ဖုန်စုပ်စက်ကို ဘယ်လိုနေရာတွေနဲ့ ဘယ်လိုအခြေအနေတွေမှာ သန့်ရှင်းရေးလုပ်ဖို့အတွက် မသုံးသင့်ဘူးလဲ ?

ဖုန်စုပ်စက်ကို ဘယ်လိုနေရာတွေနဲ့ ဘယ်လိုအခြေအနေတွေမှာ သန့်ရှင်းရေးလုပ်ဖို့အတွက် မသုံးသင့်ဘူးလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
13 Sep 2022 9:59 am တွင် တင်ခဲ့သည်
991 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

အိမ်တွင်းရှိ ကျိုးကြေနေတဲ့ သို့မဟုတ် ဖိတ်ကျနေတဲ့ ပစ္စည်းတွေကို ဖုန်စုပ်စက်နဲ့ စုပ်ယူရှင်းထုတ်လိုက်ခြင်းက တစ်ခါတစ်လေကျတော့ အလွယ်ကူဆုံးနဲ့ အမြန်ဆုံး နည်းလမ်းကောင်းတစ်ခုလိုဖြစ်နိုင်တာကြောင့် ကြိုးမဲ့ဖုန်စုပ်စက်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ သို့သော်လည်း ကျွန်မတို့ရဲ့ ဖုန်စုပ်စက်တွေဟာ ဝယ်ထားတာမကြာသေးပေမယ့်လည်း အနံ့ဆိုးထွက်လာခြင်း၊ အလုပ်လုပ်နိုင်အား လျော့နည်းလာခြင်း၊ သို့မဟုတ် လုံးဝအလုပ်မလုပ်တော့ခြင်း စတဲ့ အခြေအနေတွေကို ကြုံတွေ့လာနေရပါတယ်။ ဒါဘာကြောင့်ဖြစ်ရလဲဆိုရင်တော့ ဖုန်စုပ်စက်ကို အသုံးမပြုသင့်တဲ့ အခြေအနေတွေ၊ အချိန်အခါတွေမှာ အသုံးပြုမိခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

၁။ ကော်ဖီ၊ ကော်ဖီမှုန့်များနှင့် ကိုကိုးမှုန့်များ

ဖုန်စုပ်စက်နဲ့ အသုံးပြုပြီးသား ကော်ဖီအမှုန့်များကို စုပ်မယ်ဆိုရင်တော့ အတွင်းရှိအမှိုက်ပုံးထဲမှာ မှိုတွေဖြစ်လာနိုင်ပါတယ်။ အသုံးပြုပြီးသား ကော်ဖီမှုန့်တွေက စိုစွတ်နေသလို မထင်ရပေမယ့်လည်း အမြဲတမ်းစိုစွတ်မှုရှိနေပါတယ်။ ဒါ့အပြင် ဖုန်စုပ်စက်အတွင်းပိုင်တွေမှာမြန်မြန်ဆန်ဆန် စေးကပ်သွားနိုင်သည့်အတွက် ပြန်ပြီးသန့်ရှင်းရေးလုပ်ရတာလည်း ခက်ခဲနိုင်ပါတယ်။

ကော်ဖီအမှုန့်ခြောက်၊ ကိုကိုးမှုန့်တွေဟာဆိုရင်လည်း ဖုန်စုပ်စက်ရဲ့ ဇကာကို ပိတ်ဆို့သွားစေနိုင်တာကြောင့် လုံးဝသုံးမရဖြစ်သွားစေပါလိမ့်မယ်။

၂။ မြေကြီး

အကြောင်းအမျိုးမျိုးကြောင့် အိမ်ထဲကိုရောက်လာတဲ့ မြေကြီးတွေကို အမြန်ဆုံးရှင်းထုတ်ဖို့ ဖုန်စုပ်စက်ကိုအသုံးပြုဖို့ဆိုတာက ခေါင်းထဲအရင်ရောက်လာပါလိမ့်မယ်။ သို့သော်လည်း ကော်ဇောပေါ်ရှိ ဖုန်တွေကို ဖုန်စုပ်စက်အသုံးပြုခြင်းက အတွင်းပိုင်းထိပိုဝင်သွားစေနိုင်ပြီးတော့ ပြန်ထုတ်ရခက်ခဲနိုင်တာကြောင့် ဖြစ်နိုင်မယ်ဆိုပါက ဘရက်ရှ်ကို အသုံးပြုပါ။

