တင်းနစ်ကြယ်ပွင့် ဆရီနာဝီလျံ၏ ကလေးဘဝအိမ် မိထွေးဖြစ်သူ လုပ်ငန်းအရှုံးပေါ်ကာ လေလံတင်ရောင်း ရတော့မည်

တင်းနစ်ကြယ်ပွင့် ဆရီနာဝီလျံ၏ ကလေးဘဝအိမ် မိထွေးဖြစ်သူ လုပ်ငန်းအရှုံးပေါ်ကာ လေလံတင်ရောင်း ရတော့မည် - Property News in Myanmar from iMyanmarHouse.com
22 Sep 2022 11:09 am တွင် တင်ခဲ့သည်
1306 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော်တင်းနစ်မယ် ဆရီနာဝီလျံ၏ ဟောင်းနွမ်းပျက်စီးနေသော ကလေးဘဝနေအိမ်ကို ရက်သတ္တ ၂ ပတ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၄၂ သန်းကြမ်းခင်းဈေးဖြင့် လေလံတင်ရောင်းချရန် တရားရုံးတစ်ခုက အမိန့်ချမှတ်လိုက်သည်။

ဆရီနာဝီလျံ၏ မိထွေးက ယခုအိမ်၏ အိမ်ပေါင်ကာ ချေးယူထားသောငွေကို ဖြုန်းတီးပစ်ပြီး ငွေပြန်မဆပ်သောကြောင့် ဖြစ်၏။

ဆရီနာဝီလျံ၏ ဖခင် ကင်းရစ်ချတ် ဝီလျံစ် (King Richard Williams) ၏ ဇနီးဖြစ်သူ လာခေးရှာ (Lakeisha) က ကုန်ပို့လုပ်ငန်းနှင့် Fast food လုပ်ငန်းများတွင် ဒေါ်လာထောင်သောင်းချီအရှုံးပေါ်ကာ ယခုအိမ်ကို ဆုံးရှုံးလိုက်ရခြင်းလည်း ဖြစ်ကြောင်း တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြသည်။

 

(ဆရီနာ၏ ကလေးဘဝနေအိမ်ကို ရက်သတ္တ ၂ ပတ်အတွင်း လေလံတင်မည်ဖြစ်သည်။ ဓာတ်ပုံ Credit: Getty)

 

(ဆရီနာ၏ဖခင် Richard နှင့် ဇနီးဟောင်းဖြစ်သူ လာခေးရှာတို့ကြား ကာလကြာရှည် အမှုရင်ဆိုင်ခဲ့ရသည်။ ဓာတ်ပုံ Credit: Getty)

 

(နေအိမ်မှာ ယခုအခါ ယိုယွင်းပျက်စီးနေလေပြီ။ ဓာတ်ပုံ Credit: Adam Gray/SWNS for The US Sun)

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ Palm Beach Gardens တွင် တည်ရှိသော အိပ်ခန်း ၄ ခန်းပါနေအိမ်အတွက် ခင်ပွန်းဖြစ်သူ ရစ်ချတ်နှင့် ဇနီးဟောင်း လာခေးရှာတို့ကြား ၅ နှစ်ကြာ အမှုရင်ဆိုင်ခဲ့ကြရသည်။

လာခေးရှာသည် အပေါင်ခံသူ ဒေးဗစ်ဆိုင်မွန်ထံမှ ဒေါ်လာ ၂၅၅၀၀၀ ချေးရန် အိမ်ခြံမြေအပေါင်စာချုပ်တွင် ခင်ပွန်းဖြစ်သူ၏ လက်မှတ်ကို အတုလုပ်ကာ ရေးထိုးငွေချေးခဲ့သည်ဟု ဆိုသည်။

ချေးငွေရပြီးချိန်တွင် လာခေးရှာသည် အရှုံးပေါ်မည့် သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ကြောင်း တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြသည်။

