အများသုံး အိမ်သာ တံခါးတွေက ဘာလို့ ကြမ်းပြင်ထိ အလုံမပိတ်ထားသလဲ??

အများသုံး အိမ်သာ တံခါးတွေက ဘာလို့ ကြမ်းပြင်ထိ အလုံမပိတ်ထားသလဲ?? - Property Knowledge in Myanmar from iMyanmarHouse.com
4 Apr 2022 10:47 am တွင် တင်ခဲ့သည်
1611 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

အရမ်း ညစ်ပတ်တယ် ၊ ရွံစရာကောင်းတယ်လို့ ထင်ရပေမဲ့ အများသုံး အိမ်သာတံခါးတွေ ကြမ်းပြင်ထိ မရောက်ရတဲ့ အကြောင်းအရင်း

သင့်အနေနဲ့ အများသုံး အိမ်သာတွေနဲ့ ပတ်သတ်ပြီး သေချာပေါက် တွေးမိမှာကတော့ အရမ်း ညစ်ပတ်တယ်။ ရွံစရာကောင်းတယ် စတာတွေပါ။

နောက်တခုအနေနဲ့ အများသုံး အိမ်သာ တံခါးတွေက ဘာလို့ ကြမ်းပြင်ထိ အလုံမပိတ်ထားသလဲ ဆိုတာရော ပရိတ်သတ်တို့ အနေနဲ့ တွေးမိပါသလား။

အဲဒီလို မပိတ်ထားရခြင်းအတွက် အကျိုးအကြောင်း ခိုင်လုံတဲ့ အချက်တွေ အများကြီး ရှိပါတယ်။

အဲ့ဒါတွေကတော့ အကယ်၍ လူတစ်ယောက်ဟာ အလုံပိတ်ထားတဲ့ အိမ်သာခန်းထဲမှာ သတိလစ်သွားရင် အပြင်က ဘယ်သူကမှ သတိမပြုနိုင်ဘဲ အခြားလူတစ်ယောက်ယောက်က လာကယ်ဖို့ နာရီအနည်းငယ် ကြာမြင့်ပါလိမ့်မယ်။

တကယ်လို့ အိမ်သာတံခါးနဲ့ ကြမ်းပြင်နဲ့ကြားမှာ ဟနေမယ်ဆိုရင် အပြင်ကလူတွေက အိမ်သာထဲမှာ မေ့လဲနေတဲ့လူကို သတိထားမိနိုင် ပါလိမ့်မယ်။

ါ့အပြင် ဆေးဝန်ထမ်းတွေ ရောက်လာတဲ့ အခါမှာလည်း အိမ်သာတံခါးကို ရိုက်ဖွင့်ဖို့ မလိုအပ်ပဲ အောက်ကနေ လျှိုဝင်ပြီး တံခါးကို အထဲကနေ ဖွင့်လိုက်နိုင်ပါတယ်။

ဒါ့အပြင် အပြင်ကနေပြီး အထဲမှာ လူရှိမရှိ မြင်နိုင်တဲ့အတွက် လူရှိတဲ့ အိမ်သာခန်းကို သွားဆွဲ ဖွင့်နေတာမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။ နောက်တစ်ချက် အနေနဲ့ကတော့ အလုံပိတ်ထားတဲ့ တံခါးတွေက မေ့လောက်နိုင်စရာ အနံ့အသက်ဆိုးဝါးတဲ့ လေထုကို ဖန်တီးပေးပါတယ်။

ဒါကြောင့်အောက်ခြေလွတ်ထားတဲ့တံခါးတွေက လေဝင်လေထွက် ပိုကောင်းတဲ့ အတွက် ဆိုးဝါးတဲ့ အနံ့အသက်တွေကို မြန်မြန်ပျောက်စေပါတယ်။ ဒါ့အပြင် အသိသာဆုံး အချက်ကတော့ အောက်ခြေလွှတ်ထားတဲ့ တံခါးတွေက ငွေကြေး အကုန်အကျ ပိုသက်သာစေပါတယ်။