ဒါ့အပြင် မြေကြီးကစိုနေတယ်ဆိုရင် ဖုန်စုပ်စက်ရဲ့ အင်ဂျင်ပိုင်းတွေမှာ ပြဿနာဖြစ်သွားစေနိုင်ပါတယ်။ ပန်းခြောက်တွေ၊သစ်ရွက်တွေကလည်း ဖုန်စုပ်စက်ပ်ိုက်ခေါင်းတွေ သို့မဟုတ် ဇကာတွေမှာ ပိတ်ဆို့နိုင်သည့်အတွက် အသုံးမပြုပါနဲ့။

၃။ ဆံပင်

လုံးဝမဝင်အောင်လို့ ဘယ်လိုမှမတတ်နိုင်ဘူးဆိုပေမယ့်လည်း အတတ်နိုင်ဆုံးတော့ တိရစ္ဆာန်အမွှေးတွေ၊ ဆံပင်မွှေးတွေ တလုံးတထွေးကြီးမဝင်အောင်လို့ ဂရုစိုက်ပါ။ အမှိုက်ပုံး ဇကာတို့ကို မြန်မြန်ဆန်ဆန် ပိတ်ဆို့သွားစေနိုင်ပါတယ်။

၄။ မိတ်ကပ်များ

မိတ်ကပ်ပေါင်ဒါ Highlighter များနှင့် အခြားမိတ်ကပ်ပစ္စည်းတွေက ခြောက်သွေ့သယောက်ထင်ရပေမယ့်လည်း လေပူအောက်မှာ အရည်ပျော်နိုင်တဲ့ အဆီတွေ။ ဒြပ်တွေပါဝင်နေပါတယ်။ ဒါကြောင့်မို့ ဖုန်စုပ်စက်တွေအတွက် အန္တရာယ်အများဆုံးအရာတွေအဖြစ် သတ်မှတ်ခံရခြင်းဖြစ်ပါတယ်။ အထဲကို တခါဝင်သွားမယ်ဆိုရင် ပြန်ပြီးသန့်ရှင်းရေးလုပ်ရတာအင်မတန်ခက်ခဲပြီး အဆိုးဆုံးကတော့ ဖုန်စုပ်စက်အတွင်းပိုင်းပစ္စည်းတွေကိုတောင် အသစ်လဲလိုက်ရနိုင်ပါတယ်။

၅။ စက္ကူအပိုင်းအစလေးတွေ

ရောင်စုံစက္ကူစလေးတွေက ဖုန်စုပ်စက်ကိုအရမ်းပိတ်လွယ်စေပါတယ်။ ထိုမှတဆင့် အပူလွန်ကဲပြီး အင်ဂျင်ရပ်သွားနိုင်ပါတယ်။ သတ္တုလွှာကနေ ပြုလုပ်ထားတဲ့ ရောင်စုံလေးတွေဟာဆိုရင် စက္ကူစတွေထက်ကို ပိုပြီးတော့ အန္တရာယ်များပါတယ်။ ဘာလို့လဲဆိုတော့ အတွင်းထဲရောက်သွားသည့်အခါ အပူချိန်ကြောင့် အရည်ပျော်ပြီး နှိုက်ရခက်ခဲတဲ့ ဖုန်စုပ်စက်အတွင်းပိုင်းထိရောက်သွားကာ စက်ကို လုံးဝသုံးမရလောက်တဲ့အထိကို ဖြစ်စေနိုင်ပါတယ်။

၆။ ရေစိုကြမ်းပြင်

စိုစွတ်နေတဲ့ ကြမ်းပြင် သို့မဟုတ် အစားအသောက်စိုစိုတွေကို ဖုန်စုပ်စက်သုံးခြင်းက အင်မတန်အန္တရာယ်များပါတယ်။ မတော်တဆပြုလုပ်မိခြင်းဖြင့် ဓာတ်လိုက်ခြင်းကို ကြုံတွေ့လာရနိုင်ပါတယ်။

၇။ ဖန်ကွဲစများ

ချွန်ထက်တဲ့ဖန်ကွဲစတွေ ဖုန်စုပ်စက်အတွင်းထဲဝင်သွားသည့်အခါ အတွင်းပိုင်းကို ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ထိုအခါ အသစ်လဲရင်လဲ မလဲရင် နောက်တစ်ခုအသစ်လုံးလုံးဝယ်လိုက်ရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Lifestylemyanmar

 

 

 

[Zawgyi]

ဖုန္စုပ္စက္ကို ဘယ္လိုေနရာေတြနဲ႕ ဘယ္လိုအေျခအေနေတြမွာ သန္႔ရွင္းေရးလုပ္ဖို႔အတြက္ မသံုးသင့္ဘူးလဲ ?

