ဂျပန်ဝန်ကြီးချုပ်နေထိုင်သည့် သရဲခြောက်သော ဝန်ကြီးချုပ်စံအိမ်တော်

ဂျပန်ဝန်ကြီးချုပ်နေထိုင်သည့် သရဲခြောက်သော ဝန်ကြီးချုပ်စံအိမ်တော် - Property News in Myanmar from iMyanmarHouse.com
28 Feb 2022 10:11 am တွင် တင်ခဲ့သည်
1584 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျပန်ဝန်ကြီးချုပ် ဖုမီးယိုး ကိရှိဒ (Fumio Kishida) သည် ပြီးခဲ့သော ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်ခဲ့ပြီးနောက် ထိတ်လန့်ဖွယ် သမိုင်းကြောင်းရှိကာ သရဲအလွန်ခြောက်သော ဝန်ကြီးချုပ်၏ တရားဝင်စံအိမ်တော်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

ကိရှိဒသည် ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီး ၊ ၂၀၁၇ ခုနှစ်တွင် ခေတ္တ ကာကွယ်ရေးဝန်ကြီး တာဝန်များ ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၂၁ အောက်တိုဘာ ၄ ရက်တွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

ကိရှိဒ ပြောင်းရွှေ့နေထိုင်ခဲ့သော ဝန်ကြီးချုပ်စံအိမ်တော်တွင် စစ်ဘက်ပုန်ကန်မှု ၂ ခုဖြစ်ပွားခဲ့ဖူးသည့်အပြင် ဂျပန်ဝန်ကြီးချုပ်တစ်ဦးလည်း အဆိုပါစံအိမ်တော်တွင်ပင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရဖူးသည်။ ၁၉၂၉ ခုနှစ်တွင် တိုကျိုမြို့တော်၌ ဝန်ကြီးချုပ်စံအိမ်တော်ကို ဆောက်လုပ်ပြီးစီးခဲ့ပြီးနောက်ပိုင်း အဆိုပါဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၅ ခုနှစ်အတွင်း ဝန်ကြီးချုပ်စံအိမ်တော်တွင် မကောင်းဆိုးဝါးနှင်ပွဲကျင်းပကာ တစ္ဆေသရဲများကို နှင်ခဲ့ဖူးသည်။

ကိရှိဒ မတိုင်မီ တာဝန်ထမ်းဆောင်သွားခဲ့သော ဝန်ကြီးချုပ် ၂ ဦးလုံး အဆိုပါစံအိမ်တော်တွင် နေထိုင်ခဲ့ခြင်း မရှိချေ။ ကိရှိဒကမူ ဝန်ကြီးချုပ် တာဝန်စတင်ထမ်းဆောင်ချိန်မှစကာ နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အဆိုပါစံအိမ်တော်တွင် ဝန်ကြီးချုပ် ပြန်လည်နေထိုင်မှုလည်း ဖြစ်သည်။

ဝန်ကြီးချုပ်စံအိမ်တော်သည် ရာစုနှစ်တစ်ခုနီးပါးသက်တမ်းရှိသော အဆောက်အအုံဖြစ်ပြီး အာ့ထ်ဒက်ကို ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားကာ နိမိတ်မကောင်းသော သမိုင်းကြောင်းအရိပ်က လွှမ်းမိုးထားသည်။

နှစ်ထပ် အဆောက်အအုံဖြစ်ပြီး စတုရန်းမီတာ ၄၁၈၃ ( ၅၅၇၈၉ စတုရန်းပေ) ရှိကာ ၂၀ ရာစု အစောပိုင်း ဂျပန် မော်ဒန်ဗိသုကာ၏ ပြယုဂ်တစ်ခုလည်း ဖြစ်သည်။

စံအိမ်တော်ကို ၂၀၀၅ ခုနှစ်အတွင်း ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပြီးနောက်တွင် ရှင်တို ဘုန်းတော်ကြီးတစ်ပါးမှ မကျွတ်မလွတ်သေးသူများကို မိစ္ဆာနှင်ပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ကိရှိဒသည် ဝန်ကြီးချုပ်ရုံးနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ဝန်ကြီးချုပ်အိမ်တော်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ရုံးမှာ မှန်၊ Steel Structure တို့ဖြင့် ဆောက်လုပ်ထားပြီး ၂၀၀၂ နှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် အဆောက်အအုံဖြစ်ကာ အိမ်တော်မှဆိုလျှင် မီတာအနည်းငယ်သာ ကွာဝေးသည်။

