မိတ်ကပ်အလှဖန်တီးရှင် ဂျက်ဖရီစတား၏ စံအိမ် စမိုင်းက ဒေါ်လာ ၁၆ သန်းကျော်ဖြင့်ဝယ်

မိတ်ကပ်အလှဖန်တီးရှင် ဂျက်ဖရီစတား၏ စံအိမ် စမိုင်းက ဒေါ်လာ ၁၆ သန်းကျော်ဖြင့်ဝယ် - Property News in Myanmar from iMyanmarHouse.com
9 Aug 2022 10:23 am တွင် တင်ခဲ့သည်
4998 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(အသေးစိတ်အချက်အလက်များ)

ရောင်းချသူ- ဂျက်ဖရီ စတား (Jeffree Star)

ဝယ်ယူသူ- ပြည့် & စမိုင်းမောင်

တည်နေရာ- လော့စ်အိန်ဂျလိမြို့၊ Hidden Hills အရပ်

ဈေးနှုန်း- ကန်ဒေါ်လာ ၁၆ ဒသမ ၇ သန်း

ဆောက်လုပ်သည့်ခုနှစ်- ၂၀၀၇

အကျယ်အဝန်း- ၁၉၅၄၉ စတုရန်းပေ

အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၁၃ ခန်း

ခြံဝန်းအကျယ်- ၂ ဒသမ ၈၂ ဧက

(ဂျက်ဖရီစတား ဘယ်သူလဲ)

ဂျက်ဖရီစတား (မွေး ၁၉၈၅) ၏ ငယ်မည်မှာ ဂျက်ဖရီ လင်း စတိုင်းနင်ဂါ ဂျူနီယာ (Jeffrey Lynn Steininger Jr.,) ဖြစ်ပြီး အမေရိကန်လူမျိုး YouTube ကြယ်ပွင့်၊ စီးပွားရေးလုပ်ငန်းရှင်၊ မိတ်ကပ်အလှဖန်တီးရှင်၊ အဆိုတော်၊ တေးရေးတစ်ဦး ဖြစ်သည်။ သူသည် Jeffree Star Cosmetics အလှကုန်ပစ္စည်းကုမ္ပဏီပိုင်ရှင်လည်း ဖြစ်သည်။

(စံအိမ်ရောင်းချမှု)

ဂျက်ဖရီစတားသည် ယခုအရောင်းအဝယ်ဖြစ်သွားသည့်စံအိမ်ကို ဈေးကွက်တင်ထားသည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုအခါတွင်မူ ရောင်းထွက်သွားပြီ ဖြစ်သည်။ စံအိမ်တည်ရှိသည့် Hidden Hills အရပ်ဟူသည်မှာ ကမ္ဘာကျော်ပုဂ္ဂိုလ်များ စုဝေးနေထိုင်ကြသည့်နေရာဖြစ်ပြီး Beverly Hill နှင့်ထပ်တူ နာမည်ကျော်သည့်နေရာ ဖြစ်သည်။

ခြံဝန်းအကျယ် ၂ ဒသမ ၈ ဧကမှာ တောင်ကုန်းထိပ်တွင် ဖြန့်ကျက်တည်ရှိပြီး Hidden Hills ရှိ စံအိမ်များ အားလုံးတွင် အကြီးမားဆုံးနှင့် တောက်ပြောင်ခမ်းနားမှုအရှိဆုံး စံအိမ်ဖြစ်သည်ဟု ဆိုသည်။

ယင်းသို့ နန်းတော်တမျှ ခမ်းနားလှသော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၆ ဒသမ ၇ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဈေးကွက်မှတ်တမ်းများက အတည်ပြုထားသည်။ ဂျက်ဖရီ စတားက ထိုစံအိမ်ကို ကနဦး ဈေးခေါ်ခဲ့သည်မှာ ဒေါ်လာ သန်း ၂၀ ဖြစ်သည်။ လွန်ခဲ့သော ၃ နှစ်က ယခုစံအိမ်ကို ဂျက်ဖရီစတား ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၁၄ ဒသမ ၆ သန်း ပေးခဲ့ရသည်။

ဂျက်ဖရီစတား ယခုဈေးကွက်တင်မှုမတိုင်မီ နောက်ဆုံးဈေးခေါ်ခဲ့သည်မှာ ကန်ဒေါ်လာ ၁၅ ဒသမ ၅ သန်းဖြစ်သည်။

အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြထားချက်အရ ဝယ်ယူသွားသူမှာ မြန်မာနိုင်ငံသားများဖြစ်သော ပြည့် & စမိုင်းမောင်တို့ ဇနီးမောင်နှံဖြစ်သည်ဟု ဖော်ပြထားသည်။