 

အိမ္တြင္းရွိ က်ိဳးေၾကေနတဲ့ သို႔မဟုတ္ ဖိတ္က်ေနတဲ့ ပစၥည္းေတြကို ဖုန္စုပ္စက္နဲ႔ စုပ္ယူရွင္းထုတ္လိုက္ျခင္းက တစ္ခါတစ္ေလက်ေတာ့ အလြယ္ကူဆံုးနဲ႕ အျမန္ဆံုး နည္းလမ္းေကာင္းတစ္ခုလိုျဖစ္ႏိုင္တာေၾကာင့္ ႀကိဳးမဲ့ဖုန္စုပ္စက္ေတြကို တြင္တြင္က်ယ္က်ယ္ အသံုးျပဳလာၾကပါတယ္။ သို႔ေသာ္လည္း ကၽြန္မတို႔ရဲ႕ ဖုန္စုပ္စက္ေတြဟာ ဝယ္ထားတာမၾကာေသးေပမယ့္လည္း အနံ႕ဆိုးထြက္လာျခင္း၊ အလုပ္လုပ္ႏိုင္အား ေလ်ာ့နည္းလာျခင္း၊ သို႔မဟုတ္ လံုးဝအလုပ္မလုပ္ေတာ့ျခင္း စတဲ့ အေျခအေနေတြကို ၾကံဳေတြ႕လာေနရပါတယ္။ ဒါဘာေၾကာင့္ျဖစ္ရလဲဆိုရင္ေတာ့ ဖုန္စုပ္စက္ကို အသံုးမျပဳသင့္တဲ့ အေျခအေနေတြ၊ အခ်ိန္အခါေတြမွာ အသံုးျပဳမိျခင္းေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

၁။ ေကာ္ဖီ၊ ေကာ္ဖီမႈန္႔မ်ားႏွင့္ ကိုကိုးမႈန္႔မ်ား

ဖုန္စုပ္စက္နဲ႕ အသံုးျပဳၿပီးသား ေကာ္ဖီအမႈန္႔မ်ားကို စုပ္မယ္ဆိုရင္ေတာ့ အတြင္းရွိအမိႈက္ပံုးထဲမွာ မိႈေတြျဖစ္လာႏိုင္ပါတယ္။ အသံုးျပဳၿပီးသား ေကာ္ဖီမႈန္႔ေတြက စိုစြတ္ေနသလို မထင္ရေပမယ့္လည္း အၿမဲတမ္းစိုစြတ္မႈရွိေနပါတယ္။ ဒါ့အျပင္ ဖုန္စုပ္စက္အတြင္းပိုင္ေတြမွာျမန္ျမန္ဆန္ဆန္ ေစးကပ္သြားႏိုင္သည့္အတြက္ ျပန္ၿပီးသန္႔ရွင္းေရးလုပ္ရတာလည္း ခက္ခဲႏိုင္ပါတယ္။

ေကာ္ဖီအမႈန္႔ေျခာက္၊ ကိုကိုးမႈန္႔ေတြဟာဆိုရင္လည္း ဖုန္စုပ္စက္ရဲ႕ ဇကာကို ပိတ္ဆို႔သြားေစႏိုင္တာေၾကာင့္ လံုးဝသံုးမရျဖစ္သြားေစပါလိမ့္မယ္။

၂။ ေျမႀကီး

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အိမ္ထဲကိုေရာက္လာတဲ့ ေျမႀကီးေတြကို အျမန္ဆံုးရွင္းထုတ္ဖို႔ ဖုန္စုပ္စက္ကိုအသံုးျပဳဖို႔ဆိုတာက ေခါင္းထဲအရင္ေရာက္လာပါလိမ့္မယ္။ သို႕ေသာ္လည္း ေကာ္ေဇာေပၚရွိ ဖုန္ေတြကို ဖုန္စုပ္စက္အသံုးျပဳျခင္းက အတြင္းပိုင္းထိပိုဝင္သြားေစႏိုင္ၿပီးေတာ့ ျပန္ထုတ္ရခက္ခဲႏိုင္တာေၾကာင့္ ျဖစ္ႏိုင္မယ္ဆိုပါက ဘရက္ရွ္ကို အသံုးျပဳပါ။

ဒါ့အျပင္ ေျမႀကီးကစိုေနတယ္ဆိုရင္ ဖုန္စုပ္စက္ရဲ႕ အင္ဂ်င္ပိုင္းေတြမွာ ျပႆနာျဖစ္သြားေစႏိုင္ပါတယ္။ ပန္းေျခာက္ေတြ၊သစ္ရြက္ေတြကလည္း ဖုန္စုပ္စက္ပိ္ုက္ေခါင္းေတြ သို႔မဟုတ္ ဇကာေတြမွာ ပိတ္ဆို႔ႏိုင္သည့္အတြက္ အသံုးမျပဳပါနဲ႕။

