ကြိုးပြတ်မိုက်
ကြိုးပြတ်မိုက် - Property Knowledge in Myanmar from iMyanmarHouse.com
26 Sep 2022 1:30 pm တွင် တင်ခဲ့သည်
431 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင် (iMyanmarHouse.com)
[Unicode]
တောနယ်တွေမှာ တွေ့ရတတ်ပါတယ်။အလှူတို့၊မင်္ဂလာဆောင်တို့ ပျော်ပွဲရွှင်ပွဲလုပ်တဲ့အခါ သီချင်းဆိုဖို့တို့ စကားပြောဖို့တို့ ဗျိုးဟစ်ဖို့လိုတဲ့အခါ အသံချဲ့စက်ငှားတဲ့သူတွေကိုခေါ်ကြရပါတယ်။
ဒီလိုအခါတွေမှာ မကျွမ်းကျင်တဲ့ စက်သမားတွေ ဝင်လုပ်ကိုင်ရင် တဂွီဂွီ တဂေါ်ဂေါ်နဲ့ အရပ်ဆယ်မျက်နှာကို အတော်ဒုက္ခပေးတတ်ခြင်းပါပဲ။
အဲဒီလူတွေဟာ ကိုယ့်ကိုယ်ကိုယ် လူတတ်ကြီးလုပ်တတ်ကြတယ်။မတတ် တတတ်နဲ့ လက်စွမ်းပြလို့ အသံညှိ ပြတတ်ကြပါတယ်။အသံညှိလေ တဂွီဂွီ တဂေါ်ဂေါ်နဲ့ အသံဆိုးတွေထွက်လာလေ။ လော်စပီကာကြီးတပ်ထား တော့ အသံညှိတဲ့ ကိစ္စကတိုးတိုးတိတ်တိတ် မဟုတ်ဘဲ ပတ်ဝန်းကျင်ကိုပါ ဒုက္ခလှလှကြီး ပေးပါတော့တယ်။
တစ်ခါတစ်ခါ လူတွေကကိုယ်လုပ်တာ ဟုတ်လားမဟုတ်လားမသိဘူး။သိယောင်ကား၊တတ်ယောင်ကားနဲ့ မသိရင်လည်း မသိသလိုနေပါရောလား။အဲလိုလည်း မဟုတ်ဘူး။ကိုယ်လုပ်တာ ကောင်းလား မကောင်းလား မသိ။ ငါက လောစပီကာစက်ပိုင်လို့ ငါ့ဟာငါလုပ်မယ်ဆိုတဲ့အပေါက်နဲ့။ခုနှစ်ရက်သားသမီးကို ဒုက္ခပေးပုံများ။
လုပ်တတ်တဲ့သူရှိပါရဲ့ကယ်နဲ့ ဆရာမတင်ချင်တော့ အလွဲလွဲ အချော်ချော်နဲ့လုပ်တတ်သေးတယ်။ကိုယ်မသိ၊ ကိုယ်မတတ်တာ လူသိအောင်ချပြသလိုပါပဲ။
မိုက်ကြိုးတတ်ပြီးတော့လည်း အသံအတိုးအချဲ့ ခလုတ်ကိုစမ်းလိုက်သေးတယ်။စမ်းပေါ့ ။ ဒါကလုပ်ရမှာပဲလေ။ ဒါပေမဲ့ ဒီလူက မိုက်ကိုလက်နဲ့ခေါက်လိုက် “ဟဲလို တက်စတင်…ဝမ်းတူးသရီးလုပ်လိုက်။ ဟဲလို…တက်စတင် ဝမ်းတူးသရီးလုပ်လိုက် မိုက်ကိုလက်နဲ့ခေါက်လိုက်နဲ့ အကြိမ်ကြိမ်လုပ်နေတတ်တာပါပဲ။ ဘယ်အသံ လိုချင်မှန်း လည်း မသိဘူးထင်ပါ့။
ဒီလိုနဲ့သီချင်းရော ဆိုဖြစ်ဦးမှာလား၊စကားရောပြောဖြစ်ဦးမှာလား၊သီချင်းရောဖွင့်ပြဖြစ်မှာလား။ဘာမှန်းမသိဘဲ ဒီလူရဲ့ လက်တည့်စမ်းတာကို ရပ်ကွက်သူ ရပ်ကွက်သားတွေ အတော်ခံကြရပါတယ်။
ဒီလိုလူမျိုးတွေဟာ နေရာတိုင်းမှာတွေ့ကြရပါတယ်။ သူတို့ရဲ့လုပ်ကိုင်ပုံ အချိုးမပြေမှုတွေက အချိန်တွေ အရမ်းကုန်သွားစေခြင်းပါပဲ။
