အတွင်းရေးမှူးဂင် (သို့မဟုတ်) Park Min Young ၏ စံအိမ်

အတွင်းရေးမှူးဂင် (သို့မဟုတ်) Park Min Young ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
1 Apr 2022 11:20 am တွင် တင်ခဲ့သည်
4340 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စနေ၊ တနင်္ဂနွေနေ့တိုင်း Netflix မှ ထုတ်လွှင့်ပေးနေသော အထက်အရာရှိမမနှင့် လုပ်ဖော်ကိုင်ဖက် မောင်လေးတို့၏ အချစ်ဇာတ်လမ်း၊ တစ်ရုံးတည်းလုပ်ကိုင်နေသူများ မသိအောင် ချစ်ကြမည့် romantic ဇာတ်လမ်းဖြစ်သော Forecasting Love& weather မှ မင်းသမီး ပါ့ခ်မင်ယောင်း (Park Min Young) ကို မြန်မာပရိသတ်များအကြား ကင်နာနာ၊ ဂင်မီဆိုဟု လူသိများသည်။

Park Seo Joon နှင့် Park min young တို့နှစ်ဦးသည် အထာကျကျချစ်မယ် (ကြင်ကြင်နာနာချစ်မယ်) (What’s wrong with secretary Kim?) တွင် အတူသရုပ်ဆောင်ခဲ့ကြဖူးသည်။

Park Min Young သည် ဆောင်ကျန်ကွမ် အရှုပ်တော်ပုံ ဇာတ်လမ်းတွဲတွင်လည်း မိသားစု အခက်အခက်အားလုံး တာဝန်ယူဖြေရှင်းနေရသည့် ကင်ယွန်ဟီး အမည်ရှိ မိန်းကလေးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားမှုမှာလည်း လူကြိုက်များခဲ့သည်။

Park Seo Joon နှင့် Park Min Young တို့နှစ်ဦး၏ နေအိမ်များမှာ ၁၀ မီတာခန့်သာ ဝေးကွာကြောင်း ပေါ်ပေါက်လာသည်။ သို့အတွက် ၎င်းတို့နှစ်ဦး မကြာခဏ လျှို့ဝှက်ကာ ချိန်းတွေ့နေကြဖွယ်ရှိသည်ဟု ပရိသတ်များက ယူဆကြသည်။

နှစ်ယောက်လုံးကမူ သူငယ်ချင်းသာဖြစ်သည်ဟု ငြင်းထားကြသည်။

သို့သော် ပါ့ခ်-ပါ့ခ်စုံတွဲသည် လျှို့ဝှက်ချိန်းတွေ့နေကြသည်ဟု ကောက်ချက်ချနိုင်သည့် သဲလွန်စများလည်း ရှိသည်။

Park Min Young နှင့် Park Seo Joon တို့ နှစ်ဦးလုံး၏ နေအိမ်များမှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်၊ Cheongdam အရပ်တွင် တည်ရှိကြောင်း သိလာကြရသည်။

၎င်းတို့နှစ်ဦး တွဲဖက်သရုပ်ဆောင်ခဲ့ကြသော အတွင်းရေးမှူးဂင်ဇာတ်လမ်းတွဲမှ ရိုက်ကွင်းနေရာများမှာ အလွန်ချစ်စဖွယ်၊ အလန်းစားနေရာများ များစွာပါဝင်သည်။

Park Min Young နှင့် Park Seo Joon တို့နှစ်ဦး အသီးသီးတင်ကြသော ဓာတ်ပုံများမှတဆင့် ကောက်ချက်ဆွဲနိုင်သည့်အချက်များ ရှိနေသည်။

Park Min Young သည် ဓာတ်ပုံတစ်ပုံတွင် ချယ်ရီပွင့်များ သဲသဲလှုပ်ဖူးပွင့်နေပုံကို နောက်ခံထား ရိုက်ကူးထားရာ Park Seo Joon ရိုက်ကူးခဲ့သည့် ဓာတ်ပုံနှင့် နေရာချင်းအတူတူဖြစ်နေရာ ၎င်းတို့နှစ်ဦး အတူတကွရှိနေကြသည်ဟု ပရိသတ်များက ယူဆကြသည်။

