သေတမ်းစာဖြင့် အိမ်မြေအမွေပေးမည် ဆိုလျှင်...

သေတမ်းစာဖြင့် အိမ်မြေအမွေပေးမည် ဆိုလျှင်... - Property Knowledge in Myanmar from iMyanmarHouse.com
1 Jul 2022 11:58 am တွင် တင်ခဲ့သည်
613 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ (iMyanmarHouse.com)

[Unicode]

 

““သေတမ်းစာရေးပြီး၊ ပစ္စည်း ပေးခဲ့ရင် ပိုင်ဆိုင်ခွင့်ချက်ချင်းရပါသလား””ဟု ငယ်သူငယ်ချင်းတစ်ဦးက စာရေးသူထံ လာရောက် မေးမြန်းဆွေးနွေးပါသည်။

““သေတမ်းစာရေးသားခဲ့တယ် ဆိုတော့ ပေးကမ်းသူကွယ်လွန်မှ ပိုင်ဆိုင် ခွင့်ရမှာလေ””

““တို့မြန်မာဓလေ့ထုံးတမ်းဥပဒေ အရတော့ ပိုင်ရှင်ဖြစ်သူက တစ်စုံတစ် ယောက်ကို မေတ္တာနဲ့ပေးကမ်းရင် ချက်ချင်း ပိုင်ဆိုင်ခွင့်ရတာမဟုတ်လား””

““အေး၊ ဟုတ်တယ်လေ၊ မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေအရမေတ္တာနဲ့ ပေးကမ်းခြင်းဆိုတာ ပိုင်ရှင်ရဲ့သားသမီး မြေး မြစ် စတဲ့ဆွေးမျိုးတော်စပ်သူ အချင်းချင်း ပေးကမ်းတာဖြစ်တယ်။ သေတမ်းစာဆို တာကတော့ မိမိပိုင်ပစ္စည်းကို ဆွေမျိုးတော် စပ်သည်ဖြစ်စေ၊ တစ်စိမ်းတစ်ယောက်ကို ဖြစ်စေ၊ ပေးကမ်းကြောင်းဖော်ပြရေးသားထားတဲ့ စာဖြစ်တယ်။ သေတမ်းစာဖြစ်လို့ ပေးကမ်းသူကွယ်လွန်မှ ပိုင်ဆိုင်ခွင့်ရမယ်””

““မြေ အိမ် ဆိုပါတော့ သူငယ်ချင်း၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရတော့ ပေးကမ်းစာချုပ်ကို မှတ်ပုံတင်ရတယ်မဟုတ် လား။ သေတမ်းစာက စာချုပ် စာတမ်းရုံး မှာ မှတ်ပုံတင်မှ တရားဝင်တာလား””

““၂၀၀၈ ခုနှစ် စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေအရ ပုဒ်မ(၁၇)မှာ သေတမ်းစာကို မှတ်ပုံတင်ဥပဒေအရ မှတ်ပုံတင်လိုက တင်နိုင်သော စာချုပ်စာ တမ်းအမျိုးအစားအဖြစ် သတ်မှတ်ထားပါတယ်””

““ဒါဆိုရင် သေတမ်းစာက မှတ်ပုံ မတင်လည်း တရားဝင်တဲ့သဘောပေါ့””

““ဟုတ်ပါတယ်။ မှတ်ပုံမတင် မနေရစာရွက်စာတမ်းအဖြစ် သတ်မှတ် ချက်ထဲမပါတဲ့အတွက် သေတမ်းစာကို မှတ်ပုံတင်စာချုပ်စာတမ်းအဖြစ် မပြုလုပ် သော်လည်း ဥပဒေအရ တရားဝင်မှာဖြစ် ပါတယ်””

““သေတမ်းစာကို တင်ပြပြီး မြေ အိမ်တို့မှာ အမည်ပြောင်း တိုက်ရိုက် လျှောက်လို့ရပါသလား””