ကိရှိဒသည် ဝန်ကြီးချုပ်တာဝန်မထမ်းဆောင်မီက လွှတ်တော်အမတ်များအတွက် ပေးအပ်ထားသော စံအိမ်တစ်လုံးတွင် နေထိုင်နေခြင်းဖြစ်ကြောင်း Jiji Press သတင်းဌာနက ဖော်ပြသည်။

ကိရှိဒသည် ဝန်ကြီးချုပ် ယိုရှိကို့ နိုဒ (Yoshihiko Noda-၂၀၁၂ ခုနှစ်) နောက်ပိုင်း ဝန်ကြီးချုပ်အိမ်တော်တွင် ပြန်လည်နေထိုင်သည့် ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာသည်။

ကိုရှိဒ မတိုင်မီ တာဝန်ထမ်းဆောင်သွားသော ဝန်ကြီးချုပ်ဟောင်း ယိုရှီးဟိဒေး ဆူဂဲ့ (Yoshihide Suga) က ပါလီမတ် အမတ်များအိမ်ရာမှ ဝန်ကြီးချုပ်ရုံးသို့ ရုံးတက်ရုံးဆင်းလုပ်ခဲ့သည်။

ဆူဂဲ့မတိုင်မီက ဂျပန်ဝန်ကြီးချုပ်ဖြစ်သူ ရှင်ဇို အာဘေးမှာမူ တိုကျိုမြို့၊ ရှီဘူယ ခရိုင်ရှိ သူ၏ ကိုယ်ပိုင်နေအိမ် တွင်သာ နေထိုင်ခဲ့သည်။

သူ၏အိမ်မှဆိုလျှင် ဝန်ကြီးချုပ်ရုံးသို့ ကားဖြင့် ၁၅ မိနစ်ခရီးသာ ရှိသည်။

ဝန်ကြီးချုပ် တရားဝင်အိမ်တော်တွင် ဝန်ကြီးချုပ်များ နေထိုင်ခြင်းမရှိသော်လည်း ထိန်းသိမ်းစရိတ် တစ်နှစ်လျှင် ယန်းငွေ သန်း ၁၆၀ (ကန်ဒေါ်လာ ၁ ဒသမ ၄ သန်း) ဝန်းကျင်ကုန်ကျ၏။

ရှင်ဇိုအာဘေးသည် သူ၏ ဝန်ကြီးချုပ်ပထမသက်တမ်း ၂၀၀၆/၂၀၀၇ က ဝန်ကြီးချုပ်အိမ်တော်တွင် ၁၀ လခန့် နေထိုင်ခဲ့ဖူးသည်။

ရှင်ဇိုအာဘေး၏ ပထမသက်တမ်းမှ စတင်ပြီး ဝန်ကြီးချုပ်အိမ်တော်တွင် နေထိုင်ကာ တာဝန်ထမ်းဆောင်ခဲ့ ကြသည့် ဝန်ကြီးချုပ် ၆ ဦးမှာ ၁ နှစ်ခန့်စီ သက်တမ်းတိုသာ တာဝန်ထမ်းဆောင်ခွင့်ရကြရာ ဂျပန်ခေါင်းဆောင် သစ်တို့အတွက် မင်္ဂလာမရှိသောနေရာအဖြစ် ရှုမြင်ခြင်းခံရသည်။

ရှင်ဇိုအာဘေးသည် ၂၀၁၂ ခုနှစ်တွင် ဝန်ကြီးချုပ်ပြန်ဖြစ်လာခဲ့ပြီး ဂျပန်၏ သက်တမ်းအကြာဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ (၂၀၁၂ -၂၀၂၀)

