လေထဲယိမ်းထိုးသွားလောက်အောင် သွယ်လျသည့် ကမ္ဘာ့အသွယ်လျဆုံးလူနေမိုးမျှော်တိုက်
လေထဲယိမ်းထိုးသွားလောက်အောင် သွယ်လျသည့် ကမ္ဘာ့အသွယ်လျဆုံးလူနေမိုးမျှော်တိုက် - Property News in Myanmar from iMyanmarHouse.com
2 May 2022 10:01 am တွင် တင်ခဲ့သည်
642 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု မန်ဟက်တန်အရပ်ရှိ အထပ် ၈၄ ထပ်မြင့်တဲ့ ဇိမ်ခံတိုက်ခန်းအဆောက်အအုံ Steinway Tower ဟာ အမြင့်နဲ့အကျယ်အချိုးအစားအားဖြင့် ၂၄:၁ ရှိပြီး ကမ္ဘာ့အသွယ်လျဆုံး လူနေမိုးမျှော်တိုက်ပဲဖြစ်ပါတယ်။
Steinway Tower ဟာ အထင်ကြီးလောက်စရာ ဗိသုကာလက်ရာတစ်ခုပဲဖြစ်ပါတယ်။ One World Trade Center (၁,၇၇၆ ပေ) နဲ့ Central Park Tower (၁,၅၅၀ ပေ) ပြီးရင် ကမ္ဘာ့အနောက်ဘက်ခြမ်းမှာ တတိယအမြင့်ဆုံးအဆောက်အအုံဖြစ်ရုံသာမက တကယ်ကိုပဲ ကမ္ဘာ့အသွယ်လျဆုံးမိုးမျှော်တိုက်လည်း ဖြစ်ပါတယ်။ မူးဝေလောက်စရာ အမြင့်ဖြစ်တဲ့ ၁,၄၂၈ ပေ အမြင့်ရှိပေမဲ့လည်း Steinway Tower ဟာ အကျယ်အားဖြင့် ၆၀ ပေသာ ကျယ်ဝန်းပါတယ်။ သူ့ကို ကော်ဖီဖျော်တဲ့ဇွန်းလို့ The Guardian သတင်းစာက တင်စားရလောက်တဲ့အထိကို သွယ်လျတာဖြစ်ပါတယ်။ နှိုင်းယှဉ်ကြည့်ရမယ်ဆိုရင် Steinway Tower ဟာ ဘိုးလင်းပစ်လှိမ့်ဆော့ရတဲ့လိုင်းနဲ့ အလားသဏ္ဍာန်တူလှပါတယ်။
Steinway Tower ကို ကမ္ဘာ့အခိုင်ခံ့ဆုံးကွန်ကရစ်နဲ့ တည်ဆောက်ထားပေမဲ့လည်း ယိမ်းထိုးခြင်းလိုမျိုး မိုးမျှော်တိုက်တွေအားလုံးနီးပါးအပေါ် သက်ရောက်မှုရှိတဲ့ ဖြစ်စဉ်တွေကို ခံနိုင်ရည်မရှိပါဘူး။ သူ့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာအင်ဂျင်နီယာတွေကတော့ ပေ ၁ ထောင်မြင့်တဲ့ မိုးမျှော်တိုက်တစ်ခုဟာ ထုံးစံအားဖြင့် တိုက်ခတ်တဲ့နှုန်းနဲ့ လေထန်တဲ့နေ့တစ်နေ့မှာ လက်မအနည်းငယ်ယိမ်းထိုးမှာဖြစ်ပြီး တစ်နာရီလျှင် မိုင် ၁၀၀ နှုန်းနဲ့ တိုက်ခတ်တဲ့နေ့တစ်နေ့မှာတော့ ၂ ပေ ယိမ်းထိုးမှာဖြစ်ကြောင်း၊ နည်းပရိယာယ်ကတော့ အဲဒီယိမ်းထိုးလှုပ်ယမ်းမှုကို တိုက်မှာနေထိုင်သူတွေအနေနဲ့ လုံးလုံးမခံစားရအောင် ဒီဇိုင်းဆွဲတည်ဆောက်ဖို့ပဲဖြစ်ကြောင်း ၂၀၁၅ ခုနှစ်တုန်းက NY Times ကို ပြောကြားခဲ့ကြပါတယ်။
ခဲတံမိုးမျှော်တိုက်တွေလို့လည်း ခေါ်ကြတဲ့ အဲဒီအလွန်သွယ်လျတဲ့မိုးမျှော်တိုက်တွေဟာ ၁၉၇၀ ပြည့်နှစ်လွန်တွေက ဟောင်ကောင်မှာ အရင်ဆုံးစတင်ကာ ရေပန်းစားလူကြိုက်များလာခဲ့တာဖြစ်ပေမဲ့ အခုတော့ အမေရိကန်မှာလည်းပဲ ရေပန်းစားလာခဲ့ပြီဖြစ်ပါတယ်။ ၎င်းမိုးမျှော်တိုက်တွေဟာ နေထိုင်သူတွေကို သူတို့ရဲ့မြို့ပြဝန်းကျင်ရဲ့ ရင်သပ်ရှုမောဖွယ်ရာမြင်ကွင်းတွေပေးစွမ်းပေမဲ့လည်း တုန်ခါမှု၊ ဆူညံသံတွေထွက်ရှိမှု စတဲ့ ပြဿနာလေးတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း Steinway Tower နဲ့ပတ်သက်ရင်တော့ အဆင်မပြေကြောင်း ဘာသတင်းကိုမှ မကြားရသေးပါဘူး။
Steinway Tower ဟာ ကမ္ဘာ့အသွယ်လျဆုံးမိုးမျှော်တိုက်ဆိုတဲ့ ဂုဏ်ပုဒ်ကို ကိုင်ဆောင်ထားပေမဲ့လည်း ဈေးနှုန်းကတော့ မပါးလျလှပါဘူး။ တိုက်ခန်းတစ်ခန်းလျှင် အနိမ့်ဆုံးဈေးနှုန်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၅ သန်းကနေ အမြင့်ဆုံး ၆၆ သန်းရှိပါတယ်။
Steinway Tower ဟာ လူနေမိုးမျှော်တိုက်တစ်တိုက်အနေနဲ့ မယုံနိုင်လောက်စရာ သွယ်လျပေမဲ့ ကမ္ဘာ့အသွယ်လျဆုံးမိုးမျှော်တိုက်တော့ မဟုတ်ပါဘူး။ လက်ရှိမှာ အဲဒီဘွဲ့ထူးကို ပိုင်ဆိုင်ထားတာကတော့ ယူကေနိုင်ငံရှိ i360 ကမ်းရိုးတန်းဆိုင်ရာ လေ့လာစောင့်ကြည့်ရေးမျှော်စင်ပဲဖြစ်ပါတယ်။ ၎င်းကတော့ အချင်းအားဖြင့် ၃ ဒသမ ၉ မီတာသာ ရှိပြီး အမြင့်နဲ့အကျယ်အချိုးဟာလည်း ၄၀:၁ တယ်လို့ သိရပါတယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: World’s Thinnest Skyscraper Is So ‘Skinny’ It May Sway in the Air (OddityCentral)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service