ဘောလိဝုဒ်နတ်ဘုရား အမီတာဘဂျမ်းနေထိုင်သော ပရာတိသျှနှင့် အခြားစံအိမ်များ

ဘောလိဝုဒ်နတ်ဘုရား အမီတာဘဂျမ်းနေထိုင်သော ပရာတိသျှနှင့် အခြားစံအိမ်များ - Property News in Myanmar from iMyanmarHouse.com
15 Mar 2022 11:00 am တွင် တင်ခဲ့သည်
3313 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမီတာဘဂျမ်းသည် ဘောလိဝုဒ်တွင် မည်သူမျှ မဖြတ်ကျော်နိုင်သေးသည့် ဘောလိဝုဒ်၏ ဧကရာဇ်တစ်ပါးဖြစ်သည်။

အမီတာဘဂျမ်း၏ စံအိမ်များသည် ၎င်းအားဘုရားတစ်ဆူ ဂူတစ်လုံးသဖွယ် ချစ်ခင်ကြသည့် ပရိသတ်များအတွက် လည်ပတ်လေ့လာရာ ဘုရားဖူးနေရာတစ်ခုသဖွယ် ဖြစ်လာသည်။

(ပရာတိသျှ)

ပရာတိသျှအမည်ရှိစံအိမ်သည် အမီတာဘဂျမ်းက မိဘများဖြစ်သော ဖခင် ဒေါက်တာ ဟာရီဗန့်ရှ် ရိုင် ဘဂျမ်း (Dr. Harivansh Rai Bachchan)၊ မိခင် တီဂျီး ဘဂျမ်းတို့နှင့်အတူ နှစ်ပေါင်း ၄၀ ကျော် နေထိုင်ခဲ့သည့် စံအိမ်ကြီး ဖြစ်သည်။

အမီတာဘဂျမ်းတို့မိသားစုသည် ပရာတိသျှစံအိမ်ကြီးကို အလွန်မြတ်နိုး၏။ ဖခင်ဖြစ်သူ ဒေါက်တာ ဟာရီဗန့်၏ ဘဝအချိန်အများစုကို ပရာတိသျှတွင် ဖြတ်သန်းခဲ့သည်။

(ဂျာလ်ဆာ)

အမီတာဘဂျမ်း၏ ဂျာလ်ဆာစံအိမ်ကြီးသည် စတုရန်းပေ ၁၀၁၂၅ အထိ ကျယ်ဝန်းသော နှစ်ထပ်ဘန်ဂလို ဖြစ်သည်။

ဒါရိုက်တာ ရာမက်ရှ် ဆစ်ပီက ၎င်း၏ရုပ်ရှင်ဇာတ်ကား Satte Pe Satta တွင် ပါဝင်သရုပ်ဆောင်ပေးခဲ့ သောကြောင့် အမီတာဘဂျမ်းအား လက်ဆောင်ပေးခဲ့သည့် စံအိမ်ကြီး ဖြစ်သည်။

အဆိုပါစံအိမ်ကိုမူ အမီတာဘဂျမ်း၏ အစ်ကို ရာမိုလာ ဘဂျမ်း၏ အမည်ဖြင့် ထားရှိသည်ဟု ဆိုသည်။

အကောက်ခွန်အကြောင်းရပ်များကြောင့် ထိုသို့ထားရှိခြင်းဖြစ်သည်ဟု ဆိုကြသည်။

၂၀၀၆ ခုနှစ်တွင်မူ ဂျာလ်ဆာစံအိမ်ကြီးကို ဇနီးဖြစ်သူ ဂျာယာ ဘဂျမ်း၏ အမည်ဖြင့် မှတ်ပုံတင်ခဲ့သည်။

(အမီတာဘဂျမ်းနေထိုင်နေသောစံအိမ်မြင်ကွင်း)

အမီတာဘဂျမ်းတို့မိသားစု လက်ရှိနေထိုင်နေသည်မှာ ဂျာလ်ဆာစံအိမ်တွင်ဖြစ်ပြီး ပရာတိသျှစံအိမ်နှင့် ၁ ကီလိုမီတာခန့်သာ ဝေးကွာသည်။