၎င်းတို့နှစ်ဦး တနေ့တည်းတွင် တင်ခဲ့ကြသော လူမှုကွန်ရက်ပို့စ် ၂ ခုတွင် တူညီသော လိမ္မော်ရောင်သင်္ကေတများအား အသုံးပြုခဲ့သည်ကိုလည်း တွေ့ရသည်။

Park Min Young လူမှုကွန်ရက်တွင် တင်ခဲ့သော ဓာတ်ပုံတစ်ခုတွင် သူ၏ရှေ့မှ ဖန်ခွက်၌ အမျိုးသားတစ်ဦး၏ ပုံရိပ်ရောင်ပြန်ဟပ်နေရာ အဆိုပါပုံရိပ်မှာ Park Seo Joon နှင့် အလွန်တူနေသည်ကိုလည်း တွေ့ခဲ့ကြရသည်။

Park Seo Joon ဝတ်ဆင်ထားသော ဘောင်းဘီမှာ Park Min Young ၏ ဓာတ်ပုံထဲမှ အမျိုးသား၏ ဘောင်းဘီနှင့် တူညီနေသည်။

(Park Min Young ၏ ရုံးခန်း)

လူအများစုမှာ နေအိမ်နှင့် ရုံးခန်း သီးခြားစီထားရှိလေ့ရှိသော်လည်း Park Min Young ကမူ သူ၏ စံအိမ်ဝန်းအတွင်းရှိ အဆောက်အအုံတစ်ခုတွင်ပင် ရုံးခန်းဖွင့်ထားသည်။

ခေါင်မိုးထပ်တစ်ခုလုံးကို သူမ တစ်ဦးတည်းအတွက် အသုံးပြုထားသည်။ ခေါင်မိုးထပ်ကို ပါခ့်မင်ယောင်းက ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းစေရန် ကုစားရာနေရာတစ်ခုအဖြစ် အသုံးပြုသည်။

လေကောင်းလေသန့်ရရန်နှင့် ချက်ပြုတ်ရန်အတွက် အမိုးထပ်ကို မကြာခဏသွားလေ့ရှိသည်။

ဟင်းလင်းပြင် ထိုင်ခုံနေရာ အများအပြားထားရှိထားပြီး ပန်းမျိုးစုံလည်း စိုက်ပျိုးထားသည်။

သူ အနှစ်သက်ဆုံးမှာ ညစာစားသည့်နေရာအနီးမှ ကြီးမားသော ၆ လပန်းများ ဖြစ်သည်။

(အမိုးပေါ် ထိုင်စရာနေရာနှင့် အကင်နေရာ)

Park Min Young ၏ အမိုးထပ် ထိုင်စရာနေရာသည် လူအနည်းဆုံး ၅ ဦး ထိုင်နိုင်သောနေရာ ခင်းကျင်းထားပြီး ကြိုးပုခက်တစ်ခုနှင့် သီးသန့်ညစာ စားရာနေရာတို့ ပါဝင်သည်။

အကင်နေရာ၏ နောက်ဘက်တွင် ဂိုဒေါင်ငယ်တစ်ခုရှိရာ မီးဖိုဆောင်သုံး ပစ္စည်းများ သိမ်းဆည်းထားနိုင်သည်။

(နားနေဆောင်၊ ဖျော်ဖြေရေးနေရာ)

Min Young အတွက် ရုံးခန်းဟူသည်မှာ အိမ်အဝေးမှ အိမ်သဖွယ်သာ ဖြစ်သည်။

Netflix ကြည့်ရင်း အချိန်ဖြုန်းနိုင်မည့် နားနေခန်းမျိုးမှာ သူမ၏ ဆန္ဒတစ်ခုဖြစ်ခဲ့ကြောင်း Min Young က ဆိုသည်။

ခြေဆန့်လက်ဆန့် လှဲနိုင်မည့် ခုံအများအပြားအပြင် လေသန့်အုန်းပွားပင်ကိုလည်း ပန်းအိုးဖြင့် ထည့်သွင်းထားသည်ကို တွေ့ရသည်။

(Park Min Young ၏ မီးဖိုဆောင်နှင့် ညစာစားရန် နေရာ)

