Mötley Crüe ရော့ခ်အဖွဲ့ဝင် တွမ်မီနှင့် မင်္ဂလာဦးည လိင်ဆက်ဆံထားသော ဗွီဒီယိုဖိုင် ပေါက်ကြားမှုအပေါ် စိတ်ဒဏ်ရာရနေသူ ၊ ၁၂ နှစ်သမီးအရွယ်က မုဒိမ်းကျင့်ခံရဖူးသူ ပန်မလာအန်ဒါဆန်၏ လော့စ်အိန်ဂျလိ စံအိမ်

Mötley Crüe ရော့ခ်အဖွဲ့ဝင် တွမ်မီနှင့် မင်္ဂလာဦးည လိင်ဆက်ဆံထားသော ဗွီဒီယိုဖိုင် ပေါက်ကြားမှုအပေါ် စိတ်ဒဏ်ရာရနေသူ ၊ ၁၂ နှစ်သမီးအရွယ်က မုဒိမ်းကျင့်ခံရဖူးသူ ပန်မလာအန်ဒါဆန်၏ လော့စ်အိန်ဂျလိ စံအိမ် - Property News in Myanmar from iMyanmarHouse.com
26 Jan 2023 10:12 am တွင် တင်ခဲ့သည်
1229 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပန်မလာ အန်ဒါဆန်၏ အမည်ရင်းမှာ Pamela Denise Anderson ဖြစ်ပြီး ကနေဒါ-အမေရိကန် ရုပ်ရှင် မင်းသမီး၊ မော်ဒယ်တစ်ဦး ဖြစ်သည်။

ပလေးဘွိုင်းမဂ္ဂဇင်းတွင် မော်ဒယ်အဖြစ် ပါဝင်လုပ်ကိုင်ခဲ့မှု၊ Baywatch ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့မှု များဖြင့် လူသိများပြီး ရုပ်ရှင်ဇာတ်ကားများစွာတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

 

ပန်မလာအန်ဒါဆန်သည် ၆ ကြိမ်အထိ လက်ထပ်ခဲ့ရာ Tommy Lee (၁၉၉၅ လက်ထပ်- ၁၉၉၈ ကွာရှင်း)၊ Kid Rock (၂၀၀၆-၂၀၀၇) ၊ Rick Salomon (၂၀၀၇-၂၀၀၈) (၂၀၁၄-၂၀၁၅) ၊ Jon Peters (၂၀၂၀-၂၀၂၀) နှင့် Dan Hayhurst (၂၀၂၀-၂၀၂၂) တို့ ဖြစ်သည်။

 

 

((Mötley Crüe ရော့ခ်ဂီတအဖွဲ့ကြီးမှ ဒရမ်သမားဖြစ်သူ တွမ်မီလီ-Tommy Lee နှင့် ဆုံစည်းခဲ့ပုံ))

ပန်မလာ အန်ဒါဆန်သည် Mötley Crüe ရော့ခ်ဂီတအဖွဲ့ကြီးမှ ဒရမ်သမားဖြစ်သူ Tommy Lee နှင့် ဟောလိဝုဒ် ရှိ Sanctuary အမည်ရှိ ကလပ်တစ်ခုတွင် ၁၉၉၄ ခုနှစ် နှစ်သစ်ကူးအကြိုညတွင် စတင်ဆုံစည်းခဲ့ခြင်း ဖြစ်သည်။

“သူရောက်လာပြီး ကျွန်မကို ဖက်တယ်။ သူက ကျွန်မကို သဘောကျနေတယ်။ သူက မိုက်တယ်၊ ဖော်ရွေတယ်၊ လူတော်တစ်ယောက်ပဲလို့ တွေးမိတယ်။ သူ့ကို ကျွန်မဖုန်းနံပါတ်ပေးလိုက်ပါတယ်”

အထက်ပါဖြစ်ရပ်ဖြစ်ပွားအပြီး ရက်သတ္တ ၆ ပတ်ခန့်အကြာတွင် မက္ကဆီကိုနိုင်ငံမှ ပင်လယ်ကမ်းခြေများ-အပန်းဖြေစခန်းများဖြင့် နာမည်ကြီးသော Cancun မြို့သို့ ဓာတ်ပုံရိုက်ရန် ခရီးထွက်မည့် ပန်မလာ အန်ဒါဆန်နှင့်အတူ တွမ်မီလည်း လိုက်သွားခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း ၎င်းတို့နှစ်ဦး ၄ ရက်တာ ခိုးပြေးခဲ့ကြပြီး တစ်ဦးနာမည်ကို တစ်ဦးက လက်သူကြွယ် များတွင် ဆေးမင်ကြောင်ထိုးပေးခဲ့ကြသည်။

ထိုသို့ ခိုးပြေးစဉ် နှစ်ဦးလိင်ဆက်ဆံခဲ့မှုကို ဗွီဒီယိုမှတ်တမ်းရိုက်ကူးထားခဲ့ကြသည်။

 ((ဗွီဒီယိုမှတ်တမ်းခွေ ခိုးယူခံရခြင်း))

မက္ကဆီကိုမှ ပြန်လာချိန်တွင် ပန်မလာ အန်ဒါဆင်သည် လော့စ်အိန်ဂျလိမြို့ အနောက်ဘက် malibu အရပ်ရှိ တွမ်မီ၏ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

ထိုအချိန်က တွမ်မီ၏ အိမ်မှာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေဆဲအချိန်လည်း ဖြစ်သည်။ ထိုသို့ နေအိမ်မွမ်းမံမှု လာရောက်ပြုလုပ်သူများစွာကို အလုပ်ဖြစ်ကတတ်ဆန်းလုပ်သည်ဟုဆိုကာ အလုပ်ဖြုတ်ခဲ့ပြီး လုပ်ခများ မပေးခဲ့ချေ။

