မိဘပိုင် “ မြေ ” ကို သားသမီးအမည်နဲ့ ဂရန်မြေ လုပ်ခဲ့မိလို့.......

မိဘပိုင် “ မြေ ” ကို သားသမီးအမည်နဲ့ ဂရန်မြေ လုပ်ခဲ့မိလို့....... - Property Knowledge in Myanmar from iMyanmarHouse.com
29 Mar 2022 10:08 am တွင် တင်ခဲ့သည်
1898 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

စာရေးသူရဲ့ အိမ်ရှေ့မှာ “ အိမ်ခြံမြေတိုက်ခန်းအရောင်းအဝယ်စာချုပ်စာတမ်း ဝန်ဆောင်မှုလုပ်ငန်း ” လို့ ဆိုင်းဘုတ်တင်ထားပါတယ်။ ဆိုင်းဘုတ်ရဲ့ အောက်ခြေမှာ “ လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ” ထုတ်ဝေပြီးသော အိမ်ခြံမြေစာအုပ်များကိုလည်း ဝယ်ယူအားပေးနိုင်ပါတယ် လို့လည်း ရေးသားပေးထားပါတယ်။ " ပန်းသတင်းလေညှင်းဆောင် လူသတင်းလူချင်းဆောင် "ဆိုတဲ့ ဆိုရိုးစကားအတိုင်း မြင်တွေ့ဖတ်ရှုမိသူအပေါင်းက အလိုရှိသူတွေကို တဆင့်ပြန်လည်ဖောက်သည်ချပေးစေလိုတဲ့ ဆန္ဒလည်း ပါတာပေါ့လေ။

ဖတ်သူ၊ မြင်သူ အများအပြားရှိတဲ့ အထဲမှာမှ တစ်နေ့တော့ အသက် (၅၀)ခန့် အမျိုးသမီးတစ်ဦးနဲ့ အသက် (၂၀) ကျော် အမျိုးသမီး သားအမိ (၂)ယောက် စာရေးသူရဲ့ အိမ်ကိုရောက်လာပါတယ်။ သမီးကတော့ အိမ်ခြံမြေစာအုပ်ဝယ်ဖို့ပါ၊ အမေဖြစ်သူကတော့ သမီးနဲ့ အတူလိုက်လာရင်း သူမရဲ့ အမွေဆိုင်ဂရန်မြေကို အမည်ပြောင်းချင်တာပါ။ အမေဖြစ်သူရဲ့ အမည်က “တိုးတိုး” ၊ သမီးဖြစ်သူက "မိုးမိုး" တဲ့ ဘွဲ့ရပညာတတ်တွေပါ။

" တိုးတိုး " မှာ မောင်နှမ (၅) ယောက်ရှိပါတယ်။ အစ်ကို (၃)ယောက်နဲ့ အမ (၁) ယောက်၊ “တိုးတိုး” က အငယ်ဆုံး၊ ဒဂုံတက္ကသ်ိုလ်မှာ အင်္ဂလိပ်စာအဓိက နဲ့ ဒုတိယနှစ်အထိကျောင်းတက်ခဲ့သူပါ။ ဒုတိယနှစ်မှာ ချစ်သူတွေ့ပြီး ခိုးရာလိုက်ပြေးခဲ့တယ်။ အိမ်ထောင်သည်ဘဝမှာ တဖက်ကအဝေးသင်နဲ့ ဘွဲ့ယူခဲ့ပါတယ်။ အစိုးရဝန်ထမ်းမလုပ်တော့ဘဲ “ ဒဂုံသီရိ” ဈေးထဲမှာ ဆန်၊ ဆီ၊ ဆား ကုန်မျိုးစုံ ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်ကိုင်ခဲ့ပါတယ်။ “တိုးတိုး” အိမ်ထောင်မကျခင်ကတည်းက အစ်ကို (၃)ယောက်က အိမ်ထောင်ပြုပြီး အိမ်ခွဲနေကြပါတယ်။ အိမ်မှာတော့ ဖခင်ကြီးက ကွယ်လွန်သွားတဲ့အတွက် (၇၅) နှစ်အရွယ် အမေရယ် အပျိုးကြီးဖြစ်သူ နဲ့ “တိုးတိုး” တို့ မိသားစု အတူတကွနေထိုင်ပါတယ်။

