ဂရန်ရရှိထားသည့် တရားရှုံးကို အချင်းဖြစ်မြေမှ ဖယ်ရှားနိုင်သလား။

ဂရန်ရရှိထားသည့် တရားရှုံးကို အချင်းဖြစ်မြေမှ ဖယ်ရှားနိုင်သလား။ - Property Knowledge in Myanmar from iMyanmarHouse.com
10 May 2022 12:53 pm တွင် တင်ခဲ့သည်
594 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အမှုတစ်မှုတွင် အချင်းဖြစ်မြေကို တရားနိုင်က အမွေဆက်ခံပိုင်ဆိုင်သည်ဟု တရားရုံးကဒီကရီ ချမှတ်ခဲ့သည်။ သို့သော် အချင်းဖြစ်မြေကို တရားရှုံးက ဂရန်ရရှိထားသည်။ တရားရှုံးသည် ဂရန်ရရှိထားသဖြင့် အချင်းဖြစ်မြေတွင် ဥပဒေနှင့်အညီနေထိုင်ခွင့်ရရှိထားသူဖြစ်သည်။ တရားရုံးက ဒီကရီအတည်ပြုရာတွင် တရားရှုံးအမည်ပေါက် ဂရန်မြေမှ တရားရှုံးအား ဖယ်ရှားမည် ဆိုပါက သက်ဆိုင်ရာက တရားရှုံးအား ခွင့်ပြုထားသည့် နေထိုင်ခွင့်နှင့် ဆန့်ကျင်ရာရောက်မည်ဖြစ်သည်။ ထို့ပြင် တရားနိုင်တို့ကိုလည်း ဂရန်မရှိဘဲ အစိုးရမြေတွင် နေထိုင်ခွင့်ပြုရာရောက်မည်ဖြစ်သည်။ တရားရှုံး၏ အမည်ဖြင့် ဂရန်ရရှိထားခြင်းကိုအကြောင်းပြု၍ တရားရှုံး၏ ဒီကရီကို အတည်မပြုနိုင်လျှင် တရားရှုံး၏ ဒီကရီသည် အဟောသိကံပြုရာရောက်နိုင်သည်။ အဆိုပါအရ ဒေါ်အုန်းကြည်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ-၂၊ ၁၉၉၉ ခုနှစ်၊ မတစ၊ စာ-၉၁ တရားရုံးချုပ် စုံညီခုံရုံးမှ အောက်ပါအတိုင်း သုံးသပ်ဖြေဆိုခဲ့သည် -

(၁) တရားရှုံး ဒေါ်ကြင်ယုံ(ခ) ဒေါ်နှင်းအောင် အမည်ပြောင်းလဲ၍ ဂရန်ပေါက်နေသော မြေပေါ်မှ တရားရှုံးအား ဖယ်ရှားရန် ဒီကရီကို ဆိုင်းငံ့ထားရန်လိုကြောင်း၊

(၂) တရားရုံး၏ဒီကရီကို အတည်ပြုဆောင်ရွက်ရာတွင် တရားရှုံးအမည်ပေါက်ဂရန်မြေမှ တရားရှုံးအား ဖယ်ရှားစေခြင်းသည် သက်ဆိုင်ရာမှ တရားရှုံးအား ထုတ်ပေးထားသည့် ဂရန်နှင့် ပတ်သက်သော အခွင့်အလမ်းများနှင့်ဆန့်ကျင်ရာရောက်ကြောင်း၊

(၃) တရားရှုံးအမည်ဖြင့် ဂရန်ရရှိထားခြင်းကို အကြောင်းပြု၍ တရားရုံး၏ဒီကရီကို အတည်မပြု နိုင်သေးသော်လည်း တရားရုံး၏ဒီကရီသည် အဟောသိကံမဖြစ်ကြောင်း၊

