ရိုင်းပင်းကူညီမှုအတွက်ဆိုလျှင် စည်းလုံးကြသော သြစတေးလျက ခရွတ်ဝဲလ်မြို့ကလေး

ရိုင်းပင်းကူညီမှုအတွက်ဆိုလျှင် စည်းလုံးကြသော သြစတေးလျက ခရွတ်ဝဲလ်မြို့ကလေး - Property News in Myanmar from iMyanmarHouse.com
12 Dec 2022 11:28 am တွင် တင်ခဲ့သည်
964 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

သြစတေးလျနိုင်ငံတွင် ကင်ဆာဝေဒနာပြန်ထနေသော မြို့ခံအမျိုးသမီးတစ်ဦးအတွက် ဆေးကုသရေး ရန်ပုံငွေ ရရှိရန် တစ်မြို့လုံးနီးပါး မြို့သားများ စုဝေးကာ ဝတ်လစ်စလစ်ဓာတ်ပုံများ ရိုက်ကူးပြီး ပြက္ခဒိန် ထုတ်ဝေခဲ့ကြသည်။

သြစတေးလျနိုင်ငံ၊ နယူးဆောက်သ်ဝေးပြည်နယ်၊ ခရွတ်ဝဲလ်မြို့လေး၏ အားထားရသူတစ်ဦးဖြစ်သော Ally Jaffrey ဆိုသည့်အမျိုးသမီးတွင် myelofibrosis ဟုခေါ်သော ရှားပါးကင်ဆာရောဂါဖြစ်သည့် ရိုးတွင်းခြင်ဆီကင်ဆာရောဂါ ပြန်ထလာသောကြောင့် မြို့ခံများ အစုလိုက်အပြုံလိုက် ဝတ်လစ်စလစ် ဓာတ်ပုံများ ရိုက်ခဲ့ကြသည်။

အသက် ၃၂ နှစ်အရွယ်ရှိ Ally Jaffrey သည် မကြာသေးမီနှစ်များအတွင်း အကြိမ် ၈၀ သွေးသွင်းခဲ့ရကာ ရောဂါကို ထိန်းခဲ့ရသည်။

Ally ကပြောသည်မှာ မိမိအား ဂုဏ်ပြုသောအနေဖြင့် မြို့ခံ ၁၄၅ ဦးမှာ ပြက္ခဒိန်တစ်ခုထုတ်ရန် ဝတ်လစ်စလစ်ပုံများ ရိုက်ခဲ့ကြကြောင်း သိရချိန်တွင် များစွာဝမ်းမြောက်ကြည်နူးပီတိဖြစ်ရကြောင်း ပြောသည်။

 

(မြို့ခံ ၁၄၅ ဦး ဝတ်လစ်စလစ်ပုံများ ရိုက်ကြကြောင်းသိရသောအခါ များစွာဝမ်းမြောက်ကြည်နူးမိကြောင်း Ally က ပြောသည်။ ဓာတ်ပုံ Credit: Crookwell Bares All via Pen News)

 

 

“မြို့လေးက ကျွန်မအပေါ်ထားတဲ့မေတ္တာကိုတွေ့ရတာ ကျွန်မ ဂုဏ်ယူမိသလို ဝမ်းနည်းမိပါတယ်”ဟု သူမက ပြောသည်။

“ဒီလို အရမ်းဂရုစိုက်တတ်တဲ့အသိုက်အဝန်းမှာနေရတာ တကယ့်လှပတဲ့ကောင်းခြင်းတစ်မျိုးပါ။ ဒါကို စကားလုံးတွေနဲ့ ပြောပြဖို့ခက်ပါတယ်”

ပြက္ခဒိန်ကို မြို့လေးမှ ဓာတ်ပုံဆရာတစ်ယောက်၏ အကူအညီဖြင့် ရက်သတ္တ ၄ ပတ်အတွင်း စိတ်ကူးရ၊ ဓာတ်ပုံရိုက်ကြကာ ပုံနှိပ်ခဲ့ကြခြင်း ဖြစ်သည်။

