အချစ်တွေပြည့်တဲ့ မီးဖိုချောင်လေးဖြစ်အောင် ဘယ်လိုပြင်ဆင်မလဲ

အချစ်တွေပြည့်တဲ့ မီးဖိုချောင်လေးဖြစ်အောင် ဘယ်လိုပြင်ဆင်မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
25 Jun 2022 12:56 pm တွင် တင်ခဲ့သည်
503 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

စုံတွဲလေးတို့ရေ နှစ်ယောက်တစ်ဘဝ နေပြီဆိုရင်တော့ အိမ်လေးမှာ မီးဖိုချောင်ဆိုတဲ့ အခန်းကဏ္ဍလေးက အရေးပါလာပါပြီ။ နှစ်ကိုယ်တူနေမယ့် အိမ်လေးမှာ မီးဖိုချောင်ဆိုတာ အရေးကြီးတဲ့ နေရာတစ်ခုဖြစ်ပြီး အချစ်တွေ ပြည့်တဲ့နေရာလေး ဖြစ်ဖို့လိုပါတယ်နော်။

အချစ်တွေပြည့်တဲ့ မီးဖိုချောင်လေးဆိုတာကတော့ တစ်ယောက်ကို တစ်ယောက် အချစ်တွေနဲ့ အတူတူ ပြင်ဆင်ဖန်တီးထားတဲ့ မီးဖိုချောင်လေးပဲပေါ့နော်။ ဘာတွေဘယ်လိုပြင်ဆင်ရမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

မီးဖိုချောင်သုံးပစ္စည်း

မီးဖိုချောင်သုံးပစ္စည်းတွေ လုံလုံလောက်လောက် ရှိတာ ကောင်းပါတယ်။ ကိုယ့်အိမ်ကို ဆွေမျိုးတွေလာတဲ့အခါမှာလည်း အဆင်ပြေအောင် စီမံချက်ပြုတ်လို့ ရတာပေါ့နော်။ စုံတွဲလေးတို့ သတိပြုရမယ့် အချက်ကတော့ မင်္ဂလာလက်ဖွဲ့ ပစ္စည်းက မီးဖိုချောင်သုံး ပစ္စည်းတွေ များနေတာမျိုးပါ။ လက်ဖွဲ့ပစ္စည်းမှာ ဆင်တူထပ်နေတာတွေ ရှိရင် ပြန်လည်ရောင်းချကာ ကိုယ့်မီးဖိုချောင်မှာ မရှိသေးဘဲ လိုအပ်နေတဲ့ ပစ္စည်းတွေ ဝယ်ယူပါ။ ဒါဆိုရင် လိုအပ်ချက်တွေ ပြည့်စုံတဲ့ မီးဖိုချောင်လေး တစ်ခု ဖြစ်နေမှာပါ။

မီးဖိုချောင် သန့်ရှင်းရေး

စုံတွဲလေးတို့ရေ မီးဖိုချောင်ကို သန့်ရှင်းအောင် ထားဖို့ လိုပါတယ်။ စုံတွဲလေးတို့ရဲ့ ကျန်းမာရေးကောင်းဖို့ဆိုတာ အစားအစာတွေ သန့်ရှင်းနေဖို့ လိုတာပေါ့။ ဒီတော့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ မီးဖိုချောင် သန့်ရှင်းရေးကို အထူး ဂရုစိုက်ဖို့ လိုပါတယ်။

တူနှစ်ကိုယ်နေမယ့် အိမ်လေးထဲက မီးဖိုချောင်

တူနှစ်ကိုယ်ေနမယ့် အိမ်လေးထဲက မီးဖိုချောင်မှာ တစ်ယောက်တလှည့် ချက်ပြုတ်ကျွေးတာ၊ စစနောက်နောက်နဲ့ ကျီစယ်ပြီး ဟင်းအတူတူ ချက်တာ၊ မီးဖိုချောင်က ကိစ္စတွေ ကူလုပ်တာမျိုးပေါ့။ ဒီလိုဆိုရင်တော့ စုံတွဲလေးတို့ရဲ့ မီးဖိုချောင်လေးက သာယာကြည်နူးဆွတ်ပျံ့ပြီး အိမ်တစ်အိမ်ရဲ့ အရေးအကြီးဆုံး နေရာလေး ဖြစ်နေမှာ သေချာပါတယ်။

တူနှစ်ကိုယ်မီးဖိုချောင်ရဲ့ စီမံခန့်ခွဲမှု

အိမ်တစ်အိမ်ရဲ့ ငွေကြေးဆိုတာ မီးဖိုချောင်ပေါ်မှာ အများကြီး မူတည်ပါတယ်။ အိမ်တစ်အိမ်ရဲ့ ထွက်ငွေကို ထိန်းထားနိုင်တာ မီးဖိုချောင် ဖြစ်တဲ့အတွက် စုံတွဲလေးတို့ မီးဖိုချောင်ရဲ့ ငွေကြေး အဝင်အထွက် သေချာလေးဂရုစိုက်ဖို့ လိုပါတယ်။ အပိုအလိုတွေ မဖြစ်အောင် ချက်နိုင်မှ ငွေပိုလျှံမှာပါနော်။ ငွေပိုလျှံမှသာ တခြားစီးပွားရေး ကိစ္စတွေ အဆင်ပြေမှာမလားနော်။ ဒါကြောင့် တူနှစ်ကိုယ်နေမယ့်အိမ်လေးရဲ့ မီးဖိုချောင်က အရမ်းကို အရေးပါတဲ့ နေရာ တစ်နေရာပါ။

စုံတွဲလေးတို့ရေ ချစ်ခြင်းမေတ္တာနဲ့ပြည့်ဝတဲ့ မီးဖိုချောင်လေးတစ်ခု ဖြစ်ဖို့အတွက် အပေါ်မှာ ပြောပြထားတဲ့အချက်လေးတွေအတိုင်း ပြင်ဆင်ထားဖို့ လိုပါတယ်နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: marry

 

 

 

[Zawgyi]
















Credit: marry

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service