(၄) ဤကဲ့သို့သော အခြေအနေမျိုးပေါ်ပေါက်လျှင် တရားရုံးက ဇာရီအတည်ပြုခြင်းကို ဆိုင်းငံ့ ထားပြီးနောက် အချင်းဖြစ်မြေကို တရားနိုင်ပိုင်ဆိုင်သည်ဟု တရားရုံးက စီရင်ဆုံးဖြတ်ထား ကြောင်း၊ တရားရှုံးက အချင်းဖြစ်မြေကို ပိုင်ဆိုင်သည်ဟု တင်ပြ၍ ဂရန်လျှောက်ထားခြင်းမှ မှန်ကန်မှုမရှိကြောင်းတို့ကို ဖော်ပြပြီး တရားရှုံးအား ဂရန်ထုတ်ပေးထားခြင်းကို ပယ်ဖျက် ပေးရန် အုပ်ချုပ်မှုအားဏာပိုင်အဆင့်ဆင်ထံသို့ အယူခံဝင်ခြင်း၊ ပြင်ဆင်မှုလျှောက်ထားခြင်းတို့ ပြုလုပ်ရန် တရားနိုင်အား ညွှန်ကြားသင့်ကြောင်း၊ သက်ဆိုင်ရာမှ တရားရှုံးအား ထုတ်ပေးထားသည့် ဂရန်ကို ပယ်ဖျက်လိုက်သည့်အခါ တရားရုံးက ဒီကရီကို ဆက်လက် အတည်ပြု သင့်ကြောင်း၊ ထို့နောက် တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၃၅ အရ အပ်ဝရမ်း ထုတ်ဆင့်သည့်အမိန့်ကို ပယ်ဖျက်လိုက်ပြီး တိုင်းတရားရုံးအား စုံညီခုံရုံးက အမှတ်(၄)ပြဿနာကို ဖြေဆိုချက်နှင့်အညီ ဆောင်ရွက်သွား ရန် ညွှန်ကြားလိုက်သည်။

ထို့ကြောင့် အဆိုပါ အခြေအနေတွင် ဂရန်အမည်ပေါက်ရရှိထားသည့် တရားရှုံးအား အပ်ဝရမ်း ထုတ်ဆင့်ခြင်းမပြုနိုင်ကြောင်းနှင့် မူလရုံးအမှုအား ဆိုင်းငံ့ထားရန်လိုအပ်ပြီး တရားရှုံးအား ဂရန်ထုတ်ပေးထားခြင်းကို သက်ဆိုင်ရာအာဏာပိုင်ထံတင်ပြ၍ တရားရှုံးအား ထုတ်ပေးထားသည့်ဂရန်ကို ပယ်ဖျက်လိုက်သည့်အခါမှ တရားနိုင်သည် ဒီကရီကို အတည်ပြုရန် တရားရုံးသို့ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဂရန္ရ႐ွိထားသည့္ တရား႐ႈံးကို အခ်င္းျဖစ္ေျမမွ ဖယ္ရွားႏိုင္သလား။

အမႈတစ္မႈတြင္ အခ်င္းျဖစ္ေျမကို တရားႏိုင္က အေမြဆက္ခံပိုင္ဆိုင္သည္ဟု တရား႐ံုးကဒီကရီ ခ်မွတ္ခဲ့သည္။ သုိ႔ေသာ္ အခ်င္းျဖစ္ေျမကို တရား႐ႈံးက ဂရန္ရ႐ွိထားသည္။ တရား႐ံႈးသည္ ဂရန္ရ႐ွိထားသျဖင့္ အခ်င္းျဖစ္ေျမတြင္ ဥပေဒႏွင့္အညီေနထိုင္ခြင့္ရ႐ွိထားသူျဖစ္သည္။ တရား႐ံုးက ဒီကရီအတည္ျပဳရာတြင္ တရား႐ံႈးအမည္ေပါက္ ဂရန္ေျမမွ တရား႐ံႈးအား ဖယ္႐ွားမည္ ဆိုပါက သက္ဆိုင္ရာက တရား႐ံႈးအား ခြင့္ျပဳထားသည့္ ေနထိုင္ခြင့္ႏွင့္ ဆန္႔က်င္ရာေရာက္မည္ျဖစ္သည္။ ထို႔ျပင္ တရားႏုိင္တို႔ကိုလည္း ဂရန္မ႐ွိဘဲ အစိုးရေျမတြင္ ေနထိုင္ခြင့္ျပဳရာေရာက္မည္ျဖစ္သည္။ တရား႐ံႈး၏ အမည္ျဖင့္ ဂရန္ရ႐ွိထားျခင္းကိုအေၾကာင္းျပဳ၍ တရား႐ႈံး၏ ဒီကရီကို အတည္မျပဳႏိုင္လွ်င္ တရားရံႈး၏ ဒီကရီသည္ အေဟာသိကံျပဳရာေရာက္ႏုိင္သည္။ အဆိုပါအရ ေဒၚအုန္းၾကည္ႏွင့္ ျပည္ေထာင္စုျမန္မာႏုိင္ငံေတာ္ပါ-၂၊ ၁၉၉၉ ခုႏွစ္၊ မတစ၊ စာ-၉၁ တရား႐ံုးခ်ဳပ္ စံုညီခံု႐ံုးမွ ေအာက္ပါအတိုင္း သံုးသပ္ေျဖဆိုခဲ့သည္ -