သူငယ်ချင်းများနှင့် တွေ့ဆုံရာတွင် အမိုးပေါ်ထပ်တွင် မဟုတ်ပါက ခေတ်ဆန်သော ညစာ စားပွဲတွင် အချိန်ဖြုန်းကြလေ့ရှိသည်။

မင်ယောင်း၏ မီးဖိုဆောင်မှာ အတန်ငယ်ကျဉ်းမြောင်းသော်လည်း လိုအပ်သည့် မီးဖိုဆောင်သုံးပစ္စည်းများ ထားရန် နေရာအလုံအလောက်ရှိသည်။

အဖြူရောင်သီးသန့်သုံးထားသော ရုံးခန်း၏ အပြင်အဆင်မှာ မီးဖိုဆောင်အထိ သက်ရောက်နေသည်။ မီးဖိုဆောင်ကိုလည်း အဖြူရောင်ချည်းသာ အသုံးပြုထားရာ ကျယ်ဝန်းသယောင် ခံစားရစေသည်။

(ဧည့်ဆောင်)

မင်ယောင်း၏ ရုံးခန်းအဆောက်အအုံတွင် အခြားအပန်းဖြေရန်နေရာတစ်ခုမှာ ဧည့်ဆောင်ဖြစ်သည်။

မင်ယောင်းက အဆိုပါအခန်းကို သူ၏ သီးသန့် အချိန်ဖြုန်းနားနေရန် နေရာတစ်ခုအဖြစ်လည်း သုံးလေ့ရှိသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Take a Tour of Korean Actress Park Min-young's Office with a Terrace ( nobroker.in/)

[Zawgyi]

အတြင္းေရးမွဴးဂင္ (သို႔မဟုတ္) Park Min Young ၏ စံအိမ္

စေန၊ တနဂၤေႏြေန႔တုိင္း Netflix မွ ထုတ္လႊင့္ေပးေနေသာ အထက္အရာရွိမမႏွင့္ လုပ္ေဖာ္ကိုင္ဖက္ ေမာင္ေလးတို႔၏ အခ်စ္ဇာတ္လမ္း၊ တစ္ရံုးတည္းလုပ္ကိုင္ေနသူမ်ား မသိေအာင္ ခ်စ္ၾကမည့္ romantic ဇာတ္လမ္းျဖစ္ေသာ Forecasting Love& weather မွ မင္းသမီး ပါ့ခ္မင္ေယာင္း (Park Min Young) ကို ျမန္မာပရိသတ္မ်ားအၾကား ကင္နာနာ၊ ဂင္မီဆိုဟု လူသိမ်ားသည္။

Park Seo Joon ႏွင့္ Park min young တို႔ႏွစ္ဦးသည္ အထာက်က်ခ်စ္မယ္ (ၾကင္ၾကင္နာနာခ်စ္မယ္) (What’s wrong with secretary Kim?) တြင္ အတူသရုပ္ေဆာင္ခဲ့ၾကဖူးသည္။

Park Min Young သည္ ေဆာင္က်န္ကြမ္ အရႈပ္ေတာ္ပံု ဇာတ္လမ္းတြဲတြင္လည္း မိသားစု အခက္အခက္အားလံုး တာဝန္ယူေျဖရွင္းေနရသည့္ ကင္ယြန္ဟီး အမည္ရွိ မိန္းကေလးတစ္ဦးအျဖစ္ ပါဝင္သရုပ္ေဆာင္ထားမႈမွာလည္း လူၾကိဳက္မ်ားခဲ့သည္။

Park Seo Joon ႏွင့္ Park Min Young တို႔ႏွစ္ဦး၏ ေနအိမ္မ်ားမွာ ၁၀ မီတာခန္႔သာ ေဝးကြာေၾကာင္း ေပၚေပါက္လာသည္။ သို႔အတြက္ ၎တို႔ႏွစ္ဦး မၾကာခဏ လွ်ိဳ႕ဝွက္ကာ ခ်ိန္းေတြ႔ေနၾကဖြယ္ရွိသည္ဟု ပရိသတ္မ်ားက ယူဆၾကသည္။