၎င်းတို့ ဇနီးမောင်နှံသည် စီးပွားရေးလုပ်ငန်းများစွာ ပိုင်ဆိုင်ထားသည်။

စမိုင်းတို့ ဇနီးမောင်နှံသည် မကြာသေးမီကလည်း လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်ရှိ ခေတ်ပြိုင်ဗိသုကာဟန် စံအိမ်တစ်လုံးကို အငှားချထားခဲ့သည်။

၎င်းတို့စုံတွဲသည် ယခင်က ကယ်လီဖိုးနီးယားပြည်နယ်၊ Rancho Cucamonga တွင် ကာလကြာရှည် နေထိုင်ခဲ့ကြသည်။

ထိုဒေသတွင် ကျယ်ဝန်းသောစံအိမ်တစ်လုံးကို ယခုထိ ပိုင်ဆိုင်ထားဆဲ ဖြစ်ပြီး ၂၀၁၅ ခုနှစ်က ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Rancho Cucamonga သည် ဆန် ဘာနာဒီနိုခရိုင်တွင် တည်ရှိပြီး Hidden Hills ၏ အရှေ့စူးစူး မိုင် ၇၀ ခန့်အကွာတွင် တည်ရှိသည်။

(ဂျက်ဖရီစတား လက်ရှိနေထိုင်သည့်နေရာ)

ဂျက်ဖရီစတားသည် လက်ရှိအားဖြင့် အမေရိကန်ပြည်ထောင်စု၊ ဝိုင်ယောမင်းပြည်နယ် (Wyoming)၊ Casper မြို့ရှိ ဧက ၇၀ ကျယ်ဝန်းသော မွေးမြူရေးခြံကြီးတွင် နေထိုင်လျက်ရှိပြီး အဆိုပါခြံကို ချဲ့ထွင်လျက်ရှိရာ ယခုအခါ ဧက ၃၀၀ ကျော် ကျယ်ဝန်းနေပြီဖြစ်ကာ တိဗက်နွား အကောင်ရေ ၁၅၀ မွေးမြူထားသည်။

(ရောင်းချလိုက်သည့် စံအိမ်)

ရောင်းချလိုက်သည့် Hidden Hills စံအိမ်တွင် ၂ ထပ် အားကစားလေ့ကျင့်ခန်းမ၊ ဓာတ်လှေကား ၁ စင်း၊ ကား ၁၀ စင်းဆန့် မြေအောက် ကားဂိုဒေါင်၊ အရသာမြည်းစမ်းခန်း ပါဝင်သည့် ဝိုင်သိုလှောင်ခန်း၊ ရုပ်ရှင်ရုံ၊ ဧည့်ဂေဟာအိမ် ၂ လုံး၊ ဂိုဒေါင်တစ်လုံး၊ ရေခဲသေတ္တာ ၄ လုံးမှ ၅ လုံးအထိပါဝင်သော မီးဖိုဆောင်တစ်ခု၊ တိုက်ခန်းအများစုထက် ပိုမိုကျယ်ဝန်းသော Master Bedroom တို့ ပါဝင်သည်။

ဂျက်ဖရီစတားက သူပိုင်ဆိုင်ခဲ့သော ကာလတိုအတွင်း ယခုစံအိမ်ကို မွမ်းမံမှုများ ပြုလုပ်ခဲ့ရာ လျှပ်စစ်ပိုင်းဆိုင်ရာများ၊ အပူပေးစနစ်၊ လေဝင်လေထွက်၊ လေအေးပေးစနစ် (HVAC) နှင့် လုံခြုံရေးစနစ်များကို ပြန်လည်တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့အပြင် ဂျက်ဖရီစတားက သူ၏ ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိသော လက်ဝတ်ရတနာများ ထားရှိရန်အတွက် လမ်းလျှောက်ဝင်နိုင်သော ဘဏ္ဍာတိုက်တစ်ခုလည်း ယခုစံအိမ်အတွင်း တပ်ဆင်ခဲ့သေးသည်။

ယခုစံအိမ်ကို အရောင်းဈေးကွက်တင်ပေးခဲ့သည်မှာ Compass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Aaron Kirman ဖြစ်ပြီး ဝယ်လက်ဘက်မှ ကိုယ်စားပြုခဲ့သည်မှာ Global Homes Network အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Yewmeng Lee ဖြစ်သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jeffree Star Sells Hidden Hills Megamansion to Burmese Buyers, Expands Wyoming Ranch (dirt)

[Zawgyi]

မိတ္ကပ္အလွဖန္တီးရွင္ ဂ်က္ဖရီစတား၏ စံအိမ္ စမိုင္းက ေဒၚလာ ၁၆ သန္းေက်ာ္ျဖင့္ဝယ္

(အေသးစိတ္အခ်က္အလက္မ်ား)

