သေမင်းနက်နှင့် ပိုဗေးဂလီယာ (သို့မဟုတ်) လူပေါင်း ၁၆၀,၀၀၀ ကျော် သေဆုံးခဲ့ကာ လူသေများကို မီးရှို့ထားသည့်ပြာများ တစ်ကျွန်းလုံးဖုံးလွှမ်းနေသော ကမ္ဘာ့သရဲအခြောက်ဆုံးကျွန်း

သေမင်းနက်နှင့် ပိုဗေးဂလီယာ (သို့မဟုတ်) လူပေါင်း ၁၆၀,၀၀၀ ကျော် သေဆုံးခဲ့ကာ လူသေများကို မီးရှို့ထားသည့်ပြာများ တစ်ကျွန်းလုံးဖုံးလွှမ်းနေသော ကမ္ဘာ့သရဲအခြောက်ဆုံးကျွန်း - Property News in Myanmar from iMyanmarHouse.com
24 Jan 2023 10:36 am တွင် တင်ခဲ့သည်
2090 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်ကာလက ကွာရန်တင်းဝင်ရသည်မှာ စိတ်ပျက်ဖွယ်ကောင်းသည်ဟု ထင်ခဲ့ကြမည် ဖြစ်သည်။

ဤဆောင်းပါးတွင် အီတလီနိုင်ငံ၌ ပလိပ်ရောဂါကပ်ဘေးကြီးဆိုက်စဉ်က ရောဂါရှိသည်ဟု သံသယရှိသူများကို သီးခြားထားရှိရန်အသုံးပြုခဲ့သော ကမ္ဘာ့သရဲအခြောက်ဆုံးကျွန်းကြီးတစ်ခုအကြောင်း ဖော်ပြသွားမည် ဖြစ်ပါသည်။

အီတလီနိုင်ငံ၊ ဗင်းနစ်နှင့် လီဒိုမြို့များ၏ ကမ်းလွန်တွင် ပိုဗေးဂလီယာ (Poveglia) အမည်ရှိ ကျွန်းတစ်ကျွန်းရှိပြီး ခြောက်ခြားဖွယ် အတိတ်အဖြစ်အပျက်များကြောင့် တစ္ဆေကျွန်းဟု လည်း အမည်ပေးထားကြသည်။

ဒေသခံတို့၏ ပြောကြားချက်များအရ ထိုခေတ်က သေမင်းနက်ဟုခေါ်သော ပလိပ်ရောဂါ၏ လက္ခဏာ အရိပ်အယောင်မျှပြသည်နှင့် ထိုသူကို ကန်ကျောက်ဆဲဆိုအော်ငေါက်ကာ ယခုကျွန်းသို့ ဆွဲခေါ်ပို့ဆောင်လေ့ ရှိသည်ဟု ဆိုသည်။

၇ ဟက်တာခန့်ကျယ်ဝန်းသော မြေနေရာကို ပလိပ်ရောဂါဖြင့်သေဆုံးသူများ အစုလိုက်မြေမြှုပ်သည့်နေရာ အဖြစ် အသုံးပြုခဲ့သည်။ ရောဂါပျံ့ပွားမှုတားဆီးရန်အတွက် ရောဂါကြောင့်သေဆုံးသူပေါင်း ၁၆၀၀၀၀ ခန့်ကို မီးရှို့ခဲ့သည်ဟု ဆိုသည်။

ကျွန်း၏ မြေဆီလွှာမှ ၅၀ ရာခိုင်နှုန်းကျော်မှာ လူတို့၏ပြာများဖြစ်ကြောင်း ပြောကြသည်။

ဗြိတိန်စူးစမ်းလေ့လာသူများဖြစ်သည့် Matt Nadin (၄၀ နှစ်) နှင့် Andy Thompson (၅၄ နှစ်) တို့သည် မကြာသေးမီက ထိုကျွန်းသို့ သွားရောက်လည်ပတ်လေ့လာခဲ့ရာ ဆယ်စုနှစ်များစွာ လူသူမပေါက်ရောက်ခဲ့ဘဲ ရှိနေခြင်း တွေ့ရပုံကို ဗွီဒီယိုမှတ်တမ်းရိုက်ကူးခဲ့ကြသည်။

 