အမီတာဘဂျမ်း၏သား အဘိရှက်နှင့် ချွေးမဖြစ်သူ အစ်ရှ်ဝါယ ရိုင် ဘဂျမ်းတို့သည်လည်း ဂျာလ်ဆာစံအိမ်တွင် အမီတာဘဂျမး်နှင့်အတူ ပျော်ရွှင်စွာ နေထိုင်လျက်ရှိကြသည်။

တနင်္ဂနွေနေ့ ညနေ ၆ နာရီတိုင်းတွင် အမီတာဘဂျမ်းသည် ၎င်းအားမြင်တွေ့လိုသောကြောင့် နေအိမ်ရှေ့တွင် လာရောက်ကြသည့် ပရိသတ်များကို နှုတ်ဆက်စကားပြောလေ့ရှိသည်။

အဆိုပါအလေ့အထမှာ ထုံးတမ်းစဉ်လာသဖွယ်ဖြစ်လာနေပြီး တခါတရံတွင် အမီတာဘဂျမ်းနှင့်အတူ မိသားစုဝင်များမှာ ထွက်ကာ နှုတ်ဆက်လေ့ရှိကြသည်။

အမီတာဘဂျမ်း၏ ပီရန်ဟာ ဒိန်းအမျိုးအစား ခွေးကြီးသည်လည်း ဂျာလ်ဆာစံအိမ်တွင် အတူနေထိုင်လျက်ရှိသည်။

(ဂျာလ်ဆာ စံအိမ်အနီးမှ အခြားအိမ်တစ်လုံး)

အမီတာဘဂျမ်းသည် ၂၀၁၃ ခုနှစ်အတွင်း ဂျာလ်ဆာအနီးရှိ စံအိမ်တစ်လုံးကို ရူပီး သိန်း ၅၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။

အဆိုပါစံအိမ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၈၀၀၀ ခန့်ရှိသည်။

(ဂျာနက် စံအိမ်)

အမီတာဘဂျမ်းမိသားစုသည် ဂျာနက်အမည်ရှိ စံအိမ်ကို ၂၀၀၄ ခုနှစ်အတွင်းက ဝယ်ယူခဲ့ပြီး ရူပီး သိန်း ၅၀၀၀ ပေးခဲ့ရသည်။

ဂျာနက်စံအိမ်ကို အမီတာဘဂျမ်းက ရုံးခန်းအဖြစ် အသုံးပြု၏။ သူ၏မြေးကလေး အေဂက်တ်ယ နန္ဒနှင့်အတူ အမီတာဘဂျမ်းကို ဂျာနက်တွင် မကြာခဏတွေ့ရလေ့ရှိသည်။

(ဗက်ဆာ စံအိမ်)

အမီတာဘဂျမ်းပိုင်ဆိုင်သော ဗက်ဆာစံအိမ်သည် မွမ်ဘိုင်းမြို့၊ Juhu ကမ်းခြေဒေသတွင် တည်ရှိပြီး အိန္ဒိယအခြေစိုက် CitiBank ကို အငှားချထားသည်။

(အယ်လာဟာဘက်မှ ဘိုးဘွားစဉ်ဆက်ပိုင် စံအိမ်)

အယ်လာဟာဘက်မြို့၊ Clive လမ်း၊ အမှတ် ၁၇ တွင် အမီတာဘဂျမ်း၏ ဘိုးဘွားစဉ်ဆက်ပိုင်ခဲ့သော အဆောက်အအုံရှိပြီး ပညာရေးရန်ပုံငွေအဖွဲ့အဖြစ် ပြောင်းလဲထားသည်။

(ဆိုပန်းစံအိမ်)

ဒေလီမြို့၊ Gulmohar Park တွင် အမီတာဘဂျမ်းမိသားစုပိုင် ဆိုပန်းစံအိမ်တည်ရှိသည်။ အမီတာဘဂျမ်းက ဆိုပန်းစံအိမ်ကို ယခု ၂၀၂၂ ခုနှစ်အတွင်း ရူပီး သိန်း ၂၃၀၀ ဖြင့် ရောင်းချခဲ့သည်။

