ဖုန်းရွှေနည်းအရ ဘယ်လိုမြေကွက်ပုံစံကို ဘယ်လိုပြုပြင်တည်ဆောက်မလဲ

ဖုန်းရွှေနည်းအရ ဘယ်လိုမြေကွက်ပုံစံကို ဘယ်လိုပြုပြင်တည်ဆောက်မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
8 Oct 2022 2:09 pm တွင် တင်ခဲ့သည်
794 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ဖုန်းရွှေနည်းအရပြောရင် တြိဂံမြေကွက်ပေါ်မှာ ဘယ်လိုအိမ်ပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် အိမ်ဆောက်နေမယ်ဆိုရင် အိမ်သူအိမ်သားတွေဟာ စိတ်ဖိစီးမှုကို ခံရမယ်။ အိမ်သူအိမ်သားတွေ စည်းလုံးမှုမရှိဘဲ မသင့်မြတ်မှုတွေသာ ဖြစ်မယ်။

စီးပွားရေးလုပ်ငန်းကြီးတွေလုပ်ရင် ဆုံးရှုံးမယ်။ အိမ်ထောင်ရှင်တွေရှိရင်လည်း အိမ်ထောင်ဘက် တစ်ဦးဦး သစ္စာဖောက်လိမ့်မယ်။ တြိဂံမြေကွက်ပေါ်မှာ အိမ်ဆောက်ရင် အိမ်ရှေ့ဘက်ကျတဲ့ထောင့်စွန်းမှာ ဓာတ်မီးတိုင်ထားရမယ်။ ဒါမှမဟုတ်ရင် အလံတိုင်တစ်ခု ထားရမယ်။ အလံတိုင်ကို အလံလွှင့်ထားရင် ပိုကောင်းမယ်။ တြိဂံမြေကွက်ထဲမှာပဲ ကြက်လျှားစွန်းလို မြေကွက်မျိုးမှာ ချွန်မြတဲ့ထောင့်စွန်းတစ်ခုပါစမြဲပဲ။ အဲသည်ထောင့်စွန်းကို စည်းရိုးပင်တွေ ထူထူစိုက်ပြီး ဖြတ်ပစ်လိုက်ပါ။

မြန်မာပြည်မှာ အများဆုံး အစိုက်များတာက ပုဏ္ဏရိပ်ပင်တွေများတယ်။ ပုဏ္ဏရိပ်ပင်ဟာ အကောင်းဆုံး ခြံစည်းရိုးပင်ပါ။ ထောင့်ချိုးမညီတဲ့ မြေကွက်တွေ၊ တြာပီဇီယံပုံ မြေကွက်တွေ၊ ဇလားပုံမြေကွက်တွေကို အထူးရှောင်ရမယ်။ ဖုန်းရွှေကောင်းလာအောင် ယင်၊ ယန်ညှိ ပေးဖို့ သိပ်ခက်ပါတယ်။ ထောင့်မှန်မကျတဲ့ဘက်မှာ ပုဏ္ဏရိပ်ပင်တွေစိုက်ပြီး ယင်၊ ယန်ကို ညှိပေးရတယ်။ အုတ်တံတိုင်းကာထားရင်လည်း အုတ်တံတိုင်းတစ်လျှောက်မှာ ပန်းအိုးလေးတွေစီပြီး အလှစိုက်ထားပါ။ အနားမညီ၊ ပုံစံမမှန်တဲ့ မြေကွက်တွေကတော့ မြို့ပြအိမ်ရာကွက်တွေမှာ တွေ့ခဲ့ပါတယ်။

အနားမညီ၊ ထောင့်မညီ၊ ပုံစံမမှန်တဲ့ မြေကွက်တွေထဲမှာဆိုရင် ရှေ့ကားပြီး နောက်ရှူးသွားတဲ့ မြေကွက်ရယ်၊ ရှေ့ရှူးပြီး နောက်ကို ကားသွားတဲ့ ဇလားပုံလို့ခေါ်တဲ့ တြာပီဇီယံပုံစံမြေကွက်တွေ အတွေ့များတတ်ပါတယ်။ အထူးသဖြင့် အဲ့သည်မြေကွက်မျိုးတွေက လမ်းထောင့်တွေမှာ ရှိတာများတယ်။

အဲ့သည်လို ဇလားပုံ အမှောက်မြေကွက်၊ ဇလားပုံအလှန်မြေကွက်တွေမှာ လမ်းကျဉ်ထောင့်လို့ခေါ်တဲ့ အနံသေးသွားတဲ့ဘက်မှာ မီးတိုင်စိုက်ပေးရတယ်။ လျှပ်စစ်ဓာတ်တိုင်တွေ စိုက်ပေးရတယ်။ အုန်းပင်၊ ကွမ်းသီးပင်တွေ စိုက်ရင်လည်း ရပါတယ်။ အလံတိုင်စိုက်ရင်လည်း ရပါတယ်။ ဒါပေမဲ့ လျှပ်စစ်မီးတိုင်ကတော့ အကောင်းဆုံးပါပဲ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: The Modern

 

[Zawgyi]


 









Credit: The Modern

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service