ႏွစ္ေယာက္လံုးကမူ သူငယ္ခ်င္းသာျဖစ္သည္ဟု ျငင္းထားၾကသည္။

သို႔ေသာ္ ပါ့ခ္-ပါ့ခ္စံုတြဲသည္ လွ်ိဳ႕ဝွက္ခ်ိန္းေတြ႔ေနၾကသည္ဟု ေကာက္ခ်က္ခ်ႏိုင္သည့္ သဲလြန္စမ်ားလည္း ရွိသည္။

Park Min Young ႏွင့္ Park Seo Joon တို႔ ႏွစ္ဦးလံုး၏ ေနအိမ္မ်ားမွာ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ျမိဳ႕ေတာ္၊ Cheongdam အရပ္တြင္ တည္ရွိေၾကာင္း သိလာၾကရသည္။

၎တို႔ႏွစ္ဦး တြဲဖက္သရုပ္ေဆာင္ခဲ့ၾကေသာ အတြင္းေရးမွဴးဂင္ဇာတ္လမ္းတြဲမွ ရိုက္ကြင္းေနရာမ်ားမွာ အလြန္ခ်စ္စဖြယ္၊ အလန္းစားေနရာမ်ား မ်ားစြာပါဝင္သည္။

Park Min Young ႏွင့္ Park Seo Joon တို႔ႏွစ္ဦး အသီးသီးတင္ၾကေသာ ဓာတ္ပံုမ်ားမွတဆင့္ ေကာက္ခ်က္ဆြဲႏိုင္သည့္အခ်က္မ်ား ရွိေနသည္။

Park Min Young သည္ ဓာတ္ပံုတစ္ပံုတြင္ ခ်ယ္ရီပြင့္မ်ား သဲသဲလႈပ္ဖူးပြင့္ေနပံုကို ေနာက္ခံထား ရိုက္ကူးထားရာ Park Seo Joon ရိုက္ကူးခဲ့သည့္ ဓာတ္ပံုႏွင့္ ေနရာခ်င္းအတူတူျဖစ္ေနရာ ၎တို႔ႏွစ္ဦး အတူတကြရွိေနၾကသည္ဟု ပရိသတ္မ်ားက ယူဆၾကသည္။

၎တို႔ႏွစ္ဦး တေန႔တည္းတြင္ တင္ခဲ့ၾကေသာ လူမႈကြန္ရက္ပို႔စ္ ၂ ခုတြင္ တူညီေသာ လိေမၼာ္ေရာင္သေကၤတမ်ားအား အသံုးျပဳခဲ့သည္ကိုလည္း ေတြ႔ရသည္။

Park Min Young လူမႈကြန္ရက္တြင္ တင္ခဲ့ေသာ ဓာတ္ပံုတစ္ခုတြင္ သူ၏ေရွ႕မွ ဖန္ခြက္၌ အမ်ဳိးသားတစ္ဦး၏ ပံုရိပ္ေရာင္ျပန္ဟပ္ေနရာ အဆိုပါပံုရိပ္မွာ Park Seo Joon ႏွင့္ အလြန္တူေနသည္ကိုလည္း ေတြ႔ခဲ့ၾကရသည္။ Park Seo Joon ဝတ္ဆင္ထားေသာ ေဘာင္းဘီမွာ Park Min Young ၏ ဓာတ္ပံုထဲမွ အမ်ဳိးသား၏ ေဘာင္းဘီႏွင့္ တူညီေနသည္။

(Park Min Young ၏ ရံုးခန္း)

လူအမ်ားစုမွာ ေနအိမ္ႏွင့္ ရံုးခန္း သီးျခားစီထားရွိေလ့ရွိေသာ္လည္း Park Min Young ကမူ သူ၏ စံအိမ္ဝန္းအတြင္းရွိ အေဆာက္အအံုတစ္ခုတြင္ပင္ ရံုးခန္းဖြင့္ထားသည္။

ေခါင္မိုးထပ္တစ္ခုလံုးကို သူမ တစ္ဦးတည္းအတြက္ အသံုးျပဳထားသည္။ ေခါင္မိုးထပ္ကို ပါခ့္မင္ေယာင္းက ကိုယ္စိတ္ႏွစ္ပါးက်န္းမာရႊင္လန္းေစရန္ ကုစားရာေနရာတစ္ခုအျဖစ္ အသံုးျပဳသည္။

