နံရံကြွေပြားကပ်ခြင်းအကြောင်း သိကောင်းစရာ - Property Knowledge in Myanmar from iMyanmarHouse.com
1638 Views

နံရံကြွေပြားကပ်ခြင်းအကြောင်း သိကောင်းစရာ

Knowledge | Posted by Aye Myat Thu

[Unicode]

နံရံကြွေပြားကပ်တဲ့အခါ Archi Supervisor တစ်ယောက်အနေနဲ့ စစ်ဆေးရမဲ့အချက်(၄)ချက်..

(1) ကြိုတင်ပြင်ဆင်ခြင်း (Preparing)

(2) အောက်ခံ plaster ကြမ်းချောလုပ်ခြင်း (Laying of mortar rendering)

(3) နံရံကြွေပြားကပ်ခြင်း (Laying of wall tiles)

(4) လုပ်ငန်းအရည်အသွေး (Workmanship)

 

(1) ကြိုတင်ပြင်ဆင်ခြင်း (Preparing)

- ကြွေပြားကပ်မဲ့ နံရံ(wall)တွေဟာ RC wall ဆိုရင် wall-plug hole တွေကို non-shrink grout cement နဲ့ ဖာထေးရပါမယ်။

- နံရံ(background) ဟာ ဖုန်မှုန့်၊ သဲမှုန့်တွေ ကင်းစင်နေရပါမယ်။

- နံရံကို စိုထိုင်းဆွတ်စိုစေရပါမယ်။

 

(2) အောက်ခံ Plaster ကြမ်းချောလုပ်ခြင်း (Laying of mortar rendering)

- ပိုင်ရှင်(owner), ကန်ထရိုက်တာ(contractor) နှင့် အင်ဂျင်နီယာ(Architect)တို့မှ အတည်ပြုထားတဲ့ ဘိလပ်မြေ (approved mortar cement) ဖြစ်ရပါမယ်။

- အင်္ဂတေ(Mortar) ပျော်စပ်တဲ့အခါ လက်ဖျော်မရပါဘူး ဘိလပ်မြေဖျော်စက်(Mixer) အသုံးပြုရပါမယ်။

- အင်္ဂတေ(Mortar) ရဲ့ ရေ၊ ဘိလပ်မြေ အချိုး(water cement ratio)မှန်ဖို့အတွက် စံအတိုင်းအတာ(water measuring gauge) အသုံးပြုရပါမယ်။

- ပလာစတာ(Plaster)ချောဖို့အတွက် control level pad လုပ်ရပါမယ်။

- Mortar plaster ရဲ့အထူဟာ 10 mm ထက်မကျော်ရပါဘူး။ ကျော်သွားရင် နံရံကြွေပြားရဲ့ Level နဲ့ တံခါးကြည်းခွေတပ်ရာမှာ(window frame level) မှာ ပြဿနာဖြစ်တတ်ပါတယ်။

 

(3) နံရံကြွေပြားကပ်ခြင်း (Laying of wall tiles)

- ကြွေပြားမကပ်မှီ ကြမ်းချောလုပ်ထားတဲ့ ပလာစတာ(plaster) ကို (setting time) ၁၂ နာရီထက် မနည်းစောင့်ရပါမယ်။

- စေးကပ်မှုကောင်းသော အတည်ပြုပြီးသား ကြွေပြားကပ်ဘိလပ်မြေ(tiling cement)ကို အသုံးပြုရပါမယ်။

- ကြွေပြားကပ်ဘိလပ်မြေ(tiling cement)ကို 2 mm အထူးလောက် ညီညာအောင်လုပ်ပြီး 1 m sq ထက်မကျော်အောင် applied လုပ်ပြီးကပ်ရပါမယ်။

- ကြွေပြားကပ်အင်္ဂတေကို(tiling mortar) လက်ဖြင့် မဖျော်ရပါဘူး။ အင်္ဂတေဖျော်စက်(mechanical mixer) အသုံးပြုပြီးဖျော်စပ်ရပါမယ်။

- ကြွေပြားကပ်တဲ့အခါ အဆက်နေရာများကို (Tile spacers) များဖြင့်လုပ်ပေးထားရပါမယ်။

- ကြွေပြားကပ်မဲ့အခန်းတွေမှာ လုံလောက်တဲ့မီးအလင်းရောင်တွေ လုပ်ပေးရပါမယ်။

- သင်တန်းဆင်းလက်မှတ်ရှိပြီးသား နားလည်ပြီး ကျွမ်းကျင်ကြွေပြားသမားဖြစ်ရပါမယ်။

 

(4) Workmanship (လက်ရာအရည်အသွေး)

- ကပ်ပြီးသား နံရံကြွေပြား အစွန်းနေရာတွေဟာ ချွန်ထက်(sharp) မနေရပါဘူး။

- ကြွေပြားရဲ့မျက်နှာပြင်တွေ ချောမွတ်နေရပါမယ်။

- ကြွေပြားရဲ့အောက်မှာ hollow ဖြစ်မနေရပါဘူး Checker rod နဲ့ စစ်ဆေးတဲ့အခါ ခေါင်းပွသံဖြစ်ပေါ်မနေရပါဘူး။

- ဖြတ်တောက်ထားသည့် နေရာတွေမှာ သေသေသပ်သပ်ဖြစ်နေရပါမယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Naing Soe

 

 

 

[Zawgyi]

 







 





 


 






 









 









 

Credit: Naing Soe

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service