နေအိမ်ခြံဝန်းအတွင်း အိမ်ငယ်လေးတစ်လုံးဆောက်ပြီး တစ်လလျှင် ဒေါ်လာ ၃၅၀၀ (မြန်မာငွေ ၇၃ သိန်း)ဖြင့် အငှားချသည့် အမေရိကန်စုံတွဲ
နေအိမ်ခြံဝန်းအတွင်း အိမ်ငယ်လေးတစ်လုံးဆောက်ပြီး တစ်လလျှင် ဒေါ်လာ ၃၅၀၀ (မြန်မာငွေ ၇၃ သိန်း)ဖြင့် အငှားချသည့် အမေရိကန်စုံတွဲ - Property News in Myanmar from iMyanmarHouse.com
25 Oct 2022 9:57 am တွင် တင်ခဲ့သည်
848 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်မှ စုံတွဲတစ်တွဲသည် ၎င်းတို့၏ နေအိမ်ခြံဝန်းအတွင်း အိမ်ငယ်လေးတစ်လုံးဆောက်လုပ်ပြီး တစ်လ လျှင် ဒေါ်လာ ၃၅၀၀ (မြန်မာကျပ်ငွေအားဖြင့် ၇၃ သိန်းကျော်) ဖြင့် အိမ်ခြံမြေအငှားဝက်ဘ်ဆိုက် တစ်ခုဖြစ်သော Airbnb တွင် အငှားတင်လာသည်။
(မှတ်ချက်။ သတ်မှတ်ငွေလဲနှုန်းဖြစ်သော အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၀၉၅ ကျပ်ဖြင့် တွက်ချက်ထားခြင်းဖြစ်ပြီး မြေပြင်တွင် ကွာခြားမှုရှိနိုင်ပါသည်)
TikTok တွင် Steph အမည်ဖြင့် သုံးစွဲသူက နေအိမ်ခြံဝန်းအတွင်း ဆောက်လုပ်ထားသော အိမ်ငယ်လေးကို တစ်လလျှင် ဒေါ်လာ ၃၅၀၀ ဖြင့် အငှားချထားကြောင်း လွှင့်တင်ခဲ့ကာ အဆိုပါပမာဏမှာ ၎င်းတို့ အိမ်ခြံမြေ ချေးငွေ၏ ၂ ဆကျော်လည်း ဖြစ်သည်။
စတုရန်းပေ ၂၄၀ သာရှိသော အိမ်ကလေးမှာ သေးငယ်သော်လည်း ကောင်းမွန်စွာဖွဲ့စည်းဆောက်လုပ်ပေး ထားသည်။
နေအိမ်ငယ်အတွင်း အိမ်တွင်းမီးဖိုဆောင်တစ်ခုနှင့် နားနေခန်းတို့ဖြင့် ဖွဲ့စည်းထားပြီး နားနေခန်းအပေါ်ရှိ အမိုးအောက်ထပ်ခိုး အိပ်ခန်းရှိရာသို့ လှေကားတစ်ခုဖြင့် တက်ရမည် ဖြစ်သည်။
နေအိမ်ပြင်ပ နားနေ deck နေရာတစ်ခုလည်းပါဝင်ရာ နေအိမ်သို့ အလည်လာမည့်သူများ နားနေကာ နေစာလှုံခြင်း ပြုလုပ်နိုင်သည်။
နေအိမ်ဆောက်လုပ်ရာတွင် အကြီးစားလုပ်ငန်းများလုပ်ဆောင်ရန် လူငှားခဲ့ရပြီး အချို့ကိုမူ သူမ ကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Steph က ပြောသည်။
အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့တွင် နေထိုင်သူ Steph က သူမ၏ ခြံတွင်းမှ နေအိမ်ငှားရမ်းရာမှ ရရှိလာသောငွေဖြင့် အိမ်ခြံမြေချေးငွေ ပြန်လည်ပေးဆပ်မှုကို ၂ ဆမြင့်တင် ပေးဆပ်နိုင်မည်ဖြစ်ကြောင်း TikTok တွင် ရှင်းပြသည်။
အိမ်နောက်ဘက်က အိမ်ကလေးဟု Tik Tok တွင် သူမက ရေးသားခဲ့သည်။
“ဒီအိမ်လေးကနေ ကာလတို ငှားရမ်းခဝင်ငွေ တစ်လကို ဒေါ်လာ ၃၅၀၀ ရမှာဖြစ်တာကြောင့် တစ်နှစ်ကို ဒေါ်လာ ၄၂၀၀၀ ရရှိလာမှာ ဖြစ်ပါတယ်”
အဆိုပါအိမ်ငယ်လေးကို ဆောက်လုပ်ရာတွင် အလုပ်သမားခ၊ ပစ္စည်းဖိုးနှင့် ဆောက်လုပ်ခွင့် လျှောက်ထားခြင်းများအတွက် ပေါင် ၃၆၀၀၀ (ကန်ဒေါ်လာ ၄၀၆၉၅) ခန့် ကုန်ကျခဲ့သည်။
သို့သော် ယခုငှားရမ်းခဖြင့်ဆိုလျှင် တစ်နှစ်မပြည့်မီတွင် ယခုကုန်ကျထားသမျှ ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။
(Airbnb တွင် အငှားတင်ခဲ့သော အိမ်လေး ။ ဓာတ်ပုံ - TikTok @stephinvests)
အမေရိကတွင် အဆောက်အအုံ ဥပဒေများ ဖြေလျှော့ပေးလိုက်ပြီးနောက်ပိုင်း အိမ်ခြံမြေပြဿနာကို ဖြေရှင်းရန်အတွက် ပြည်သူများမှာ နေအိမ်ငယ်လေးများ ဆောက်လုပ်နေထိုင်လာကြသည်။
TikTok တွင်လည်း နေအိမ်ငယ်နေထိုင်ခြင်းလှုပ်ရှားမှု ကျယ်ပြန့်လာသည်။
နေအိမ်ငယ်ဟုဆိုသည့်တိုင် ကုန်ကျစရိတ် များပြားသေးသည်။ နေအိမ်ဆောက်လုပ်ခြင်းမှ အများစုကို DIY ဖြင့် ကိုယ်တိုင် ဆောက်လုပ်သည့်တိုင် အများစုမှာ မတတ်နိုင်ကြ။
Steph ၏ TikTok ဗွီဒီယိုကို ကြည့်ရှုမှုအကြိမ်ရေ 825k ရှိခဲ့ပြီး အိမ်ဆောက်လုပ်ရန် ကုန်ကျစရိတ်အတွက် မည်သို့စီမံခဲ့သည်ကို ကြည့်ရှုသူတို့က မေးမြန်းကြသည်။
Steph ကရှင်းပြသည်မှာ နေအိမ်ဆောက်လုပ်ရန်အတွက် ငွေသား ပေါင် ၂၈၀၀၀ (ကန်ဒေါ်လာ ၃၁၆၀၀) စုဆောင်းခဲ့ကြောင်း ရှင်းပြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Couple build tiny house in their garden and rent out it for £2,500 a month – bringing in double their mortgage (metro)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service