အလုပ်ဖြုတ်ခံခဲ့ရသူများတွင် လျှပ်စစ်ပညာရှင် ရန်း ဂိုးတီယာ (Rand Gauthier) လည်း ပါဝင်ခဲ့သည်။

တွမ်မီက ရန်း ဂိုးတီယာ၏ လုပ်အားခ ဒေါ်လာ ၂၀၀၀၀ မပေးခဲ့သောကြောင့် ဂိုးတီယာက ပန်မလာ အန်ဒါဆန်နှင့် တွမ်မီတို့ကို များစွာစိတ်ပျက်စက်ဆုပ်သွားခဲ့သည်။

ဂိုးတီယာက သူ၏ လျှပ်စစ်ကိရိယာများကျန်ရစ်ခဲ့သောကြောင့် တွမ်မီနှင့် ပန်မလာတို့စုံတွဲ၏အိမ်သို့ ပြန်သွားခဲ့သည်။

တွမ်မီက သူ့အား ပြောင်းချောသေနတ်တစ်လက်ဖြင့်ချိန်ပြီး “ငါ့အိမ်ထဲက ထွက်သွား”ဟု ပြောခဲ့ကြောင်း ဂိုးတီယာက Rolling Stone မဂ္ဂဇင်းသို့ ပြောခဲ့ဖူးသည်။

တွမ်မီ၏ လုပ်ရပ်ကို လက်စားချေသောအနေဖြင့် ဂိုးတီယာက တွမ်မီ၏ ဂိုဒေါင်အတွင်းမှ သေတ္တာတစ်လုံးကို ခိုးယူခဲ့သည်။

၁၉၉၅  ခုနှစ်တွင် တွမ်မီနှင့် ပန်မလာအန်ဒါဆန်တို့ စုံတွဲက ၎င်းတို့၏ သေတ္တာတစ်လုံး ခိုးယူခံရမှုကို ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သည်။

ရဲတပ်ဖွဲ့မှတ်တမ်းအရ ခိုးယူခံလိုက်ရသော သေတ္တာအတွင်း သေနတ်များလည်း ပါဝင်ရာ AK-47 တစ်လက်၊ FNC ချေမှုန်းရေး ရိုင်ဖယ်၊ ပွိုင့် ၄၅-၇၀ ရိုင်ဖယ်၊ Mossberg စတီးပြောင်းချောသေနတ်တစ်လက်၊ ရိုးလက်စ်နာရီ တစ်လုံး၊ ရွှေနှင့် စိန်တို့ဖြင့် ပြုလုပ်ထားသော Cartier နာရီတစ်လုံး၊ မင်္ဂလာဆောင်ကာလတွင် ပန်မလာ အန်ဒါဆန် ဝတ်ဆင်ခဲ့သော အဖြူရောင် ရေကူးဝတ်စုံတို့ ပါဝင်ပြီး အရေးအကြီးဆုံးမှာ ဟန်းနီးမွန်းကာလ အတွင်း ၎င်းတို့ဘာသာ ရိုက်ကူးထားသည့် ဗွီဒီယိုမှတ်တမ်းခွေ ပါဝင်သွားခြင်း ဖြစ်သည်။

Hi8 ဗွီဒီယိုတိပ်ခွေအမျိုးအစားဖြင့် ရိုက်ကူးခဲ့သည့် ဗွီဒီယိုမှတ်တမ်းဖြစ်ပြီး ဗွီဒီယိုတစ်ခုလုံး၏ ကြာမြင့်ချိန်မှာ ၅၄ မိနစ်ရှိပြီး ၈ မိနစ်ကြာမြင့်သည့် လိင်ဆက်ဆံမှုမှတ်တမ်းဗွီဒီယိုလည်း ပါဝင်နေသည်။

 

အဆိုပါသေတ္တာကို ရန်းဂိုးတီယာက ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလတွင် ခိုးယူခဲ့ခြင်း ဖြစ်သည်။

ဂိုးတီယာက ပြောသည်မှာ တွမ်မီတို့စုံတွဲ၏ အိမ်မှ လုံခြုံရေးစနစ်ကို ညဘက်တွင် ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ဂိုဒေါင်အတွင်းမှ အလျား ၆ ပေ၊ အနံ ၃ ပေ၊ အမြင့် ၄ ပေရှိသော သေတ္တာတစ်လုံးကို တွန်းလှည်းတစ်စီးပေါ် တင်ကာ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ထိုသေတ္တာကို ဖွင့်လိုက်ချိန်ထိ အတွင်းတွင် မည်သည့်အရာများပါသည်ကို ဂိုးတီယာ မသိခဲ့ချေ။

ဂိုးတီယာက ပြောသည်မှာ သေတ္တာအတွင်းပါဝင်လာသည်များတွင် ဗွီဒီယိုတိပ်ခွေတစ်ခုလည်းပါကြောင်း၊ အဆိုပါအခွေကို ဗွီဒီယိုပြစက်အတွင်း ထည့်ကာ ကြည့်လိုက်ချိန်တွင် တွေ့မြင်လိုက်ရသည့်အရာများကို အလွန်အံ့အားသင့်သွားခဲ့ပြီး မျက်လုံးထဲတွင် ငွေအပုံလိုက်မြင်လာမိကြောင်း ပြောသည်။

ဂိုးတီယာက ထိုဗွီဒီယိုခွေကို ညစ်ညမ်းဇာတ်ကားများ ထုတ်လုပ်သူတစ်ဦးထံ ရောင်းချခဲ့သည်။

၁၉၉၆ ခုနှစ်၊ မတ်လတွင် အဆိုပါဗွီဒီယို၏ VHS အခွေများ ပျံ့နှံ့လျက်ရှိနေပြီဖြစ်သည်။ တွမ်မီတို့စုံတွဲက အဆိုပါ ဗွီဒီယိုခွေ ကော်ပီပိုင်ဆိုင်ထားသူတိုင်းကို တရားရုံးတွင် ဒေါ်လာ ၁၀ သန်းနစ်နာကြေးရလိုမှုဖြင့် တရားမမှု စွဲဆိုခဲ့ရာ Penthouse မဂ္ဂဇင်းလည်း ပါဝင်ခဲ့သည်။