ေလေကာင္းေလသန္႔ရရန္ႏွင့္ ခ်က္ျပဳတ္ရန္အတြက္ အမိုးထပ္ကို မၾကာခဏသြားေလ့ရွိသည္။

ဟင္းလင္းျပင္ ထိုင္ခံုေနရာ အမ်ားအျပားထားရွိထားျပီး ပန္းမ်ဳိးစံုလည္း စိုက္ပ်ဳိးထားသည္။

သူ အႏွစ္သက္ဆံုးမွာ ညစာစားသည့္ေနရာအနီးမွ ၾကီးမားေသာ ၆ လပန္းမ်ား ျဖစ္သည္။

(အမိုးေပၚ ထိုင္စရာေနရာႏွင့္ အကင္ေနရာ)

Park Min Young ၏ အမိုးထပ္ ထိုင္စရာေနရာသည္ လူအနည္းဆံုး ၅ ဦး ထိုင္ႏိုင္ေသာေနရာ ခင္းက်င္းထားျပီး ၾကိဳးပုခက္တစ္ခုႏွင့္ သီးသန္႔ညစာ စားရာေနရာတို႔ ပါဝင္သည္။

အကင္ေနရာ၏ ေနာက္ဘက္တြင္ ဂိုေဒါင္ငယ္တစ္ခုရွိရာ မီးဖိုေဆာင္သံုး ပစၥည္းမ်ား သိမ္းဆည္းထားႏိုင္သည္။

(နားေနေဆာင္၊ ေဖ်ာ္ေျဖေရးေနရာ)

Min Young အတြက္ ရံုးခန္းဟူသည္မွာ အိမ္အေဝးမွ အိမ္သဖြယ္သာ ျဖစ္သည္။

Netflix ၾကည့္ရင္း အခ်ိန္ျဖဳန္းႏိုင္မည့္ နားေနခန္းမ်ဳိးမွာ သူမ၏ ဆႏၵတစ္ခုျဖစ္ခဲ့ေၾကာင္း Min Young က ဆိုသည္။

ေျခဆန္႔လက္ဆန္႔ လဲွႏိုင္မည့္ ခံုအမ်ားအျပားအျပင္ ေလသန္႔အုန္းပြားပင္ကိုလည္း ပန္းအိုးျဖင့္ ထည့္သြင္းထားသည္ကို ေတြ႔ရသည္။

(Park Min Young ၏ မီးဖိုေဆာင္ႏွင့္ ညစာစားရန္ ေနရာ)

သူငယ္ခ်င္းမ်ားႏွင့္ ေတြ႔ဆံုရာတြင္ အမိုးေပၚထပ္တြင္ မဟုတ္ပါက ေခတ္ဆန္ေသာ ညစာ စားပြဲတြင္ အခ်ိန္ျဖဳန္းၾကေလ့ရွိသည္။

မင္ေယာင္း၏ မီးဖိုေဆာင္မွာ အတန္ငယ္က်ဥ္းေျမာင္းေသာ္လည္း လိုအပ္သည့္ မီးဖိုေဆာင္သံုးပစၥည္းမ်ား ထားရန္ ေနရာအလံုအေလာက္ရွိသည္။

အျဖဴေရာင္သီးသန္႔သံုးထားေသာ ရံုးခန္း၏ အျပင္အဆင္မွာ မီးဖုိေဆာင္အထိ သက္ေရာက္ေနသည္။ မီးဖိုေဆာင္ကိုလည္း အျဖဴေရာင္ခ်ည္းသာ အသံုးျပဳထားရာ က်ယ္ဝန္းသေယာင္ ခံစားရေစသည္။

(ဧည့္ေဆာင္)

မင္ေယာင္း၏ ရံုးခန္းအေဆာက္အအံုတြင္ အျခားအပန္းေျဖရန္ေနရာတစ္ခုမွာ ဧည့္ေဆာင္ျဖစ္သည္။

မင္ေယာင္းက အဆိုပါအခန္းကို သူ၏ သီးသန္႔ အခ်ိန္ျဖဳန္းနားေနရန္ ေနရာတစ္ခုအျဖစ္လည္း သံုးေလ့ရွိသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Take a Tour of Korean Actress Park Min-young's Office with a Terrace ( nobroker.in)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service