 

(မြို့လေးက ကျွန်မအပေါ်ထားတဲ့မေတ္တာကို သိလိုက်ရတာ ဂုဏ်ယူမိပါတယ်ဟု Alley က ပြောသည်။ ဓာတ်ပုံ Credit: Crookwell Bares All via Pen News)

 

 

ဝတ်လစ်စလစ်ဓာတ်ပုံရိုက်ရာတွင် ပါဝင်ခဲ့သော မြို့သားများသည် ၎င်းတို့၏ လျှို့ဝှက်အပ်သော နေအိမ်များကို အရာဝတ္ထုပစ္စည်းများ ထားရှိကာ ဖုံးကာထားခဲ့ကြသည်။

မြို့ကလေးတွင် အခြေစိုက်သော အကျိုးအမြတ်အတွက် မဟုတ်သည့် သတင်းစာ Upper Lachlan Gazette မှ ဝန်ထမ်းအမျိုးသမီးများသည်လည်း ဝတ်လစ်စလစ်ဓာတ်ပုံ ရိုက်ကူးမှုတွင် ပါဝင်ခဲ့ရာ ၎င်းတို့၏ ရင်သားများကို သတင်းစာ ခေါင်းကြီးပိုင်း စာမျက်နှာများတွင် ကာကွယ်ကာ ဓာတ်ပုံရိုက်ခဲ့ ကြသည်။

 

 

 

Crookwell ဟိုတယ်နှင့် The Criterion ဟိုတယ် အရက်ဘားဝန်ထမ်းတို့သည်လည်း ပါဝင်ခဲ့ကြသည်။

 

 

(ပြက္ခဒိန်ကို စီစဉ်ခဲ့သူများ ဖြစ်သော Ayeisha Jones နှင့် Scott Butz တို့က ပြောသည်မှာ Ally ၏ သတင်းကို ကြားချိန်တွင် တစ်ခုခု လုပ်ပေးရမည်ဟု တွေးမိကြောင်း ပြောသည်။ ဓာတ်ပုံ- Credit: Crookwell Bares All via Pen News)

 

 

ဓာတ်ပုံတစ်ခုတွင် အဆောက်အအုံတစ်ခု ရှေ့၌ လူ ၂၁ ဦး ဝတ်လစ်စလစ်ဖြင့် ဓာတ်ပုံရိုက်ထားကြသည်ကို တွေ့ရသည်။

ဝတ်လစ်စလစ် ဓာတ်ပုံရိုက်ကြသူများတွင် သတင်းထောက်များ ၊ ကုန်စုံဆိုင်ရှင်များ ၊ လယ်သမားများ ၊ ဘောလုံးသမားများအပြင် မြို့လေးရှိ စီးပွားရေးလုပ်ငန်းများနှင့် ကလပ်များမှ ပါဝင်ခဲ့ကြသည်။

Ally ၏ ကြေကွဲဖွယ်သတင်းများကို ကြားသိလိုက်ရချိန်တွင် တစ်ခုခုလုပ်ရမည်ဟု စဉ်းစားမိကြောင်း ပြက္ခဒိန်ကို စီစဉ်ခဲ့သူများ ဖြစ်သော Ayeisha Jones (၂၉ နှစ်)နှင့် Scott Butz (၃၀ နှစ်)တို့က ပြောသည်။

Jones ကပြောသည်မှာ “ကျွန်တော်တို့ရဲ့ မိတ်ဆွေရင်း ကင်ဆာပြန်ထနေတာ ကြားလိုက်ရတော့ ကျွန်တော်တို့ ကြေကွဲရပါတယ်။”ဟု ပြောသည်။

 

(အကြိမ်များစွာ သွေးသွင်းခဲ့ရသော Ally နှင့် ခင်ပွန်းဖြစ်သူ Cody ။ ဓာတ်ပုံ- Credit: Ally Jaffrey via Pen News)

 

 