အဆိုပါ စံအိမ်တွင် အမီတာဘဂျမ်း၏ မိဘနှစ်ပါး နေထိုင်လေ့ရှိသော စံအိမ်လည်း ဖြစ်သည်။

(ဂျူဟူမှ တိုက်ခန်းများ)

အမီတာဘဂျမ်းသည် မွမ်ဘိုင်းမြို့တွင် ရူပီး သိန်း ၄၀၀၀ နှင့် ၁၇၅ သိန်း တန်ကြေးရှိသော တိုက်ခန်း ၂ ခန်းလည်း ပိုင်ဆိုင်ထားသေးသည်။

(ပဲရစ်မှ စံအိမ်)

အမီတာဘဂျမ်းသည် ပြင်သစ်နိုင်ငံ၏မြို့တော် ပဲရစ်တွင် စံအိမ်တစ်လုံးပိုင်ဆိုင်ထားသည်။

ဇနီးဖြစ်သူ ဂျာယာ ဘဂျမ်းက အမီတာဘဂျမ်းအား လက်ဆောင်ပေးထားခြင်းဖြစ်သည်ဟု ဆိုသည်။

(အမီတာဘဂျမ်း ဘာလဲ)

အမီတာဘဂျမ်း၏ ငယ်နာမည်မှာ အမီတာ သီရိဝါသဝဖြစ်ပြီး ၁၉၄၂ ခုနှစ်တွင် မွေးဖွားကာ အိန္ဒိယ ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦး ဖြစ်သည်။

၁၉၇၀ မှ ၈၀ ပြည့်လွန်ကာလများအတွင်း အိန္ဒိယရုပ်ရှင်လောကကို အကြီးမားဆုံးလွှမ်းမိုးထားခဲ့သူဖြစ်သည်။

ပြင်သစ်ဒါရိုက်တာ ဖရန်ဆွာ ထရူဖို (Francois Truffaut) က ထိုကာလကို လူတစ်ဦးတည်းဖြင့် လည်ပတ်သည့် ရုပ်ရှင်လုပ်ငန်းဟု ခေါ်ဝေါ်ခဲ့ဖူးသည်။ အမီတာဘဂျမ်း၏ ရုပ်ရှင်လောကသက်တမ်းတစ်လျှောက် ဆုပေါင်းများစွာရရှိခဲ့ရာ Filmfare ဆု ၁၆ ကြိမ် ရရှိခဲ့ပြီး Filmfare ဆုအတွက် အများဆုံးအမည်စာရင်းဝင်သည့် သရုပ်ဆောင်ဖြစ်သည်။

အိန္ဒိယအစိုးရက အမီတာဘဂျမ်းအား Padma Shri ဘွဲ့ (၁၉၈၄)၊ Padma Bhushan ဘွဲ့ (၂၀၀၁) နှင့် Padma Vibhushan ဘွဲ့ (၂၀၁၅) တို့ ချီးမြှင့်ခဲ့သည်။ (ရှာရွတ်ခန်မှာ Padma Shri တစ်ခုသာ ရရှိထားသေးသည်) ပြင်သစ်အစိုးရကလည်း အရပ်သားတို့ကို ချီးမြှင့်သည့် အမြင့်ဆုံးဆုဖြစ်သော Legion of honour ကို ၂၀၀၇ ခုနှစ်တွင် ချီးမြှင့်ခဲ့သည်။

အမီတာဘဂျမ်းသည် ဟောလိဝုဒ်ရုပ်ရှင် The Great Gatsby (၂၀၁၃) တွင်လည်း ဂျူးလူမျိုး မီယာ ဝုဖ်ရှိမ်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သေးသည်။

အမီတာဘဂျမ်းသည် အိန္ဒိယတိုက်ငယ်တွင်သာမက အရှေ့အာဖရိက၊ တောင်အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသ (အထူးသဖြင့် ဆော်ဒီနှင့် အီဂျစ်)၊ ဗြိတိန်၊ ရုရှား၊ ကာရစ်ဘီယံဒေသ၊ သြစတေးလျ၊ နယူးဇီလန်၊ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတို့တွင်ပါ သူ၏ ပရိသတ်များ ရှိသည်။

(ဆက်စပ်သတင်း)