ထိုအချိန်ကာလအတွင်းတွင်ပင် ယင်းဗွီဒီယိုခွေကို ညစ်ညမ်းဝက်ဘ်ဆိုက်များသို့ ရောင်းချခြင်းခံဲ့ရပြီး အင်တာနက်ထိပ်သီး Seth Warshavsky က အွန်လိုင်းတွင် လွှင့်တင်ခဲ့သည်။

၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလတွင် တွမ်မီတို့စုံတွဲက Warshavsky ထံ မူပိုင်ခွင့် ခွင့်ပြုမှု လက်မှတ်ထိုးပေးခဲ့သည်။

 

 

(ရုပ်ရှင်ရိုက်ကူးပြီ)

 

၂၀၁၄ ခုနှစ်အတွင်း ရိုးလင်းစတုန်း မဂ္ဂဇင်းကြီးတွင် ဖော်ပြခဲ့သော “Pam and Tommy: The Untold Story of the World’s Most Infamous Sex Tape” အမည်ရှိ ဆောင်းပါးကို အခြေခံကာ Pam & Tommy အမည်ရှိ အပိုင်း ၈ ပိုင်းပါ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးကာ ၂၀၂၂ ခုနှစ်တွင် ထုတ်လွှင့်ပြသခဲ့သည်။

ပန်မလာ အန်ဒါဆန်နှင့် Motley Crue ရော့ခ်ဂီတအဖွဲ့ကြီးမှ Drummer တွမ်မီလီတို့၏ လိင်ဆက်ဆံမှုကို ရိုက်ကူးထားသော ဗွီဒီယိုခွေ ပေါက်ကြားသွားမှု ဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိကို ပြန်လည်ရိုက်ကူးထားသည့် Pam & Tommy ဇာတ်လမ်းတွဲသည် Primetime Emmy Award ဆု ၁၀ ခုအထိ ဇကာတင်စာရင်းဝင်သည်အထိ အောင်မြင်မှုရခဲ့သည်။

Pam & Tommy ဇာတ်လမ်းတွဲတွင် ပန်မလာ အန်ဒါဆန်အဖြစ် ရုပ်ရှင်မင်းသမီး Lily James ၊ တွမ်မီလီအဖြစ် Sebastian Stan က လည်းကောင်း၊ ညစ်ညမ်းခွေခိုးယူခဲ့သူ ရန်း ဂိုးတီယာအဖြစ် Seth Rogen ကလည်းကောင်း ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။

Pam & Tommy ဇာတ်လမ်းတွဲသည် မိမိအား စိတ်ဒဏ်ရာအနာကို ပြန်ဆွပေးသကဲ့သို့ဖြစ်ပြီး အသက် ၁၂ နှစ်သမီးအရွယ်က မုဒိမ်းကျင့်ခံခဲ့ရပြီး စိတ်ဒဏ်ရာရခဲ့မှုမျိုးအတိုင်း ခံစားရကြောင်း ပန်မလာ အန်ဒါဆန်က Emmy နှင့် ရွှေကမ္ဘာလုံးဆု အမည်စာရင်းတင်ပွဲအခမ်းအနားတွင် ပြောသည်။

အသက် ၅၅ နှစ်ရှိပြီဖြစ်သော ရုပ်ရှင်မင်းသမီး ပန်မလာက ပြောသည်မှာ “ကျွန်မ အဲဒီဇာတ်ကားကို မကြည့်ချင်ပါဘူး။ ဘယ်တော့မှလည်း ကြည့်လိမ့်မှာ မဟုတ်ဘူး။ သူတို့အနေနဲ့ ဒီဇာတ်ကားမရိုက်ခင် ကျွန်မဆီမှာ ခွင့်ပြုချက်တောင်းသင့်ပါတယ်” ဟု ပြောသည်။

 (Pam & Tommy ဇာတ်ကားမှာ စိတ်ဒဏ်ရာဟောင်းများ ပြန်ပေါ်လာစေကြောင်း ပန်မလာ အန်ဒါဆန်က ပြောသည်)

 (ပန်မလာအန်ဒါဆန်က Emmy နှင့် Golden Globe အမည်စာရင်းတင်ပွဲအခမ်းအနားတွင် ပြောခဲ့သည်မှာ ‘ဒီဇာတ်ကားက ကျွန်မကို ထမင်းလုံးတစ္ဆေခြောက်သလိုပါပဲ။ ကျွန်မ မနေ့ညက အိပ်လို့မရခဲ့ဘူး။’ ဓာတ်ပုံထဲတွင် တွေ့ရသည်မှာ Pam & Tommy ဇာတ်ကားထဲတွင် Lily James နှင့် Sebastian Stan တို့ ပါဝင်သရုပ်ဆောင်ထားကြပုံ)

(ပန်မလာ အန်ဒါဆန်နှင့် တွမ်မီလီတို့က ၎င်းတို့လိင်ဆက်ဆံထားပုံ ဗွီဒီယိုခွေ လက်ဝယ်ထားရှိသူတိုင်းကို ဒေါ်လာ ၁၀ သန်းရလိုမှုဖြင့် တရားစွဲထားသည်)

 (ဗွီဒီယိုဖိုင် ပေါက်ကြားမှုမှာ မိမိကို အရှက်ရစေခဲ့ကြောင်း ပန်မလာအန်ဒါဆန်က ပြောသည်)

 

((အသက် ၁၂ နှစ်အရွယ်က အဓမ္မကျင့်ခံခဲ့ရပုံ))