(ဗင်းနစ်မြို့ကမ်းလွန်ရှိ ပိုဗေးဂလီယာကျွန်းသို့ သွားရောက်လည်ပတ်မည်ဆိုပါက သင်နှင့် တစ္ဆေများသာ ထိုနေရာတွင် ရှိပါလိမ့်မည်။ ဓာတ်ပုံ-Caters)

ဓာတ်ပုံများတွင် စိတ်ရောဂါကုဆေးရုံဟောင်းတစ်ခုလည်းတွေ့ရပြီး အဆိုပါဆေးရုံတွင် ၁၉၂၀ ပြည့်လွန်ကာလများက ဦးနှောက်ရှေ့ပိုင်းဖုကို ဖြတ်ထုတ်ခြင်းဖြင့် စိတ်ရောဂါခွဲစိတ်ကုသနည်းအပါအဝင် ရက်စက်ကြမ်းကြုတ်သော စမ်းသပ်မှုများစွာ ပြုလုပ်ခဲ့သည်ဟု သတင်းများရှိသည်။

သွက်သွက်ခါ ရူးသွပ်သွားသော ဆရာဝန်တစ်ဦးသည် ဆေးရုံရှိ ခေါင်းလောင်းမျှော်စင်ကြီးပေါ်မှ ခုန်ချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ဖူးသည်။

ဓာတ်ပုံများအတွင်း ယိုယွင်းပျက်စီးနေသော စွန့်ပစ်ခံအဆောက်အအုံများ၊ အစုလိုက်အပြုံလိုက် မြေမြှုပ်သင်္ဂြီုဟ်ခဲ့ရာ နေရာတစ်ခု၊ ကုတင်ဟောင်းများ၊ ရေချိုးခန်းများကို တွေ့ရသည်။

ထို့အပြင် လူသေအလောင်းများကို မီးသဂြိုဟ်ရန် အသုံးပြုခဲ့သည်ဟု ယူဆရသော ကြီးမားသည့် ပုံးကြီးများ များစွာလည်း ရှိသည်။

 

Matt Nadin သည် အင်္ဂလန်နိုင်ငံ တောင်ယော့ခ်ရှိုင်းယားခရိုင်၊ ရှက်ဖီးမြို့မှ အရောင်းသမားတစ်ဦးဖြစ်ပြီး ပိုဗေးဂလီယာကျွန်းအား ရိုက်ကူးခဲ့သည့် ဗွီဒီယိုဖိုင်ကို သူ၏ YouTube ချန်နယ်ဖြစ်သော Finders Beepers History Seekers တွင် လွှင့်တင်ခဲ့သည်။

သူ၏ YouTube ချန်နယ်တွင် စွန့်ပစ်ထားသောနေရာများနှင့် သမိုင်းဝင်နေရာများကို ကြည့်ရှုနိုင်မည် ဖြစ်သည်။

Matt Nadin က ပိုဗေးဂလီယာကျွန်းမှာ အမှန်တကယ် ခြောက်ခြားဖွယ်ကောင်းကြောင်း ပြောသည်။

“ဒီကျွန်းမှာက အတိတ်ရဲ့ အမည်းစက်တွေ အများကြီးရှိနေတယ်။ လူတွေအများကြီးသေဆုံးခဲ့တဲ့ ငရဲဘုံတစ်ခုပါပဲ။ ဒီနေရာကို ရောက်လာရင် ခြောက်ခြားမှုကို တကယ်ခံစားကြရမှာ ဖြစ်ပါတယ်”

“ကျွန်းပေါ်မှာ သန့်ရှင်း ရှင်းလင်းမှုတွေလည်း တခါမှမလုပ်ခဲ့ကြပါဘူး။ အလောင်းတွေကို မီးရှို့ပြီး ဒီတိုင်းထားခဲ့ကြတာဖြစ်ပါတယ်”

“နောက်ပိုင်းမှာ စိတ္တဇဆေးရုံ တစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီးတဲ့နောက် လူတွေကို လက်တွေ့စမ်းသပ်ချက်တွေမှာ အသုံးပြုလာခဲ့ကြတယ်။ ဒါက တကယ့်ကို ခြောက်ခြားစရာ လုပ်ရပ်ပါပဲ။”

