အိမ်ရှားပါးနေသော အိုင်ယာလန်တွင် အိမ်တစ်လုံးငှားခွင့်ရရန် လူပေါင်းရာချီတန်းစီခဲ့
အိမ်ရှားပါးနေသော အိုင်ယာလန်တွင် အိမ်တစ်လုံးငှားခွင့်ရရန် လူပေါင်းရာချီတန်းစီခဲ့ - Property News in Myanmar from iMyanmarHouse.com
25 Aug 2022 11:04 am တွင် တင်ခဲ့သည်
744 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အိုင်ယာလန်နိုင်ငံ၏မြို့တော် ဒဗ္ဗလင်တွင် အိမ်ခြံမြေရှားပါးမှု ပြဿနာမှာ အကျပ်အတည်းတစ်ခုဆီသို့ ဆိုက်ရောက်လာနေလျက်ရှိပြီး ပြီးခဲ့သော သြဂုတ် ၁၆ ရက်က အိမ်တစ်လုံးကို အငှားချပေးရန်အတွက် လျှောက်လွှာခေါ်ယူရာတွင် ငှားရမ်းခွင့်ရရန် လူပေါင်းရာချီကာ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းခဲ့ကြသည်။
အိမ်တစ်လုံးကို ကြည့်ရှုရန် လူပေါင်း ၁၅၀ ကျော် ညဘက်အထိ တန်းစီခဲ့ကြခြင်း ဖြစ်သည်။
အိပ်ခန်း ၃ ခန်းပါနေအိမ်ကို ငှားရမ်းနိုင်ရေး ကြည့်ရှုရန်အတွက် ဒဗ္ဗလင်မြို့၊ St Brendans လမ်းမတစ်လျှောက် လူပေါင်းရာချီတန်းစီခဲ့ကြသည်ကို အင်္ဂါနေ့ည ၈ နာရီခွဲအချိန်တွင် တွေ့ခဲ့ရသည်။
နေဝင်သွားပြီးနောက်ပိုင်း မိနစ် ၃၀ အတွင်း အိမ်ကြည့်ခွင့်ရရန် တန်းစီနေသော လူတန်းကြီးထံ နောက်ထပ် လူဦးရေ ၅၀ ခန့် ထပ်မံရောက်ရှိလာပြန်သည်။
အဆိုပါအိမ်၏ ငှားရမ်းခမှာ တစ်လလျှင် ယူရို ၈၅၀ ဖြစ်သည်ဟု ဆိုသည်။
အိမ်ငှားရန် ဝင်ရောက်တန်းစီခဲ့သူ Conor Finn ဆိုသူက တွစ်တာတွင် လူတန်းရှည်ကြီး၏ ဓာတ်ပုံတင်ခဲ့ပြီး အိမ်မကြည့့်ရသေးမီ လူတန်းရှည်ကြီးထဲမှ ပြန်ထွက်လာခဲ့ကြောင်း ရေးသားထားသည်။
“အဲဒီညအတွက် အိမ်ကြည့်ရဖို့ အလားအလာမရှိတာကြောင့် တစ်နာရီလောက်ကြာတော့ လူတန်းထဲကနေ ကျွန်တော်ပြန်ထွက်လာခဲ့ပါတယ်။ ကျွန်တော်ပြန်လာချိန်မှာ လူတန်းကြီးဆီကို လူတွေ ထပ်ရောက်လာနေတုန်းပါပဲ”ဟု ၎င်းက ထိုည ၉း၃၀ တွင် တွစ်တာ၌ ရေးသားခဲ့သည်။
Google ကဲ့သို့ နည်းပညာနှင့် အခြားဆေးဝါးကုမ္ပဏီများအား ကော်ပိုရေးရှင်းအခွန်နှုန်းထားများကို သက်သာစွာပေးဆောင်စေမှုဖြင့် မက်လုံးပေးနိုင်မှုကြောင့် ကော်ပိုရိတ်အခွန် ယူရို ၈ ဘီလီယံအထိ အိပ်ထဲထည့်နိုင်ထားကာ အိုင်ယာလန်စီးပွားရေးမှာ ဖွံ့ဖြိုးလာနေသည်။
သို့သော် ယင်းကုမ္ပဏီများ၏ ဝန်ထမ်းများ အိုင်ယာလန်သို့ အလုံးအရင်းဝင်လာမှုကြောင့်လည်း အိုင်ယာလန်မှာ အိမ်ခြံမြေ လိုအပ်ချက် မြင့်မားလာခဲ့သည်။
အိမ်ငှားခ ဈေးနှုန်းမြင့်မားစွာလည်း တတ်နိုင်ကြရာ အိမ်ခြံမြေဈေးနှုန်းများမှာလည်း လိုက်ပါမြင့်တက်လာခဲ့သည်။
အိမ်ခြံမြေများ ရှားပါးလာခြင်းဟူသည်မှာ အိုင်ယာလန်သည် အိမ်ခြံမြေအကျပ်အတည်းဆိုက်နေပြီဟု ဆိုလိုခြင်းဖြစ်ပြီး အိုင်ယာလန်ရှိ အိမ်ခြံမြေကုမ္ပဏီတစ်ခုဆိုလျှင် အိမ်တစ်လုံးငှားရန်အတွက် လျှောက်လွှာပေါင်း ၁၂၀၀ လက်ခံရရှိခဲ့ရာ အိမ်ကြည့်ရန် မဲဖောက်သည့်စနစ်ဖြင့် ရွေးချယ်လာရသည့်အဖြစ်မျိုးထိ ဖြစ်လာသည်။