မုဒိမ်းကျင့်မှုကို ရင်ဆိုင်ခဲ့ရချိန်က အရှက်ရသည့် ခံစားချက်ကိုလည်း ပန်မလာ အန်ဒါဆန်က ပြောပြသည်။

ပန်မလာအန်ဒါဆန်က ပြောသည်မှာ ၁၂ နှစ်သမီးအရွယ်က သူငယ်ချင်းဖြစ်သူ ချစ်ကြိုက်နေသောသူ၏ ကွန်ဒိုခန်းတစ်ခန်းသို့ သွားခဲ့ကြောင်း၊ သူငယ်ချင်းမှာ အခန်းပိုင်ရှင်ဖြစ်သူနှင့် ကွန်ဒိုခန်းထဲမှ အပေါ်ထပ်သို့ တက်သွားခဲ့ကြောင်း၊ မိမိမှာ အောက်ထပ်တွင် အခန်းပိုင်ရှင်၏ သူငယ်ချင်းဖြစ်သူ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးနှင့် ကျန်ရစ်ခဲ့ကြောင်း ပြောပြသည်။

ယင်းနောက် သူတို့နှစ်ဦး Backgammon ကစားကြသည်။ ကစားရင်း ထိုသူကပြောသည်မှာ မိမိကိုကြည့်ရသည်မှာ အနင်းအနှိပ်ခံရန် လိုအပ်နေပုံရကြောင်းပြောပြီး မုဒိမ်းကျင့်ခဲ့သည်ဟု ဆိုသည်။

 

 

ပန်မလာ အန်ဒါဆန် လော့စ်အိန်ဂျလိမြို့၊ မာလီဘူးအရပ်မှ ကမ်းခြေစံအိမ် ဒေါ်လာ ၁၂ သန်းနီးပါးဖြင့် ရောင်းချခဲ့

 

(ပန်မလာ အန်ဒါဆန်က မာလီဘူးကမ်းခြေစံအိမ်ကို ရောင်းချလိုက်ပြီဖြစ်သည်။ ဓာတ်ပုံ -JOEL DANTO)

(ကန်ဒေါ်လာ ၁၁ ဒသမ ၈ သန်းဖြင့် လက်လွှဲလက်ပြောင်းဖြစ်ခဲ့သည်။ ဓာတ်ပုံ-JOEL DANTO FROM THE LUXURY LEVEL)

 

 

(ဧည့်ခန်းနေရာ။ ဓာတ်ပုံ-JOEL DANTO FROM THE LUXURY LEVEL)

 

 

(သဘာဝပစ္စည်းများဖြင့် ဒီဇိုင်းဖော်ထားသည်။ ဓာတ်ပုံ- JOEL DANTO FROM THE LUXURY LEVEL)

 

 

 

(စံအိမ်အတွင်း အိပ်ခန်း ၃ ခန်းပါဝင်သည်။ ဓာတ်ပုံ-JOEL DANTO FROM THE LUXURY LEVEL)

 

 

 

(အိပ်ခန်း ၁ ခန်းပါ ဧည့်ဂေဟာအိမ်လည်း ပါဝင်သည်။ ဓာတ်ပုံ-JOEL DANTO FROM THE LUXURY LEVEL)

 

 

(စံအိမ်အပြင်ဘက်တွင် ဟင်းသီးဟင်းရွက်စိုက်ခင်းတစ်ခုလည်း ရှိသည်။ ဓာတ်ပုံ-JOEL DANTO FROM THE LUXURY LEVEL)

 

 

စံအိမ်တည်နေရာမှာ လော့စ်အိန်ဂျလိမြို့မှ ကမ္ဘာကျော် အကျော်အမော်တို့ များစွာအခြေချနေထိုင်ကြရာ ၂၄ နာရီ အစောင့်အကြပ်ချထားသော ဂိတ်ဝန်းခတ် Malibu Colony တွင် တည်ရှိသည်။

 

ပန်မလာ အန်ဒါဆန်က အဆိုပါစံအိမ်ကို ကန်ဒေါ်လာ ၁၄ ဒသမ ၉ သန်းဖြင့် ဈေးခေါ်ရောင်းချခဲ့ခြင်း ဖြစ်သည်။

ပန်မလာ အန်ဒါဆန်သည် ယင်းအိမ်ကို ၂၀၀၀ ပြည့်နှစ်အတွင်း ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၁ ဒသမ ၈ သန်းသာ ပေးခဲ့ရသည်။

ယင်းနောက် ကန်ဒေါ်လာ ၈ သန်းခန့် အကုန်အကျခံကာ ၁၀ နှစ်ခန့် အချိန်ယူပြီး လက်ရှိပုံစံမျိုး ရောက်လာ စေရန် မွမ်းမံပြင်ဆင်ခဲ့ကြောင်း ပန်မလာ အန်ဒါဆန်က The Wall Street Journal သို့ ပြောသည်။

 

(ဓာတ်ပုံ- Joel Danto from The Luxury Level)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Pamela Anderson reveals the theft of her sex tape brought back the pain of being raped aged 12 - as she attacks high-profile drama series Pam & Tommy for 'retraumatising' her (dailymail, mansionglobal)

 

 

 

 

[Zawgyi]

Mötley Crüe ေရာ့ခ္အဖြဲ႔ဝင္ တြမ္မီႏွင့္ မဂၤလာဦးည လိင္ဆက္ဆံထားေသာ ဗြီဒီယိုဖိုင္ ေပါက္ၾကားမႈအေပၚ စိတ္ဒဏ္ရာရေနသူ ၊ ၁၂ ႏွစ္သမီးအရြယ္က မုဒိမ္းက်င့္ခံရဖူးသူ ပန္မလာအန္ဒါဆန္၏ ေလာ့စ္အိန္ဂ်လိ စံအိမ္

 