 

“ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ လူတစ်ယောက်မှ မရှိဘဲ ခေါင်းလောင်းစင်ကနေ ခေါင်းလောင်းထိုးသံ ကြားရပါတယ်။ ဒါက အတော်ကျောချမ်းဖို့ကောင်းပြီး ကျွန်တော် တော်တော်မျက်လုံးပြူးသွားတယ်။ နိမိတ်တစ်ခုခု ပြသလိုမျိုးပါပဲ။”

“ဒီနေရာကြီးဟာ ထူးခြားထိတ်လန့်စရာ ၊ ကျောချမ်းစရာကောင်းပေမယ့် တစ်ချိန်တုန်းက လှပတဲ့ အဆောက်အအုံကြီးတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ ကြွေပြားတွေနဲ့ အမိုးခုံးစင်္ကြန်လမ်းတွေကို ကြည့်ပြီး ပြောလို့ရပါတယ်။”

“နှစ်ပေါင်းများစွာ ကာလအတွင်း ဒီနေရာကို ဘယ်သူမှ ခြေမချခဲ့ဘူးဆိုတာ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာက မှုတ်ဆေးတွေနဲ့ လက်ဆော့ပုံဆွဲစာရေးထားတာမျိုး (ဒါမှမဟုတ်) လူသူရောက်ခဲ့ဖူးတဲ့ ခြေရာလက်ရာတစ်ခုခုမျိုး မတွေ့ရပါဘူး။ သဘာဝအလျောက် ယိုယွင်းပျက်စီးနေတာမျိုးပဲ ရှိတယ်။ ဒီနေရာကြီးတစ်ခုလုံးဟာ ရာသီဥတုရဲ့တိုက်စားမှု ခံထားရပြီး ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ တကယ့် သရဲကားထဲက လိုပါပဲ။”

 

 

(ပိုဗေးဂလီယာကျွန်းကို တစ္ဆေကျွန်းဟုလည်း ခေါ်ကြသည်။ ဓာတ်ပုံ- Caters News Agency )

 

(ဗြိတိန်စူးစမ်းလေ့လာသူများဖြစ်သည့် Matt Nadin (၄၀ နှစ်) နှင့် Andy Thompson (၅၄ နှစ်) တို့သည် မကြာသေးမီက ထိုကျွန်းသို့ သွားရောက်လည်ပတ်လေ့လာခဲ့ရာ ဆယ်စုနှစ်များစွာ လူသူမပေါက်ရောက်ခဲ့ဘဲ ရှိနေခြင်း တွေ့ရပုံကို ဗွီဒီယိုမှတ်တမ်းရိုက်ကူးခဲ့ကြသည်။ ဓာတ်ပုံ- Caters News Agency )

 

 

(Matt Nadin သည် အင်္ဂလန်နိုင်ငံ တောင်ယော့ခ်ရှိုင်းယားခရိုင်၊ ရှက်ဖီးမြို့မှ အရောင်းသမားတစ်ဦးဖြစ်ပြီး ပိုဗေးဂလီယာကျွန်းအား ရိုက်ကူးခဲ့သည့် ဗွီဒီယိုဖိုင်ကို သူ၏ YouTube ချန်နယ်ဖြစ်သော Finders Beepers History Seekers တွင် လွှင့်တင်ခဲ့သည်။ ဓာတ်ပုံ- Caters News Agency)

 

(လူသေအလောင်းများကို မီးသဂြိုဟ်ရန် အသုံးပြုခဲ့သည်ဟု ယူဆရသော ကြီးမားသည့် ပုံးကြီးများ များစွာလည်း ရှိသည်။ ဓာတ်ပုံ- Caters News Agency)

 

(ပလိပ်ရောဂါ ကပ်ဘေးကာလအတွင်း ရောဂါလက္ခဏာပြသူများမှာ ဤကျွန်းသို့ ပို့ဆောင်ခြင်းခံကြရသည်။ ဓာတ်ပုံ- Caters News Agency)

 