ငွေထုတ်ချေးသူ ဆိုင်မွန်က သူ့ငွေများ ပြန်ရစေရန် ကြိုးပမ်းလျက်ရှိရာ ယခုအခါ အတိုးပါ ထည့်တွက်လျှင် ဆရီနာဝီလျံ၏ မိထွေးပြန်ဆပ်ရမည်မှာ ဒေါ်လာ ၅၈၄၁၀၉ ရှိနေပြီဟု ဆိုသည်။

ဖလော်ရီဒါပြည်နယ် အမှတ် ၁၅ တရားရုံး (Judicial Circuit Court ) မှ တရားသူကြီး Luis Delgado က လာမည့် စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ယခုအိမ်ကို လေလံတင်ရောင်းချရန် အမိန့်ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။

အသက် ၄၃ နှစ်အရွယ်ရှိ လာခေးရှာက နေအိမ်ရောင်းချခံရခြင်း ရပ်သွားစေရန်အတွက် ဒေဝါလီခံရန် ၂ ကြိမ်လျှောက်ထားခဲ့သည်။ သို့သော် အောက်ခြေအဆင့်တွင်ပင် ပယ်ဖျက်ခြင်းခံရကာ နေအိမ်ကို ဆက်လက်မထိန်းထားနိုင်တော့ချေ။

လာခေးရှားသည် ချေးငွေအားလုံးကို သုံးဖြုန်းပစ်ကာ မိမိအားတစ်ပြားတစ်ချပ်မျှ ပြန်မဆပ်ခဲ့ကြောင်း ဆိုင်မွန်က စွပ်စွဲထားသည်ဟု တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြသည်။

ထိုအိမ်ကို ယခုအခါ foreclosedhomes.com ဝက်ဘ်ဆိုက်တွင် အရောင်းတင်ထားပြီး ခန့်မှန်းပေါက်ဈေးမှာ ကန်ဒေါ်လာ ၁ ဒသမ ၄၂ သန်း ဖြစ်သည်။

၁၉၈၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော စံအိမ်ဖြစ်ပြီး ဈေးကွက်တင်မှတ်တမ်းတွင် နေအိမ်၏ အကောက်ခွန်မဆောင်သည့်သမိုင်းကြောင်းကိုလည်း ဖော်ပြထားသည်။

နေအိမ်ပိုင်ရှင် ရစ်ချတ်သည် အိမ်ခြံမြေခွန် ၈၈၄၅ ဒေါ်လာ ပေးဆောင်ရန် ပျက်ကွက်မှုရှိကြောင်း ဖော်ပြထားသည်။

လေလံပွဲတွင် အများဆုံးနှင့် ငွေသားပေးချေသူများကို ရောင်းချသွားမည်ဖြစ်ပြီး အိမ်ခြံမြေ ချေးငွေများဖြင့် ပေးချေမှုကို လက်ခံမည်မဟုတ်ချေ။

အပေါင်ဆုံးအိမ်အများစုမှာ အိမ်ကောင်းများမရှိ။ မျက်မြင်အခြေအနေဖြင့်သာ ရောင်းချလေ့ရှိကြသည်။

The Sun တွင် ပထမဆုံးဖော်ပြခဲ့သည့် ဓာတ်ပုံများအရ နေအိမ်ကြီးမှာ ဖရိုဖရဲ ပျက်စီးနေပုံများကို တွေ့ရသည်။

အမိုးမှာလည်း ဖြစ်ကတတ်ဆန်း အကြိမ်ကြိမ်အခါခါ ပြင်ထားပုံရသည်။

ခြံအတွင်းတွင် ထရပ်ကားပျက်ကြီးတစ်စင်းလည်းရှိနေကာ ပြင်ပအဆောက်အအုံများမှာ ပြိုကျပျက်စီးလျက်ရှိ၏။

ဆိုင်မွန်က ပြောသည်မှာ နေအိမ်မှာ ယင်းကဲ့သို့ ပျက်စီးယိုယွင်းနေသော အခြေအနေကြောင့် လက်ရှိတွင် အာမခံထား၍ မရနိုင်ကြောင်း ပြောသည်။