ဝန်ကြီးချုပ်အိမ်တော်နှင့် ရုံးတို့ကို ဆောက်လုပ်ခဲ့ချိန်မှာ တိုကျိုမြို့ကြီး ငလျင်ဒဏ်ခံခဲ့ရအပြီး ၁၉၂၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာကျော် အမေရိကန်ဗိသုကာပညာရှင်ကြီး ဖရန့်ခ် လွိုက်ဒ် ရိုက်ဒ် ဒီဇိုင်းရေးဆွဲပေးခဲ့သော အင်ပီးရီးယဲလ် ဟိုတယ်ကို အတုယူကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

တိုကျိုမြို့ကြီး ငလျင်ဒဏ်ခံရသည့်နေ့တွင်ပင် အဆိုပါဟိုတယ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဟိုတယ်မှာ ငလျင်ဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။

ငလျင်ကြောင့် တိုကျိုမြို့ကြီးမှာ ပြားပြားဝပ်သွားခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးခဲ့ကြသည်။

ဝန်ကြီးချုပ်ရုံး ဆောက်လုပ်ပြီးစီးကာ စတင်ဖွင့်လှစ်အသုံးပြုပြီး ၃ နှစ်အကြာ ၁၉၃၂ ခုနှစ်တွင် ရေတပ်အရာရှိငယ်များက ဝန်ကြီးချုပ်ရုံးအတွင်း ဒလကြမ်းဝင်ရောက်လာကာ ဝန်ကြီးချုပ် ဆုယောရှိ အီနင်းဂိုင် (Tsuyoshi Inukai) အား လုပ်ကြံသတ်ဖြတ်ခဲ့သည်။

အဆိုပါ အဖြစ်အပျက်များဖြစ်ပွားအပြီး ၄ နှစ်အကြာတွင်လည်း အဆိုပါနေရာတွင် လုပ်ကြံသတ်ဖြတ်မှုတစ်ခု ဖြစ်ပေါ်ခဲ့ပြန်သည်။ အဆိုပါလုပ်ကြံမှုကို 2-26 Incident ဟု လူသိများသည်။

ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီ ၁၉၃၄ မှ ၁၉၃၆ အထိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူ ကဲဆူကဲ့ အိုကာဒ (Keisuke Okada) သည် အဝတ်ဗီရိုအတွင်း ဝင်ပုန်းနေခဲ့သောကြောင့် အသက်ဘေးမှ သီသီကလေး လွတ်သွားခဲ့သည်။

ထိုလုပ်ကြံမှုတွင် လူ ၅ ဦး ပစ်သတ်ခံခဲ့ရပြီး ပင်မ အဝင်တံခါးမကြီးပေါ်တွင် ကျည်ပေါက်ရာတစ်ခု ကျန်ရှိနေခဲ့သည်။

ဂျပန်သည် ဒုတိယကမ္ဘာစစ်ကြီးမှ ရုန်းထခဲ့ပြီး ဆယ်စုနှစ်များစွာ ကြာသည့်တိုင်အောင် ဝန်ကြီးချုပ်အိမ်တော်ကို အကြီးစား ပြင်ဆင်မှုများ မပြုလုပ်ခဲ့ချေ။

သို့အတွက် များစွာခေတ်နောက်ကျနေပြီး အစိုးရအဖွဲ့ရုံးအလုပ်သမားများက စိတ်ပျက်စရာနေရာတစ်ခုအဖြစ် ရှုမြင်ကြသည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ယိုရှိရော့ မိုဒီ (Yoshiro Mori) က ဝန်ကြီးချုပ်ဟောင်း အာဘေးသို့ ပြောခဲ့ဖူးသည်မှာ ဝန်ကြီးချုပ်အိမ်တော်တွင် ၎င်းအနေဖြင့် တစ္ဆေသရဲများ မြင်ခဲ့ကြောင်း ပြောခဲ့ဖူးသည်ဟု ဆန်းကဲ (Sankei) သတင်းစာတွင် ဖော်ပြသည်။

ဝန်ကြီးချုပ်အိမ်တော်၏ ကြီးကျယ်ခမ်းနားသော ခန်းမများတွင်ကား ပြည်ပဧည့်သည်တော်များကို ဧည့်ခံရန် အသုံးပြုနေဆဲဖြစ်သည်။