(၁၈ ဧကခန့် ကျယ်ဝန်းသော မြေနေရာကို ပလိပ်ရောဂါဖြင့်သေဆုံးသူများ အစုလိုက်မြေမြှုပ်သည့်နေရာ အဖြစ် အသုံးပြုခဲ့သည်။ရောဂါပျံ့ပွားမှုတားဆီးရန်အတွက် ရောဂါကြောင့်သေဆုံးသူပေါင်း ၁၆၀,၀၀၀ ခန့်ကို မီးရှို့ခဲ့သည်ဟု ဆိုသည်။ ဓာတ်ပုံ- Caters News Agency)

 

(သွက်သွက်ခါ ရူးသွပ်သွားသော ဆရာဝန်တစ်ဦးသည် ဆေးရုံရှိ ခေါင်းလောင်းမျှော်စင်ကြီးပေါ်မှ ခုန်ချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ဖူးသည်။ ဓာတ်ပုံ- Caters News Agency)

 

 

(စိတ်ရောဂါကုဆေးရုံဟောင်းတစ်ခုလည်းတွေ့ရပြီး အဆိုပါဆေးရုံတွင် ၁၉၂၀ ပြည့်လွန်ကာလများက ဦးနှောက်ရှေ့ပိုင်းဖုကို ဖြတ်ထုတ်ခြင်းဖြင့် စိတ်ရောဂါခွဲစိတ်ကုသနည်းအပါအဝင် ရက်စက်ကြမ်းကြုတ်သော စမ်းသပ်မှုများစွာ ပြုလုပ်ခဲ့သည်ဟု သတင်းများရှိသည်။ ဓာတ်ပုံ- Caters News Agency)

 

(ကျွန်း၏ မြေဆီလွှာမှ ၅၀ ရာခိုင်နှုန်းကျော်မှာ လူတို့၏ပြာများဖြစ်ကြောင်း ပြောကြသည်။ ဓာတ်ပုံ- Caters News Agency)

 

(ကျွန်းကြီးတစ်ခုလုံးကို စွန့်ပစ်ထားသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဓာတ်ပုံ- Caters News Agency)

 

(တစ်ချိန်က လှပသော အဆောက်အအုံကြီးတစ်ခု ဖြစ်ခဲ့သည်ဆိုခြင်းကို ကြွေပြားများနှင့် အမိုးခုံး စင်္ကြန်လမ်းများကို ကြည့်ကာ ပြောနိုင်ကြောင်း Matt က ပြောသည်။ ဓာတ်ပုံ- Caters News Agency)

 

 

(၎င်းတို့နှစ်ဦး ရောက်ရှိချိန်တွင် ခေါင်းလောင်းထိုးသံကြားခဲ့ရသည်ဟု ဆိုသည်။ ဓာတ်ပုံ- Caters News Agency)

 

 

(နှစ်ပေါင်းများစွာ ကာလအတွင်း ဒီနေရာကို ဘယ်သူမှ ခြေမချခဲ့ဘူးဆိုတာ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာက မှုတ်ဆေးတွေနဲ့ လက်ဆော့ပုံဆွဲစာရေးထားတာမျိုး (ဒါမှမဟုတ်) လူသူရောက်ခဲ့ဖူးတဲ့ ခြေရာလက်ရာတစ်ခုခုမျိုး မတွေ့ရပါဘူး။ သဘာဝအလျောက် ယိုယွင်းပျက်စီးနေတာမျိုးပဲ ရှိပါတယ်…ဟု Matt က ပြောသည်)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Poveglia Island, Italy: Inside world’s most haunted island (news.com, thesun)

 

 

 

[Zawgyi]

ေသမင္းနက္ႏွင့္ ပိုေဗးဂလီယာ (သို႔မဟုတ္) လူေပါင္း ၁၆၀,၀၀၀ ေက်ာ္ ေသဆံုးခဲ့ကာ လူေသမ်ားကို မီးရိႈ႕ထားသည့္ျပာမ်ား တစ္ကၽြန္းလံုးဖံုးလႊမ္းေနေသာ ကမၻာ့သရဲအေျခာက္ဆံုးကၽြန္း

 

ကိုရိုနာဗိုင္းရပ္စ္ကာလက ကြာရန္တင္းဝင္ရသည္မွာ စိတ္ပ်က္ဖြယ္ေကာင္းသည္ဟု ထင္ခဲ့ၾကမည္ ျဖစ္သည္။