တရားဟောမဲ့သူအတွက် တရားဟောဖို့နောက်ကျမယ်။သီချင်းဆိုမဲ့သူအတွက် သီချင်းဆိုဖို့ နောက်ကျမယ်။ ဗျိုးဟစ်မဲ့သူအတွက် ဗျိုးဟစ်ဖို့ အချိန်ရှိပါဦးတော့မလား။
ကိုယ်မကျွမ်းကျင်တဲ့နေရာမှာ ဟုတ်လိမ့်နိုးနဲ့ ဝင်ရှုပ်နေရင် အချိန်တွေ တန်ဖိုးမဲ့ကုန်ဆုံးသွားတတ်ပါတယ်။ဒီလို တန်ဖိုးမဲ့ဖြစ်သွားတာဟာ ကိုယ်တစ်ယောက်ထဲတင်မကတော့ဘဲ တကယ်လုပ်ကိုင်ကြမဲ့ ပုဂ္ဂိုလ်တွေအတွက်ပါ အနှောင့်အယှက်တွေဖြစ်ပြီး အချိန်တွေ အလဟဿကုန်ဆုံးသွားစေခြင်းပါပဲ။
ကိုယ်ဘာတတ်လဲ။ကိုယ်တတ်တဲ့ပညာလေးနဲ့ သင့်တော်တဲ့နေရာမှာ လုပ်တာက ဣန္ဒြေလည်းမမဲ့တော့ဘူးပေါ့။ ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးရှိတဲ့လူတစ်ယောက်အဖြစ် ခံစားရတာပေါ့။ လုပ်တတ်ကိုင်တတ်သူတွေ အတွက်လည်း ကောင်းကောင်းအလုပ်လုပ်ဖို့ အချိန်တွေရသွားစေတာပေါ့။
ဒီလို မသိမတတ်ဘဲ မိုက်ရှေ့မှာဆက်ရှုပ်နေရင် အများသူငါ ခုနှစ်ရက်သားသမီးတို့ နားအေးချမ်းသာဖို့အတွက် မိုက်ကြိုးကို ဖြတ်သင့်ရင် ဖြတ်ရမလိုပါပဲလို့သာ ပြောရပါတော့မယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ကြိုးပြတ်မိုက်
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အင်္ဂလန်က ပေါင် ၄၀၀,၀၀၀ တန် စံအိမ်ကြီးကို ၃ ပေါင် (မြန်မာငွေ ၇၁၀၀ ကျပ်) မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
အင်္ဂလန်က ပေါင် ၄၀၀,၀၀၀ တန် စံအိမ်ကြီးကို ၃ ပေါင် (မြန်မာငွေ ၇၁၀၀ ကျပ်) မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
အင်္ဂလန်လက်ရွေးစင်ဘောလုံးသမားများ၏ ချစ်သူ၊ ဇနီးများ ကာတာကမ္ဘာ့ဖလားတွင် တည်းခိုလျက်ရှိသည့် တိုက်တန်းနစ်သင်္ဘောထက် ၄ ဆကြီး
အင်္ဂလန်လက်ရွေးစင်ဘောလုံးသမားများ၏ ချစ်သူ၊ ဇနီးများ ကာတာကမ္ဘာ့ဖလားတွင် တည်းခိုလျက်ရှိသည့် တိုက်တန်းနစ်သင်္ဘောထက် ၄ ဆကြီး
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Amazon တည်ထောင်သူ Jeff Bezos က သူ၏ကြွယ်ဝမှု ကန်ဒေါ်လာ ၁၂၄ ဘီလီယံကို လှူဒါ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Amazon တည်ထောင်သူ Jeff Bezos က သူ၏ကြွယ်ဝမှု ကန်ဒေါ်လာ ၁၂၄ ဘီလီယံကို လှူဒါ