““အစောက သူငယ်ချင်းပြောသလို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မေတ္တာနဲ့ ပေးကမ်းခြင်းစာချုပ်ကို စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေအရ မှတ်ပုံမတင် မနေရ ပြုလုပ်ဆောင်ရွက်ရမှာဖြစ်ကြောင်း ယင်း ဥပဒေပုဒ်မ(၁၆)မှာ အတိအလင်း ပြဋ္ဌာန်းထားတယ်။ ဒါကြောင့် အပိုင်ပေးစာချုပ်တွေကို မှတ်ပုံတင်စာချုပ်အဖြစ် မှတ်ပုံတင်မှ တရားဝင်တယ်။ မှတ်ပုံတင်ချုပ်ဆို ပြီးရင်တော့ သက်ဆိုင်ရာ မြေယာဌာနမှာ အိမ်၊ မြေ အမည်ပေါက်ပြောင်းဖို့လျှောက်ထားနိုင်တယ်။ ဒါပေမယ့် သေတမ်းစာကတော့ တိုက်ရိုက်ပိုင်ဆိုင်ခွင့်မရသေး။ တရားရုံးမှာ သေတမ်းစာကို အတည်ပြုပေးဖို့ လျှောက်ထားရတယ်””

““အင်း ...အဲဒါကိုသိချင်လို့ တရားရုံးမှာ လျှောက်ထားရတယ်ဆိုတာ ဘယ်လိုလုပ်ဆောင်ရတာလဲ””

““ဘာဖြစ်လို့လဲ။ သူငယ်ချင်း အမျိုးထဲမှာ ခရစ်ယာန်ဘာသာဝင်ရှိလို့လား””

““ကိုယ့်သားရဲ့ဇနီးသည်ဘက်က ခရစ်ယာန်ဘာသာဝင်တွေဖြစ်တယ်”” ““ဒါဆို သူငယ်ချင်းရဲ့ချွေးမက ခရစ်ယာန်ဘာသာ ကိုးကွယ်တာပေါ့””

““ဆိုပါတော့ သူငယ်ချင်းရယ်။ သူ့မိဘတွေက ခရစ်ယာန်ဘာသာဝင်၊ ကရင်လူမျိုးစပ်တယ်။ ဒါကြောင့် အခုသူ တို့နေတဲ့ အိမ်နဲ့မြေကို သမီးဖြစ်သူကို သေတမ်းစာ ရေးပြီးပေးခဲ့ချင်တယ်ပြောလို့ ဘယ်လိုဆောင်ရွက်ရတယ်ဆိုတာ သိချင်တယ်””

““နားလည်အောင်ရှင်းပြရရင် သေတမ်းစာမှာ နှစ်မျိုးရေးသားလို့ရတယ်””

““သေတမ်းစာရေးသားတဲ့ပုံစံ (၂) မျိုးရှိတယ်ပေါ့””

““ပထမတစ်မျိုးက သေတမ်းစာမှာ မိမိပစ္စည်းကို မည်သူ့ကိုအပိုင်ပေး မယ်ဆိုတာ ဖော်ပြရတယ်။ တစ်ဆက်တည်း သေတမ်းစာကို အတည်ပြုဆောင်ရွက်ရမယ်။ အတည်ပြုသူတစ်ဦးတစ်ယောက် ကို ခန့်ထားကြောင်း ဖော်ပြပါရှိမယ်””

““သေတမ်းစာအတည်ပြုသူဆိုတာက ပစ္စည်းပေးကမ်းပစ္စည်းလက်ခံသူ ကိုပဲ ခန့်ထားရတာလား”” ““မဟုတ်ဘူး။ ကြားလူကိုခန့်ထားရတယ်။ သူက တရားရုံးမှာ သေတမ်းစာပါအတိုင်း ဆောင်ရွက်နိုင်ရန် အတည်ပြု လက်မှတ်လျှောက်ထားရပါတယ်””

““သေတမ်းစာအတည်ပြု လက်မှတ်ကို တရားရုံးက ထုတ်ပေးတာနဲ့ ပိုင်ဆိုင်ခွင့် ရပြီပေါ့””