အမီတာဘဂျမ်း၏ စံအိမ်အကြောင်း ဖတ်ရှုရမှုအပေါ် ကျေနပ်နှစ်သက်မည်ဟု iMyanmarHouse.com  မှ မျှော်လင့်ပါသည်။ ဖတ်ရှုပြီးနောက် သင်၏ ထင်မြင်ယူဆချက်များကိုလည်း ကွန်မန့်တွင် ဝေမျှပေးခဲ့ပါဦးနော်။ အမီတာဘဂျမ်း၏ စံအိမ်အကြောင်းကဲ့သို့ အခြားသော အကျော်အမော်များ၏ စံအိမ်များအကြောင်းကိုလည်း iMyanmarHose.com ၏ သတင်းစာမျက်နှာ https://www.iMyanmarHouse.com/news တွင် ဖတ်ရှုနိုင်ပါသည်။

နောက်ဆုံးအချက်ကား အခြားမည်သည့် အကျော်အမော်၏ စံအိမ်အကြောင်း iMyanmarHouse.com မှာ ဖတ်ရှုလိုပါသလဲ။ ဖတ်ချင်သည့် အကျော်အမော်၏ အမည်ကို ကွန်မန့်မှာ ရေးသားပေးခဲ့ကြပါဦး။ အဆုံးအထိ ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Amitabh Bachvhan's House - Photos, Area, Interior, Address& More (starsunfolded)

 

 

[Zawgyi]

ေဘာလိဝုဒ္နတ္ဘုရား အမီတာဘဂ်မ္းေနထုိင္ေသာ ပရာတိသွ်ႏွင့္ အျခားစံအိမ္မ်ား

 

အမီတာဘဂ်မ္းသည္ ေဘာလိဝုဒ္တြင္ မည္သူမွ် မျဖတ္ေက်ာ္ႏိုင္ေသးသည့္ ေဘာလိဝုဒ္၏ ဧကရာဇ္တစ္ပါးျဖစ္သည္။

အမီတာဘဂ်မ္း၏ စံအိမ္မ်ားသည္ ၎အားဘုရားတစ္ဆူ ဂူတစ္လံုးသဖြယ္ ခ်စ္ခင္ၾကသည့္ ပရိသတ္မ်ားအတြက္ လည္ပတ္ေလ့လာရာ ဘုရားဖူးေနရာတစ္ခုသဖြယ္ ျဖစ္လာသည္။

(ပရာတိသွ်)

ပရာတိသွ်အမည္ရွိစံအိမ္သည္ အမီတာဘဂ်မ္းက မိဘမ်ားျဖစ္ေသာ ဖခင္ ေဒါက္တာ ဟာရီဗန္႔ရွ္ ရိုင္ ဘဂ်မ္း (Dr. Harivansh Rai Bachchan)၊ မိခင္ တီဂ်ီး ဘဂ်မ္းတို႔ႏွင့္အတူ ႏွစ္ေပါင္း ၄၀ ေက်ာ္ ေနထိုင္ခဲ့သည့္ စံအိမ္ၾကီး ျဖစ္သည္။

အမီတာဘဂ်မ္းတို႔မိသားစုသည္ ပရာတိသွ်စံအိမ္ၾကီးကို အလြန္ျမတ္ႏိုး၏။ ဖခင္ျဖစ္သူ ေဒါက္တာ ဟာရီဗန္႔၏ ဘဝအခ်ိန္အမ်ားစုကို ပရာတိသွ်တြင္ ျဖတ္သန္းခဲ့သည္။

(ဂ်ာလ္ဆာ)

အမီတာဘဂ်မ္း၏ ဂ်ာလ္ဆာစံအိမ္ၾကီးသည္ စတုရန္းေပ ၁၀၁၂၅ အထိ က်ယ္ဝန္းေသာ ႏွစ္ထပ္ဘန္ဂလို ျဖစ္သည္။

ဒါရိုက္တာ ရာမက္ရွ္ ဆစ္ပီက ၎၏ရုပ္ရွင္ဇာတ္ကား Satte Pe Satta တြင္ ပါဝင္သရုပ္ေဆာင္ေပးခဲ့ ေသာေၾကာင့္ အမီတာဘဂ်မ္းအား လက္ေဆာင္ေပးခဲ့သည့္ စံအိမ္ၾကီး ျဖစ္သည္။