(၁) တရား႐ံႈး ေဒၚၾကင္ယံု(ခ) ေဒၚႏွင္းေအာင္ အမည္ေျပာင္းလဲ၍ ဂရန္ေပါက္ေနေသာ ေျမေပၚမွ တရား႐ံႈးအား ဖယ္႐ွားရန္ ဒီကရီကို ဆိုင္းငံ့ထားရန္လိုေၾကာင္း၊

(၂) တရား႐ံုး၏ဒီကရီကို အတည္ျပဳေဆာင္႐ြက္ရာတြင္ တရား႐ံႈးအမည္ေပါက္ဂရန္ေျမမွ တရား႐ံႈးအား ဖယ္႐ွားေစျခင္းသည္ သက္ဆိုင္ရာမွ တရား႐ံႈးအား ထုတ္ေပးထားသည့္ ဂရန္ႏွင့္ ပတ္သက္ေသာ အခြင့္အလမ္းမ်ားႏွင့္ဆန္႔က်င္ရာေရာက္ေၾကာင္း၊

(၃) တရား႐ံႈးအမည္ျဖင့္ ဂရန္ရ႐ွိထားျခင္းကို အေၾကာင္းျပဳ၍ တရား႐ံုး၏ဒီကရီကို အတည္မျပဳ ႏိုင္ေသးေသာ္လည္း တရား႐ံုး၏ဒီကရီသည္ အေဟာသိကံမျဖစ္ေၾကာင္း၊

(၄) ဤကဲ့သုိ႔ေသာ အေျခအေနမ်ဳိးေပၚေပါက္လွ်င္ တရား႐ံုးက ဇာရီအတည္ျပဳျခင္းကို ဆိုင္းငံ့ ထားၿပီးေနာက္ အခ်င္းျဖစ္ေျမကို တရားႏိုင္ပိုင္ဆိုင္သည္ဟု တရား႐ံုးက စီရင္ဆံုးျဖတ္ထား ေၾကာင္း၊ တရား႐ံႈးက အခ်င္းျဖစ္ေျမကို ပိုင္ဆိုင္သည္ဟု တင္ျပ၍ ဂရန္ေလွ်ာက္ထားျခင္းမွ မွန္ကန္မႈမ႐ွိေၾကာင္းတုိ႔ကို ေဖာ္ျပၿပီး တရား႐ံႈးအား ဂရန္ထုတ္ေပးထားျခင္းကို ပယ္ဖ်က္ ေပးရန္ အုပ္ခ်ဳပ္မႈအားဏာပိုင္အဆင့္ဆင္ထံသို႔ အယူခံဝင္ျခင္း၊ ျပင္ဆင္မႈေလွ်ာက္ထားျခင္းတို႔ ျပဳလုပ္ရန္ တရားႏိုင္အား ၫႊန္ၾကားသင့္ေၾကာင္း၊ သက္ဆိုင္ရာမွ တရား႐ႈံးအား ထုတ္ေပးထားသည့္ ဂရန္ကို ပယ္ဖ်က္လိုက္သည့္အခါ တရား႐ံုးက ဒီကရီကို ဆက္လက္ အတည္ျပဳ သင့္ေၾကာင္း၊ ထို႔ေနာက္ တရားမက်င့္ထံုးဥပေဒ အမိန္႔ ၂၁၊ နည္း ၃၅ အရ အပ္ဝရမ္း ထုတ္ဆင့္သည့္အမိန္႔ကို ပယ္ဖ်က္လိုက္ၿပီး တိုင္းတရား႐ံုးအား စံုညီခံု႐ံုးက အမွတ္(၄)ျပဿနာကို ေျဖဆိုခ်က္ႏွင့္အညီ ေဆာင္႐ြက္သြား ရန္ ၫႊန္ၾကားလိုက္သည္။

ထို႔ေၾကာင့္ အဆိုပါ အေျခအေနတြင္ ဂရန္အမည္ေပါက္ရ႐ွိထားသည့္ တရား႐ံႈးအား အပ္ဝရမ္း ထုတ္ဆင့္ျခင္းမျပဳႏိုင္ေၾကာင္းႏွင့္ မူလ႐ံုးအမႈအား ဆိုင္းငံ့ထားရန္လိုအပ္ၿပီး တရား႐ႈံးအား ဂရန္ထုတ္ေပးထားျခင္းကို သက္ဆိုင္ရာအာဏာပိုင္ထံတင္ျပ၍ တရား႐ံႈးအား ထုတ္ေပးထားသည့္ဂရန္ကို ပယ္ဖ်က္လိုက္သည့္အခါမွ တရားႏိုင္သည္ ဒီကရီကို အတည္ျပဳရန္ တရား႐ံုးသို႔ ဆက္လက္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ဥပေဒဗဟုသုတရ႐ွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service