ဆံပင်ဆေးဆိုးရင်း အရေပြားမှာ စွန်းသွားခဲ့ရင်.....
ဆံပင်ဆေးဆိုးရင်း အရေပြားမှာ စွန်းသွားခဲ့ရင်..... - Property Knowledge in Myanmar from iMyanmarHouse.com
28 Sep 2022 11:13 am တွင် တင်ခဲ့သည်
2210 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ဆံပင် ဖြူနေလို့ပဲ ဖြစ်ဖြစ် ဆံပင်ကို အရောင်လှလှဆေး ဆိုးချင်လို့ပဲ ဖြစ်ဖြစ် ဆံပင်ကို ဆေးဆိုးတဲ့အခါ မတော်တဆ အသားမှာ ပေကျံသွားတာမျိုး ရှိနိုင်ပါတယ်။ စာဖတ်ပရိသတ်ကြီးရော ဖြစ်ဖူးလား.......
ဒီလိုဖြစ်တဲ့အခါ ဆိုးဆေးက အချိန်အတော်ကြာတဲ့အထိ အသားမှာ စွဲထင်နေတတ်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဆံပင်ဆိုးဆေး အသားမှာ ပေနေတာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။
ဆံပင်ဆေးဆိုးရင်း အရေပြားမှာ စွန်းသွားခဲ့ရင်
ဆံပင်ဆေးဆိုးရင်း အရေပြားမှာ စွန်းသွားခဲ့ရင် အခုလို ဖြေရှင်းလိုက်ပါ။ အရေပြားမှာ ပေကျံရစ်ခဲ့တဲ့ ဆံပင် ဆိုးဆေးတွေကို ဖျက်ပစ်ဖို့ဘာတွေ လိုမလဲ။ ဘယ်လို လုပ်ရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
အရေပြားမှာ ပေကျံရစ်ခဲ့တဲ့ ဆံပင် ဆိုးဆေးတွေကို ဖျက်ပစ်ဖို့ဘာတွေ လိုမလဲ …….
အရေပြားမှာ ပေကျံရစ်ခဲ့တဲ့ ဆံပင် ဆိုးဆေးတွေကို ဖျက်ပစ်ဖို့ ဒါလေးတွေ လိုအပ်ပါမယ်။
မိတ်ကပ်ဖျက်ဆေးနဲ့ ဂွမ်းစ
စီးကရက်ပြာ
သွားတိုက်ဆေး
သံပုရာရည်
အရက်ပြန်
ဗီနီကာ
ဆံပင်ဆိုးဆေး စတာတွေပါ။
ဘယ်လို လုပ်ရမလဲ …….
ဒီနည်းလမ်းလေးတွေ သုံးပြီး အရေပြားမှာ ပေကျံရစ်ခဲ့တဲ့ ဆံပင် ဆိုးဆေးတွေကို ဖယ်ရှားလိုက်ပါ။
မိတ်ကပ်ဖျက်ဆေးရည် – မိတ်ကပ်ဖျက်ဆေးရည် ကို ဂွမ်းစမှာ ဆွတ်ပြီး ဆံပင်ဆိုးဆေး ပေတဲ့နေရာကို ပွတ်တိုက်ပေးပါ။
စီးကရက်ပြာ – နောက်တစ်နည်းကတော့ ဆံပင်ဆိုးဆေး ပေသွားတဲ့နေရာကို စီးကရက်ပြာ လိမ်းလိုက်ပါ။ ပြီးရင် ရေနဲ့ ဆေးချလိုက်ပါ။ မပြောင်မချင်း လုပ်ပေးပါ။
သွားတိုက်ဆေး – ဂျယ်လ်မဟုတ်တဲ့ သွားတိုက်ဆေးကို ဆိုးဆေး ပေသွားတဲ့နေရာမှာ ခပ်ပါးပါး လိမ်းလိုက်ပါ။ ပြီးရင် ရေစိုဝတ်နဲ့ စက်ဝိုင်းပုံ သုတ်ပေးပါ။ ပြီးရင် ရေဆေးချပေးပါ။
သံပုရာရည် – သံပုရာရည်ကတော့ အစွန်းချွတ်ပေးနိုင်တဲ့ သဘာဝ နည်းလမ်းတစ်ရပ်ပါ။ ဆံပင်ဆိုးဆေး ပေနေတဲ့ နေရာကို သံပုရာရည် ပွတ်ထားပါ။ ပြီးရင် အဝတ်စသန့်သန့်လေးနဲ့ ပွတ်ချလိုက်ပါ။
အရက်ပြန် – နောက်တစ်နည်းကတော့ အရက်ပြန်ပါ။ အရက်ပြန်ကို စပရေးဗူးနဲ့ ထည့်ပြီး ဆိုးဆေးပေတဲ့နေရာကို ဖြန်းလိုက်ပါ။ ခဏထားပြီး ဂွမ်းနဲ့ သုတ်ချလိုက်ရုံပါ။ ပြီးရင်တော့ ရေဆေးချဖို့ မမေ့ပါနဲ့။
ဆံပင်ဆိုးဆေး – နောက်ဆုံးနည်းလမ်းတစ်ခုကတော့ ဆံပင်ဆိုးဆေးပေပြီး ခြောက်နေတဲ့ နေရာကို ဆိုးဆေး အသစ် လိမ်းလိုက်ပြီး တစ်သျှူးစနဲ့ သုတ်ချလိုက်တာပါ။ ဒါကလည်း အရေပြားမှာ ပေကျံရစ်ခဲ့တဲ့ ဆံပင် ဆိုးဆေးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း တစ်ရပ်ပါပဲ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: hellosayarwon
[Zawgyi]
စီးကရက်ပြာ
သွားတိုက်ဆေး
သံပုရာရည်
အရက်ပြန်
ဗီနီကာ
ဘယ်လို လုပ်ရမလဲ …….
Credit: hellosayarwon
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service