““ပိုင်ဆိုင်ခွင့်မရသေးဘူး။ အဲဒီ အတည်ပြုလက်မှတ်ရသူက သေတမ်းစာ ပါ အပိုင်ပေးကမ်းခံရသူကို အပိုင်ပေး စာချုပ် ချုပ်ဆိုဖို့ တရားရုံးမှာ ခွင့်ပြုချက် လျှောက်ထားရတယ်။ အဲဒီခွင့်ပြုချက်အရ အမွေ ဆက်ခံခွင့်ရသူနဲ့ သေတမ်းစာ အတည်ပြု လက်မှတ်ရသူတို့ မှတ်ပုံတင် အပိုင်ပေးစာချုပ် ချုပ်ဆိုရပါတယ်။ အဲဒီ မှတ်ပုံတင်စာချုပ်ရမှသာ ပိုင်ဆိုင်ခွင့်ရှိ မှာ ဖြစ်ပါတယ်””

““နောက် သေတမ်းစာတစ်မျိုး က ဘယ်လိုချုပ်ဆိုရသလဲ””

““အဲဒါကတော့ သေတမ်းစာ အတည်ပြုသူကို သီးခြားခန့်ထားတာမရှိ ဘဲ အမွေဆက်ခံခွင့်ရသူအမည်ကိုသာ ဖော်ပြပြီး ပစ္စ်ည်းစာရင်းအရ သေတမ်း စာဖြင့် အပိုင်ပေးကမ်းတယ်လို့ ဖော်ပြ ရေးသားတဲ့ သေတမ်းစာဖြစ်တယ်။ ပစ္စည်း ပိုင်ရှင်သေတမ်း စာရေးသူရဲ့အမည်၊ ပစ္စ်ည်း စာရင်းနဲ့၊ သေတမ်းစာအရ အမွေရရှိသူ တို့ရဲ့အမည်သာ ပါလေ့ရှိတယ်””

““အဲဒါမျိုးလည်း တရားရုံးမှာ သေတမ်းစာ အတည်ပြုလက်မှတ်လျှောက် ထားရတာပဲလား””

““တရားရုံးမှာတော့ အတည်ပြု ပေးဖို့ လျှောက်ထားရတာတော့ မှန်တယ်။ ဒါပေမယ့် အကြောင်းအရာပုံစံမတူဘူး။ ပထမသေတမ်းစာမျိုးက သေတမ်းစာ အတည်ပြုသူကို အမည်နှင့်တကွ ခန့်ထား တဲ့အတွက် ထိုသူက တရားရုံးမှာ သေတမ်း စာအတည်ပြု လက်မှတ်ထုတ်ပေးဖို့ လျှောက် ထားရတယ်””

““ဒုတိယပုံစံ သေတမ်းစာကြ တော့ တရားရုံးမှာ ဘယ်သူကလျှောက် ရမှာလဲ””

““ဒုတိယပုံစံ သေတမ်းစာမှာ သေတမ်းစာအတည်ပြုသူကို ခန့်ထားခြင်း မရှိလို့ အမွေပေးခြင်းခံရသူကိုယ်တိုင်က သေတမ်းစာပူးတွဲပါရှိသည့် အမွေထိန်းစာ အဖြစ် လျှောက်ထားရမှာဖြစ်တယ်။ ဒါနဲ့ ပတ်သက်လို့ တရားရုံးချုပ်က ဆုံးဖြတ် ထားတဲ့အမှုရှိတယ်””

““ဗဟုသုတအဖြစ် ပြောပြပါဦး””

““တရားရုံးချုပ်က ဆုံးဖြတ်ထား တဲ့ ဦးစိန်းမောင်ပါ ၅ ဦးနှင့် ဒေါ်ခင်မြယု ခေါ် ဒေါ်ခင်မမကြီး ၂၀၀၇ ခုနှစ် တရား စီရင်ထုံး စာမျက်နှာ ၁၅ မှာ ဒေါ်ခင်မြယု က အဘွားဖြစ်သူမှ မိမိအားပေးခဲ့သော ပစ္စည်းများကို စီမံခန့်ခွဲနိုင်ရန် သေတမ်းစာ အတည်ပြုလက်မှတ်ထုတ်ပေးရန် လျှောက် ထားခဲ့သည်။ သေတမ်းစာအရ သေတမ်းစာ အတည်ပြုသူအဖြစ် ဒေါ်ခင်မြယုကို သော် လည်းကောင်း၊ အခြားတစ်ဦးတစ် ယောက် ကိုသော်လည်းကောင်း ခန့်ထား ခြင်းမရှိသဖြင့် ဒေါ်ခင်မြယုအား သေတမ်း စာ အတည် ပြုလက်မှတ်ထုတ်မပေးနိုင် ဟု ဆုံးဖြတ်ခဲ့ပါတယ်””

