ငတ်မွတ်ခြင်းတွေပြေပါစေ

ငတ်မွတ်ခြင်းတွေပြေပါစေ - Property Knowledge in Myanmar from iMyanmarHouse.com
16 Dec 2022 1:49 pm တွင် တင်ခဲ့သည်
576 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

စေတနာဆိုတာက နေရာရွေးနေစရာမလိုပါဘူး။နေရာတိုင်းမှာ ထားတတ်ရပါတယ်။ဘယ်သူကတော့ ဘာမို့လို့ ဟိုလူကတော့ ဒါမို့လို့ဆိုပြီး အယုတ်အလတ်အမြတ် ရွေးနေစရာမလိုပါဘူး။စေတနာကို သန့်သန့်လေး ထားလိုက်ခြင်းဟာသာ ပီတိပိုပြီး ဖြစ်ရပါတယ်။

ငတ်မွတ်ခြင်းတွေနဲ့ စောင့်မျှော်နေသူတွေဆိုတာ လိုအပ်လို့သာ စောင့်နေကြတာပါ။ဟိုလူလာနိုး ဒီလူလာနိုးနဲ့ လာခဲခြင်းတွေက အလာကျဲလိုက်တာလို့ပဲ ညည်းနေရတဲ့ဘဝတွေပါ။

ငတ်မွတ်ခြင်းတွေကြောင့် အားပြတ်ယုတ်လျော့နေကြပြီ။ဒုက္ခသုက္ခတွေ ရောဂါဘယတွေကလည်း အားပြတ်ယုတ်လျော့ခြင်းနောက်မှာ ပူးဝင်နှောင့်ယှက်လာကြပြီ။ပေးကြကမ်းကြ လှူကြတန်းကြပါလို့တောင် အသံတို့ မထွက်နိုင်လောက်အောင်ပင် အားအင်တို့ယုတ်လျော့ ကုန်ကြပြီ။

တိုက်တာအဆောက်အအုံကောင်းတွေ များတဲ့နေရာမှာ အဲဒီလိုအဆောက်အအုံတွေပဲ ထပ်ပြီးများလာတာကို တွေ့ရသလိုပါပဲ မီးရောင်မှိန်မှိန် တဲသေးသိမ်လေးတွေရှိတဲ့နေရာကို တူရာတွေ လာစုတတ်ပါတယ်။ဂျိုကုတ်ရှိရာ ဂျိုထောင်မလာ၊ဂျိုထောင်ရှိရာ ဂျိုကုတ်မလာဆိုတဲ့စကားက ဒီနေရမှာလည်း အကြုံးဝင်နေသလိုပါပဲလား။

ဒီတော့သူဌေးရပ်ကွက်နဲ့ ဆင်းရဲသားရပ်ကွက်ဆိုပြီး ကွဲပြားမှုတွေဖြစ်လာတယ်။သူဌေးတွေဆိုတာ မားမားမတ်မတ် သီးခြားကြီးရပ်တည်နိုင်ကြပေမယ့် ဆင်းရဲသားရပ်ကွက်ရဲ့ ဆင်းရဲသားအိမ်တွေကတော့ မယိုင်မလဲအောင် နံရံခြင်း၊ခေါင်မိုးခြင်း ကျားကန်ထောက်မှီထားကြရတဲ့ ဝါးတဲသာသာအိမ်တွေနဲ့ ဆင်းရဲသားဘဝတွေပါ။

 

ငတ်မွတ်ခြင်းတွေကလည်း ပိန်မသာ၊လိမ်မသာ ဂုဏ်တုဂုဏ်ပြိုင်ကို ငတ်နေကြတဲ့ ဆင်းရဲသားရပ်ကွက်ပါပဲ။ မျှော်လင်းခြင်းတွေနဲ့ အားပြတ်လို့ပေါ့။မရှိလို့ ခိုးစားရအောင်ကလည်း ဘယ်သူမှာမှကို မရှိဖြစ်နေတဲ့ဘဝ။ အဒိန္နဒါနာကံကတော့ အော်တိုမက်တစ် စောင့်ထိမ်းပြီးသား။ဘယ်သူလာလို့ လှူပါတော့နိုင် ဇာတ်ကားရိုက်ရမည့် နေရာပမာသာ။

ကံကမွဲရတဲ့အထဲ ခေတ်ကလည်း လဲရာကူထောင်းတော့ အားလုံးကို ဝပ်တွားခယနေရတာပေါ့။ ကံမျက်နှာသာပေးလို့ လှူရှင်လေးလမ်းမှားဝင်လာပါစေလို့ ဆုတောင်းနေကြရတဲ့အခြေအနေမှာ တကယ်ပဲ အလှူရှင်က ပေါ်လာပေပြီ။

အသားမဖြူသော်လည်း အသဲတို့ဖြူလိုက်သည့်ဖြစ်ခြင်း၊လူတိုင်းမသွားချင်တဲ့နေရာ သူရောက်အောင်သွားတယ်။

ကိုယ့်ကံကြမ္မာနဲ့ကိုယ်လာတဲ့ လူတွေရဲ့ ဘဝတိုင်းကို ပြောင်းလဲအောင်မလုပ်နိုင်ပေမယ့် ငတ်မွတ်ခြင်းတွေအတွက် လိုအပ်နေတဲ့ အာဟာရလေးတွေကို ရောက်အောင်ပေးဝေဖို့ သူကြိုးစားတယ်။

 

အယုတ်အလတ် လူမျိုးဘာသာ သူမရွေးပါဘူး။ချို့တဲ့သူကိုရှာလို့ ဖြည့်ဆည်းပေးဖို့ သူကြိုးစားရှာပါတယ်။ ကိုယ်တိုင်မလုပ်နိုင်ကြတဲ့ အလှူရှင်တွေအတွက် တဆင့်ခံပြီးလှူပေးရှာပါတယ်။

ရောဂါဝေဒနာတွေထူပြောနေလို့ အလှူရှင်လိုအပ်နေသူတွေကို အလှူရှင်တွေ လှူချင်သွားအောင် ချိတ်ဆက်ပေးပါတယ်။

ငတ်မွတ်ခြင်းတွေပြေစေဖို့ သူနိုင်တဲ့ဝန်လေးနဲ့ ကြိုးစားပေးရှာပါတယ်။ပါဝင်အားဖြည့်လိုသူ အလှူရှင်တွေ အနေနဲ့ ပရဟိတ အကျိုးတော်ဆောင် ကိုထွန်းမင်းကနေတဆင့် လှူဒါနပြုနိုင်ကြဖို့ ကျွန်တော်ကထပ်ဆင့်ကွန့်လို့ နှိုးဆော်လိုက်ရပါတယ်။

မသိသေးသူများလည်း သူရဲ့လူမှုကွန်ရက် https://www.facebook.com/profile.php?id=100053326781885 မှာကြည့်ပြီး အလှူပီတိလေးများ ပွားနိုင်ကြပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]


 



















 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service