ပန္မလာ အန္ဒါဆန္၏ အမည္ရင္းမွာ Pamela Denise Anderson ျဖစ္ျပီး ကေနဒါ-အေမရိကန္ ရုပ္ရွင္ မင္းသမီး၊ ေမာ္ဒယ္တစ္ဦး ျဖစ္သည္။

ပေလးဘြိဳင္းမဂၢဇင္းတြင္ ေမာ္ဒယ္အျဖစ္ ပါဝင္လုပ္ကိုင္ခဲ့မႈ၊ Baywatch ရုပ္သံဇာတ္လမ္းတြဲတြင္ ပါဝင္ခဲ့မႈ မ်ားျဖင့္ လူသိမ်ားျပီး ရုပ္ရွင္ဇာတ္ကားမ်ားစြာတြင္လည္း ပါဝင္သရုပ္ေဆာင္ခဲ့သူ ျဖစ္သည္။

ပန္မလာအန္ဒါဆန္သည္ ၆ ၾကိမ္အထိ လက္ထပ္ခဲ့ရာ Tommy Lee (၁၉၉၅ လက္ထပ္- ၁၉၉၈ ကြာရွင္း)၊ Kid Rock (၂၀၀၆-၂၀၀၇) ၊ Rick Salomon (၂၀၀၇-၂၀၀၈) (၂၀၁၄-၂၀၁၅) ၊ Jon Peters (၂၀၂၀-၂၀၂၀) ႏွင့္ Dan Hayhurst (၂၀၂၀-၂၀၂၂) တို႔ ျဖစ္သည္။

((Mötley Crüe ေရာ့ခ္ဂီတအဖြဲ႔ၾကီးမွ ဒရမ္သမားျဖစ္သူ တြမ္မီလီ-Tommy Lee ႏွင့္ ဆံုစည္းခဲ့ပံု))

ပန္မလာ အန္ဒါဆန္သည္ Mötley Crüe ေရာ့ခ္ဂီတအဖြဲ႔ၾကီးမွ ဒရမ္သမားျဖစ္သူ Tommy Lee ႏွင့္ ေဟာလိဝုဒ္ ရွိ Sanctuary အမည္ရွိ ကလပ္တစ္ခုတြင္ ၁၉၉၄ ခုႏွစ္ ႏွစ္သစ္ကူးအၾကိဳညတြင္ စတင္ဆံုစည္းခဲ့ျခင္း ျဖစ္သည္။

“သူေရာက္လာျပီး ကၽြန္မကို ဖက္တယ္။ သူက ကၽြန္မကို သေဘာက်ေနတယ္။ သူက မိုက္တယ္၊ ေဖာ္ေရြတယ္၊ လူေတာ္တစ္ေယာက္ပဲလို႔ ေတြးမိတယ္။ သူ႔ကို ကၽြန္မဖုန္းနံပါတ္ေပးလိုက္ပါတယ္”

အထက္ပါျဖစ္ရပ္ျဖစ္ပြားအျပီး ရက္သတၱ ၆ ပတ္ခန္႔အၾကာတြင္ မကၠဆီကိုႏိုင္ငံမွ ပင္လယ္ကမ္းေျခမ်ား-အပန္းေျဖစခန္းမ်ားျဖင့္ နာမည္ၾကီးေသာ Cancun ျမိဳ႕သို႔ ဓာတ္ပံုရိုက္ရန္ ခရီးထြက္မည့္ ပန္မလာ အန္ဒါဆန္ႏွင့္အတူ တြမ္မီလည္း လုိက္သြားခဲ့သည္။

အဆိုပါခရီးစဥ္အတြင္း ၎တို႔ႏွစ္ဦး ၄ ရက္တာ ခိုးေျပးခဲ့ၾကျပီး တစ္ဦးနာမည္ကို တစ္ဦးက လက္သူၾကြယ္ မ်ားတြင္ ေဆးမင္ေၾကာင္ထိုးေပးခဲ့ၾကသည္။

ထိုသုိ႔ ခိုးေျပးစဥ္ ႏွစ္ဦးလိင္ဆက္ဆံခဲ့မႈကို ဗြီဒီယိုမွတ္တမ္းရိုက္ကူးထားခဲ့ၾကသည္။

((ဗြီဒီယိုမွတ္တမ္းေခြ ခိုးယူခံရျခင္း))

မကၠဆီကိုမွ ျပန္လာခ်ိန္တြင္ ပန္မလာ အန္ဒါဆင္သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕ အေနာက္ဘက္ malibu အရပ္ရွိ တြမ္မီ၏ ေနအိမ္သို႔ ေျပာင္းေရႊ႕ေနထိုင္ခဲ့သည္။

ထိုအခ်ိန္က တြမ္မီ၏ အိမ္မွာ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ေနဆဲအခ်ိန္လည္း ျဖစ္သည္။ ထိုသို႔ ေနအိမ္မြမ္းမံမႈ လာေရာက္ျပဳလုပ္သူမ်ားစြာကို အလုပ္ျဖစ္ကတတ္ဆန္းလုပ္သည္ဟုဆိုကာ အလုပ္ျဖဳတ္ခဲ့ျပီး လုပ္ခမ်ား မေပးခဲ့ေခ်။

အလုပ္ျဖဳတ္ခံခဲ့ရသူမ်ားတြင္ လွ်ပ္စစ္ပညာရွင္ ရန္း ဂိုးတီယာ (Rand Gauthier) လည္း ပါဝင္ခဲ့သည္။

တြမ္မီက ရန္း ဂိုးတီယာ၏ လုပ္အားခ ေဒၚလာ ၂၀၀၀၀ မေပးခဲ့ေသာေၾကာင့္ ဂိုးတီယာက ပန္မလာ အန္ဒါဆန္ႏွင့္ တြမ္မီတို႔ကို မ်ားစြာစိတ္ပ်က္စက္ဆုပ္သြားခဲ့သည္။