အဆိုပါစံအိမ္ကိုမူ အမီတာဘဂ်မ္း၏ အစ္ကို ရာမိုလာ ဘဂ်မ္း၏ အမည္ျဖင့္ ထားရွိသည္ဟု ဆိုသည္။

အေကာက္ခြန္အေၾကာင္းရပ္မ်ားေၾကာင့္ ထိုသို႔ထားရွိျခင္းျဖစ္သည္ဟု ဆိုၾကသည္။

၂၀၀၆ ခုႏွစ္တြင္မူ ဂ်ာလ္ဆာစံအိမ္ၾကီးကို ဇနီးျဖစ္သူ ဂ်ာယာ ဘဂ်မ္း၏ အမည္ျဖင့္ မွတ္ပံုတင္ခဲ့သည္။

(အမီတာဘဂ်မ္းေနထိုင္ေနေသာစံအိမ္ျမင္ကြင္း)

အမီတာဘဂ်မ္းတို႔မိသားစု လက္ရွိေနထိုင္ေနသည္မွာ ဂ်ာလ္ဆာစံအိမ္တြင္ျဖစ္ျပီး ပရာတိသွ်စံအိမ္ႏွင့္ ၁ ကီလိုမီတာခန္႔သာ ေဝးကြာသည္။

အမီတာဘဂ်မ္း၏သား အဘိရွက္ႏွင့္ ေခၽြးမျဖစ္သူ အစ္ရွ္ဝါယ ရိုင္ ဘဂ်မ္းတို႔သည္လည္း ဂ်ာလ္ဆာစံအိမ္တြင္ အမီတာဘဂ်မး္ႏွင့္အတူ ေပ်ာ္ရႊင္စြာ ေနထိုင္လ်က္ရွိၾကသည္။

တနဂၤေႏြေန႔ ညေန ၆ နာရီတိုင္းတြင္ အမီတာဘဂ်မ္းသည္ ၎အားျမင္ေတြ႔လိုေသာေၾကာင့္ ေနအိမ္ေရွ႕တြင္ လာေရာက္ၾကသည့္ ပရိသတ္မ်ားကို ႏႈတ္ဆက္စကားေျပာေလ့ရွိသည္။

အဆိုပါအေလ့အထမွာ ထံုးတမ္းစဥ္လာသဖြယ္ျဖစ္လာေနျပီး တခါတရံတြင္ အမီတာဘဂ်မ္းႏွင့္အတူ မိသားစုဝင္မ်ားမွာ ထြက္ကာ ႏႈတ္ဆက္ေလ့ရွိၾကသည္။

အမီတာဘဂ်မ္း၏ ပီရန္ဟာ ဒိန္းအမ်ဳိးအစား ေခြးၾကီးသည္လည္း ဂ်ာလ္ဆာစံအိမ္တြင္ အတူေနထိုင္လ်က္ရွိသည္။

(ဂ်ာလ္ဆာ စံအိမ္အနီးမွ အျခားအိမ္တစ္လံုး)

အမီတာဘဂ်မ္းသည္ ၂၀၁၃ ခုႏွစ္အတြင္း ဂ်ာလ္ဆာအနီးရွိ စံအိမ္တစ္လံုးကို ရူပီး သိန္း ၅၀၀၀ ျဖင့္ ဝယ္ယူခဲ့သည္။

အဆိုပါစံအိမ္၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၈၀၀၀ ခန္႔ရွိသည္။

(ဂ်ာနက္ စံအိမ္)

အမီတာဘဂ်မ္းမိသားစုသည္ ဂ်ာနက္အမည္ရွိ စံအိမ္ကို ၂၀၀၄ ခုႏွစ္အတြင္းက ဝယ္ယူခဲ့ျပီး ရူပီး သိန္း ၅၀၀၀ ေပးခဲ့ရသည္။

