မဟာဗောဓိမြိုင်ဆရာတော်ကြီး မိန့်ကြားထားတော်မူသော အိမ်မြှောင်စုတ်ထိုးခြင်း ရဲ့အနက်အဓိပ္ပါယ်သိမှတ်စရာများ

မဟာဗောဓိမြိုင်ဆရာတော်ကြီး မိန့်ကြားထားတော်မူသော အိမ်မြှောင်စုတ်ထိုးခြင်း ရဲ့အနက်အဓိပ္ပါယ်သိမှတ်စရာများ - Property Knowledge in Myanmar from iMyanmarHouse.com
18 May 2022 12:51 pm တွင် တင်ခဲ့သည်
3176 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

ဘာကြောင့် အိမ်မြှောင်စုတ်ထိုး

အိမ်ရှိလျှင် အိမ်မြှောင်ဆိုတာ ရှိတတ်စမြဲ ။ သူ့ စုတ်ထိုးသံ ကြားရတတ်စမြဲ ။ အိမ်မြှောင်စုတ်ထိုးသံကိုလည်း လူတွေ အတိတ်ကောက်ကြလေ့ ရှိတတ်ကြရဲ့ ။

ဘာကြောင့် အိမ်မြှောင် စုတ်ထိုးပါသလဲ ။ အိမ်မြှောင် စုတ်ထိုးခြင်းဟာ နတ်တွေနဲ့ ပတ်သက်နေတတ်ကြောင်း ဆရာတော်ဘုရားကြီးက ဒီလို ရှင်းပြထားပါတယ် ။ မိဘနဲ့သားသမီး ဆရာနဲ့တပည့် လင်နဲ့မယား ဆက်ဆံရေးမှာ လိုက်လျောမှု မရှိခဲ့လျှင် တကျက်ကျက်ဖြစ်ပြီး ကျက်သရေမင်္ဂလာလည်း ပျက်တတ်တယ် ဆိုပါတယ် ။

ကိုယ်စောင့်နတ် အိမ်စောင့်နတ်တွေ နားမခံသာ။ ကံထိန်းနတ် ဥစ္စာစောင့်နတ်တွေလည်း နားမခံသာ ။ နတ်တို့ နားမခံသာလို့ ရှောင်သွားခြင်း သို့မဟုတ် လက်ပိုက်ကြည့်နေမည်ဆိုပါက အဲဒီအိမ် စီးပွားမတတ် နေသမျှ လူစိတ်မအေးရ လာသမျှ ဧည့်သည် မဆက်ဆံချင် ဖြစ်တတ်သည် ။

လူတွေအပေါ် လူအုပ်ချုပ်ရေး ရှိသလို နတ်တွေအပေါ် နတ်အုပ်ချုပ်ရေးလည်း ရှိပါတယ် လူလူချင်း အုပ်ချုပ်တဲ့ လူ မင်းကိုတော့ လောကနတ် ခေါ်ရတယ် ။ လူကို အုပ်ချုပ်တဲ့ နတ်မင်းများကိုတော့ သမ္မုတိနတ် ခေါ်ရတယ် ။

လောကသုံးပါး ရှေ့ဆောင် လမ်းပြတော်မူတဲ့ ဘုရားရှင်ကိုတော့ “ဝိသုဒ္ဓိနတ်” ခေါ်ရတယ် ။

အဲဒီ သမ္မုတိနတ်မျိုးထဲမှာ “ကိုယ်စောင့်နတ်” က ရပ်ကွက်အုပ်ချုပ်ရေးမင်းနဲ့ တူတယ် ။

“အိမ်စောင့်နတ်” က အိမ်ထောင်ဦးစီး မိဘများနဲ့ တူတယ် ။

ကံထိန်း (မိမိ ဘဝရဲ့ ကောင်းကံ ဆိုးကံ မိမိစေတနာ ဖန်းတီးထားတိုင်းကို တွက်ချက်ကာ ဆုပေး ဒဏ်ပေးတဲ့) နတ်က အလုပ်ရှင်နဲ့ တူတယ် ။