ပါမစ်ပျောက်ဂရန်ကို ဝယ်မိလို့ လက်လွတ်ဆုံးရှုံးရတော့မယ်။
ပါမစ်ပျောက်ဂရန်ကို ဝယ်မိလို့ လက်လွတ်ဆုံးရှုံးရတော့မယ်။
အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ
အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ
အင်္ဂလန်တွင် ၂ နှစ်ကြာအိမ်ငှားခမပေးသည့် မိသားစု နေအိမ်အတွင်း မစင်ပုံများ၊ ကျင်ငယ်စွန့်ထားသည့် ဘူးပေါင်းများစွာဖြင့် အော်
အင်္ဂလန်တွင် ၂ နှစ်ကြာအိမ်ငှားခမပေးသည့် မိသားစု နေအိမ်အတွင်း မစင်ပုံများ၊ ကျင်ငယ်စွန့်ထားသည့် ဘူးပေါင်းများစွာဖြင့် အော်
ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နံပါတ် ၁ နေရာမှ ရေပန်းစားနေသော မက်ဆီ၏ အာဂျင်တီးနားအသင်း တည်းခို နေထိုင်သည့် ကာတာတက္ကသိုလ်အဆော
ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နံပါတ် ၁ နေရာမှ ရေပန်းစားနေသော မက်ဆီ၏ အာဂျင်တီးနားအသင်း တည်းခို နေထိုင်သည့် ကာတာတက္ကသိုလ်အဆော
ကိုရီးယားအကျော်ကြားဆုံး မိန်းကလေး K-PoP အဖွဲ့ BLACKPINK က ဂျင်းနီနဲ့ လီဆာတို့ နေတဲ့ နေအိမ်ကြီးတွေကို လေ့လာရအောင်
ကိုရီးယားအကျော်ကြားဆုံး မိန်းကလေး K-PoP အဖွဲ့ BLACKPINK က ဂျင်းနီနဲ့ လီဆာတို့ နေတဲ့ နေအိမ်ကြီးတွေကို လေ့လာရအောင်
မန်ချက်စတာယူနိုက်တက်အသင်းကို ရောင်းချရန် အတည်ပြုလိုက်သူ ဂလေဇာမိသားစုက ဖလော်ရီဒါပြည်နယ်မှ ကမ်းခြေစံအိမ်ကြီးကိုလည်း ဒေါ်လာ
မန်ချက်စတာယူနိုက်တက်အသင်းကို ရောင်းချရန် အတည်ပြုလိုက်သူ ဂလေဇာမိသားစုက ဖလော်ရီဒါပြည်နယ်မှ ကမ်းခြေစံအိမ်ကြီးကိုလည်း ဒေါ်လာ
စကားမပြော၊ ညစ်ညမ်းကားမကြည့်ဘဲ ရက် ၃၀ နေမည့် ကင်ညေးဝက်စ်က ဇနီးဟောင်း ကင်မ်ကာဒါရှီယန်အိမ်အနီး ဝယ်ထားသောအိမ်ကို ဖြိုချ
စကားမပြော၊ ညစ်ညမ်းကားမကြည့်ဘဲ ရက် ၃၀ နေမည့် ကင်ညေးဝက်စ်က ဇနီးဟောင်း ကင်မ်ကာဒါရှီယန်အိမ်အနီး ဝယ်ထားသောအိမ်ကို ဖြိုချ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
hill-garden-tbc
taunggyi-gardencity
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store