ဤေဆာင္းပါးတြင္ အီတလီႏိုင္ငံ၌ ပလိပ္ေရာဂါကပ္ေဘးၾကီးဆိုက္စဥ္က ေရာဂါရွိသည္ဟု သံသယရွိသူမ်ားကို သီးျခားထားရွိရန္အသံုးျပဳခဲ့ေသာ ကမၻာ့သရဲအေျခာက္ဆံုးကၽြန္းၾကီးတစ္ခုအေၾကာင္း ေဖာ္ျပသြားမည္ ျဖစ္ပါသည္။

အီတလီႏိုင္ငံ၊ ဗင္းနစ္ႏွင့္ လီဒိုျမိဳ႕မ်ား၏ ကမ္းလြန္တြင္ ပိုေဗးဂလီယာ (Poveglia) အမည္ရွိ ကၽြန္းတစ္ကၽြန္းရွိျပီး ေျခာက္ျခားဖြယ္ အတိတ္အျဖစ္အပ်က္မ်ားေၾကာင့္ တေစၦကၽြန္းဟု လည္း အမည္ေပးထားၾကသည္။

ေဒသခံတို႔၏ ေျပာၾကားခ်က္မ်ားအရ ထိုေခတ္က ေသမင္းနက္ဟုေခၚေသာ ပလိပ္ေရာဂါ၏ လကၡဏာ အရိပ္အေယာင္မွ်ျပသည္ႏွင့္ ထိုသူကို ကန္ေက်ာက္ဆဲဆိုေအာ္ေငါက္ကာ ယခုကၽြန္းသို႔ ဆြဲေခၚပို႔ေဆာင္ေလ့ ရွိသည္ဟု ဆိုသည္။

၇ ဟက္တာခန္႔က်ယ္ဝန္းေသာ ေျမေနရာကို ပလိပ္ေရာဂါျဖင့္ေသဆံုးသူမ်ား အစုလိုက္ေျမျမွဳပ္သည့္ေနရာ အျဖစ္ အသံုးျပဳခဲ့သည္။ ေရာဂါပ်ံ႕ပြားမႈတားဆီးရန္အတြက္ ေရာဂါေၾကာင့္ေသဆံုးသူေပါင္း ၁၆၀၀၀၀ ခန္႔ကို မီးရႈိ႕ခဲ့သည္ဟု ဆိုသည္။

ကၽြန္း၏ ေျမဆီလႊာမွ ၅၀ ရာခိုင္ႏႈန္းေက်ာ္မွာ လူတို႔၏ျပာမ်ားျဖစ္ေၾကာင္း ေျပာၾကသည္။

ျဗိတိန္စူးစမ္းေလ့လာသူမ်ားျဖစ္သည့္ Matt Nadin (၄၀ ႏွစ္) ႏွင့္ Andy Thompson (၅၄ ႏွစ္) တို႔သည္ မၾကာေသးမီက ထိုကၽြန္းသို႔ သြားေရာက္လည္ပတ္ေလ့လာခဲ့ရာ ဆယ္စုႏွစ္မ်ားစြာ လူသူမေပါက္ေရာက္ခဲ့ဘဲ ရွိေနျခင္း ေတြ႔ရပံုကို ဗြီဒီယိုမွတ္တမ္းရိုက္ကူးခဲ့ၾကသည္။

(ဗင္းနစ္ျမိဳ႕ကမ္းလြန္ရွိ ပိုေဗးဂလီယာကၽြန္းသို႔ သြားေရာက္လည္ပတ္မည္ဆိုပါက သင္ႏွင့္ တေစၦမ်ားသာ ထိုေနရာတြင္ ရွိပါလိမ့္မည္။ ဓာတ္ပံု-Caters)

ဓာတ္ပံုမ်ားတြင္ စိတ္ေရာဂါကုေဆးရံုေဟာင္းတစ္ခုလည္းေတြ႔ရျပီး အဆိုပါေဆးရံုတြင္ ၁၉၂၀ ျပည့္လြန္ကာလမ်ားက ဦးေႏွာက္ေရွ႕ပိုင္းဖုကို ျဖတ္ထုတ္ျခင္းျဖင့္ စိတ္ေရာဂါခြဲစိတ္ကုသနည္းအပါအဝင္ ရက္စက္ၾကမ္းၾကဳတ္ေသာ စမ္းသပ္မႈမ်ားစြာ ျပဳလုပ္ခဲ့သည္ဟု သတင္းမ်ားရွိသည္။