အမေရိကန်သမ္မတ ဂျော့ချ် အိတ်ချ် ဒဗလျူ ဘုရှ်သည် ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ ဂျပန်စံတော်ချိန် ည ၈း၂၀ အချိန်တွင် ဂျပန်ဝန်ကြီးချုပ် ကေအိချိ မီယဇဝ (Kiichi Miyazawa) တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲတွင် မူးလဲကာ ဂျပန်ဝန်ကြီးချုပ်၏ ပေါင်ပေါ်သို့ အန်ချခဲ့သည်။ အဆိုပါဗွီဒီယိုကို Youtube တွင် (https://www.youtube.com/watch?v-B_KVL-wtpgg) ကြည့်ရှုနိုင်ပါသည်။

ဝန်ကြီးချုပ်စံအိမ်တော်ကို မိမိတို့နေအိမ်ကဲ့သို့ သက်တောင့်သက်သာရှိပြီး နွေးထွေးမှုရှိသည့် အငွေ့အသက်မျိုး ရလာစေရန် ဂျပန်အစိုးရက ယန်းငွေ ၈ ဒသမ ၆ ဘီလီယံ (ကန်ဒေါ်လာ ၇၅ ဒသမ ၈ သန်း) သုံးစွဲကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သေးသည်။

စံအိမ်တော်အတွင်း အနုစိတ် ပန်းပုလက်ရာများ၊ ခမ်းနားလှပစွာ မွမ်းမံပြင်ဆင်ထားသော အခန်းများဖြင့် အထူးအပင်ပန်းခံ မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

သို့သော် စံအိမ်တော်အပြင်ဘက်ရှိ ဇီးကွက်ပန်းပုရုပ်ကြီးများ အပါအဝင် မူရင်းထူးခြားသော လက်ရာများကိုမူ ယခင်အတိုင်း ထိန်းသိမ်းထားရှိထားသည်။

ဝန်ကြီးချုပ် ဖုမီးယိုး ကိရှိဒသည် စံအိမ်တော်တွင် မည်မျှကြာကြာနေထိုင်နိုင်မည်ကိုမူ ဘုရားမှလွဲ၍ မည်သူမျှမသိနိုင်ပါချေ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Japan PM Kishida moving into haunted official residence with grisly history of murder (scmp)

 

[Zawgyi]

ဂ်ပန္ဝန္ၾကီးခ်ဳပ္ေနထိုင္သည့္ သရဲေျခာက္ေသာ ဝန္ၾကီးခ်ဳပ္စံအိမ္ေတာ္

ဂ်ပန္ဝန္ၾကီးခ်ဳပ္ ဖုမီးယိုး ကိရွိဒ (Fumio Kishida) သည္ ျပီးခဲ့ေသာ ၂၀၂၁ ႏွစ္ကုန္ပိုင္းတြင္ ဝန္ၾကီးခ်ဳပ္တာဝန္ စတင္ထမ္းေဆာင္ခဲ့ျပီးေနာက္ ထိတ္လန္႔ဖြယ္ သမိုင္းေၾကာင္းရွိကာ သရဲအလြန္ေျခာက္ေသာ ဝန္ၾကီးခ်ဳပ္၏ တရားဝင္စံအိမ္ေတာ္သို႔ ေျပာင္းေရႊ႕ေနထုိင္ခဲ့သည္။

ကိရွိဒသည္ ၂၀၁၂ မွ ၂၀၁၇ ခုႏွစ္အထိ ႏိုင္ငံျခားေရးဝန္ၾကီး ၊ ၂၀၁၇ ခုႏွစ္တြင္ ေခတၱ ကာကြယ္ေရးဝန္ၾကီး တာဝန္မ်ား ထမ္းေဆာင္ခဲ့ဖူးျပီး ၂၀၂၁ ေအာက္တုိဘာ ၄ ရက္တြင္ ဝန္ၾကီးခ်ဳပ္ျဖစ္လာခဲ့သည္။