သူက အောက်ခြေကို အလုံ ပိတ်ထားစရာ မလိုတဲ့အတွက် အဲ့ဒီနေရာကို သတ္တုသုံးစရာ မလိုတော့ပါဘူး။ ဒါကြောင့် သတ္တုဖိုး အကုန်သက်သာပါတယ်။ဒါက စီးပွားရေး လုပ်ငန်းရှင်တွေအတွက် အဓိက ကြည့်ရမယ့် အချက်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် တံခါး အပြည့် လုပ်မယ်ဆိုရင် ကျွန်တော်တို့ဟာ ပိုပြီး အားစိုက်ထုတ်ရမှာ ဖြစ်ပြီးတော့ နံရံတွေ မျက်နှာကျက်တွေနဲ့ အံဝင်ဂွင်ကျ ဖြစ်ဖို့ အတွက် တိတိကျကျ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ဒါက စီးပွားရေးဆိုင်ရာ ကုန်ကျမှုတွေ ပိုမို များပြား လာစေပါတယ်။ အောက်ခြေလွှတ်ထားတဲ့ တံခါးတွေက စိတ်ပညာရပ်အရ အိမ်သာထဲမှာ မသင့်လျော်တဲ့ အပြုအမူတွေ လုပ်တာကို ဟန့်တားစေနိုင်ပါတယ်။

အလုံပိတ်ထားတဲ့ တံခါးအတွင်းမှာဆို ဘယ်သူကမှ ကိုယ်လုပ်နေတာကို မမြင်နိုင်တဲ့အတွက် နံရံမှာ Graffiti ဆွဲတာ အခြား တခုခု အန္တရာယ်ရှိတာတွေကို လုပ်တာ အစရှိသဖြင့် စဉ်းစားနိုင်ပါတယ်။

အကယ်၍ သင်သာ အလုံပိတ် အိမ်သာထဲမှာ ပိတ်မိနေမယ်ဆိုရင် အပြင်က အကူအညီရဖို့ စောင့်နေရမှာပဲ ဖြစ်ပါတယ်။ အောက်ခြေ လွတ်ထားတဲ့ တံခါးတွေမှာဆိုရင်တော့ သင်ဟာ ဟထားတဲ့ အောက်ခြေကနေ အသာလေး လျှောထွက်နိုင်ပါတယ်။

နောက်ပီး အများသုံး အိမ်သာထဲမှာ သင်ဟာ အလေးသွားပြီးမှ အိမ်သာထဲမှာ တစ်ရှူးမရှိဘူးဆိုတဲ့ အိပ်မက်ဆိုးလို အခြေအနေမျိုးကို စဉ်းစားကြည့်လိုက်ပါ။

ကံမကောင်းစွာနဲ့ပဲ သင်ဟာ အပြည့်ပိတ်ထားတဲ့ တံခါးအတွင်းမှာ ဆိုရင်တော့ သင့်ကို ဘယ်သူကမှ ကယ်နိုင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် အောက်ခြေကို လွှတ်ထားတဲ့ တံခါးနဲ့ဆိုရင်တော့ သင်ဟာ သင့်အရှက်သိက္ခာတွေကို ဘေးချိတ်ပြီး ဖြတ်သွားဖြတ်လာ တစ်ယောက်ကို အကူအညီ တောင်းနိုင်ပါတယ်။

ပရိတ်သတ်တို့ အနေနဲ့လည်း ဒီလို ရှက်စရာ အဖြစ်အပျက်မျိုး ဖြစ်ခဲ့ဖူးရင် ကွန်မန့်မှာ ရေးပေးသွားပါဦး။ ဒါကြောင့် အလုံပိတ်ထားတဲ့ အိမ်သာ တံခါးတွေဟာ လူတွေကို သက်တောင့်သက်သာဖြစ်တဲ့ ခံစားချက်မျိုး ပေးပါတယ်။

ဒါကြောင့် လူတွေဟာ အချိန်ဘယ်လောက်ရှိပြီ အပြင်မှာ လူတွေဘယ်နှစ်ယောက်လောက် စောင့်နေကြတယ် ဆိုတာတွေကို ဂရုမထားတော့ပဲ သူတို့ကိစ္စကိုသာ သူတို့အာရုံ စိုက်နေတတ်ကြပါတယ်။

အများသုံး အိမ်သာတံခါးကို အောက်ဘက်မှာ လွတ်ထားရခြင်းရဲ့ အသိသာဆုံးအကြောင်းရင်း တစ်ချက်ကတော့ သန့်ရှင်းရေးသမားတွေအတွက် သန့်ရှင်းရေး လုပ်ရ လွယ်ကူဖို့ပဲ ဖြစ်ပါတယ်။

သူတို့ဟာ တစ်ခန်းဝင် တစ်ခန်းထွက် အဖွင့်အပိတ် လုပ်ရင်း သန့်ရှင်းဖို့ မလိုပဲ သူတို့ရဲ့ တံမြက်စည်းတံကို အောက်ခြေကနေ လျှိုဝင်လိုက်ပြီး သန့်ရှင်းရေး လုပ်နိုင်တဲ့ အတွက် အချိန်ကုန်သက်သာစေပါတယ်ခင်ဗျာ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: XYZ NEWS

 

 

[Zawgyi]


 

























Credit: XYZ NEWS

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service