သြက္သြက္ခါ ရူးသြပ္သြားေသာ ဆရာဝန္တစ္ဦးသည္ ေဆးရံုရွိ ေခါင္းေလာင္းေမွ်ာ္စင္ၾကီးေပၚမွ ခုန္ခ်ကာ မိမိကိုယ္ကိုယ္ အဆံုးစီရင္သြားခဲ့ဖူးသည္။

ဓာတ္ပံုမ်ားအတြင္း ယိုယြင္းပ်က္စီးေနေသာ စြန္႔ပစ္ခံအေဆာက္အအံုမ်ား၊ အစုလိုက္အျပဳံလိုက္ ေျမျမွဳပ္သျဂၤ ီဳဟ္ခဲ့ရာ ေနရာတစ္ခု၊ ကုတင္ေဟာင္းမ်ား၊ ေရခ်ဳိးခန္းမ်ားကို ေတြ႔ရသည္။

ထို႔အျပင္ လူေသအေလာင္းမ်ားကို မီးသျဂိဳဟ္ရန္ အသံုးျပဳခဲ့သည္ဟု ယူဆရေသာ ၾကီးမားသည့္ ပံုးၾကီးမ်ား မ်ားစြာလည္း ရွိသည္။

Matt Nadin သည္ အဂၤလန္ႏိုင္ငံ ေတာင္ေယာ့ခ္ရႈိင္းယားခရိုင္၊ ရွက္ဖီးျမိဳ႕မွ အေရာင္းသမားတစ္ဦးျဖစ္ျပီး ပိုေဗးဂလီယာကၽြန္းအား ရိုက္ကူးခဲ့သည့္ ဗြီဒီယိုဖိုင္ကို သူ၏ YouTube ခ်န္နယ္ျဖစ္ေသာ Finders Beepers History Seekers တြင္ လႊင့္တင္ခဲ့သည္။

သူ၏ YouTube ခ်န္နယ္တြင္ စြန္႔ပစ္ထားေသာေနရာမ်ားႏွင့္ သမိုင္းဝင္ေနရာမ်ားကို ၾကည့္ရႈႏိုင္မည္ ျဖစ္သည္။

Matt Nadin က ပိုေဗးဂလီယာကၽြန္းမွာ အမွန္တကယ္ ေျခာက္ျခားဖြယ္ေကာင္းေၾကာင္း ေျပာသည္။

“ဒီကၽြန္းမွာက အတိတ္ရဲ႕ အမည္းစက္ေတြ အမ်ားၾကီးရွိေနတယ္။ လူေတြအမ်ားၾကီးေသဆံုးခဲ့တဲ့ ငရဲဘံုတစ္ခုပါပဲ။ ဒီေနရာကို ေရာက္လာရင္ ေျခာက္ျခားမႈကို တကယ္ခံစားၾကရမွာ ျဖစ္ပါတယ္”

“ကၽြန္းေပၚမွာ သန္႔ရွင္း ရွင္းလင္းမႈေတြလည္း တခါမွမလုပ္ခ့ဲၾကပါဘူး။ အေလာင္းေတြကို မီးရႈိ႕ျပီး ဒီတိုင္းထားခဲ့ၾကတာျဖစ္ပါတယ္”

“ေနာက္ပိုင္းမွာ စိတၱဇေဆးရံု တစ္ခုအျဖစ္ ေျပာင္းလဲခဲ့ျပီးတဲ့ေနာက္ လူေတြကုိ လက္ေတြ႔စမ္းသပ္ခ်က္ေတြမွာ အသံုးျပဳလာခဲ့ၾကတယ္။ ဒါက တကယ့္ကို ေျခာက္ျခားစရာ လုပ္ရပ္ပါပဲ။”

“ကၽြန္ေတာ္တို႔ ေရာက္သြားတဲ့အခ်ိန္မွာ လူတစ္ေယာက္မွ မရွိဘဲ ေခါင္းေလာင္းစင္ကေန ေခါင္းေလာင္းထိုးသံ ၾကားရပါတယ္။ ဒါက အေတာ္ေက်ာခ်မ္းဖို႔ေကာင္းျပီး ကၽြန္ေတာ္ ေတာ္ေတာ္မ်က္လံုးျပဴးသြားတယ္။ နိမိတ္တစ္ခုခု ျပသလိုမ်ဳိးပါပဲ။”