“ကျွန်မတို့ ဘာလုပ်ရမယ်ဆိုတာ မသိခဲ့ဘူး။ ဒါပေမဲ့ တစ်ခုခုတော့ လုပ်ရမယ်ဆိုတာ သိတယ်။ အဲဒီအချိန်မှာ ကျွန်မတို့ သူငယ်ချင်း Butzy က ဝတ်လစ်စလစ် ပြက္ခဒိန်တစ်ခု ထုတ်ဖို့ ဖုန်းဆက်ပြီး အကြံပေးတယ်။ ၄၈ နာရီ အတွင်းမှာပဲ မြို့ထဲက စီးပွားရေးလုပ်ငန်း ၅၆ ခုနဲ့ လူပေါင်း ၁၅၄ ဦးလောက် ပါဝင်လာကြတယ်။”ဟု Ayeisha ကပြောသည်။ “ပါဝင်တဲ့ လူတွေရဲ့ အသက်အပိုင်းအခြားက ၁၈ နှစ်ကနေ ၇၅ နှစ် အထိရှိပါတယ်။ဒါက ကျွန်မတို့ အသိုက်အဝန်းလေးအတွက် တကယ့် အမှတ်တရပါပဲ။”

ပြက္ခဒိန်ထုတ်ဝေမှုမှ ရရှိလာသော ရန်ပုံငွေများကို Ally ၏ မိသားစုထံ လှူဒါန်းသွားမည် ဖြစ်သည်။

အခြားလှူဒါန်းလိုသူများ ၊ ပြက္ခဒိန်ဝယ်ယူလိုသော သူများအနေဖြင့် crookwell-bares-all.myshopify.com ဝက်ဘ်ဆိုက်တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Town strips for jaw-dropping naked calendar to raise money for cancer-hit resident (dailystar)

 

 

[Zawgyi]

ရိုင္းပင္းကူညီမႈအတြက္ဆိုလွ်င္ စည္းလံုးၾကေသာ ၾသစေတးလ်က ခရြတ္ဝဲလ္ျမိဳ႕ကေလး

 

ၾသစေတးလ်ႏိုင္ငံတြင္ ကင္ဆာေဝဒနာျပန္ထေနေသာ ျမိဳ႕ခံအမ်ဳိးသမီးတစ္ဦးအတြက္ ေဆးကုသေရး ရန္ပံုေငြ ရရွိရန္ တစ္ျမိဳ႕လံုးနီးပါး ျမိဳ႕သားမ်ား စုေဝးကာ ဝတ္လစ္စလစ္ဓာတ္ပံုမ်ား ရိုက္ကူးျပီး ျပကၡဒိန္ ထုတ္ေဝခဲ့ၾကသည္။

ၾသစေတးလ်ႏိုင္ငံ၊ နယူးေဆာက္သ္ေဝးျပည္နယ္၊ ခရြတ္ဝဲလ္ျမိဳ႕ေလး၏ အားထားရသူတစ္ဦးျဖစ္ေသာ Ally Jaffrey ဆိုသည့္အမ်ဳိးသမီးတြင္ myelofibrosis ဟုေခၚေသာ ရွားပါးကင္ဆာေရာဂါျဖစ္သည့္ ရိုးတြင္းျခင္ဆီကင္ဆာေရာဂါ ျပန္ထလာေသာေၾကာင့္ ျမိဳ႕ခံမ်ား အစုလိုက္အျပံဳလိုက္ ဝတ္လစ္စလစ္ ဓာတ္ပံုမ်ား ရိုက္ခဲ့ၾကသည္။

အသက္ ၃၂ ႏွစ္အရြယ္ရွိ Ally Jaffrey သည္ မၾကာေသးမီႏွစ္မ်ားအတြင္း အၾကိမ္ ၈၀ ေသြးသြင္းခဲ့ရကာ ေရာဂါကို ထိန္းခဲ့ရသည္။