““ဒါဆိုရင် အသေတမ်းစာပူးတွဲ ပါရှိတဲ့ အမွေထိန်းစာလျှောက်ရမှာပေါ့””

““မှန်ပါတယ်။ ဒေါ်ခင်မြယုက သေတမ်းစာပူးတွဲပါရှိသည့် အမွေထိန်းစာ လျှောက်ရပါမယ်””

““ဒါဆိုရင် သူက ပိုင်ဆိုင်ခွင့်မရ ဘဲ အမွေထိန်းသာဖြစ်နေတော့မှာပေါ့””

““ဟုတ်ပါတယ်။ ဒါပေမယ့် သေတမ်းစာပူးတွဲပါရှိသည့် အမွေထိန်းစာရသူ က အဲဒီပစ္စည်းကို မိမိသဘောအလျောက် ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း စတာတွေကို တရားရုံးရဲ့ခွင့်ပြုချက်ကို ရယူပြီး လုပ်ပိုင်ခွင့်ရှိမှာဖြစ်တယ်။ ကိုယ်တိုင်တော့ အိမ် မြေအမည်ပေါက်မရဘူး ပေါ့””

““ပထမသေတမ်းစာပုံစံမျိုးကတော့ သေတမ်းစာအတည်ပြုသူက ဆောင်ရွက်ပေးရတာပေါ့နော်””

““မှန်ပါတယ်။ ဒါကြောင့် သေတမ်းစာအတည်ပြုသူကို ခန့်ထားတဲ့အခါ သမာသမတ်ရှိပြီး ယုံကြည်စိတ်ချရသူကို ခန့်ထားကြတာဖြစ်တယ်။ မိသားစုထဲက ဖြစ်ချင်ဖြစ်မယ်။ အထူးသဖြင့်တော့ ရှေ့နေ တွေကို ခန့်ထားတတ်တယ်””

““ပိုကောင်းတာပေါ့။ သူကိုယ်တိုင် ချုပ်ဆိုပေးတဲ့ စာချုပ်ဆိုတော့ ရှေ့နေ ကို သေတမ်းစာ အတည်ပြုသူခန့်တာက အဆင်ပြေနိုင်တယ်””

““ဒါကတော့ ယုံကြည်ထိုက်တဲ့သူ ဖြစ်ဖို့တော့ လိုတာပေါ့။ တစ်ခါတစ်ရံ မှာ သေတမ်းစာအတည်ပြုသူအဖြစ် ခန့်ထားခံရသူက ဆောင်ရွက်မပေးလို့ အဆင်မပြေတာတွေလည်း ရှိကြတယ်။ ဒီတော့ သေချာ စဉ်းစားဆောင်ရွက်ပါလို့ပဲ အကြံပေးချင်တယ် သူငယ်ချင်း””ဟု ဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ထီယု(ဥပဒေအတိုင်ပင်ခံ) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေသတမ္းစာျဖင့္ အိမ္ေျမအေမြေပးမည္ ဆိုလွ်င္...

““ေသတမ္းစာေရးၿပီး၊ ပစၥည္း ေပးခဲ့ရင္ ပိုင္ဆိုင္ခြင့္ခ်က္ခ်င္းရပါသလား””ဟု ငယ္သူငယ္ခ်င္းတစ္ဦးက စာေရးသူထံ လာေရာက္ ေမးျမန္းေဆြးေႏြးပါသည္။

““ေသတမ္းစာေရးသားခဲ့တယ္ ဆိုေတာ့ ေပးကမ္းသူကြယ္လြန္မွ ပိုင္ဆိုင္ ခြင့္ရမွာေလ””