ဂိုးတီယာက သူ၏ လွ်ပ္စစ္ကိရိယာမ်ားက်န္ရစ္ခဲ့ေသာေၾကာင့္ တြမ္မီႏွင့္ ပန္မလာတို႔စံုတြဲ၏အိမ္သို႔ ျပန္သြားခဲ့သည္။

တြမ္မီက သူ႔အား ေျပာင္းေခ်ာေသနတ္တစ္လက္ျဖင့္ခ်ိန္ျပီး “ငါ့အိမ္ထဲက ထြက္သြား”ဟု ေျပာခဲ့ေၾကာင္း ဂိုးတီယာက Rolling Stone မဂၢဇင္းသို႔ ေျပာခဲ့ဖူးသည္။

တြမ္မီ၏ လုပ္ရပ္ကို လက္စားေခ်ေသာအေနျဖင့္ ဂိုးတီယာက တြမ္မီ၏ ဂိုေဒါင္အတြင္းမွ ေသတၱာတစ္လံုးကို ခိုးယူခဲ့သည္။

၁၉၉၅ ခုႏွစ္တြင္ တြမ္မီႏွင့္ ပန္မလာအန္ဒါဆန္တို႔ စံုတြဲက ၎တို႔၏ ေသတၱာတစ္လံုး ခိုးယူခံရမႈကို ရဲတပ္ဖြဲ႔သို႔ တိုင္ၾကားခဲ့သည္။

ရဲတပ္ဖြဲ႔မွတ္တမ္းအရ ခိုးယူခံလုိက္ရေသာ ေသတၱာအတြင္း ေသနတ္မ်ားလည္း ပါဝင္ရာ AK-47 တစ္လက္၊ FNC ေခ်မႈန္းေရး ရိုင္ဖယ္၊ ပြိဳင့္ ၄၅-၇၀ ရိုင္ဖယ္၊ Mossberg စတီးေျပာင္းေခ်ာေသနတ္တစ္လက္၊ ရိုးလက္စ္နာရီ တစ္လံုး၊ ေရႊႏွင့္ စိန္တို႔ျဖင့္ ျပဳလုပ္ထားေသာ Cartier နာရီတစ္လံုး၊ မဂၤလာေဆာင္ကာလတြင္ ပန္မလာ အန္ဒါဆန္ ဝတ္ဆင္ခဲ့ေသာ အျဖဴေရာင္ ေရကူးဝတ္စံုတို႔ ပါဝင္ျပီး အေရးအၾကီးဆံုးမွာ ဟန္းနီးမြန္းကာလ အတြင္း ၎တို႔ဘာသာ ရိုက္ကူးထားသည့္ ဗြီဒီယိုမွတ္တမ္းေခြ ပါဝင္သြားျခင္း ျဖစ္သည္။

Hi8 ဗြီဒီယိုတိပ္ေခြအမ်ဳိးအစားျဖင့္ ရိုက္ကူးခဲ့သည့္ ဗြီဒီယိုမွတ္တမ္းျဖစ္ျပီး ဗြီဒီယိုတစ္ခုလံုး၏ ၾကာျမင့္ခ်ိန္မွာ ၅၄ မိနစ္ရွိျပီး ၈ မိနစ္ၾကာျမင့္သည့္ လိင္ဆက္ဆံမႈမွတ္တမ္းဗြီဒီယိုလည္း ပါဝင္ေနသည္။

အဆိုပါေသတၱာကို ရန္း ဂိုးတီယာက ၁၉၉၅ ခုႏွစ္၊ ေအာက္တိုဘာလတြင္ ခိုးယူခဲ့ျခင္း ျဖစ္သည္။

ဂိုးတီယာက ေျပာသည္မွာ တြမ္မီတို႔စံုတြဲ၏ အိမ္မွ လံုျခံဳေရးစနစ္ကို ညဘက္တြင္ ထိုးေဖာက္ဝင္ေရာက္ခဲ့ျပီး ဂိုေဒါင္အတြင္းမွ အလ်ား ၆ ေပ၊ အနံ ၃ ေပ၊ အျမင့္ ၄ ေပရွိေသာ ေသတၱာတစ္လံုးကို တြန္းလွည္းတစ္စီးေပၚ တင္ကာ ခိုးယူခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။

ထိုေသတၱာကို ဖြင့္လိုက္ခ်ိန္ထိ အတြင္းတြင္ မည္သည့္အရာမ်ားပါသည္ကို ဂိုးတီယာ မသိခဲ့ေခ်။

ဂိုးတီယာက ေျပာသည္မွာ ေသတၱာအတြင္းပါဝင္လာသည္မ်ားတြင္ ဗြီဒီယိုတိပ္ေခြတစ္ခုလည္းပါေၾကာင္း၊ အဆိုပါအေခြကို ဗြီဒီယိုျပစက္အတြင္း ထည့္ကာ ၾကည့္လိုက္ခ်ိန္တြင္ ေတြ႔ျမင္လိုက္ရသည့္အရာမ်ားကို အလြန္အံ့အားသင့္သြားခဲ့ျပီး မ်က္လံုးထဲတြင္ ေငြအပံုလိုက္ျမင္လာမိေၾကာင္း ေျပာသည္။

ဂိုးတီယာက ထိုဗြီဒီယိုေခြကို ညစ္ညမ္းဇာတ္ကားမ်ား ထုတ္လုပ္သူတစ္ဦးထံ ေရာင္းခ်ခဲ့သည္။

၁၉၉၆ ခုႏွစ္၊ မတ္လတြင္ အဆိုပါဗြီဒီယို၏ VHS အေခြမ်ား ပ်ံ႕ႏွံ႔လ်က္ရွိေနျပီျဖစ္သည္။ တြမ္မီတို႔စံုတြဲက အဆိုပါ ဗြီဒီယိုေခြ ေကာ္ပီပိုင္ဆိုင္ထားသူတိုင္းကို တရားရံုးတြင္ ေဒၚလာ ၁၀ သန္းနစ္နာေၾကးရလိုမႈျဖင့္ တရားမမႈ စြဲဆိုခဲ့ရာ Penthouse မဂၢဇင္းလည္း ပါဝင္ခဲ့သည္။