ေရာင္းခ်သူ- ဂ်က္ဖရီ စတား (Jeffree Star)

ဝယ္ယူသူ- ျပည့္ & စမိုင္းေမာင္

တည္ေနရာ- ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Hidden Hills အရပ္

ေစ်းႏႈန္း- ကန္ေဒၚလာ ၁၆ ဒသမ ၇ သန္း

ေဆာက္လုပ္သည့္ခုႏွစ္- ၂၀၀၇

အက်ယ္အဝန္း- ၁၉၅၄၉ စတုရန္းေပ

အိပ္ခန္း ၇ ခန္း၊ ေရခ်ဳိးခန္း ၁၃ ခန္း

ျခံဝန္းအက်ယ္- ၂ ဒသမ ၈၂ ဧက

(ဂ်က္ဖရီစတား ဘယ္သူလဲ)

ဂ်က္ဖရီစတား (ေမြး ၁၉၈၅) ၏ ငယ္မည္မွာ ဂ်က္ဖရီ လင္း စတိုင္းနင္ဂါ ဂ်ဴနီယာ (Jeffrey Lynn Steininger Jr.,) ျဖစ္ျပီး အေမရိကန္လူမ်ဳိး YouTube ၾကယ္ပြင့္၊ စီးပြားေရးလုပ္ငန္းရွင္၊ မိတ္ကပ္အလွဖန္တီးရွင္၊ အဆိုေတာ္၊ ေတးေရးတစ္ဦး ျဖစ္သည္။ သူသည္ Jeffree Star Cosmetics အလွကုန္ပစၥည္းကုမၸဏီပိုင္ရွင္လည္း ျဖစ္သည္။

(စံအိမ္ေရာင္းခ်မႈ)

ဂ်က္ဖရီစတားသည္ ယခုအေရာင္းအဝယ္ျဖစ္သြားသည့္စံအိမ္ကို ေစ်းကြက္တင္ထားသည္မွာ တစ္ႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ျပီျဖစ္ျပီး ယခုအခါတြင္မူ ေရာင္းထြက္သြားျပီ ျဖစ္သည္။ စံအိမ္တည္ရွိသည့္ Hidden Hills အရပ္ဟူသည္မွာ ကမၻာေက်ာ္ပုဂၢိဳလ္မ်ား စုေဝးေနထိုင္ၾကသည့္ေနရာျဖစ္ျပီး Beverly Hill ႏွင့္ထပ္တူ နာမည္ေက်ာ္သည့္ေနရာ ျဖစ္သည္။

ျခံဝန္းအက်ယ္ ၂ ဒသမ ၈ ဧကမွာ ေတာင္ကုန္းထိပ္တြင္ ျဖန္႔က်က္တည္ရွိျပီး Hidden Hills ရွိ စံအိမ္မ်ား အားလံုးတြင္ အၾကီးမားဆံုးႏွင့္ ေတာက္ေျပာင္ခမ္းနားမႈအရွိဆံုး စံအိမ္ျဖစ္သည္ဟု ဆိုသည္။

ယင္းသို႔ နန္းေတာ္တမွ် ခမ္းနားလွေသာ စံအိမ္ၾကီးကို ကန္ေဒၚလာ ၁၆ ဒသမ ၇ သန္းျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္ေၾကာင္း ေစ်းကြက္မွတ္တမ္းမ်ားက အတည္ျပဳထားသည္။ ဂ်က္ဖရီ စတားက ထိုစံအိမ္ကို ကနဦး ေစ်းေခၚခဲ့သည္မွာ ေဒၚလာ သန္း ၂၀ ျဖစ္သည္။ လြန္ခဲ့ေသာ ၃ ႏွစ္က ယခုစံအိမ္ကို ဂ်က္ဖရီစတား ဝယ္ယူခဲ့ရာတြင္ ကန္ေဒၚလာ ၁၄ ဒသမ ၆ သန္း ေပးခဲ့ရသည္။

ဂ်က္ဖရီစတား ယခုေစ်းကြက္တင္မႈမတိုင္မီ ေနာက္ဆံုးေစ်းေခၚခဲ့သည္မွာ ကန္ေဒၚလာ ၁၅ ဒသမ ၅ သန္းျဖစ္သည္။

အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပထားခ်က္အရ ဝယ္ယူသြားသူမွာ ျမန္မာႏိုင္ငံသားမ်ားျဖစ္ေသာ ျပည့္ & စမိုင္းေမာင္တို႔ ဇနီးေမာင္ႏွံျဖစ္သည္ဟု ေဖာ္ျပထားသည္။