ဆိုင်မွန်က တရားရုံးတွင် တင်ပြသည်မှာ မြီစားသည် မြီရှင်၏ အပေါင်ပစ္စည်း (အိမ်) ကို လုံလောက်သည့် ကာကွယ်စောင့်ရှောက်မှု မပေးခဲ့ကြောင်း တင်ပြခဲ့သည်။

“အိမ်က အာမခံမထားဘူး။ အမိုးကလည်း ရေယိုတယ်။ အပေါင်ပစ္စည်းက လုံးဝဆုံးရှုံးရမယ့်အန္တရာယ် ရှိနေပါတယ်”ဟု ဆိုင်မွန်က ပြောသည်။

ရစ်ချတ်မှာ အသက် ၈၀ ရှိပြီဖြစ်သည်။ သူ၏ ဘဝဇာတ်ကြောင်းကို ဝီလ်စမစ် ပါဝင်သရုပ်ဆောင်သော King Richard အမည်ရှိ ရုပ်ရှင်ဇာတ်ကားတွင် သိနိုင်သည်။

ရစ်ချတ်သည် ကုသ၍မရနိုင်သော ဦးနှောက်ထိခိုက်မှု၊ စိတ်ဖောက်ပြန်မှု ခံစားနေရသည်ဟူသော သတင်းများရှိသည်။

သူ၏ အိမ်ထောင်ကွာရှင်းမှု တရားရုံးအချက်အလက်များအရ သူ့ဆရာဝန်ကိုယ်တိုင် ထွက်ဆိုအစစ်ခံထားသည်မှာ ရစ်ချတ်သည် လုံးဝ မသန်စွမ်းတစ်ဦးဖြစ်သွားပြီဟု ထွက်ဆိုထားသည်။

သို့သော် ရစ်ချတ်တို့ ဇနီးမောင်နှံသည် ခေတ္တ ပြန်လည်ပေါင်းသင်းခဲ့ကြသေးသည်။

ဇနီးဖြစ်သူ၏ ပြောကြားချက်အရ သူမက ကွာရှင်းမှုကို ရပ်ဆိုင်းခဲ့ပြီး အပတ်စဉ် လိင်ဆက်ဆံမှုများရှိခဲ့ကြောင်း တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြသည်။

 

(ဆရီနာဝီလျံနှင့် ဗီးနပ်စ်ဝီလျံတို့ ဤအိမ်ကြီးတွင် ကြီးပြင်းခဲ့ကြသည်။ ဓာတ်ပုံ-Credit: AFP)

 

(ရစ်ချတ်ကို ဆရီနာနှင့် ဗီးနပ်စ်တို့ ကလေးဘဝက အတူတွေ့ရပုံ။ ဓာတ်ပုံ-Credit: Getty)

 

(အမိုးယိုစိမ့်နေသော နေအိမ်။ ဓာတ်ပုံ Credit: ProToCall Home Inspections)

(တရားရုံးသို့ တင်ပြခဲ့သော ဓာတ်ပုံများတွင် တွေ့ရမှုအရ ရေပိုက်လိုင်းပြဿနာများလည်းရှိနေသည်။ ဓာတ်ပုံ Credit: ProToCall Home Inspections)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Serena Williams’ crumbling childhood home to be auctioned off for $1.42m after dad King Richard loses battle with ex (the-sun)

 

 

[Zawgyi]

တင္းနစ္ၾကယ္ပြင့္ ဆရီနာဝီလ်ံ၏ ကေလးဘဝအိမ္ မိေထြးျဖစ္သူ လုပ္ငန္းအရံႈးေပၚကာ ေလလံတင္ေရာင္း ရေတာ့မည္

 

ကမၻာေက်ာ္တင္းနစ္မယ္ ဆရီနာဝီလ်ံ၏ ေဟာင္းႏြမ္းပ်က္စီးေနေသာ ကေလးဘဝေနအိမ္ကို ရက္သတၱ ၂ ပတ္အတြင္း ကန္ေဒၚလာ ၁ ဒသမ ၄၂ သန္းၾကမ္းခင္းေစ်းျဖင့္ ေလလံတင္ေရာင္းခ်ရန္ တရားရံုးတစ္ခုက အမိန္႔ခ်မွတ္လိုက္သည္။