ကိရွိဒ ေျပာင္းေရႊ႕ေနထိုင္ခဲ့ေသာ ဝန္ၾကီးခ်ဳပ္စံအိမ္ေတာ္တြင္ စစ္ဘက္ပုန္ကန္မႈ ၂ ခုျဖစ္ပြားခဲ့ဖူးသည့္အျပင္ ဂ်ပန္ဝန္ၾကီးခ်ဳပ္တစ္ဦးလည္း အဆိုပါစံအိမ္ေတာ္တြင္ပင္ လုပ္ၾကံသတ္ျဖတ္ခံခဲ့ရဖူးသည္။ ၁၉၂၉ ခုႏွစ္တြင္ တိုက်ဳိျမိဳ႕ေတာ္၌ ဝန္ၾကီးခ်ဳပ္စံအိမ္ေတာ္ကို ေဆာက္လုပ္ျပီးစီးခဲ့ျပီးေနာက္ပိုင္း အဆိုပါျဖစ္ရပ္မ်ား ျဖစ္ေပၚခဲ့ျခင္း ျဖစ္သည္။

၂၀၀၅ ခုႏွစ္အတြင္း ဝန္ၾကီးခ်ဳပ္စံအိမ္ေတာ္တြင္ မေကာင္းဆိုးဝါးႏွင္ပြဲက်င္းပကာ တေစၦသရဲမ်ားကို ႏွင္ခဲ့ဖူးသည္။

ကိရွိဒ မတိုင္မီ တာဝန္ထမ္းေဆာင္သြားခဲ့ေသာ ဝန္ၾကီးခ်ဳပ္ ၂ ဦးလံုး အဆိုပါစံအိမ္ေတာ္တြင္ ေနထိုင္ခဲ့ျခင္း မရွိေခ်။ ကိရွိဒကမူ ဝန္ၾကီးခ်ဳပ္ တာဝန္စတင္ထမ္းေဆာင္ခ်ိန္္မွစကာ ေနထိုင္ခဲ့ျခင္း ျဖစ္သည္။

ဆယ္စုႏွစ္တစ္ခုနီးပါးအတြင္း အဆိုပါစံအိမ္ေတာ္တြင္ ဝန္ၾကီးခ်ဳပ္ ျပန္လည္ေနထုိင္မႈလည္း ျဖစ္သည္။

ဝန္ၾကီးခ်ဳပ္စံအိမ္ေတာ္သည္ ရာစုႏွစ္တစ္ခုနီးပါးသက္တမ္းရွိေသာ အေဆာက္အအံုျဖစ္ျပီး အာ့ထ္ဒက္ကို ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားကာ နိမိတ္မေကာင္းေသာ သမိုင္းေၾကာင္းအရိပ္က လႊမ္းမိုးထားသည္။

ႏွစ္ထပ္ အေဆာက္အအံုျဖစ္ျပီး စတုရန္းမီတာ ၄၁၈၃ ( ၅၅၇၈၉ စတုရန္းေပ) ရွိကာ ၂၀ ရာစု အေစာပိုင္း ဂ်ပန္ ေမာ္ဒန္ဗိသုကာ၏ ျပယုဂ္တစ္ခုလည္း ျဖစ္သည္။

စံအိမ္ေတာ္ကို ၂၀၀၅ ခုႏွစ္အတြင္း ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ျပီးေနာက္တြင္ ရွင္တို ဘုန္းေတာ္ၾကီးတစ္ပါးမွ မကၽြတ္မလြတ္ေသးသူမ်ားကို မိစၦာႏွင္ပြဲ ျပဳလုပ္ခဲ့သည္ဟု ဆိုသည္။

ကိရွိဒသည္ ဝန္ၾကီးခ်ဳပ္ရံုးႏွင့္ နီးနီးနားနားေနထုိင္ရန္အတြက္ ဝန္ၾကီးခ်ဳပ္အိမ္ေတာ္သို႔ ေျပာင္းေရႊ႕ခဲ့ျခင္း ျဖစ္သည္။

ဝန္ၾကီးခ်ဳပ္ရံုးမွာ မွန္၊ Steel Structure တို႔ျဖင့္ ေဆာက္လုပ္ထားျပီး ၂၀၀၂ ႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့သည့္ အေဆာက္အအံုျဖစ္ကာ အိမ္ေတာ္မွဆိုလွ်င္ မီတာအနည္းငယ္သာ ကြာေဝးသည္။