အပျိုကြီးကတော့ ကျန်းမာရေးမကောင်းလို့ မိခင်အိုကိုစောင့်ရှောက်ရင်း အိမ်တွင်းမှု အလုပ်တွေကို တာဝန်ယူပါတယ်။ အမွေဆိုင်အိမ်က ပါမစ်မြေကိုတစ်ဆင့်ဝယ်ပြီး အိမ်ဆောက်နေတာပါ။ ၁၉၉၂ ခုနှစ် လောက်မှာ အထူးဂရန် စီမံချက်ဆိုပြီး အိုးအိမ်ဦးစီးဌာနက “တိုးတိုး” တို့နေထိုင်တဲ့ မြို့နယ်မှာအပြီး အိမ်တိုင်ရာရောက် ဂရန်စာအုပ်တွေ လုပ်ပေးပါတယ်။ ဒီအချိန်မှာ “တိုးတိုး” ရဲ့ ကုန်မျိုးစုံဆိုင်ကလည်း အရောင်းအဝယ်ကောင်းနေလို့ မအားတာနဲ့ အပျိုကြီး အမည်နဲ့ ဂရန်သစ်လျှောက်ခိုင်းလိုက်ပါတယ်။

ဂရန်သစ်လျှောက်တဲ့ ကုန်ကျစရိတ်တွေနဲ့ နေ့စဉ်အိမ်ရဲ့ စာသောက်နေထိုင်မှုကုန်ကျစရိတ်အားလုံးကိုတော့ “တိုးတိုး” က အကုန်အကျခံခဲ့တာပါ။ အရေးမကြီးဘူးထင်ပြီး အလွယ်လုပ်လိုက်မိတဲ့ ဂရန်ကိစ္စက အပျိုကြီးဖြစ်သူ မမျှော်လင့်ဘဲကွယ်လွန်သွားတဲ့အခါ အပျိုကြီး အမည်ပေါက် ဂရန်မြေကို ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ စိတ်ရှုပ်စရာတွေ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သမီးဖြစ်သူက မောင်ကောင်းဖေရဲ့ ရှေ့နေဆိုင်းဘုတ်ကိုတွေ့ပြီး အိမ်ကိုရောက်လာတာပါ။

သက်ရှိထင်ရှာ မိခင်ကြီးက စီမံတာကတော့ မြေနဲ့အိမ် သိန်း (၃၀၀) နဲ့ ရောင်းမယ်။ ကျန်တဲ့ သားသမီး (၄) ယောက်ကို သိန်း (၅၀) စီခွဲပေးလိုက်မယ်။ သိန်း (၁၀၀)ကိုတော့ မိခင်ကြီး ကျန်မားရေးနဲ့ စားသောက်ဖို့အတွက် ဘဏ်မှာအပ်ထားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ရောင်းတာပါ။ မသေမှီနေထိုင်ဖို့ကတော့ သမီး အငယ်ဆုံး “တိုးတိုး” တို့ မိသားစုနဲ့ နေထိုင်သွားမှာပါ။ နောက်ဆုံးတော့လည်း အငယ်ဆုံး ဖြစ်တဲ့ “တိုးတိုး” ကဘဲ အမွေဆိုင်မြေနဲ့အိမ်ကို သိန်း (၃၀၀) နဲ့ ပြန်ဝယ်လိုက်ပါတယ်။

ကတိအတိုင်း မိခင်ကြီးစီမံသလို အမွေခွဲဝေပြီးပေမဲ့ အပျိုကြီး အမည်ပေါက်ဖြစ်နေတဲ့ အိမ်ဂရန် အမည်ပြောင်းဖို့ကို ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ အခက်အခဲဖြစ်နေတုန်းမှာ အခုလို မောင်ကောင်းဖေ ဆိုင်းဘုတ်ကိုတွေ့လို့ စာအုပ်ဝယ်ရင်း အမည်ပြောင်းဖို့ကိစ္စတိုင်ပင်ရင်းရောက်လာရတာပါ။ အိမ်ခြံမြေ ကိစ္စတွေကတော့ ရေးပြရင်ကုန်နိုင်မယ်မထင်ပါဘူး အခုလို အပျိုကြီးအမည်ပေါက် မှ ညီမအငယ်ဆုံး အမည်ပေါက် ဖြစ်ဖို့ဆိုရင် အမေအို ကဘဲ အမွေဆက်ခံပြီး အမေအိုက တဆင့် သမီးအငယ်ဆုံး “တိုးတိုး” ကိုမေတ္တာနဲ့ အပိုင်ပေးလိုက်တဲ့ နည်းကကောင်းပါတယ်။ အမွေဝေစုရပြီးတဲ့ သား (၃) ဦးကတော့ ညီမဖြစ်သူကို ပေးအပ်ခြင်းကို သဘောတူတဲ့အကြောင်း ကျမ်းကျိန်လွှာလည်း လုပ်ပေးဖို့ လိုအပ်ပါတယ်။