ဆရီနာဝီလ်ံ၏ မိေထြးက ယခုအိမ္၏ အိမ္ေပါင္ကာ ေခ်းယူထားေသာေငြကို ျဖဳန္းတီးပစ္ျပီး ေငြျပန္မဆပ္ေသာေၾကာင့္ ျဖစ္၏။

ဆရီနာဝီလ်ံ၏ ဖခင္ ကင္းရစ္ခ်တ္ ဝီလ်ံစ္ (King Richard Williams) ၏ ဇနီးျဖစ္သူ လာေခးရွာ (Lakeisha) က ကုန္ပို႔လုပ္ငန္းႏွင့္ Fast food လုပ္ငန္းမ်ားတြင္ ေဒၚလာေထာင္ေသာင္းခ်ီအရံႈးေပၚကာ ယခုအိမ္ကို ဆံုးရံႈးလိုက္ရျခင္းလည္း ျဖစ္ေၾကာင္း တရားရံုးစာရြက္စာတမ္းမ်ားတြင္ ေဖာ္ျပသည္။'

(ဆရီနာ၏ ကေလးဘဝေနအိမ္ကို ရက္သတၱ ၂ ပတ္အတြင္း ေလလံတင္မည္ျဖစ္သည္။ ဓာတ္ပံု Credit: Getty)

 

(ဆရီနာ၏ဖခင္ Richard ႏွင့္ ဇနီးေဟာင္းျဖစ္သူ လာေခးရွာတို႔ၾကား ကာလၾကာရွည္ အမႈရင္ဆိုင္ခဲ့ရသည္။ ဓာတ္ပံု Credit: Getty)

 

(ေနအိမ္မွာ ယခုအခါ ယိုယြင္းပ်က္စီးေနေလျပီ။ ဓာတ္ပံု Credit: Adam Gray/SWNS for The US Sun)

 

အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္၊ Palm Beach Gardens တြင္ တည္ရွိေသာ အိပ္ခန္း ၄ ခန္းပါေနအိမ္အတြက္ ခင္ပြန္းျဖစ္သူ ရစ္ခ်တ္ႏွင့္ ဇနီးေဟာင္း လာေခးရွာတို႔ၾကား ၅ ႏွစ္ၾကာ အမႈရင္ဆိုင္ခဲ့ၾကရသည္။

လာေခးရွာသည္ အေပါင္ခံသူ ေဒးဗစ္ဆိုင္မြန္ထံမွ ေဒၚလာ ၂၅၅၀၀၀ ေခ်းရန္ အိမ္ျခံေျမအေပါင္စာခ်ဳပ္တြင္ ခင္ပြန္းျဖစ္သူ၏ လက္မွတ္ကို အတုလုပ္ကာ ေရးထုိးေငြေခ်းခဲ့သည္ဟု ဆိုသည္။ ေခ်းေငြရျပီးခ်ိန္တြင္ လာေခးရွာသည္ အရံႈးေပၚမည့္ သယ္ယူပို႔ေဆာင္ေရးကုမၸဏီတစ္ခု တည္ေထာင္ခဲ့ေၾကာင္း တရားရံုးစာရြက္စာတမ္းမ်ားတြင္ ေဖာ္ျပသည္။

ေငြထုတ္ေခ်းသူ ဆိုင္မြန္က သူ႔ေငြမ်ား ျပန္ရေစရန္ ၾကိဳးပမ္းလ်က္ရွိရာ ယခုအခါ အတိုးပါ ထည့္တြက္လွ်င္ ဆရီနာဝီလ်ံ၏ မိေထြးျပန္ဆပ္ရမည္မွာ ေဒၚလာ ၅၈၄၁၀၉ ရွိေနျပီဟု ဆိုသည္။