ဥစ္စာစောင့် (မိမိရဲ့ လက်ရှိပစ္စည်း အတိတ်က မြှုပ်နှံပစ္စည်းများကို စောင့်ရှောက်ပြီး ပေးသင့်ချိန် သိမ်းသင့်ချိန် တွက်ချက်ကာ ဆုပေး ဒဏ်ပေးတဲ့) နတ်က ထိုအလုပ်ရှင်ရဲ့ ဇနီးနဲ့ တူတယ် ။

သားတို့ သမီးတို့က လုပ်သားတွေနဲ့ တူတယ် ။

သူတို့ကူမှ စီးပွားတက်တာ သူတို့ကူလျှင်စီးပွားကျစေဦးတော့ ခွေးကျ မကျတတ် ။ သူတို့ကို ယုံလည်း ယုံမယ် ရိုသေလည်း ရိုသေမယ် ဆိုလျှင် သူတို့ပျော်လေရဲ့ ။

သူတို့ ပျော်လို့ သားတို့အပေါ်စေတနာ သက်ရောက်လာလျှင် စီးပွားရေး အဆင်ပြေ အိမ်ထောင်ရေး အခြေလှ လူမှုရေးတွေမှာ မျက်နှာပန်းလှရော ။

သူတို့နှောက်ယှက်လျှင်တော့ အရှက်တကွဲဲ အကျိုးနည်းပဲ ။

အိမ်တစ်အိမ်မှာ ညနေ နေဝင်ခါနီးမှာ မီးဖိုချောင် စီးပွားသိုလှောင်ရာ အရပ်တို့က အိမ်မြှောင်စုတ်ထိုးသံကြားလျှင် အဲ့ဒါ သူတို့က သားတို့အတွက် စားသုံးဖို့ ပစ္စည်း လာထားတာတဲ့ ။ အချို့အိမ် ဆန်အိုးဆန်မလျှော့ ဆီအိုး ဆီမလျှော့ ဖြစ်တတ်တယ် ။ နမော်နမဲ့မို့ မသိကြတာ ။

တစ်ခါတစ်ရံ သူထားသလို ကိုယ်ထားသလိုလိုနဲ့ ငွေများလည်း ရတတ်တယ် ။ အမှတ်မထင် ရွှေစ ကျောက်မျက်စလေးများလည်း ကောက်ရစေတတ်တယ် ။

နတ်မတယ်ဆိုတာ နားကင်းကြီးနဲ့ ရော့ အင့် မျိုး မဟုတ်ဘူး ။

အိမ်ရှေ့ခန်းက စုတ်ထိုးလျှင် မင်းမှု စိုးမှု များနဲ့ စကားများတတ်သတဲ့ ။

အိမ်လယ်ခန်းက စုတ်ထိုးလျှင် သားကိစ္စ သမီးကိစ္စ စကားပြောရတတ်သတဲ့ ။

အိပ်ခန်းထဲက စုတ်ထိုးလျှင်တော့ လင်မယားချင်း ရန်ဖြစ်ကြသတဲ့။

အိမ်မြှောင်ဆိုတာ ဈာန်ကွက် (ကသိုဏ်းကွက်) ဝင်နေတဲ့ မျက်လုံးရှင်ဆိုတော့ သူတို့ (နတ်)လာတာ မြင်ရ သိရသတဲ့ ။

ဒါကြောင့်အိမ်မြှောင်စုတ်ထိုးသံဆိုတာ လူနှင့် နတ်တို့ရဲ့ဆက်သွယ်ရေး အချက်ပြ သင်္ကေတသဖွယ်လည်း ရှိပါတယ် ။

လူချမ်းသာ နတ်ချမ်းသာ ဆိုတာလည်း အပြန်အလှန် ဆက်သွယ်နေတာမို့ လူတို့ဘက်က ကောင်းအောင်နေပြဖို့ အရေးကြီးတယ်လို့ ဆိုသင့်လှပါတယ် ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ( မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး)

 

[Zawgyi]

မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီး မိန္႔ၾကားထားေတာ္မူေသာ အိမ္ေျမႇာင္စုတ္ထိုးျခင္း ရဲ႕အနက္အဓိပၸါယ္သိမွတ္စရာမ်ား

 