ကိရွိဒသည္ ဝန္ၾကီးခ်ဳပ္တာဝန္မထမ္းေဆာင္မီက လႊတ္ေတာ္အမတ္မ်ားအတြက္ ေပးအပ္ထားေသာ စံအိမ္တစ္လံုးတြင္ ေနထုိင္ေနျခင္းျဖစ္ေၾကာင္း Jiji Press သတင္းဌာနက ေဖာ္ျပသည္။

ကိရွိဒသည္ ဝန္ၾကီးခ်ဳပ္ ယိုရွိကို႔ ႏိုဒ (Yoshihiko Noda-၂၀၁၂ ခုႏွစ္) ေနာက္ပိုင္း ဝန္ၾကီးခ်ဳပ္အိမ္ေတာ္တြင္ ျပန္လည္ေနထုိင္သည့္ ပထမဆံုးဝန္ၾကီးခ်ဳပ္ျဖစ္လာသည္။

ကိုရွိဒ မတိုင္မီ တာဝန္ထမ္းေဆာင္သြားေသာ ဝန္ၾကီးခ်ဳပ္ေဟာင္း ယိုရွီးဟိေဒး ဆူဂဲ့ (Yoshihide Suga) က ပါလီမတ္ အမတ္မ်ားအိမ္ရာမွ ဝန္ၾကီးခ်ဳပ္ရံုးသို႔ ရံုးတက္ရံုးဆင္းလုပ္ခဲ့သည္။

ဆူဂဲ့မတိုင္မီက ဂ်ပန္ဝန္ၾကီးခ်ဳပ္ျဖစ္သူ ရွင္ဇို အာေဘးမွာမူ တိုက်ဳိျမိဳ႕၊ ရွီဘူယ ခရိုင္ရွိ သူ၏ ကိုယ္ပိုင္ေနအိမ္ တြင္သာ ေနထိုင္ခဲ့သည္။

သူ၏အိမ္မွဆိုလွ်င္ ဝန္ၾကီးခ်ဳပ္ရံုးသို႔ ကားျဖင့္ ၁၅ မိနစ္ခရီးသာ ရွိသည္။

ဝန္ၾကီးခ်ဳပ္ တရားဝင္အိမ္ေတာ္တြင္ ဝန္ၾကီးခ်ဳပ္မ်ား ေနထုိင္ျခင္းမရွိေသာ္လည္း ထိန္းသိမ္းစရိတ္ တစ္ႏွစ္လွ်င္ ယန္းေငြ သန္း ၁၆၀ (ကန္ေဒၚလာ ၁ ဒသမ ၄ သန္း) ဝန္းက်င္ကုန္က်၏။ ရွင္ဇိုအာေဘးသည္ သူ၏ ဝန္ၾကီးခ်ဳပ္ပထမသက္တမ္း ၂၀၀၆/၂၀၀၇ က ဝန္ၾကီးခ်ဳပ္အိမ္ေတာ္တြင္ ၁၀ လခန္႔ ေနထိုင္ခဲ့ဖူးသည္။

ရွင္ဇိုအာေဘး၏ ပထမသက္တမ္းမွ စတင္ျပီး ဝန္ၾကီးခ်ဳပ္အိမ္ေတာ္တြင္ ေနထိုင္ကာ တာဝန္ထမ္းေဆာင္ခဲ့ ၾကသည့္ ဝန္ၾကီးခ်ဳပ္ ၆ ဦးမွာ ၁ ႏွစ္ခန္႔စီ သက္တမ္းတိုသာ တာဝန္ထမ္းေဆာင္ခြင့္ရၾကရာ ဂ်ပန္ေခါင္းေဆာင္ သစ္တို႔အတြက္ မဂၤလာမရွိေသာေနရာအျဖစ္ ရႈျမင္ျခင္းခံရသည္။

ရွင္ဇိုအာေဘးသည္ ၂၀၁၂ ခုႏွစ္တြင္ ဝန္ၾကီးခ်ဳပ္ျပန္ျဖစ္လာခဲ့ျပီး ဂ်ပန္၏ သက္တမ္းအၾကာဆံုး ဝန္ၾကီးခ်ဳပ္ ျဖစ္လာခဲ့သည္။ (၂၀၁၂ -၂၀၂၀)