““တို႔ျမန္မာဓေလ့ထံုးတမ္းဥပေဒ အရေတာ့ ပိုင္ရွင္ျဖစ္သူက တစ္စံုတစ္ ေယာက္ကို ေမတၱာနဲ႔ေပးကမ္းရင္ ခ်က္ခ်င္း ပိုင္ဆိုင္ခြင့္ရတာမဟုတ္လား””

““ေအး၊ ဟုတ္တယ္ေလ၊ ျမန္မာ့ ဓေလ့ထံုးတမ္းဥပေဒအရေမတၱာနဲ႔ ေပးကမ္းျခင္းဆိုတာ ပိုင္ရွင္ရဲ႕သားသမီး ေျမး ျမစ္ စတဲ့ေဆြးမ်ဳိးေတာ္စပ္သူ အခ်င္းခ်င္း ေပးကမ္းတာျဖစ္တယ္။ ေသတမ္းစာဆို တာကေတာ့ မိမိပိုင္ပစၥည္းကို ေဆြမ်ဳိးေတာ္ စပ္သည္ျဖစ္ေစ၊ တစ္စိမ္းတစ္ေယာက္ကို ျဖစ္ေစ၊ ေပးကမ္းေၾကာင္းေဖာ္ျပေရးသားထားတဲ့ စာျဖစ္တယ္။ ေသတမ္းစာျဖစ္လို႔ ေပးကမ္းသူကြယ္လြန္မွ ပိုင္ဆိုင္ခြင့္ရမယ္””

““ေျမအိမ္ဆိုပါေတာ့ သူငယ္ခ်င္း၊ ျမန္မာ့ဓေလ့ထံုးတမ္းဥပေဒအရေတာ့ ေပးကမ္းစာခ်ဳပ္ကို မွတ္ပံုတင္ရတယ္မဟုတ္ လား။ ေသတမ္းစာက စာခ်ဳပ္ စာတမ္း႐ံုး မွာ မွတ္ပံုတင္မွ တရား၀င္တာလား””

““၂၀၀၈ ခုႏွစ္ စာခ်ဳပ္စာတမ္းမ်ား မွတ္ပံုတင္ဥပေဒအရ ပုဒ္မ(၁၇)မွာ ေသတမ္းစာကို မွတ္ပံုတင္ဥပေဒအရ မွတ္ပံုတင္လိုက တင္ႏိုင္ေသာ စာခ်ဳပ္စာ တမ္းအမ်ဳိးအစားအျဖစ္ သတ္မွတ္ထားပါတယ္””

““ဒါဆိုရင္ ေသတမ္းစာက မွတ္ပံု မတင္လည္း တရား၀င္တဲ့သေဘာေပါ့””

““ဟုတ္ပါတယ္။ မွတ္ပံုမတင္ မေနရစာရြက္စာတမ္းအျဖစ္ သတ္မွတ္ ခ်က္ထဲမပါတဲ့အတြက္ ေသတမ္းစာကို မွတ္ပံုတင္စာခ်ဳပ္စာတမ္းအျဖစ္ မျပဳလုပ္ ေသာ္လည္း ဥပေဒအရ တရား၀င္မွာျဖစ္ ပါတယ္””

““ေသတမ္းစာကို တင္ျပၿပီး ေျမ အိမ္တို႔မွာ အမည္ေျပာင္း တိုက္႐ိုက္ ေလွ်ာက္လို႔ရပါသလား””

““အေစာက သူငယ္ခ်င္းေျပာသလို ျမန္မာ့ဓေလ့ထံုးတမ္းဥပေဒအရ ေမတၱာနဲ႔ ေပးကမ္းျခင္းစာခ်ဳပ္ကို စာခ်ဳပ္စာတမ္း မွတ္ပံုတင္ဥပေဒအရ မွတ္ပံုမတင္ မေနရ ျပဳလုပ္ေဆာင္ရြက္ရမွာျဖစ္ေၾကာင္း ယင္း ဥပေဒပုဒ္မ(၁၆)မွာ အတိအလင္း ျပ႒ာန္းထားတယ္။ ဒါေၾကာင့္ အပိုင္ေပးစာခ်ဳပ္ေတြကို မွတ္ပံုတင္စာခ်ဳပ္အျဖစ္ မွတ္ပံုတင္မွ တရား၀င္တယ္။ မွတ္ပံုတင္ခ်ဳပ္ဆို ၿပီးရင္ေတာ့ သက္ဆိုင္ရာ ေျမယာဌာနမွာ အိမ္၊ ေျမ အမည္ေပါက္ေျပာင္းဖို႔ေလွ်ာက္ထားႏိုင္တယ္။ ဒါေပမယ့္ ေသတမ္းစာကေတာ့ တိုက္႐ိုက္ပိုင္ဆိုင္ခြင့္မရေသး။ တရား႐ံုးမွာ ေသတမ္းစာကို အတည္ျပဳေပးဖို႔ ေလွ်ာက္ထားရတယ္””