ထိုအခ်ိန္ကာလအတြင္းတြင္ပင္ ယင္းဗြီဒီယိုေခြကို ညစ္ညမ္းဝက္ဘ္ဆိုက္မ်ားသို႔ ေရာင္းခ်ျခင္းခံဲ့ရျပီး အင္တာနက္ထိပ္သီး Seth Warshavsky က အြန္လိုင္းတြင္ လႊင့္တင္ခဲ့သည္။

၁၉၉၇ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ တြမ္မီတို႔စံုတြဲက Warshavsky ထံ မူပိုင္ခြင့္ ခြင့္ျပဳမႈ လက္မွတ္ထိုးေပးခဲ့သည္။

(ရုပ္ရွင္ရိုက္ကူးျပီိ)

၂၀၁၄ ခုႏွစ္အတြင္း ရိုးလင္းစတုန္း မဂၢဇင္းၾကီးတြင္ ေဖာ္ျပခဲ့ေသာ “Pam and Tommy: The Untold Story of the World’s Most Infamous Sex Tape” အမည္ရွိ ေဆာင္းပါးကို အေျခခံကာ Pam & Tommy အမည္ရွိ အပိုင္း ၈ ပိုင္းပါ ရုပ္သံဇာတ္လမ္းတြဲ ရိုက္ကူးကာ ၂၀၂၂ ခုႏွစ္တြင္ ထုတ္လႊင့္ျပသခဲ့သည္။

ပန္မလာ အန္ဒါဆန္ႏွင့္ Motley Crue ေရာ့ခ္ဂီတအဖြဲ႔ၾကီးမွ Drummer တြမ္မီလီတို႔၏ လိင္ဆက္ဆံမႈကို ရိုက္ကူးထားေသာ ဗြီဒီယိုေခြ ေပါက္ၾကားသြားမႈ ျဖစ္ရပ္မွန္ အတၳဳပၸတၱိကို ျပန္လည္ရိုက္ကူးထားသည့္ Pam & Tommy ဇာတ္လမ္းတြဲသည္ Primetime Emmy Award ဆု ၁၀ ခုအထိ ဇကာတင္စာရင္းဝင္သည္အထိ ေအာင္ျမင္မႈရခဲ့သည္။

Pam & Tommy ဇာတ္လမ္းတြဲတြင္ ပန္မလာ အန္ဒါဆန္အျဖစ္ ရုပ္ရွင္မင္းသမီး Lily James ၊ တြမ္မီလီအျဖစ္ Sebastian Stan က လည္းေကာင္း၊ ညစ္ညမ္းေခြခိုးယူခဲ့သူ ရန္း ဂိုးတီယာအျဖစ္ Seth Rogen ကလည္းေကာင္း ပါဝင္သရုပ္ေဆာင္ခဲ့ၾကသည္။

Pam & Tommy ဇာတ္လမ္းတြဲသည္ မိမိအား စိတ္ဒဏ္ရာအနာကို ျပန္ဆြေပးသကဲ့သို႔ျဖစ္ျပီး အသက္ ၁၂ ႏွစ္သမီးအရြယ္က မုဒိမ္းက်င့္ခံခဲ့ရျပီး စိတ္ဒဏ္ရာရခဲ့မႈမ်ဳိးအတိုင္း ခံစားရေၾကာင္း ပန္မလာ အန္ဒါဆန္က Emmy ႏွင့္ ေရႊကမၻာလံုးဆု အမည္စာရင္းတင္ပြဲအခမ္းအနားတြင္ ေျပာသည္။

အသက္ ၅၅ ႏွစ္ရွိျပီျဖစ္ေသာ ရုပ္ရွင္မင္းသမီး ပန္မလာက ေျပာသည္မွာ “ကၽြန္မ အဲဒီဇာတ္ကားကို မၾကည့္ခ်င္ပါဘူး။ ဘယ္ေတာ့မွလည္း ၾကည့္လိမ့္မွာ မဟုတ္ဘူး။ သူတို႔အေနနဲ႔ ဒီဇာတ္ကားမရိုက္ခင္ ကၽြန္မဆီမွာ ခြင့္ျပဳခ်က္ေတာင္းသင့္ပါတယ္” ဟု ေျပာသည္။

(Pam & Tommy ဇာတ္ကားမွာ စိတ္ဒဏ္ရာေဟာင္းမ်ား ျပန္ေပၚလာေစေၾကာင္း ပန္မလာ အန္ဒါဆန္က ေျပာသည္)

(ပန္မလာအန္ဒါဆန္က Emmy ႏွင့္ Golden Globe အမည္စာရင္းတင္ပြဲအခမ္းအနားတြင္ ေျပာခဲ့သည္မွာ ‘ဒီဇာတ္ကားက ကၽြန္မကို ထမင္းလံုးတေစၦေျခာက္သလိုပါပဲ။ ကၽြန္မ မေန႔ညက အိပ္လို႔မရခဲ့ဘူး။’ ဓာတ္ပံုထဲတြင္ ေတြ႔ရသည္မွာ Pam & Tommy ဇာတ္ကားထဲတြင္ Lily James ႏွင့္ Sebastian Stan တုိ႔ ပါဝင္သရုပ္ေဆာင္ထားၾကပံု)

(ပန္မလာ အန္ဒါဆန္ႏွင့္ တြမ္မီလီတို႔က ၎တို႔လိင္ဆက္ဆံထားပံု ဗီြဒီယိုေခြ လက္ဝယ္ထားရွိသူတိုင္းကို ေဒၚလာ ၁၀ သန္းရလိုမႈျဖင့္ တရားစြဲထားသည္)