ဝန္ၾကီးခ်ဳပ္အိမ္ေတာ္ႏွင့္ ရံုးတို႔ကို ေဆာက္လုပ္ခဲ့ခ်ိန္မွာ တိုက်ဳိျမိဳ႕ၾကီး ငလ်င္ဒဏ္ခံခဲ့ရအျပီး ၁၉၂၃ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

ကမၻာေက်ာ္ အေမရိကန္ဗိသုကာပညာရွင္ၾကီး ဖရန္႔ခ္ လြိဳက္ဒ္ ရိုက္ဒ္ ဒီဇိုင္းေရးဆြဲေပးခဲ့ေသာ အင္ပီးရီးယဲလ္ ဟိုတယ္ကို အတုယူကာ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

တိုက်ဳိျမိဳ႕ၾကီး ငလ်င္ဒဏ္ခံရသည့္ေန႔တြင္ပင္ အဆိုပါဟိုတယ္ကို ဖြင့္လွစ္ခဲ့ျခင္းျဖစ္ျပီး ဟိုတယ္မွာ ငလ်င္ဒဏ္ကို ၾကံ႕ၾကံ႕ခံႏိုင္ခဲ့သည္။

ငလ်င္ေၾကာင့္ တိုက်ဳိျမိဳ႕ၾကီးမွာ ျပားျပားဝပ္သြားခဲ့ျပီး လူေထာင္ေပါင္းမ်ားစြာ ေသဆံုးခဲ့ၾကသည္။

ဝန္ၾကီးခ်ဳပ္ရံုး ေဆာက္လုပ္ျပီးစီးကာ စတင္ဖြင့္လွစ္အသံုးျပဳျပီး ၃ ႏွစ္အၾကာ ၁၉၃၂ ခုႏွစ္တြင္ ေရတပ္အရာရွိငယ္မ်ားက ဝန္ၾကီးခ်ဳပ္ရံုးအတြင္း ဒလၾကမ္းဝင္ေရာက္လာကာ ဝန္ၾကီးခ်ဳပ္ ဆုေယာရွိ အီနင္းဂိုင္ (Tsuyoshi Inukai) အား လုပ္ၾကံသတ္ျဖတ္ခဲ့သည္။

အဆိုပါ အျဖစ္အပ်က္မ်ားျဖစ္ပြားအျပီး ၄ ႏွစ္အၾကာတြင္လည္း အဆိုပါေနရာတြင္ လုပ္ၾကံသတ္ျဖတ္မႈတစ္ခု ျဖစ္ေပၚခဲ့ျပန္သည္။ အဆိုပါလုပ္ၾကံမႈကို 2-26 Incident ဟု လူသိမ်ားသည္။

ဒုတိယကမၻာစစ္ၾကီးမျဖစ္မီ ၁၉၃၄ မွ ၁၉၃၆ အထိ ဝန္ၾကီးခ်ဳပ္တာဝန္ထမ္းေဆာင္ခဲ့သူ ကဲဆူကဲ့ အိုကာဒ (Keisuke Okada) သည္ အဝတ္ဗီရိုအတြင္း ဝင္ပုန္းေနခဲ့ေသာေၾကာင့္ အသက္ေဘးမွ သီသီကေလး လြတ္သြားခဲ့သည္။

ထိုလုပ္ၾကံမႈတြင္ လူ ၅ ဦး ပစ္သတ္ခံခဲ့ရျပီး ပင္မ အဝင္တံခါးမၾကီးေပၚတြင္ က်ည္ေပါက္ရာတစ္ခု က်န္ရွိေနခဲ့သည္။

ဂ်ပန္သည္ ဒုတိယကမၻာစစ္ၾကီးမွ ရုန္းထခဲ့ျပီး ဆယ္စုႏွစ္မ်ားစြာ ၾကာသည့္တိုင္ေအာင္ ဝန္ၾကီးခ်ဳပ္အိမ္ေတာ္ကို အၾကီးစား ျပင္ဆင္မႈမ်ား မျပဳလုပ္ခဲ့ေခ်။