Ally ကေျပာသည္မွာ မိမိအား ဂုဏ္ျပဳေသာအေနျဖင့္ ျမိဳ႕ခံ ၁၄၅ ဦးမွာ ျပကၡဒိန္တစ္ခုထုတ္ရန္ ဝတ္လစ္စလစ္ပံုမ်ား ရိုက္ခဲ့ၾကေၾကာင္း သိရခ်ိန္တြင္ မ်ားစြာဝမ္းေျမာက္ၾကည္ႏူးပီတိျဖစ္ရေၾကာင္း ေျပာသည္။

(ျမိဳ႕ခံ ၁၄၅ ဦး ဝတ္လစ္စလစ္ပံုမ်ား ရိုက္ၾကေၾကာင္းသိရေသာအခါ မ်ားစြာဝမ္းေျမာက္ၾကည္ႏူးမိေၾကာင္း Ally က ေျပာသည္။ ဓာတ္ပံု Credit: Crookwell Bares All via Pen News)

“ျမိဳ႕ေလးက ကၽြန္မအေပၚထားတဲ့ေမတၱာကိုေတြ႔ရတာ ကၽြန္မ ဂုဏ္ယူမိသလို ဝမ္းနည္းမိပါတယ္”ဟု သူမက ေျပာသည္။

“ဒီလို အရမ္းဂရုစိုက္တတ္တဲ့အသိုက္အဝန္းမွာေနရတာ တကယ့္လွပတဲ့ေကာင္းျခင္းတစ္မ်ဳိးပါ။ ဒါကို စကားလံုးေတြနဲ႔ ေျပာျပဖို႔ခက္ပါတယ္”

ျပကၡဒိန္ကို ျမိဳ႕ေလးမွ ဓာတ္ပံုဆရာတစ္ေယာက္၏ အကူအညီျဖင့္ ရက္သတၱ ၄ ပတ္အတြင္း စိတ္ကူးရ၊ ဓာတ္ပံုရိုက္ၾကကာ ပံုႏွိပ္ခဲ့ၾကျခင္း ျဖစ္သည္။

(ျမိဳ႕ေလးက ကၽြန္မအေပၚထားတဲ့ေမတၱာကို သိလုိက္ရတာ ဂုဏ္ယူမိပါတယ္ဟု Alley က ေျပာသည္။ ဓာတ္ပံု Credit: Crookwell Bares All via Pen News)

ဝတ္လစ္စလစ္ဓာတ္ပံုရိုက္ရာတြင္ ပါဝင္ခဲ့ေသာ ျမိဳ႕သားမ်ားသည္ ၎တို႔၏ လွ်ိဳ႕ဝွက္အပ္ေသာ ေနအိမ္မ်ားကို အရာဝတၳဳပစၥည္းမ်ား ထားရွိကာ ဖံုးကာထားခဲ့ၾကသည္။

ျမိဳ႕ကေလးတြင္ အေျခစိုက္ေသာ အက်ိဳးအျမတ္အတြက္ မဟုတ္သည့္ သတင္းစာ Upper Lachlan Gazette မွ ဝန္ထမ္းအမ်ဳိးသမီးမ်ားသည္လည္း ဝတ္လစ္စလစ္ဓာတ္ပံု ရုိက္ကူးမႈတြင္ ပါဝင္ခဲ့ရာ ၎တုိ႔၏ ရင္သားမ်ားကို သတင္းစာ ေခါင္းၾကီးပုိင္း စာမ်က္ႏွာမ်ားတြင္ ကာကြယ္ကာ ဓာတ္ပံုရိုက္ခဲ့ ၾကသည္။

Crookwell ဟိုတယ္ႏွင့္ The Criterion ဟိုတယ္ အရက္ဘားဝန္ထမ္းတို႔သည္လည္း ပါဝင္ခဲ့ၾကသည္။

(ျပကၡဒိန္ကို စီစဥ္ခဲ့သူမ်ား ျဖစ္ေသာ Ayeisha Jones ႏွင့္ Scott Butz တို႔က ေျပာသည္မွာ Ally ၏ သတင္းကို ၾကားခ်ိန္တြင္ တစ္ခုခု လုပ္ေပးရမည္ဟု ေတြးမိေၾကာင္း ေျပာသည္။ ဓာတ္ပံု- Credit: Crookwell Bares All via Pen News)

