“တိုက်ခန်းငှားခ အနည်းငယ်တက်သွားပါပြီ”

“တိုက်ခန်းငှားခ အနည်းငယ်တက်သွားပါပြီ” - Property Knowledge in Myanmar from iMyanmarHouse.com
1 Dec 2022 12:50 pm တွင် တင်ခဲ့သည်
667 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ဒီဇင်ဘာလအတွက် အခန်းခပေးဖို့ အခန်းပိုင်ရှင်ရှိရာ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်သို့ သွားခဲ့သည်။အိမ်ထဲသို့ဝင်ပြီး သာကြောင်း၊မာကြောင်းစကားတို့ အနည်းငယ်ပြောပြီးနောက် …

“အားနာနာနဲ့ပဲ ပြောပါရစေဗျာ”

တိုက်ခန်းပိုင်ရှင် ကိုမျိုးက ဤသို့စကားစလာသည်။

တချိန်ချိန်မှာ ဒီလိုစလာလိမ့်မည်ဟု မျှော်လင့်ထားပြီးသားဖြစ်သည်။မျှော်လင့်ထားပြီးသား စကားမို့ စိုးရိမ်သော်လည်း ကျေနပ်စွာပင် ပြန်ပြောလိုက်သည်။

“ရပါတယ်အစ်ကို…ပြောပါ။အားမနာပါနဲ့”

“ဒီလိုဗျာ..ကိုဘုန်းအောင်ရေ..အခန်းငှားခလေးကို..နှစ်သောင်းလောက်ထပ်တိုးပေးဖို့လေး ပြောချင်တာပါ..” “ဒီလိုပြောရတာ..အရမ်းအားနာပါတယ်..”

ကျွန်တော်ကို တိုက်ခန်းငှားခလေးတိုးတောင်းဖို့အရေး သူ့မှာအားနာနေလှသည်။ကျွန်တော်ကလည်း သူတို့ကိုအားနာလှသည်။

ကျွန်တော်အလုပ်လုပ်သည့် ကုမ္ပဏီသည် ကိုဗစ်နှင့်နိုင်ငံရေးဖြစ်စဉ်များအတွင်း လုပ်ငန်းတို့ ရက်ရှည်လရှည် ပိတ်ထားလိုက်သည်။ အလုပ်တို့ပိတ်ထားသည့်ကာလအတွင်း လခအဖြစ်မပေးနိုင်သော်လည်း အထောက်အပံ့ အနည်းငယ်ကိုမူပေးခဲ့သည်။

အလုပ်တို့ ကာလရှည်ရပ်နားထားစဉ်အတွင်း ရှိစုမဲ့စုငွေလေးနှင့်ထိုင်စားခဲ့ကြရသည်။စားရေးအတွက်က ဟုတ်သော်လည်း နေဖို့ကခက်လာသည်။

ယခင်က တိုက်ခန်းကို ခြောက်လချုပ်နှင့်ငှားနိုင်ခဲ့သော်လည်း ဖြစ်စဉ်များ၏နောက်တွင် ခြောက်လချုပ် မငှားနိုင်တော့ပါ။ ထို့ကြောင့် တိုက်ခန်းပိုင်ရှင်အား အသနားခံရတော့သည်။

တိုက်ခန်းငှားခကို လျော့ပေးစေဖို့နှင့် တစ်လချင်းပေးနိုင်ဖို့အရေး အသားနားခံ အကူအညီတောင်းခဲ့ရသည်။ တိုက်ခန်းရှင်တို့ကလည်း လိုလိုလားလားပင် လျော့ပေါ့ပေးကြသည့်အပြင် အိမ်လခကိုလည်း တစ်လချင်း ပေးနိုင်ပါကြောင်း ခွင့်ပြုခဲ့လို့သာ အခြေအနေမပျက်လေးနေခွင့်ရနေခဲ့ပါသည်။

ကျွန်တော့်အလုပ်လည်း ပြန်ဖွင့်သဖြင့် အလုပ်တို့လုပ်နေရပြီဖြစ်သည်။လခတို့လည်း ရနေပြီဖြစ်သည်။ ရပ်နားထားသည့် လုပ်ငန်းတို့ အရှိန်ရအောင် ပြန်ရုန်းနေရသလို ကိုယ့်မိသားစုအရေးများကလည်း အလျဉ်မီအောင် ရုန်းနေရသည်။ရုန်းနေသော်လည်း လိုက်မမီဖြစ်နေသည်။ဘာတွေကြောင့် ဘယ်လိုတွေဖြစ်နေသနည်း။

ကိုဗစ်နှင့်နိုင်ငံရေးဖြစ်စဉ်တို့၏နောက်တွင် လူမသိသူမသိ တင်းခံနေသည့် မပြောင်းလဲခြင်းတို့ရှိသလို အမောတကော ပြောင်းလဲသွားသည်တို့က ထင်ထင်ရှားရှား၊ပေါ်ပေါ်လွင်လွင် ရှိလှသည်။

အမောတကောပြောင်းလဲသွားသည်တို့နှင့် လိုက်လျောညီစွာ မပြောင်းလဲချင်းတို့ကို ညှိနှိုင်းနေရသည်။ တစ်သမတ်တည်းသွားနေသောလခနှင့် အပြောင်းအလဲမြန်စွာ အမောတကောတက်နေသော အထွေထွေစရိတ် တို့က မိမိတစ်ဦးတည်းသာမဟုတ် လူတိုင်းကို အနေကျပ်စေသည်။

ကိုဗစ်နှင့်နိုင်ငံရေးဖြစ်စဉ်မတိုင်မီက ရသည့်လခနှင့် ထိုစဉ်ကနေစရိတ်၊စားစရိတ်တို့သည် မျှခြေအနေအထား တွင် ရှိသော်လည်း ထိုဖြစ်စဉ်များနောက်တွင် စားစရိတ်တို့က လေးဆကျော်တက်သွားသည်။ယခုဖြစ်စဉ်တို့ကို နိုင်ငံသားတိုင်းခံနေရသည်။အိမ်ရှင်လည်းခံနေရသည်။အိမ်ငှားလည်းခံနေရသည်။

မလောက်ငှသည့် အခြေအနေဖြစ်နေသော်လည်း အိမ်ရှင်က ကျွန်တော်အပေါ် အလွန်ပင်သဘောကောင်းစွာ လိုက်လျောထားပေးခဲ့ပြီးပြီဖြစ်၍ ယခုမှ ပြန်ပြီးနှစ်သောင်းလောက် တိုးတောင်းခြင်းဖြစ်သည်။ အခက်အခဲ မျိုးစုံကြောင့် တိုးမပေးလိုသေးသော်လည်း ဖြစ်အောင်ပေးနိုင်ဖို့ ကျွန်တော်ကြိုးစားရပါတော့မည်။

ယခုတိုက်ခန်းကို စတင်ငှားရမ်းစဉ်က ပေးရသောအနေအထားအထိ ပြန်မတောင်းသေးသည်ကိုပင် ကျေးဇူးတင်နေရပါတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 





“ရပါတယ်အစ်ကို…ပြောပါ။အားမနာပါနဲ့”


















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service