“ခက်ခဲခြင်းမှလွတ်မြောက်ပါစေ”ဆိုတဲ့ Steven Zaw Gyi
“ခက်ခဲခြင်းမှလွတ်မြောက်ပါစေ”ဆိုတဲ့ Steven Zaw Gyi - Property Knowledge in Myanmar from iMyanmarHouse.com
29 Dec 2022 2:47 pm တွင် တင်ခဲ့သည်
1157 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
အချို့သော ဘဝအခြေအနေတွေက နူရာဝဲစွဲ၊လဲရာကူထောင်း၊ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုတဲ့ စကားတွေကို ယူသုံးရမလိုပါဘဲ။ ဖြည့်ပေးလို့ မပြည့်နိုင်တဲ့ ဘဝတွေဆိုပေမယ့် နိုင်သလောက်တော့ ဖြည့်ပေးနေတာကိုက စာနာနားလည်တတ်ချင်းရှိတဲ့ လူသားတို့ရဲ့ စိတ်ဓာတ်ကောင်းလေးများဖြစ်လို့ အလွန်ကိုပဲ ချစ်ဖို့ကောင်းလှပါတယ်။
တချို့က “ကိုယ့်ထမင်းကိုယ်စားပြီး ရှုပ်ရှုပ်ယှက်ယှက်ကွာ’’ လို့ စာနာစွာကူညီနေသူတွေကို ပြောရက်ကြပါသေးတယ်။
သူကကိုယ့်ထမင်းကို ရှာစားနေသလို သူတစ်ပါးအတွက်လည်း ကျွေးမွေးနိုင်အောင် သူတတ်စွမ်းနိုင်သလောက် ကြိုးစားနေတာကိုလည်းတွေ့ရပါတယ်။ သူက သူ့အထွာနဲ့သူ ထင်ပေါ်ပြီးသားပါ။ဒါကိုမြင်တဲ့ ကျွန်တော်က သူ့အကြောင်းကို တလေးတစား မှတ်တမ်းတင်ချင်လာမိတယ်။တကယ်တော့ သူ့အကြောင်းကို လူတိုင်းက သိနေပြီးကြပါပြီ။
အာဟာရဒါန အလှူတွေကို သူနေ့စဉ်ပေးလှူနေတာကို သူ့ရဲ့လူမှုကွန်ရက်မှာတွေ့နေရတယ်။ဒီတစ်ခါ သူတင် လိုက်တဲ့ အလှူဒါနပို့စ်တစ်ခုကတော့ ရင်ထဲမှာထိခိုက်ရတယ်။မျက်ရည်စို့မိတယ်။ရင်နင့်နင့်နဲ့လည်း သာဓုခေါ်ရင်း ပြန်လည်မျှဝေ လိုစိတ်လေးလည်း ဖြစ်ခဲ့ရပါတယ်။ကျွန်တော်က စာပေအားလေးတစ်ခုအဖြစ်နဲ့ ဝင်ပြီးထမ်းလိုက်ခြင်းပါ။ ရွှေရေးပန်းကန်တက်တယ်လို့လည်း မထင်စေလိုပါ။
သူ့နာမည်က Steven Zaw Gyi ပါ သူတင်လိုက်တဲ့ပို့စ်က “ခက်ခဲမိသားစုထဲက သမီးလေး။ဟိုတရက်က မုန့်ဖိုးပေးတော့ မယူချင်ဘူး။သမီးချမ်းလို့ ခြုံစောင်လေးပဲ လိုချင်တယ်ပြောရှာတော့ ကျနော်ပုံတင်လိုက်မိ တယ်။ အဲဒီပို့စ်ကို တွေ့ရှိကြတဲ့ အမိအဖများမှ ကိုယ်ချင်းစာတရားဖြင့် မျှဝေခဲ့ကြပါတယ်ဗျ။ဒီနေ့ပဲ ခလေးလေး မိသားစုဆီ ရရှိမျှဝေငွေ ၅၃၂၀၀၀ မိသားစုခြုံစောင်တစ်ထည် မိသားစုအိပ်ခြင်ထောင်အကြီးတလုံးကို မျှဝေပေးခဲ့ပါပြီ မျှဝေသူအားလုံးကို ခလေးလေးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ။ခက်ခဲခြင်းမှ လွတ်မြောက်ကြပါစေ။မုဒိတာပွါးရန် ရည်ရွယ်ပါသည်။” တဲ့။
Steven Zaw Gyi တင်လိုက်တဲ့ ပို့စ်က မြင်ရသူရင်ထဲ အလွန်ပဲထိခိုက်လှပါတယ်။အမိုးလည်းမပါ အကာလည်း မရှိ။ မလုံခြုံတဲ့ ဒီလိုလူ့အသိုက်အမြုံလေးတစ်ခုကိုတွေ့လိုက်ရပါတယ်။
အခုလိုအခြေအနေမှာ ဒီလိုအသိုက်အမြုံတွေက နိုင်ငံအနှံ့ ဘယ်လောက်တောင် များနေလိုက်မလဲလို့လည်း ထပ်ဆင့်တွေးမိပါတယ်။
ပိန်မသာ လိမ်မသာ ဘဝတွေမို့ ငွေကြေးမတတ်နိုင်တဲ့ ကိုယ့်အနေနဲ့လည်း လှူချင်ကြတဲ့ သူတွေကို လှူဒါန်းလိုစိတ်နဲ့ ပါဝင်လှူဒါန်းခွင့်လေးတွေ ရနိုင်ကြစေဖို့ ထပ်ကွန့်လိုက်ရခြင်းပါ။ မသိသေးသူတွေ ပိုပြီးသိလာပြီး နိုင်ငံအနှံ့ ကိုယ်ထက်ဘဝဆိုးနေကြတဲ့သူတွေကို အားဖြည့်လှူဒါန်းပေးနိုင်ကြစေဖို့ရည်ရွယ် အားဖြည့်လိုက်ရပါတယ်။အားလေးတစ်ခုအဖြစ် ရရှိပါစေ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit to Photo - Steven Zaw Gyi
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
Central Shop House
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service