ဓာတ္ပံုတစ္ခုတြင္ အေဆာက္အအံုတစ္ခု ေရွ႕၌ လူ ၂၁ ဦး ဝတ္လစ္စလစ္ျဖင့္ ဓာတ္ပံုရုိက္ထားၾကသည္ကို ေတြ႔ရသည္။

ဝတ္လစ္စလစ္ ဓာတ္ပံုရိုက္ၾကသူမ်ားတြင္ သတင္းေထာက္မ်ား ၊ ကုန္စံုဆိုင္ရွင္မ်ား ၊ လယ္သမားမ်ား ၊ ေဘာလံုးသမားမ်ားအျပင္ ျမိဳ႕ေလးရွိ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ကလပ္မ်ားမွ ပါဝင္ခဲ့ၾကသည္။

Ally ၏ ေၾကကြဲဖြယ္သတင္းမ်ားကို ၾကားသိလိုက္ရခ်ိန္တြင္ တစ္ခုခုလုပ္ရမည္ဟု စဥ္းစားမိေၾကာင္း ျပကၡဒိန္ကို စီစဥ္ခဲ့သူမ်ား ျဖစ္ေသာ Ayeisha Jones (၂၉ ႏွစ္)ႏွင့္ Scott Butz (၃၀ ႏွစ္)တို႔က ေျပာသည္။

Jones ကေျပာသည္မွာ “ကၽြန္ေတာ္တို႔ရဲ႕ မိတ္ေဆြရင္း ကင္ဆာျပန္ထေနတာ ၾကားလုိက္ရေတာ့ ကၽြန္ေတာ္တို႔ ေၾကကြဲရပါတယ္။”ဟု ေျပာသည္။

(အၾကိမ္မ်ားစြာ ေသြးသြင္းခဲ့ရေသာ Ally ႏွင့္ ခင္ပြန္းျဖစ္သူ Cody ။ ဓာတ္ပံု- Credit: Ally Jaffrey via Pen News)

“ကၽြန္မတို႔ ဘာလုပ္ရမယ္ဆုိတာ မသိခဲ့ဘူး။ ဒါေပမဲ့ တစ္ခုခုေတာ့ လုပ္ရမယ္ဆိုတာ သိတယ္။ အဲဒီအခ်ိန္မွာ ကၽြန္မတို႔ သူငယ္ခ်င္း Butzy က ဝတ္လစ္စလစ္ ျပကၡဒိန္တစ္ခု ထုတ္ဖို႔ ဖုန္းဆက္ျပီး အၾကံေပးတယ္။ ၄၈ နာရီ အတြင္းမွာပဲ ျမိဳ႕ထဲက စီးပြားေရးလုပ္ငန္း ၅၆ ခုနဲ႔ လူေပါင္း ၁၅၄ ဦးေလာက္ ပါဝင္လာၾကတယ္။”ဟု Ayeisha ကေျပာသည္။ “ပါဝင္တဲ့ လူေတြရဲ႕ အသက္အပုိင္းအျခားက ၁၈ ႏွစ္ကေန ၇၅ ႏွစ္ အထိရွိပါတယ္။ဒါက ကၽြန္မတို႔ အသိုက္အဝန္းေလးအတြက္ တကယ့္ အမွတ္တရပါပဲ။”

ျပကၡဒိန္ထုတ္ေဝမႈမွ ရရွိလာေသာ ရန္ပံုေငြမ်ားကို Ally ၏ မိသားစုထံ လွဴဒါန္းသြားမည္ ျဖစ္သည္။

အျခားလွဴဒါန္းလုိသူမ်ား ၊ ျပကၡဒိန္ဝယ္ယူလုိေသာ သူမ်ားအေနျဖင့္ crookwell-bares-all.myshopify.com ဝက္ဘ္ဆိုက္တြင္ ဝယ္ယူႏိုင္ေၾကာင္း သိရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Town strips for jaw-dropping naked calendar to raise money for cancer-hit resident (dailystar)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service