(အိမ်ငှားလိုသူပေါင်း ၁၅၀ ကျော်သည် ဒဗ္ဗလင်ရှိ အိမ်တစ်လုံးကို ကြည့်ခွင့်ရရန် တန်းစီစောင့်ဆိုင်းနေကြပုံ)
(ဒဗ္ဗလင်မြို့ပေါ် အိမ်တစ်လုံးကြည့်ရန် စောင့်ဆိုင်းနေသည့် လူတန်းရှည်ကြီး)
(ည ၈ နာရီခွဲခန့်တွင် လူ ၁၀၀ နှင့်အထက်ဖြစ်နေပြီ)
ဒဗ္ဗလင်မြို့တွင် ပြီးခဲ့သော လများကတည်းက အိမ်ငှားဈေးကွက် demand ကြီးမားနေခဲ့ခြင်းဖြစ်သည်။
အိုင်ယာလန်၏ အငှားနေအိမ်လိုအပ်ချက်မှာ ယခုလတွင်မူ စံချိန်တင်မြင့်တက်ခဲ့သည်။ အိုင်ယာလန် အိမ်ခြံမြေဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Daft.ie မှ ဖော်ပြချက်အရ သြဂုတ်လ ၁ ရက်တွင် လူဦးရေ ၅ ဒသမ ၁ သန်းအတွက် ရနိုင်သည့်နေအိမ်မှာ ၇၁၆ လုံးသာရှိသည်ဟု ဆိုသည်။
Irish Residential Properties REIT (IRES) အိမ်ခြံမြေကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Margaret Sweeney က ရိုက်တာသတင်းဌာနသို့ ပြောသည်မှာ ပြီးခဲ့သောလအတွင်း ဒဗ္ဗလင်မြို့လယ်မှ အငှားဈေးကွက်ရောက် လာသော တိုက်ခန်းသစ် ၂၀ ကို ကြည့်ရန် တောင်းဆိုသူပေါင်း ၆၀၀ ရှိခဲ့သည်ဟု ဆိုသည်။
အခန်း ၆၁ ခန်းပါသော ဆောက်လုပ်ရေးစီမံကိန်းတစ်ခုဆိုလျှင် Developer တို့ ဆောက်လုပ်ပြီးစီးသွားသည်နှင့် ရက်သတ္တပတ်အတွင်း နေထိုင်သူများ ချက်ချင်းပြည့်သွားကြောင်းလည်း သူမက ဖြည့်စွက်ပြောကြားသည်။
“demand က အများကြီးကို မြင့်တက်လာတယ်။ ရနိုင်တဲ့ ကောင်းကောင်းမွန်မွန် လူနေခန်းက တကယ်ရှားနေတယ်။ ဒါဟာ တစ်လထက်တစ်လ မြင့်တက်လာနေတာကို ကျွန်မတို့ တွေ့နေရပါတယ်”ဟု Sweeney က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော အင်တာဗျူးတွင် ပြောကြားသည်။
ဒဗ္ဗလင်မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ Brock Delappe က ပြောသည်မှာ လျှောက်လွှာအားလုံးကို လက်ခံဆောင်ရွက်ရန်မဖြစ်နိုင်သဖြင့် အိမ်ခြံမြေကြည့်ခွင့်ရမည့်သူများကို မဲဖောက်ရွေးချယ်ရမှုများ ပြုလုပ်လာရကြောင်း ပြောသည်။
(နေဝင်သွားပြီးနောက် နာရီဝက်အတွင်း လူ ၅၀ ခန့် ထပ်ရောက်လာပြန်သည်)
 (အိမ်တစ်လုံးကြည့်ခွင့်ရရန် တန်းစီနေသူများ)
 (အိမ်ခြံမြေရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်နေရသည့် အိုင်ယာလန်)
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Hundreds queue for hours to view just ONE rental property in Dublin as the Irish capital's housing shortage reaches crisis point (dailymail)
[Zawgyi]
အိမ်ငှားရန် ဝင်ရောက်တန်းစီခဲ့သူ Conor Finn ဆိုသူက တွစ်တာတွင် လူတန်းရှည်ကြီး၏ ဓာတ်ပုံတင်ခဲ့ပြီး အိမ်မကြည့်ရသေးမီ လူတန်းရှည်ကြီးထဲမှ ပြန်ထွက်လာခဲ့ကြောင်း ရေးသားထားသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service