““အင္း ...အဲဒါကိုသိခ်င္လို႔ တရား႐ံုးမွာ ေလွ်ာက္ထားရတယ္ဆိုတာ ဘယ္လိုလုပ္ေဆာင္ရတာလဲ””

““ဘာျဖစ္လို႔လဲ။ သူငယ္ခ်င္း အမ်ဳိးထဲမွာ ခရစ္ယာန္ဘာသာ၀င္ရွိလို႔လား””

““ကိုယ့္သားရဲ႕ဇနီးသည္ဘက္က ခရစ္ယာန္ဘာသာ၀င္ေတြျဖစ္တယ္”” ““ဒါဆို သူငယ္ခ်င္းရဲ႕ေခၽြးမက ခရစ္ယာန္ဘာသာ ကိုးကြယ္တာေပါ့””

““ဆိုပါေတာ့ သူငယ္ခ်င္းရယ္။ သူ႕မိဘေတြက ခရစ္ယာန္ဘာသာ၀င္၊ ကရင္လူမ်ဳိးစပ္တယ္။ ဒါေၾကာင့္ အခုသူ တို႔ေနတဲ့ အိမ္နဲ႔ေျမကို သမီးျဖစ္သူကို ေသတမ္းစာ ေရးၿပီးေပးခဲ့ခ်င္တယ္ေျပာလို႔ ဘယ္လိုေဆာင္ရြက္ရတယ္ဆိုတာ သိခ်င္တယ္””

““နားလည္ေအာင္ရွင္းျပရရင္ ေသတမ္းစာမွာ ႏွစ္မ်ဳိးေရးသားလို႔ရတယ္””

““ေသတမ္းစာေရးသားတဲ့ပံုစံ (၂) မ်ဳိးရွိတယ္ေပါ့””

““ပထမတစ္မ်ဳိးက ေသတမ္းစာမွာ မိမိပစၥည္းကို မည္သူ႕ကိုအပိုင္ေပး မယ္ဆိုတာ ေဖာ္ျပရတယ္။ တစ္ဆက္တည္း ေသတမ္းစာကို အတည္ျပဳေဆာင္ရြက္ရမယ္။ အတည္ျပဳသူတစ္ဦးတစ္ေယာက္ ကို ခန္႔ထားေၾကာင္း ေဖာ္ျပပါရွိမယ္””

““ေသတမ္းစာအတည္ျပဳသူဆိုတာက ပစၥည္းေပးကမ္းပစၥည္းလက္ခံသူ ကိုပဲ ခန္႔ထားရတာလား”” ““မဟုတ္ဘူး။ ၾကားလူကိုခန္႔ထားရတယ္။ သူက တရား႐ံုးမွာ ေသတမ္းစာပါအတိုင္း ေဆာင္ရြက္ႏိုင္ရန္ အတည္ျပဳ လက္မွတ္ေလွ်ာက္ထားရပါတယ္””

““ေသတမ္းစာအတည္ျပဳ လက္မွတ္ကို တရား႐ံုးက ထုတ္ေပးတာနဲ႔ ပိုင္ဆိုင္ခြင့္ ရၿပီေပါ့””