“ဒီေနရာၾကီးဟာ ထူးျခားထိတ္လန္႔စရာ ၊ ေက်ာခ်မ္းစရာေကာင္းေပမယ့္ တစ္ခ်ိန္တုန္းက လွပတဲ့ အေဆာက္အအံုၾကီးတစ္ခု ျဖစ္ခဲ့တယ္ဆိုတာ ေၾကြျပားေတြနဲ႔ အမိုးခံုးစၾကၤန္လမ္းေတြကို ၾကည့္ျပီး ေျပာလို႔ရပါတယ္။”

“ႏွစ္ေပါင္းမ်ားစြာ ကာလအတြင္း ဒီေနရာကို ဘယ္သူမွ ေျခမခ်ခဲ့ဘူးဆိုတာ ေျပာလို႔ရတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီမွာက မႈတ္ေဆးေတြနဲ႔ လက္ေဆာ့ပံုဆြဲစာေရးထားတာမ်ဳိး (ဒါမွမဟုတ္) လူသူေရာက္ခဲ့ဖူးတဲ့ ေျခရာလက္ရာတစ္ခုခုမ်ဳိး မေတြ႔ရပါဘူး။ သဘာဝအေလ်ာက္ ယိုယြင္းပ်က္စီးေနတာမ်ဳိးပဲ ရွိတယ္။ ဒီေနရာၾကီးတစ္ခုလံုးဟာ ရာသီဥတုရဲ႕တိုက္စားမႈ ခံထားရျပီး ျခံဳႏြယ္ပိတ္ေပါင္းေတြနဲ႔ တကယ့္ သရဲကားထဲက လိုပါပဲ။”

 

 

(ပိုေဗးဂလီယာကၽြန္းကို တေစၦကၽြန္းဟုလည္း ေခၚၾကသည္။ ဓာတ္ပံု- Caters News Agency )

(ျဗိတိန္စူးစမ္းေလ့လာသူမ်ားျဖစ္သည့္ Matt Nadin (၄၀ ႏွစ္) ႏွင့္ Andy Thompson (၅၄ ႏွစ္) တို႔သည္ မၾကာေသးမီက ထိုကၽြန္းသို႔ သြားေရာက္လည္ပတ္ေလ့လာခဲ့ရာ ဆယ္စုႏွစ္မ်ားစြာ လူသူမေပါက္ေရာက္ခဲ့ဘဲ ရွိေနျခင္း ေတြ႔ရပံုကို ဗြီဒီယိုမွတ္တမ္းရိုက္ကူးခဲ့ၾကသည္။ ဓာတ္ပံု- Caters News Agency )

(Matt Nadin သည္ အဂၤလန္ႏိုင္ငံ ေတာင္ေယာ့ခ္ရႈိင္းယားခရိုင္၊ ရွက္ဖီးျမိဳ႕မွ အေရာင္းသမားတစ္ဦးျဖစ္ျပီး ပိုေဗးဂလီယာကၽြန္းအား ရိုက္ကူးခဲ့သည့္ ဗြီဒီယိုဖိုင္ကို သူ၏ YouTube ခ်န္နယ္ျဖစ္ေသာ Finders Beepers History Seekers တြင္ လႊင့္တင္ခဲ့သည္။ ဓာတ္ပံု- Caters News Agency)

(လူေသအေလာင္းမ်ားကို မီးသျဂိဳဟ္ရန္ အသံုးျပဳခဲ့သည္ဟု ယူဆရေသာ ၾကီးမားသည့္ ပံုးၾကီးမ်ား မ်ားစြာလည္း ရွိသည္။ ဓာတ္ပံု- Caters News Agency)

(ပလိပ္ေရာဂါ ကပ္ေဘးကာလအတြင္း ေရာဂါလကၡဏာျပသူမ်ားမွာ ဤကၽြန္းသို႔ ပို႔ေဆာင္ျခင္းခံၾကရသည္။ ဓာတ္ပံု- Caters News Agency)