မေတ္တာနဲ့ အပိုင်ပေးစာချုပ်ကို ရန်ကုန်ုမြို့ စာချုပ်စာတမ်းမှတ်ပုံတင် ရုံးမှာ မှတ်ပုံတင်တဲ့နေ့မှာတော့ အစ်ကို (၃) ဦး က အသိသက်သေ လက်မှတ်ရေးထိုးပေးဖို့လိုအပ်ပါတယ်။ စာချုပ်ရုံးက မှတ်ပုံတင်စာချုပ်ရရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ ထံမှာ “တိုးတိုး” အမည်ပြောင်းလိုက်ရင်ရပါပြီ။

နောက်တစ်နည်းကတော့ မောင်နှမ (၅)ယောက်ရှိတဲ့ အထဲက အမည်ပေါက်အပျိုကြီး သေသွားတဲ့အတွက် မောင်နှမ (၄) ဦးက အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်မယ်ပြီးတော့ အစ်ကို (၃) ဦးက စွန့်လွှတ်စာချုပ်ချုပ်ပြီး ညီမအငယ်ဆုံး “တိုးတိုး” ကို မေတ္တာနဲ့ အပိုင်ပေးလိုက်တဲ့ စာချုပ်ချုပ်ပြီး အမည်ပြောင်းလို့လည်းရပါတယ်ဆိုတာ အကြံပေးလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com 

 

[Zawgyi]

မိဘပိုင္ “ ေျမ ” ကို သားသမီးအမည္နဲ႕ ဂရန္ေျမ လုပ္ခဲ့မိလို႕.......

 

စာေရးသူရဲ႕ အိမ္ေရွ႕မွာ “ အိမ္ျခံေျမတိုက္ခန္းအေရာင္းအဝယ္စာခ်ဳပ္စာတမ္း ဝန္ေဆာင္မႈလုပ္ငန္း ” လုိ႕ ဆိုင္းဘုတ္တင္ထားပါတယ္။ ဆိုင္းဘုတ္ရဲ႕ ေအာက္ေျခမွာ “ လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ” ထုတ္ေ၀ျပီးေသာ အိမ္ျခံေျမစာအုပ္မ်ားကိုလည္း ဝယ္ယူအားေပးႏိုင္ပါတယ္ လို႕လည္း ေရးသားေပးထားပါတယ္။ " ပန္းသတင္းေလညွင္းေဆာင္ လူသတင္းလူခ်င္းေဆာင္ "ဆိုတဲ့ ဆိုရုိးစကားအတိုင္း ျမင္ေတြ႕ဖတ္ရႈမိသူအေပါင္းက အလိုရွိသူေတြကို တဆင့္ျပန္လည္ေဖာက္သည္ခ်ေပးေစလိုတဲ့ ဆႏၵလည္း ပါတာေပါ့ေလ။

ဖတ္သူ၊ ျမင္သူ အမ်ားအျပားရွိတဲ့ အထဲမွာမွ တစ္ေန႕ေတာ့ အသက္ (၅၀)ခန္႕ အမ်ိဳးသမီးတစ္ဦးနဲ႕ အသက္ (၂၀) ေက်ာ္ အမ်ိဳးသမီး သားအမိ (၂)ေယာက္ စာေရးသူရဲ႔ အိမ္ကိုေရာက္လာပါတယ္။ သမီးကေတာ့ အိမ္ျခံေျမစာအုပ္ဝယ္ဖို႕ပါ၊ အေမျဖစ္သူကေတာ့ သမီးနဲ႕ အတူလိုက္လာရင္း သူမရဲ႕ အေမြဆိုင္ဂရန္ေျမကို အမည္ေျပာင္းခ်င္တာပါ။ အေမျဖစ္သူရဲ႕ အမည္က “တိုးတိုး” ၊ သမီးျဖစ္သူက "မိုးမိုး" တဲ့ ဘြဲ႕ရပညာတတ္ေတြပါ။