(ဗြီဒီယိုဖိုင္ ေပါက္ၾကားမႈမွာ မိမိကို အရွက္ရေစခဲ့ေၾကာင္း ပန္မလာအန္ဒါဆန္က ေျပာသည္)

((အသက္ ၁၂ ႏွစ္အရြယ္က အဓမၼက်င့္ခံခဲ့ရပံု))

မုဒိမ္းက်င့္မႈကို ရင္ဆိုင္ခဲ့ရခ်ိန္က အရွက္ရသည့္ ခံစားခ်က္ကိုလည္း ပန္မလာ အန္ဒါဆန္က ေျပာျပသည္။

ပန္မလာအန္ဒါဆန္က ေျပာသည္မွာ ၁၂ ႏွစ္သမီးအရြယ္က သူငယ္ခ်င္းျဖစ္သူ ခ်စ္ၾကိဳက္ေနေသာသူ၏ ကြန္ဒိုခန္းတစ္ခန္းသို႔ သြားခဲ့ေၾကာင္း၊ သူငယ္ခ်င္းမွာ အခန္းပိုင္ရွင္ျဖစ္သူႏွင့္ ကြန္ဒိုခန္းထဲမွ အေပၚထပ္သို႔ တက္သြားခဲ့ေၾကာင္း၊ မိမိမွာ ေအာက္ထပ္တြင္ အခန္းပိုင္ရွင္၏ သူငယ္ခ်င္းျဖစ္သူ အသက္ ၂၅ ႏွစ္အရြယ္ လူငယ္တစ္ဦးႏွင့္ က်န္ရစ္ခဲ့ေၾကာင္း ေျပာျပသည္။

ယင္းေနာက္ သူတို႔ႏွစ္ဦး Backgammon ကစားၾကသည္။ ကစားရင္း ထိုသူကေျပာသည္မွာ မိမိကိုၾကည့္ရသည္မွာ အနင္းအႏွိပ္ခံရန္ လိုအပ္ေနပံုရေၾကာင္းေျပာျပီး မုဒိမ္းက်င့္ခဲ့သည္ဟု ဆိုသည္။

((ပန္မလာ အန္ဒါဆန္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ မာလီဘူးအရပ္မွ ကမ္းေျခစံအိမ္ ေဒၚလာ ၁၂ သန္းနီးပါးျဖင့္ ေရာင္းခ်ခဲ့))

(ပန္မလာ အန္ဒါဆန္က မာလီဘူးကမ္းေျခစံအိမ္ကို ေရာင္းခ်လိုက္ျပီျဖစ္သည္။ ဓာတ္ပံု -JOEL DANTO)

(ကန္ေဒၚလာ ၁၁ ဒသမ ၈ သန္းျဖင့္ လက္လႊဲလက္ေျပာင္းျဖစ္ခဲ့သည္။ ဓာတ္ပံု-JOEL DANTO FROM THE LUXURY LEVEL)

(ဧည့္ခန္းေနရာ။ ဓာတ္ပံု-JOEL DANTO FROM THE LUXURY LEVEL)

(သဘာဝပစၥည္းမ်ားျဖင့္ ဒီဇိုင္းေဖာ္ထားသည္။ ဓာတ္ပံု- JOEL DANTO FROM THE LUXURY LEVEL)

(စံအိမ္အတြင္း အိပ္ခန္း ၃ ခန္းပါဝင္သည္။ ဓာတ္ပံု-JOEL DANTO FROM THE LUXURY LEVEL)

(အိပ္ခန္း ၁ ခန္းပါ ဧည့္ေဂဟာအိမ္လည္း ပါဝင္သည္။ ဓာတ္ပံု-JOEL DANTO FROM THE LUXURY LEVEL)

(စံအိမ္အျပင္ဘက္တြင္ ဟင္းသီးဟင္းရြက္စိုက္ခင္းတစ္ခုလည္း ရွိသည္။ ဓာတ္ပံု-JOEL DANTO FROM THE LUXURY LEVEL)

 

စံအိမ္တည္ေနရာမွာ ေလာ့စ္အိန္ဂ်လိျမိဳ႕မွ ကမၻာေက်ာ္ အေက်ာ္အေမာ္တို႔ မ်ားစြာအေျခခ်ေနထုိင္ၾကရာ ၂၄ နာရီ အေစာင့္အၾကပ္ခ်ထားေသာ ဂိတ္ဝန္းခတ္ Malibu Colony တြင္ တည္ရွိသည္။

ပန္မလာ အန္ဒါဆန္က အဆိုပါစံအိမ္ကို ကန္ေဒၚလာ ၁၄ ဒသမ ၉ သန္းျဖင့္ ေစ်းေခၚေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။

ပန္မလာ အန္ဒါဆန္သည္ ယင္းအိမ္ကို ၂၀၀၀ ျပည့္ႏွစ္အတြင္း ဝယ္ယူခဲ့ရာတြင္ ကန္ေဒၚလာ ၁ ဒသမ ၈ သန္းသာ ေပးခဲ့ရသည္။

ယင္းေနာက္ ကန္ေဒၚလာ ၈ သန္းခန္႔ အကုန္အက်ခံကာ ၁၀ ႏွစ္ခန္႔ အခ်ိန္ယူျပီး လက္ရွိပံုစံမ်ဳိး ေရာက္လာ ေစရန္ မြမ္းမံျပင္ဆင္ခဲ့ေၾကာင္း ပန္မလာ အန္ဒါဆန္က The Wall Street Journal သို႔ ေျပာသည္။

(ဓာတ္ပံု- Joel Danto from The Luxury Level)

 

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Pamela Anderson reveals the theft of her sex tape brought back the pain of being raped aged 12 - as she attacks high-profile drama series Pam & Tommy for 'retraumatising' her (dailymail, mansionglobal)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
thukha-garden-residence
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service