““ပိုင္ဆိုင္ခြင့္မရေသးဘူး။ အဲဒီ အတည္ျပဳလက္မွတ္ရသူက ေသတမ္းစာ ပါ အပိုင္ေပးကမ္းခံရသူကို အပိုင္ေပး စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ တရား႐ံုးမွာ ခြင့္ျပဳခ်က္ ေလွ်ာက္ထားရတယ္။ အဲဒီခြင့္ျပဳခ်က္အရ အေမြ ဆက္ခံခြင့္ရသူနဲ႔ ေသတမ္းစာ အတည္ျပဳ လက္မွတ္ရသူတို႔ မွတ္ပံုတင္ အပိုင္ေပးစာခ်ဳပ္ ခ်ဳပ္ဆိုရပါတယ္။ အဲဒီ မွတ္ပံုတင္စာခ်ဳပ္ရမွသာ ပိုင္ဆိုင္ခြင့္ရွိ မွာ ျဖစ္ပါတယ္””

““ေနာက္ ေသတမ္းစာတစ္မ်ဳိး က ဘယ္လိုခ်ဳပ္ဆိုရသလဲ””

““အဲဒါကေတာ့ ေသတမ္းစာ အတည္ျပဳသူကို သီးျခားခန္႔ထားတာမရွိ ဘဲ အေမြဆက္ခံခြင့္ရသူအမည္ကိုသာ ေဖာ္ျပၿပီး ပစ္ၥည္းစာရင္းအရ ေသတမ္း စာျဖင့္ အပိုင္ေပးကမ္းတယ္လို႔ ေဖာ္ျပ ေရးသားတဲ့ ေသတမ္းစာျဖစ္တယ္။ ပစၥည္း ပိုင္ရွင္ေသတမ္း စာေရးသူရဲ႕အမည္၊ ပစ္ၥည္း စာရင္းနဲ႔၊ ေသတမ္းစာအရ အေမြရရွိသူ တို႔ရဲ႕အမည္သာ ပါေလ့ရွိတယ္””

““အဲဒါမ်ဳိးလည္း တရား႐ံုးမွာ ေသတမ္းစာ အတည္ျပဳလက္မွတ္ေလွ်ာက္ ထားရတာပဲလား””

““တရား႐ံုးမွာေတာ့ အတည္ျပဳ ေပးဖို႔ ေလွ်ာက္ထားရတာေတာ့ မွန္တယ္။ ဒါေပမယ့္ အေၾကာင္းအရာပံုစံမတူူဘူး။ ပထမေသတမ္းစာမ်ဳိးက ေသတမ္းစာ အတည္ျပဳသူကို အမည္ႏွင့္တကြ ခန္႔ထား တဲ့အတြက္ ထိုသူက တရား႐ံုးမွာ ေသတမ္း စာအတည္ျပဳ လက္မွတ္ထုတ္ေပးဖို႔ ေလွ်ာက္ ထားရတယ္””

““ဒုတိယပံုစံ ေသတမ္းစာၾက ေတာ့ တရား႐ံုးမွာ ဘယ္သူကေလွ်ာက္ ရမွာလဲ””

““ဒုတိယပံုစံ ေသတမ္းစာမွာ ေသတမ္းစာအတည္ျပဳသူကို ခန္႔ထားျခင္း မရွိလို႔ အေမြေပးျခင္းခံရသူကိုယ္တိုင္က ေသတမ္းစာပူးတဲြပါရွိသည့္ အေမြထိန္းစာ အျဖစ္ ေလွ်ာက္ထားရမွာျဖစ္တယ္။ ဒါနဲ႔ ပတ္သက္လို႔ တရား႐ံုးခ်ဳပ္က ဆံုးျဖတ္ ထားတဲ့အမႈရွိတယ္””

““ဗဟုသုတအျဖစ္ ေျပာျပပါဦး””

