစ္ႏိုင္သည္။

“ႏွင္းေတြက သူတို႔ဥဝပ္ေနတဲ့အခ်ိန္မွာ အခြံတစ္ခုလိုမ်ဳိး အကာအကြယ္ေပးထားတာ ျဖစ္ပါတယ္။ အခုအခ်ိန္မွာ ေတာ့ သားဥေတြဟာ ႏူးညံ့တဲ့ သားေမြး ၊ အေတာင္ေတြ ၊ သစ္ရြက္ေတြနဲ႔ ျမက္ေျခာက္ေတြအၾကား ပိုမို ေႏြးေထြးစြာ ရွိေနပါျပီ။”ဟု DNR က ထုတ္ျပန္ထားသည္။

လင္းယုန္ငွက္မသည္ တတိယတစ္ဥ ဆက္ဥႏိုင္ေၾကာင္း ၊ လင္းယုန္မ်ားသည္ ၂ ရက္ (သို႔မဟုတ္) ၃ ရက္ျခား တစ္ၾကိမ္ ဥဥေလ့ရွိေၾကာင္း DNR က ထုတ္ျပန္သည္။

EagleCam ကင္မရာမ်ားကို တပ္ဆင္အသံုးျပဳခဲ့သည္မွာ ၁၀ ႏွစ္ခန္႔ရွိျပီျဖစ္ျပီး လင္းယုန္ငွက္မ်ား၏ သားဥခ်ပံု မွတ္တမ္းအားလံုးကို ရုိက္ကူးထားမည္ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A bald eagle refused to move and got buried under snow — with only its head poking out — to protect its eggs during a storm, video shows (insider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service