၎တို႔ ဇနီးေမာင္ႏွံသည္ စီးပြားေရးလုပ္ငန္းမ်ားစြာ ပိုင္ဆိုင္ထားသည္။

စမိုင္းတို႔ ဇနီးေမာင္ႏွံသည္ မၾကာေသးမီကလည္း ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Beverly Hills အရပ္ရွိ ေခတ္ျပိဳင္ဗိသုကာဟန္ စံအိမ္တစ္လံုးကို အငွားခ်ထားခဲ့သည္။

၎တို႔စံုတြဲသည္ ယခင္က ကယ္လီဖုိးနီးယားျပည္နယ္၊ Rancho Cucamonga တြင္ ကာလၾကာရွည္ ေနထိုင္ခဲ့ၾကသည္။

ထိုေဒသတြင္ က်ယ္ဝန္းေသာစံအိမ္တစ္လံုးကို ယခုထိ ပိုင္ဆိုင္ထားဆဲ ျဖစ္ျပီး ၂၀၁၅ ခုႏွစ္က ဝယ္ယူခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

Rancho Cucamonga သည္ ဆန္ ဘာနာဒီႏိုခရိုင္တြင္ တည္ရွိျပီး Hidden Hills ၏ အေရွ႕စူးစူး မိုင္ ၇၀ ခန္႔အကြာတြင္ တည္ရွိသည္။

(ဂ်က္ဖရီစတား လက္ရွိေနထိုင္သည့္ေနရာ)

ဂ်က္ဖရီစတားသည္ လက္ရွိအားျဖင့္ အေမရိကန္ျပည္ေထာင္စု၊ ဝိုင္ေယာမင္းျပည္နယ္ (Wyoming)၊ Casper ျမိဳ႕ရွိ ဧက ၇၀ က်ယ္ဝန္းေသာ ေမြးျမဴေရးျခံၾကီးတြင္ ေနထိုင္လ်က္ရွိျပီး အဆိုပါျခံကို ခ်ဲ႕ထြင္လ်က္ရွိရာ ယခုအခါ ဧက ၃၀၀ ေက်ာ္ က်ယ္ဝန္းေနျပီျဖစ္ကာ တိဗက္ႏြား အေကာင္ေရ ၁၅၀ ေမြးျမဴထားသည္။

(ေရာင္းခ်လိုက္သည့္ စံအိမ္)

ေရာင္းခ်လိုက္သည့္ Hidden Hills စံအိမ္တြင္ ၂ ထပ္ အားကစားေလ့က်င့္ခန္းမ၊ ဓာတ္ေလွကား ၁ စင္း၊ ကား ၁၀ စင္းဆန္႔ ေျမေအာက္ ကားဂိုေဒါင္၊ အရသာျမည္းစမ္းခန္း ပါဝင္သည့္ ဝိုင္သိုေလွာင္ခန္း၊ ရုပ္ရွင္ရံု၊ ဧည့္ေဂဟာအိမ္ ၂ လံုး၊ ဂိုေဒါင္တစ္လံုး၊ ေရခဲေသတၱာ ၄ လံုးမွ ၅ လံုးအထိပါဝင္ေသာ မီးဖိုေဆာင္တစ္ခု၊ တိုက္ခန္းအမ်ားစုထက္ ပိုမိုက်ယ္ဝန္းေသာ Master Bedroom တို႔ ပါဝင္သည္။

ဂ်က္ဖရီစတားက သူပိုင္ဆိုင္ခဲ့ေသာ ကာလတိုအတြင္း ယခုစံအိမ္ကို မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ရာ လွ်ပ္စစ္ပိုင္းဆိုင္ရာမ်ား၊ အပူေပးစနစ္၊ ေလဝင္ေလထြက္၊ ေလေအးေပးစနစ္ (HVAC) ႏွင့္ လံုျခံဳေရးစနစ္မ်ားကို ျပန္လည္တပ္ဆင္ျခင္း၊ အဆင့္ျမွင့္တင္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

ထို႔အျပင္ ဂ်က္ဖရီစတားက သူ၏ ေဒၚလာသန္းေပါင္းမ်ားစြာ တန္ေၾကးရွိေသာ လက္ဝတ္ရတနာမ်ား ထားရွိရန္အတြက္ လမ္းေလွ်ာက္ဝင္ႏိုင္ေသာ ဘ႑ာတိုက္တစ္ခုလည္း ယခုစံအိမ္အတြင္း တပ္ဆင္ခဲ့ေသးသည္။

ယခုစံအိမ္ကို အေရာင္းေစ်းကြက္တင္ေပးခဲ့သည္မွာ Compass အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Aaron Kirman ျဖစ္ျပီး ဝယ္လက္ဘက္မွ ကိုယ္စားျပဳခဲ့သည္မွာ Global Homes Network အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Yewmeng Lee ျဖစ္သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jeffree Star Sells Hidden Hills Megamansion to Burmese Buyers, Expands Wyoming Ranch (dirt)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service