ဂ်ာနက္စံအိမ္ကို အမီတာဘဂ်မ္းက ရံုးခန္းအျဖစ္ အသံုးျပဳ၏။ သူ၏ေျမးကေလး ေအဂက္တ္ယ နႏၵႏွင့္အတူ အမီတာဘဂ်မ္းကို ဂ်ာနက္တြင္ မၾကာခဏေတြ႔ရေလ့ရွိသည္။

(ဗက္ဆာ စံအိမ္)

အမီတာဘဂ်မ္းပိုင္ဆိုင္ေသာ ဗက္ဆာစံအိမ္သည္ မြမ္ဘိုင္းျမိဳ႕၊ Juhu ကမ္းေျခေဒသတြင္ တည္ရွိျပီး အိႏိၵယအေျခစိုက္ CitiBank ကို အငွားခ်ထားသည္။

(အယ္လာဟာဘက္မွ ဘိုးဘြားစဥ္ဆက္ပိုင္ စံအိမ္)

အယ္လာဟာဘက္ျမိဳ႕၊ Clive လမ္း၊ အမွတ္ ၁၇ တြင္ အမီတာဘဂ်မ္း၏ ဘိုးဘြားစဥ္ဆက္ပိုင္ခဲ့ေသာ အေဆာက္အအံုရွိျပီး ပညာေရးရန္ပံုေငြအဖြဲ႔အျဖစ္ ေျပာင္းလဲထားသည္။

(ဆိုပန္းစံအိမ္)

ေဒလီျမိဳ႕၊ Gulmohar Park တြင္ အမီတာဘဂ်မ္းမိသားစုပိုင္ ဆိုပန္းစံအိမ္တည္ရွိသည္။ အမီတာဘဂ်မ္းက ဆိုပန္းစံအိမ္ကို ယခု ၂၀၂၂ ခုႏွစ္အတြင္း ရူပီး သိန္း ၂၃၀၀ ျဖင့္ ေရာင္းခ်ခဲ့သည္။

အဆိုပါ စံအိမ္တြင္ အမီတာဘဂ်မ္း၏ မိဘႏွစ္ပါး ေနထိုင္ေလ့ရွိေသာ စံအိမ္လည္း ျဖစ္သည္။

(ဂ်ဴဟူမွ တိုက္ခန္းမ်ား)

အမီတာဘဂ်မ္းသည္ မြမ္ဘိုင္းျမိဳ႕တြင္ ရူပီး သိန္း ၄၀၀၀ ႏွင့္ ၁၇၅ သိန္း တန္ေၾကးရွိေသာ တိုက္ခန္း ၂ ခန္းလည္း ပိုင္ဆိုင္ထားေသးသည္။

(ပဲရစ္မွ စံအိမ္)

အမီတာဘဂ်မ္းသည္ ျပင္သစ္ႏိုင္ငံ၏ျမိဳ႕ေတာ္ ပဲရစ္တြင္ စံအိမ္တစ္လံုးပိုင္ဆိုင္ထားသည္။

ဇနီးျဖစ္သူ ဂ်ာယာ ဘဂ်မ္းက အမီတာဘဂ်မ္းအား လက္ေဆာင္ေပးထားျခင္းျဖစ္သည္ဟု ဆိုသည္။

(အမီတာဘဂ်မ္း ဘာလဲ)

အမီတာဘဂ်မ္း၏ ငယ္နာမည္မွာ အမီတာ သီရိဝါသဝျဖစ္ျပီး ၁၉၄၂ ခုႏွစ္တြင္ ေမြးဖြားကာ အိႏိၵယ ရုပ္ရွင္သရုပ္ေဆာင္၊ ရုပ္ရွင္ထုတ္လုပ္သူတစ္ဦး ျဖစ္သည္။

၁၉၇၀ မွ ၈၀ ျပည့္လြန္ကာလမ်ားအတြင္း အိႏိၵယရုပ္ရွင္ေလာကကို အၾကီးမားဆံုးလႊမ္းမိုးထားခဲ့သူျဖစ္သည္။