" တိုးတိုး "မွာ ေမာင္ႏွမ (၅) ေယာက္႐ွိပါတယ္။ အစ္ကို (၃)ေယာက္နဲ႔ အမ (၁) ေယာက္၊ “တိုးတိုး” က အငယ္ဆုံး၊ ဒဂုံတကၠသ္ိဳလ္မွာ အဂၤလိပ္စာအဓိက နဲ႔ ဒုတိယႏွစ္အထိေက်ာင္းတက္ခဲ့သူပါ။ ဒုတိယႏွစ္မွာ ခ်စ္သူေတြ႕ၿပီး ခိုးရာလိုက္ေျပးခဲ့တယ္။ အိမ္ေထာင္သည္ဘဝမွာ တဖက္ကအေဝးသင္နဲ႔ ဘြဲ႕ယူခဲ့ပါတယ္။ အစိုးရဝန္ထမ္းမလုပ္ေတာ့ဘဲ “ ဒဂုံသီရိ” ေဈးထဲမွာ ဆန္၊ ဆီ၊ ဆား ကုန္မ်ိဳးစုံ ဆိုင္ဖြင့္ၿပီး စီးပြားေရးလုပ္ကိုင္ခဲ့ပါတယ္။ “တိုးတိုး” အိမ္ေထာင္မက်ခင္ကတည္းက အစ္ကို (၃)ေယာက္က အိမ္ေထာင္ျပဳၿပီး အိမ္ခြဲေနၾကပါတယ္။ အိမ္မွာေတာ့ ဖခင္ႀကီးက ကြယ္လြန္သြားတဲ့အတြက္ (၇၅) ႏွစ္အ႐ြယ္ အေမရယ္ အပ်ိဳးႀကီးျဖစ္သူ နဲ႔ “တိုးတိုး” တို႔ မိသားစု အတူတကြေနထိုင္ပါတယ္။

အပ်ိဳၾကီးကေတာ့ က်န္းမာေရးမေကာင္းလို႕ မိခင္အိုကိုေစာင့္ေရွာက္ရင္း အိမ္တြင္းမႈ အလုပ္ေတြကို တာ၀န္ယူပါတယ္။ အေမြဆိုင္အိမ္က ပါမစ္ေျမကိုတစ္ဆင့္၀ယ္ျပီး အိမ္ေဆာက္ေနတာပါ။ ၁၉၉၂ ခုနွစ္ ေလာက္မွာ အထူးဂရန္ စီမံခ်က္ဆိုျပီး အိုးအိမ္ဦးစီးဌာနက “တိုးတိုး” တို႕ေနထိုင္တဲ့ ျမိဳ႕နယ္မွာအျပီး အိမ္တိုင္ရာေရာက္ ဂရန္စာအုပ္ေတြ လုပ္ေပးပါတယ္။ ဒီအခ်ိန္မွာ “တိုးတိုး” ရဲ႕ ကုန္မ်ိဳးစံုဆိုင္ကလည္း အေရာင္းအဝယ္ေကာင္းေနလို႕ မအားတာနဲ႕ အပ်ိဳၾကီး အမည္နဲ႕ ဂရန္သစ္ေလွ်ာက္ခိုင္းလိုက္ပါတယ္။

ဂရန္သစ္ေလွ်ာက္တဲ့ ကုန္က်စရိတ္ေတြနဲ႕ ေန႕စဥ္အိမ္ရဲ႕ စာေသာက္ေနထိုင္မႈကုန္က်စရိတ္အားလံုးကိုေတာ့ “တိုးတိုး” က အကုန္အက်ခံခဲ့တာပါ။ အေရးမၾကီးဘူးထင္ျပီး အလြယ္လုပ္လိုက္မိတဲ့ ဂရန္ကိစၥက အပ်ိဳၾကီးျဖစ္သူ မေမွ်ာ္လင့္ဘဲကြယ္လြန္သြားတဲ့အခါ အပ်ိဳၾကီး အမည္ေပါက္ ဂရန္ေျမကို ဘယ္လိုေဆာင္ရြက္ရမလဲဆိုတာ စိတ္ရႈပ္စရာေတြ ျဖစ္လာပါေတာ့တယ္။ ဒီလိုနဲ႕ တစ္ေန႕မွာေတာ့ သမီးျဖစ္သူက ေမာင္ေကာင္းေဖရဲ႕ ေရွ႕ေနဆိုင္းဘုတ္ကိုေတြ႕ျပီး အိမ္ကိုေရာက္လာတာပါ။