သို႔အတြက္ မ်ားစြာေခတ္ေနာက္က်ေနျပီး အစိုးရအဖြဲ႔ရံုးအလုပ္သမားမ်ားက စိတ္ပ်က္စရာေနရာတစ္ခုအျဖစ္ ရႈျမင္ၾကသည္။

ဂ်ပန္ဝန္ၾကီးခ်ဳပ္ေဟာင္း ယိုရွိေရာ့ မိုဒီ (Yoshiro Mori) က ဝန္ၾကီးခ်ဳပ္ေဟာင္း အာေဘးသို႔ ေျပာခဲ့ဖူးသည္မွာ ဝန္ၾကီးခ်ဳပ္အိမ္ေတာ္တြင္ ၎အေနျဖင့္ တေစၦသရဲမ်ား ျမင္ခဲ့ေၾကာင္း ေျပာခဲ့ဖူးသည္ဟု ဆန္းကဲ (Sankei) သတင္းစာတြင္ ေဖာ္ျပသည္။

ဝန္ၾကီးခ်ဳပ္အိမ္ေတာ္၏ ၾကီးက်ယ္ခမ္းနားေသာ ခန္းမမ်ားတြင္ကား ျပည္ပဧည့္သည္ေတာ္မ်ားကို ဧည့္ခံရန္ အသံုးျပဳေနဆဲျဖစ္သည္။ အေမရိကန္သမၼတ ေဂ်ာ့ခ်္ အိတ္ခ်္ ဒဗလ်ဴ ဘုရွ္သည္ ၁၉၉၂ ခုႏွစ္၊ ဇန္နဝါရီလ ၈ ရက္ေန႔ ဂ်ပန္စံေတာ္ခ်ိန္ ည ၈း၂၀ အခ်ိန္တြင္ ဂ်ပန္ဝန္ၾကီးခ်ဳပ္ ေကအိခ်ိ မီယဇဝ (Kiichi Miyazawa) တည္ခင္းဧည့္ခံေသာ ဂုဏ္ျပဳညစာစားပြဲတြင္ မူးလဲကာ ဂ်ပန္ဝန္ၾကီးခ်ဳပ္၏ ေပါင္ေပၚသို႔ အန္ခ်ခဲ့သည္။ အဆိုပါဗီြဒီယိုကို Youtube တြင္ (https://www.youtube.com/watch?v-B_KVL-wtpgg) ၾကည့္ရႈႏိုင္ပါသည္။

ဝန္ၾကီးခ်ဳပ္စံအိမ္ေတာ္ကို မိမိတို႔ေနအိမ္ကဲ့သို႔ သက္ေတာင့္သက္သာရွိျပီး ေႏြးေထြးမႈရွိသည့္ အေငြ႔အသက္မ်ဳိး ရလာေစရန္ ဂ်ပန္အစိုးရက ယန္းေငြ ၈ ဒသမ ၆ ဘီလီယံ (ကန္ေဒၚလာ ၇၅ ဒသမ ၈ သန္း) သံုးစြဲကာ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ေသးသည္။

စံအိမ္ေတာ္အတြင္း အႏုစိတ္ ပန္းပုလက္ရာမ်ား၊ ခမ္းနားလွပစြာ မြမ္းမံျပင္ဆင္ထားေသာ အခန္းမ်ားျဖင့္ အထူးအပင္ပန္းခံ မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

သို႔ေသာ္ စံအိမ္ေတာ္အျပင္ဘက္ရွိ ဇီးကြက္ပန္းပုရုပ္ၾကီးမ်ား အပါအဝင္ မူရင္းထူးျခားေသာ လက္ရာမ်ားကိုမူ ယခင္အတိုင္း ထိန္းသိမ္းထားရွိထားသည္။

ဝန္ၾကီးခ်ဳပ္ ဖုမီးယိုး ကိရွိဒသည္ စံအိမ္ေတာ္တြင္ မည္မ်ွၾကာၾကာေနထိုင္ႏိုင္မည္ကိုမူ ဘုရားမွလြဲ၍ မည္သူမ်ွမသိႏိုင္ပါေခ်။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Japan PM Kishida moving into haunted official residence with grisly history of murder (scmp)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service