ဖေလာ္ရီဒါျပည္နယ္ အမွတ္ ၁၅ တရားရံုး (Judicial Circuit Court ) မွ တရားသူၾကီး Luis Delgado က လာမည့္ စက္တင္ဘာလ ၂၇ ရက္ေန႔ နံနက္ ၁၀ နာရီအခ်ိန္တြင္ ယခုအိမ္ကို ေလလံတင္ေရာင္းခ်ရန္ အမိန္႔ခ်မွတ္လိုက္ျခင္းလည္း ျဖစ္သည္။

အသက္ ၄၃ ႏွစ္အရြယ္ရွိ လာေခးရွာက ေနအိမ္ေရာင္းခ်ခံရျခင္း ရပ္သြားေစရန္အတြက္ ေဒဝါလီခံရန္ ၂ ၾကိမ္ေလွ်ာက္ထားခဲ့သည္။ သို႔ေသာ္ ေအာက္ေျခအဆင့္တြင္ပင္ ပယ္ဖ်က္ျခင္းခံရကာ ေနအိမ္ကို ဆက္လက္မထိန္းထားႏိုင္ေတာ့ေခ်။

လာေခးရွားသည္ ေခ်းေငြအားလံုးကို သံုးျဖဳန္းပစ္ကာ မိမိအားတစ္ျပားတစ္ခ်ပ္မွ် ျပန္မဆပ္ခဲ့ေၾကာင္း ဆုိင္မြန္က စြပ္စြဲထားသည္ဟု တရားရံုးစာရြက္စာတမ္းမ်ားတြင္ ေဖာ္ျပသည္။

ထိုအိမ္ကို ယခုအခါ foreclosedhomes.com ဝက္ဘ္ဆိုက္တြင္ အေရာင္းတင္ထားျပီး ခန္႔မွန္းေပါက္ေစ်းမွာ ကန္ေဒၚလာ ၁ ဒသမ ၄၂ သန္း ျဖစ္သည္။

၁၉၈၆ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ေသာ စံအိမ္ျဖစ္ျပီး ေစ်းကြက္တင္မွတ္တမ္းတြင္ ေနအိမ္၏ အေကာက္ခြန္မေဆာင္သည့္သမိုင္းေၾကာင္းကိုလည္း ေဖာ္ျပထားသည္။

ေနအိမ္ပိုင္ရွင္ ရစ္ခ်တ္သည္ အိမ္ျခံေျမခြန္ ၈၈၄၅ ေဒၚလာ ေပးေဆာင္ရန္ ပ်က္ကြက္မႈရွိေၾကာင္း ေဖာ္ျပထားသည္။

ေလလံပြဲတြင္ အမ်ားဆံုးႏွင့္ ေငြသားေပးေခ်သူမ်ားကို ေရာင္းခ်သြားမည္ျဖစ္ျပီး အိမ္ျခံေျမ ေခ်းေငြမ်ားျဖင့္ ေပးေခ်မႈကို လက္ခံမည္မဟုတ္ေခ်။

အေပါင္ဆံုးအိမ္အမ်ားစုမွာ အိမ္ေကာင္းမ်ားမရွိ။ မ်က္ျမင္အေျခအေနျဖင့္သာ ေရာင္းခ်ေလ့ရွိၾကသည္။

The Sun တြင္ ပထမဆံုးေဖာ္ျပခဲ့သည့္ ဓာတ္ပံုမ်ားအရ ေနအိမ္ၾကီးမွာ ဖရိုဖရဲ ပ်က္စီးေနပံုမ်ားကို ေတြ႔ရသည္။

အမုိးမွာလည္း ျဖစ္ကတတ္ဆန္း အၾကိမ္ၾကိမ္အခါခါ ျပင္ထားပံုရသည္။

ျခံအတြင္းတြင္ ထရပ္ကားပ်က္ၾကီးတစ္စင္းလည္းရွိေနကာ ျပင္ပအေဆာက္အအံုမ်ားမွာ ျပိဳက်ပ်က္စီးလ်က္ရွိ၏။