သက္ရွိထင္ရွာ မိခင္ၾကီးက စီမံတာကေတာ့ ေျမနဲ႕အိမ္ သိန္း (၃၀၀) နဲ႔ ေရာင္းမယ္။ က်န္တဲ့ သားသမီး (၄) ေယာက္ကို သိန္း (၅၀) စီခြဲေပးလိုက္မယ္။ သိန္း (၁၀၀)ကိုေတာ့ မိခင္ၾကီး က်န္မားေရးနဲ႕ စားေသာက္ဖို႕အတြက္ ဘဏ္မွာအပ္ထားမယ္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႕ေရာင္းတာပါ။ မေသမွီေနထိုင္ဖို႕ကေတာ့ သမီး အငယ္ဆံုး “တိုးတိုး” တို႕ မိသားစုနဲ႕ ေနထိုင္သြားမွာပါ။ ေနာက္ဆံုးေတာ့လည္း အငယ္ဆံုး ျဖစ္တဲ့ “တိုးတိုး” ကဘဲ အေမြဆိုင္ေျမနဲ႕အိမ္ကို သိန္း (၃၀၀) နဲ႕ ျပန္ဝယ္လိုက္ပါတယ္။

ကတိအတိုင္း မိခင္ႀကီးစီမံသလို အေမြခြဲေဝၿပီးေပမဲ့ အပ်ိဳႀကီး အမည္ေပါက္ျဖစ္ေနတဲ့ အိမ္ဂရန္ အမည္ေျပာင္းဖို႔ကို ဘယ္လိုေဆာင္႐ြက္ရမလဲဆိုတာ အခက္အခဲျဖစ္ေနတုန္းမွာ အခုလို ေမာင္ေကာင္းေဖ ဆိုင္းဘုတ္ကိုေတြ႕လို႔ စာအုပ္ဝယ္ရင္း အမည္ေျပာင္းဖို႔ကိစၥတိုင္ပင္ရင္းေရာက္လာရတာပါ။ အိမ္ျခံေျမ ကိစၥေတြကေတာ့ ေရးျပရင္ကုန္ႏိုင္မယ္မထင္ပါဘူး အခုလို အပ်ိဳႀကီးအမည္ေပါက္ မွ ညီမအငယ္ဆုံး အမည္ေပါက္ ျဖစ္ဖို႔ဆိုရင္ အေမအို ကဘဲ အေမြဆက္ခံၿပီး အေမအိုက တဆင့္ သမီးအငယ္ဆုံး “တိုးတိုး” ကိုေမတၱာနဲ႔ အပိုင္ေပးလိုက္တဲ့ နည္းကေကာင္းပါတယ္။ အေမြေဝစုရၿပီးတဲ့ သား (၃) ဦးကေတာ့ ညီမျဖစ္သူကို ေပးအပ္ျခင္းကို သေဘာတူတဲ့အေၾကာင္း က်မ္းက်ိန္လႊာလည္း လုပ္ေပးဖို႔ လိုအပ္ပါတယ္။

ေမတၱာနဲ႕ အပိုင္ေပးစာခ်ဳပ္ကို ရန္ကုန္ုျမိဳ႕ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ ရုံးမွာ မွတ္ပံုတင္တဲ့ေန႕မွာေတာ့ အစ္ကို (၃) ဦး က အသိသက္ေသ လက္မွတ္ေရးထိုးေပးဖို႔လိုအပ္ပါတယ္။ စာခ်ဳပ္ရုံးက မွတ္ပံုတင္စာခ်ဳပ္ရရင္ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီျမိဳ႕ျပစီမံကိန္းလုပ္ငန္းတာဝန္ခံအဖြဲ႕ ထံမွာ “တိုးတိုး” အမည္ေျပာင္းလိုက္ရင္ရပါျပီ။

ေနာက္တစ္နည္းကေတာ့ ေမာင္ႏွမ (၅)ေယာက္႐ွိတဲ့ အထဲက အမည္ေပါက္အပ်ိဳႀကီး ေသသြားတဲ့အတြက္ ေမာင္ႏွမ (၄) ဦးက အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္ခ်ဳပ္မယ္ၿပီးေတာ့ အစ္ကို (၃) ဦးက စြန္႔လႊတ္စာခ်ဳပ္ခ်ဳပ္ၿပီး ညီမအငယ္ဆုံး “တိုးတိုး” ကို ေမတၱာနဲ႔ အပိုင္ေပးလိုက္တဲ့ စာခ်ဳပ္ခ်ဳပ္ၿပီး အမည္ေျပာင္းလို႔လည္းရပါတယ္ဆိုတာ အၾကံေပးလိုက္ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service