ဘာေၾကာင့္ အိမ္ေျမႇာင္စုတ္ထိုး

အိမ္႐ွိလွ်င္ အိမ္ေျမႇာင္ဆိုတာ ႐ွိတတ္စၿမဲ ။ သူ႕ စုတ္ထိုးသံ ၾကားရတတ္စၿမဲ ။ အိမ္ေျမႇာင္စုတ္ထိုးသံကိုလည္း လူေတြ အတိတ္ေကာက္ၾကေလ့ ႐ွိတတ္ၾကရဲ႕ ။

ဘာေၾကာင့္ အိမ္ေျမႇာင္ စုတ္ထိုးပါသလဲ ။ အိမ္ေျမႇာင္ စုတ္ထိုးျခင္းဟာ နတ္ေတြနဲ႔ ပတ္သက္ေနတတ္ေၾကာင္း ဆရာေတာ္ဘုရားႀကီးက ဒီလို ႐ွင္းျပထားပါတယ္ ။ မိဘနဲ႔သားသမီး ဆရာနဲ႔တပည့္ လင္နဲ႔မယား ဆက္ဆံေရးမွာ လိုက္ေလ်ာမႈ မ႐ွိခဲ့လွ်င္ တက်က္က်က္ျဖစ္ၿပီး က်က္သေရမဂၤလာလည္း ပ်က္တတ္တယ္ ဆိုပါတယ္ ။

ကိုယ္ေစာင့္နတ္ အိမ္ေစာင့္နတ္ေတြ နားမခံသာ။ ကံထိန္းနတ္ ဥစၥာေစာင့္နတ္ေတြလည္း နားမခံသာ ။ နတ္တို႔ နားမခံသာလို႔ ေ႐ွာင္သြားျခင္း သို႔မဟုတ္ လက္ပိုက္ၾကည့္ေနမည္ဆိုပါက အဲဒီအိမ္ စီးပြားမတတ္ ေနသမွ် လူစိတ္မေအးရ လာသမွ် ဧည့္သည္ မဆက္ဆံခ်င္ ျဖစ္တတ္သည္ ။

လူေတြအေပၚ လူအုပ္ခ်ဳပ္ေရး ႐ွိသလို နတ္ေတြအေပၚ နတ္အုပ္ခ်ဳပ္ေရးလည္း ႐ွိပါတယ္ လူလူခ်င္း အုပ္ခ်ဳပ္တဲ့ လူ မင္းကိုေတာ့ ေလာကနတ္ ေခၚရတယ္ ။ လူကို အုပ္ခ်ဳပ္တဲ့ နတ္မင္းမ်ားကိုေတာ့ သမၼဳတိနတ္ ေခၚရတယ္ ။

ေလာကသုံးပါး ေ႐ွ႕ေဆာင္ လမ္းျပေတာ္မူတဲ့ ဘုရား႐ွင္ကိုေတာ့ “ဝိသုဒၶိနတ္” ေခၚရတယ္ ။

အဲဒီ သမၼဳတိနတ္မ်ိဳးထဲမွာ “ကိုယ္ေစာင့္နတ္” က ရပ္ကြက္အုပ္ခ်ဳပ္ေရးမင္းနဲ႔ တူတယ္ ။

“အိမ္ေစာင့္နတ္” က အိမ္ေထာင္ဦးစီး မိဘမ်ားနဲ႔ တူတယ္ ။

ကံထိန္း (မိမိ ဘဝရဲ႕ ေကာင္းကံ ဆိုးကံ မိမိေစတနာ ဖန္းတီးထားတိုင္းကို တြက္ခ်က္ကာ ဆုေပး ဒဏ္ေပးတဲ့) နတ္က အလုပ္႐ွင္နဲ႔ တူတယ္ ။

ဥစၥာေစာင့္ (မိမိရဲ႕ လက္႐ွိပစၥည္း အတိတ္က ျမႇဳပ္ႏွံပစၥည္းမ်ားကို ေစာင့္ေ႐ွာက္ၿပီး ေပးသင့္ခ်ိန္ သိမ္းသင့္ခ်ိန္ တြက္ခ်က္ကာ ဆုေပး ဒဏ္ေပးတဲ့) နတ္က ထိုအလုပ္႐ွင္ရဲ႕ ဇနီးနဲ႔ တူတယ္ ။