ဆိုင္မြန္က ေျပာသည္မွာ ေနအိမ္မွာ ယင္းကဲ့သို႔ ပ်က္စီးယိုယြင္းေနေသာ အေျခအေနေၾကာင့္ လက္ရွိတြင္ အာမခံထား၍ မရႏိုင္ေၾကာင္း ေျပာသည္။

ဆိုင္မြန္က တရားရံုးတြင္ တင္ျပသည္မွာ ျမီစားသည္ ျမီရွင္၏ အေပါင္ပစၥည္း (အိမ္) ကို လံုေလာက္သည့္ ကာကြယ္ေစာင့္ေရွာက္မႈ မေပးခဲ့ေၾကာင္း တင္ျပခဲ့သည္။

“အိမ္က အာမခံမထားဘူး။ အမုိးကလည္း ေရယိုတယ္။ အေပါင္ပစၥည္းက လံုးဝဆံုးရံႈးရမယ့္အႏၱရာယ္ ရွိေနပါတယ္”ဟု ဆိုင္မြန္က ေျပာသည္။

ရစ္ခ်တ္မွာ အသက္ ၈၀ ရွိျပီျဖစ္သည္။ သူ၏ ဘဝဇာတ္ေၾကာင္းကို ဝီလ္စမစ္ ပါဝင္သရုပ္ေဆာင္ေသာ King Richard အမည္ရွိ ရုပ္ရွင္ဇာတ္ကားတြင္ သိႏိုင္သည္။

ရစ္ခ်တ္သည္ ကုသ၍မရႏိုင္ေသာ ဦးေႏွာက္ထိခိုက္မႈ၊ စိတ္ေဖာက္ျပန္မႈ ခံစားေနရသည္ဟူေသာ သတင္းမ်ားရွိသည္။

သူ၏ အိမ္ေထာင္ကြာရွင္းမႈ တရားရံုးအခ်က္အလက္မ်ားအရ သူ႔ဆရာဝန္ကိုယ္တုိင္ ထြက္ဆိုအစစ္ခံထားသည္မွာ ရစ္ခ်တ္သည္ လံုးဝ မသန္စြမ္းတစ္ဦးျဖစ္သြားျပီဟု ထြက္ဆိုထားသည္။

သို႔ေသာ္ ရစ္ခ်တ္တို႔ ဇနီးေမာင္ႏွံသည္ ေခတၱ ျပန္လည္ေပါင္းသင္းခဲ့ၾကေသးသည္။

ဇနီးျဖစ္သူ၏ ေျပာၾကားခ်က္အရ သူမက ကြာရွင္းမႈကို ရပ္ဆိုင္းခဲ့ျပီး အပတ္စဥ္ လိင္ဆက္ဆံမႈမ်ားရွိခဲ့ေၾကာင္း တရားရံုးစာရြက္စာတမ္းမ်ားတြင္ ေဖာ္ျပသည္။

(ဆရီနာဝီလ်ံႏွင့္ ဗီးနပ္စ္ဝီလ်ံတို႔ ဤအိမ္ၾကီးတြင္ ၾကီးျပင္းခဲ့ၾကသည္။ ဓာတ္ပံု-Credit: AFP)

(ရစ္ခ်တ္ကို ဆရီနာႏွင့္ ဗီးနပ္စ္တို႔ ကေလးဘဝက အတူေတြ႔ရပံု။ ဓာတ္ပံု-Credit: Getty)

(အမိုးယိုစိမ့္ေနေသာ ေနအိမ္။ ဓာတ္ပံု Credit: ProToCall Home Inspections)

(တရားရံုးသို႔ တင္ျပခဲ့ေသာ ဓာတ္ပံုမ်ားတြင္ ေတြ႔ရမႈအရ ေရပိုက္လိုင္းျပႆနာမ်ားလည္းရွိေနသည္။ ဓာတ္ပံု Credit: ProToCall Home Inspections)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Serena Williams’ crumbling childhood home to be auctioned off for $1.42m after dad King Richard loses battle with ex (the-sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service