ျပင္သစ္ဒါရိုက္တာ ဖရန္ဆြာ ထရူဖို (Francois Truffaut) က ထိုကာလကို လူတစ္ဦးတည္းျဖင့္ လည္ပတ္သည့္ ရုပ္ရွင္လုပ္ငန္းဟု ေခၚေဝၚခဲ့ဖူးသည္။ အမီတာဘဂ်မ္း၏ ရုပ္ရွင္ေလာကသက္တမ္းတစ္ေလွ်ာက္ ဆုေပါင္းမ်ားစြာရရွိခဲ့ရာ Filmfare ဆု ၁၆ ၾကိမ္ ရရွိခဲ့ျပီး Filmfare ဆုအတြက္ အမ်ားဆံုးအမည္စာရင္းဝင္သည့္ သရုပ္ေဆာင္ျဖစ္သည္။

အိႏိၵယအစိုးရက အမီတာဘဂ်မ္းအား Padma Shri ဘြဲ႔ (၁၉၈၄)၊ Padma Bhushan ဘြဲ႔ (၂၀၀၁) ႏွင့္ Padma Vibhushan ဘြဲ႔ (၂၀၁၅) တို႔ ခ်ီးျမွင့္ခဲ့သည္။ (ရွာရြတ္ခန္မွာ Padma Shri တစ္ခုသာ ရရွိထားေသးသည္) ျပင္သစ္အစိုးရကလည္း အရပ္သားတို႔ကို ခ်ီးျမွင့္သည့္ အျမင့္ဆံုးဆုျဖစ္ေသာ Legion of honour ကို ၂၀၀၇ ခုႏွစ္တြင္ ခ်ီးျမွင့္ခဲ့သည္။

အမီတာဘဂ်မ္းသည္ ေဟာလိဝုဒ္ရုပ္ရွင္ The Great Gatsby (၂၀၁၃) တြင္လည္း ဂ်ဴးလူမ်ဳိး မီယာ ဝုဖ္ရွိမ္းအျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့ေသးသည္။

အမီတာဘဂ်မ္းသည္ အိႏိၵယတိုက္ငယ္တြင္သာမက အေရွ႕အာဖရိက၊ ေတာင္အာဖရိက၊ အေရွ႕အလယ္ပိုင္းေဒသ (အထူးသျဖင့္ ေဆာ္ဒီႏွင့္ အီဂ်စ္)၊ ျဗိတိန္၊ ရုရွား၊ ကာရစ္ဘီယံေဒသ၊ ၾသစေတးလ်၊ နယူးဇီလန္၊ ကေနဒါႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔တြင္ပါ သူ၏ ပရိသတ္မ်ား ရွိသည္။

(ဆက္စပ္သတင္း)

အမီတာဘဂ်မ္း၏ စံအိမ္အေၾကာင္း ဖတ္ရႈရမႈအေပၚ ေက်နပ္ႏွစ္သက္မည္ဟု iMyanmarHouse.com မွ ေမွ်ာ္လင့္ပါသည္။ ဖတ္ရႈျပီးေနာက္ သင္၏ ထင္ျမင္ယူဆခ်က္မ်ားကိုလည္း ကြန္မန္႔တြင္ ေဝမွ်ေပးခဲ့ပါဦးေနာ္။ အမီတာဘဂ်မ္း၏ စံအိမ္အေၾကာင္းကဲ့သို႔ အျခားေသာ အေက်ာ္အေမာ္မ်ား၏ စံအိမ္မ်ားအေၾကာင္းကိုလည္း iMyanmarHose.com ၏ သတင္းစာမ်က္ႏွာ https://www.iMyanmarHouse.com/news တြင္ ဖတ္ရႈႏိုင္ပါသည္။

ေနာက္ဆံုးအခ်က္ကား အျခားမည္သည့္ အေက်ာ္အေမာ္၏ စံအိမ္အေၾကာင္း iMyanmarHouse.com မွာ ဖတ္ရႈလိုပါသလဲ။ ဖတ္ခ်င္သည့္ အေက်ာ္အေမာ္၏ အမည္ကို ကြန္မန္႔မွာ ေရးသားေပးခဲ့ၾကပါဦး။ အဆံုးအထိ ဖတ္ရႈေပးသည့္အတြက္ ေက်းဇူးတင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Amitabh Bachvhan's House - Photos, Area, Interior, Address& More (starsunfolded)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service