““တရား႐ံုးခ်ဳပ္က ဆံုးျဖတ္ထား တဲ့ ဦးစိန္းေမာင္ပါ ၅ ဦးႏွင့္ ေဒၚခင္ျမယု ေခၚ ေဒၚခင္မမႀကီး ၂၀၀၇ ခုႏွစ္ တရား စီရင္ထံုး စာမ်က္ႏွာ ၁၅ မွာ ေဒၚခင္ျမယု က အဘြားျဖစ္သူမွ မိမိအားေပးခဲ့ေသာ ပစၥည္းမ်ားကို စီမံခန္႔ခြဲႏိုင္ရန္ ေသတမ္းစာ အတည္ျပဳလက္မွတ္ထုတ္ေပးရန္ ေလွ်ာက္ ထားခဲ့သည္။ ေသတမ္းစာအရ ေသတမ္းစာ အတည္ျပဳသူအျဖစ္ ေဒၚခင္ျမယုကို ေသာ္ လည္းေကာင္း၊ အျခားတစ္ဦးတစ္ ေယာက္ ကိုေသာ္လည္းေကာင္း ခန္႔ထား ျခင္းမရွိသျဖင့္ ေဒၚခင္ျမယုအား ေသတမ္း စာ အတည္ ျပဳလက္မွတ္ထုတ္မေပးႏိုင္ ဟု ဆံုးျဖတ္ခဲ့ပါတယ္””

““ဒါဆိုရင္ အေသတမ္းစာပူးတဲြ ပါရွိတဲ့ အေမြထိန္းစာေလွ်ာက္ရမွာေပါ့””

““မွန္ပါတယ္။ ေဒၚခင္ျမယုက ေသတမ္းစာပူးတြဲပါရွိသည့္ အေမြထိန္းစာ ေလွ်ာက္ရပါမယ္””

““ဒါဆိုရင္ သူက ပိုင္ဆိုင္ခြင့္မရ ဘဲ အေမြထိန္းသာျဖစ္ေနေတာ့မွာေပါ့””

““ဟုတ္ပါတယ္။ ဒါေပမယ့္ ေသတမ္းစာပူးတြဲပါရွိသည့္ အေမြထိန္းစာရသူ က အဲဒီပစၥည္းကို မိမိသေဘာအေလ်ာက္ ေရာင္းခ်ျခင္း၊ ေပးကမ္းျခင္း၊ ေပါင္ႏွံျခင္း စတာေတြကို တရား႐ံုးရဲ႕ခြင့္ျပဳခ်က္ကို ရယူၿပီး လုပ္ပိုင္ခြင့္ရွိမွာျဖစ္တယ္။ ကိုယ္တိုင္ေတာ့ အိမ္ ေျမအမည္ေပါက္မရဘူး ေပါ့””

““ပထမေသတမ္းစာပံုစံမ်ဳိးကေတာ့ ေသတမ္းစာအတည္ျပဳသူက ေဆာင္ရြက္ေပးရတာေပါ့ေနာ္””

““မွန္ပါတယ္။ ဒါေၾကာင့္ ေသတမ္းစာအတည္ျပဳသူကို ခန္႔ထားတဲ့အခါ သမာသမတ္ရွိၿပီး ယံုၾကည္စိတ္ခ်ရသူကို ခန္႔ထားၾကတာျဖစ္တယ္။ မိသားစုထဲက ျဖစ္ခ်င္ျဖစ္မယ္။ အထူးသျဖင့္ေတာ့ ေရွ႕ေန ေတြကို ခန္႔ထားတတ္တယ္””

““ပိုေကာင္းတာေပါ့။ သူကိုယ္တိုင္ ခ်ဳပ္ဆိုေပးတဲ့ စာခ်ဳပ္ဆိုေတာ့ ေရွ႕ေန ကို ေသတမ္းစာ အတည္ျပဳသူခန္႔တာက အဆင္ေျပႏိုင္တယ္””

““ဒါကေတာ့ ယံုၾကည္ထိုက္တဲ့သူ ျဖစ္ဖို႔ေတာ့ လိုတာေပါ့။ တစ္ခါတစ္ရံ မွာ ေသတမ္းစာအတည္ျပဳသူအျဖစ္ ခန္႔ထားခံရသူက ေဆာင္ရြက္မေပးလို႔ အဆင္မေျပတာေတြလည္း ရွိၾကတယ္။ ဒီေတာ့ ေသခ်ာ စဥ္းစားေဆာင္ရြက္ပါလို႔ပဲ အႀကံေပးခ်င္တယ္ သူငယ္ခ်င္း””ဟု ေဆြးေႏြးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ထီယု(ဥပေဒအတိုင္ပင္ခံ) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)