သားတို႔ သမီးတို႔က လုပ္သားေတြနဲ႔ တူတယ္ ။

သူတို႔ကူမွ စီးပြားတက္တာ သူတို႔ကူလွ်င္စီးပြားက်ေစဦးေတာ့ ေခြးက် မက်တတ္ ။ သူတို႔ကို ယုံလည္း ယုံမယ္ ႐ိုေသလည္း ႐ိုေသမယ္ ဆိုလွ်င္ သူတို႔ေပ်ာ္ေလရဲ႕ ။

သူတို႔ ေပ်ာ္လို႔ သားတို႔အေပၚေစတနာ သက္ေရာက္လာလွ်င္ စီးပြားေရး အဆင္ေျပ အိမ္ေထာင္ေရး အေျခလွ လူမႈေရးေတြမွာ မ်က္ႏွာပန္းလွေရာ ။

သူတို႔ေႏွာက္ယွက္လွ်င္ေတာ့ အ႐ွက္တကြဲဲ အက်ိဳးနည္းပဲ ။

အိမ္တစ္အိမ္မွာ ညေန ေနဝင္ခါနီးမွာ မီးဖိုေခ်ာင္ စီးပြားသိုေလွာင္ရာ အရပ္တို႔က အိမ္ေျမႇာင္စုတ္ထိုးသံၾကားလွ်င္ အဲ့ဒါ သူတို႔က သားတို႔အတြက္ စားသုံးဖို႔ ပစၥည္း လာထားတာတဲ့ ။ အခ်ိဳ႕အိမ္ ဆန္အိုးဆန္မေလွ်ာ့ ဆီအိုး ဆီမေလွ်ာ့ ျဖစ္တတ္တယ္ ။ နေမာ္နမဲ့မို႔ မသိၾကတာ ။

တစ္ခါတစ္ရံ သူထားသလို ကိုယ္ထားသလိုလိုနဲ႔ ေငြမ်ားလည္း ရတတ္တယ္ ။ အမွတ္မထင္ ေ႐ႊစ ေက်ာက္မ်က္စေလးမ်ားလည္း ေကာက္ရေစတတ္တယ္ ။

နတ္မတယ္ဆိုတာ နားကင္းႀကီးနဲ႔ ေရာ့ အင့္ မ်ိဳး မဟုတ္ဘူး ။

အိမ္ေ႐ွ႕ခန္းက စုတ္ထိုးလွ်င္ မင္းမႈ စိုးမႈ မ်ားနဲ႔ စကားမ်ားတတ္သတဲ့ ။

အိမ္လယ္ခန္းက စုတ္ထိုးလွ်င္ သားကိစၥ သမီးကိစၥ စကားေျပာရတတ္သတဲ့ ။

အိပ္ခန္းထဲက စုတ္ထိုးလွ်င္ေတာ့ လင္မယားခ်င္း ရန္ျဖစ္ၾကသတဲ့။

အိမ္ေျမႇာင္ဆိုတာ ဈာန္ကြက္ (ကသိုဏ္းကြက္) ဝင္ေနတဲ့ မ်က္လုံး႐ွင္ဆိုေတာ့ သူတို႔ (နတ္)လာတာ ျမင္ရ သိရသတဲ့ ။

ဒါေၾကာင့္အိမ္ေျမႇာင္စုတ္ထိုးသံဆိုတာ လူႏွင့္ နတ္တို႔ရဲ႕ဆက္သြယ္ေရး အခ်က္ျပ သေကၤတသဖြယ္လည္း ႐ွိပါတယ္ ။

လူခ်မ္းသာ နတ္ခ်မ္းသာ ဆိုတာလည္း အျပန္အလွန္ ဆက္သြယ္ေနတာမို႔ လူတို႔ဘက္က ေကာင္းေအာင္ေနျပဖို႔ အေရးႀကီးတယ္လို႔ ဆိုသင့္လွပါတယ္ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ( မဟာေဗာဓိၿမိဳင္ ဆရာေတာ္ဘုရားႀကီး)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service