(၁၈ ဧကခန္႔ က်ယ္ဝန္းေသာ ေျမေနရာကို ပလိပ္ေရာဂါျဖင့္ေသဆံုးသူမ်ား အစုလိုက္ေျမျမွဳပ္သည့္ေနရာ အျဖစ္ အသံုးျပဳခဲ့သည္။ေရာဂါပ်ံ႕ပြားမႈတားဆီးရန္အတြက္ ေရာဂါေၾကာင့္ေသဆံုးသူေပါင္း ၁၆၀,၀၀၀ ခန္႔ကို မီးရႈိ႕ခဲ့သည္ဟု ဆိုသည္။ ဓာတ္ပံု- Caters News Agency)

(သြက္သြက္ခါ ရူးသြပ္သြားေသာ ဆရာဝန္တစ္ဦးသည္ ေဆးရံုရွိ ေခါင္းေလာင္းေမွ်ာ္စင္ၾကီးေပၚမွ ခုန္ခ်ကာ မိမိကိုယ္ကိုယ္ အဆံုးစီရင္သြားခဲ့ဖူးသည္။ ဓာတ္ပံု- Caters News Agency)

(စိတ္ေရာဂါကုေဆးရံုေဟာင္းတစ္ခုလည္းေတြ႔ရျပီး အဆိုပါေဆးရံုတြင္ ၁၉၂၀ ျပည့္လြန္ကာလမ်ားက ဦးေႏွာက္ေရွ႕ပိုင္းဖုကို ျဖတ္ထုတ္ျခင္းျဖင့္ စိတ္ေရာဂါခြဲစိတ္ကုသနည္းအပါအဝင္ ရက္စက္ၾကမ္းၾကဳတ္ေသာ စမ္းသပ္မႈမ်ားစြာ ျပဳလုပ္ခဲ့သည္ဟု သတင္းမ်ားရွိသည္။ ဓာတ္ပံု- Caters News Agency)

(ကၽြန္း၏ ေျမဆီလႊာမွ ၅၀ ရာခိုင္ႏႈန္းေက်ာ္မွာ လူတို႔၏ျပာမ်ားျဖစ္ေၾကာင္း ေျပာၾကသည္။ ဓာတ္ပံု- Caters News Agency)

(ကၽြန္းၾကီးတစ္ခုလံုးကို စြန္႔ပစ္ထားသည္မွာ ဆယ္စုႏွစ္မ်ားစြာ ၾကာျမင့္ခဲ့ျပီ ျဖစ္သည္။ ဓာတ္ပံု- Caters News Agency)

(တစ္ခ်ိန္က လွပေသာ အေဆာက္အအံုၾကီးတစ္ခု ျဖစ္ခဲ့သည္ဆိုျခင္းကို ေၾကြျပားမ်ားႏွင့္ အမိုးခံုး စၾကၤန္လမ္းမ်ားကို ၾကည့္ကာ ေျပာႏိုင္ေၾကာင္း Matt က ေျပာသည္။ ဓာတ္ပံု- Caters News Agency)

(၎တို႔ႏွစ္ဦး ေရာက္ရွိခ်ိန္တြင္ ေခါင္းေလာင္းထုိးသံၾကားခဲ့ရသည္ဟု ဆိုသည္။ ဓာတ္ပံု- Caters News Agency)

(ႏွစ္ေပါင္းမ်ားစြာ ကာလအတြင္း ဒီေနရာကို ဘယ္သူမွ ေျခမခ်ခဲ့ဘူးဆိုတာ ေျပာလို႔ရတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီမွာက မႈတ္ေဆးေတြနဲ႔ လက္ေဆာ့ပံုဆြဲစာေရးထားတာမ်ဳိး (ဒါမွမဟုတ္) လူသူေရာက္ခဲ့ဖူးတဲ့ ေျခရာလက္ရာတစ္ခုခုမ်ဳိး မေတြ႔ရပါဘူး။ သဘာဝအေလ်ာက္ ယိုယြင္းပ်က္စီးေနတာမ်ဳိးပဲ ရွိပါတယ္…ဟု Matt က ေျပာသည္)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Poveglia Island, Italy: Inside world’s most haunted island (news.com, thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service