၃။ ဆံပင္

လံုးဝမဝင္ေအာင္လို႔ ဘယ္လိုမွမတတ္ႏိုင္ဘူးဆိုေပမယ့္လည္း အတတ္ႏိုင္ဆံုးေတာ့ တိရစၧာန္အေမႊးေတြ၊ ဆံပင္ေမႊးေတြ တလံုးတေထြးႀကီးမဝင္ေအာင္လို႔ ဂ႐ုစိုက္ပါ။ အမိႈက္ပံုး ဇကာတို႔ကို ျမန္ျမန္ဆန္ဆန္ ပိတ္ဆို႔သြားေစႏိုင္ပါတယ္။

၄။ မိတ္ကပ္မ်ား

မိတ္ကပ္ေပါင္ဒါ Highlighter မ်ားႏွင့္ အျခားမိတ္ကပ္ပစၥည္းေတြက ေျခာက္ေသြ႕သေယာက္ထင္ရေပမယ့္လည္း ေလပူေအာက္မွာ အရည္ေပ်ာ္ႏိုင္တဲ့ အဆီေတြ။ ျဒပ္ေတြပါဝင္ေနပါတယ္။ ဒါေၾကာင့္မို႔ ဖုန္စုပ္စက္ေတြအတြက္ အႏၲရာယ္အမ်ားဆံုးအရာေတြအျဖစ္ သတ္မွတ္ခံရျခင္းျဖစ္ပါတယ္။ အထဲကို တခါဝင္သြားမယ္ဆိုရင္ ျပန္ၿပီးသန္႔ရွင္းေရးလုပ္ရတာအင္မတန္ခက္ခဲၿပီး အဆိုးဆံုးကေတာ့ ဖုန္စုပ္စက္အတြင္းပိုင္းပစၥည္းေတြကိုေတာင္ အသစ္လဲလိုက္ရႏိုင္ပါတယ္။

၅။ စကၠဴအပိုင္းအစေလးေတြ

ေရာင္စံုစကၠဴစေလးေတြက ဖုန္စုပ္စက္ကိုအရမ္းပိတ္လြယ္ေစပါတယ္။ ထိုမွတဆင့္ အပူလြန္ကဲၿပီး အင္ဂ်င္ရပ္သြားႏိုင္ပါတယ္။ သတၱဳလႊာကေန ျပဳလုပ္ထားတဲ့ ေရာင္စံုေလးေတြဟာဆိုရင္ စကၠဴစေတြထက္ကို ပိုၿပီးေတာ့ အႏၲရာယ္မ်ားပါတယ္။ ဘာလို႔လဲဆိုေတာ့ အတြင္းထဲေရာက္သြားသည့္အခါ အပူခ်ိန္ေၾကာင့္ အရည္ေပ်ာ္ၿပီး ႏိႈက္ရခက္ခဲတဲ့ ဖုန္စုပ္စက္အတြင္းပိုင္းထိေရာက္သြားကာ စက္ကို လံုးဝသံုးမရေလာက္တဲ့အထိကို ျဖစ္ေစႏိုင္ပါတယ္။

၆။ ေရစိုၾကမ္းျပင္

စိုစြတ္ေနတဲ့ ၾကမ္းျပင္ သို႔မဟုတ္ အစားအေသာက္စိုစိုေတြကို ဖုန္စုပ္စက္သံုးျခင္းက အင္မတန္အႏၲရာယ္မ်ားပါတယ္။ မေတာ္တဆျပဳလုပ္မိျခင္းျဖင့္ ဓာတ္လိုက္ျခင္းကို ၾကံဳေတြ႕လာရႏိုင္ပါတယ္။

၇။ ဖန္ကြဲစမ်ား

ခၽြန္ထက္တဲ့ဖန္ကြဲစေတြ ဖုန္စုပ္စက္အတြင္းထဲဝင္သြားသည့္အခါ အတြင္းပိုင္းကို ထိခိုက္ပ်က္စီးမႈေတြ ျဖစ္လာေစႏိုင္ပါတယ္။ ထိုအခါ အသစ္လဲရင္လဲ မလဲရင္ ေနာက္တစ္ခုအသစ္လံုးလံုးဝယ္လိုက္ရတဲ့အထိ ျဖစ္သြားႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: Lifestylemyanmar

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service