စားကျက်မြေဆိုတာ ဘယ်လိုမြေအမျိုးအစားလဲ။ မည်သည့်အဖွဲ့အစည်းက စီမံအုပ်ချုပ်သလဲ။

စားကျက်မြေဆိုတာ ဘယ်လိုမြေအမျိုးအစားလဲ။ မည်သည့်အဖွဲ့အစည်းက စီမံအုပ်ချုပ်သလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
24 Feb 2022 10:27 am တွင် တင်ခဲ့သည်
2254 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

စားကျက်မြေဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်၍ ကျွဲ၊ နွားများကို မှီခို အားထားရသဖြင့် ယင်း ကျွဲ၊ နွားများအတွက် အစာရေစာ လုံလောက်စေရန် ကျွဲနွား စားကျက်မြေများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စားကျက်မြေထိန်းသိမ်းခြင်းဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သည့်မြေဖြစ်ပါသည်။

စားကျက်မြေနှင့်ပတ်သက်၍ မြေနှင့်အခွန်တော်အက်ဥပဒေ ပုဒ်မ-၂၀၊ အောက်မြန်မာပြည်မြေနှင့် အခွန်တော် နည်းဥပဒေ-၆၆ မှ ၇၁ အထိ လည်းကောင်း၊ အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်း အပိုဒ်-၂၆(၁)(ဂ)၊ အထက်မြန်မာပြည် မြေနှင့်အခွန်တော် နည်းဥပဒေ-၇၅ မှ ၇၉ အထိလည်းကောင်း၊ မြေနှင့် အခွန်တော် အမိန့်ဆင့်ဆိုချက်များ ၉၀ မှ ၁၀၈ အထိလည်းကောင်းအသီးသီး ပြဌာန်းထားသည်ကို တွေ့ရ ပါသည်။ မြန်မာနိုင်ငံမြေစာရင်းလက်စွဲ အပိုဒ်-၉၁၆ မှ ၉၂၈ အထိတွင် စားကျက်မြေများကိုစစ်ဆေး ကြပ်မတ် ရန်နှင့် စည်းကမ်းဖောက်ဖျက်မှုများကို အရေးယူခြင်းများကို တွေ့ရပါသည်။

စားကျက်မြေများတည်ထောင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့်စပ်လျှဉ်း၍ အောက်မြန်မာပြည်အတွက် ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး၊ အထက်မြန်မာပြည်အတွက် ကော်လိတ္တော်အရာရှိတို့က အမှုတွဲဖွင့်၍ ဆောင်ရွက် ရမည် ဖြစ်ပါသည်။

ခရိုင်အုပ်ချုပ်ရေးမှူး/ကော်လိတ္တော်အရာရှိသည် ကျေးရွာအတွင်းနေထိုင်သူများ၏ အကျိုးအတွက် မည်သည့်ကျေးရွာတွင်မဆို လိုအပ်လျှင် စားကျက်မြေ တည်ထောင်ပေးရန်ဖြစ်ပါသည်။ စားကျက်မြေ အတွက် လိုအပ်သည့် မြေဧရိယာအကျယ်အဝန်းနှင့် နေရာကို ခန့်မှန်းတွက်ချက်တိုင်းတာ၍ စီမံချက် ရေးဆွဲရမည်။ ထိုစီမံချက်တွင် ကျေးရွာတစ်ရွာနှင့် တစ်ရွာသွားသည့်လမ်းနှင့် စားကျက်သို့ ကျွဲနွားများ ဝင်ထွက်သွား လာနိုင်ရန် လမ်းများကိုပါ ထည့်သွင်းတွက်ချက်ထားရပါသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး/ကော်လိတ္တော်အရာရှိသည် စားကျက်မြေစီမံချက်ကို ပူးတွဲ၍ စားကျက်မြေတည်ထောင်မည့် နီးစပ်ရာကျေးရွာအကြီးအကဲများနှင့် စားကျက်မြေသတ်မှတ်မည့်နေရာတွင် အခွန်စည်းကြပ်ခြင်းခံနေရသူ သို့မဟုတ် လုပ်ကိုင်နေသူများ (ရှိပါက) ထံ စားကျက်မြေ သတ်မှတ်မည့် နေရာ မြေပုံနှင့်တကွ ကန့်ကွက်လိုခြင်း ရှိ/မရှိ အသိပေးအကြောင်းကြားစာကို ၁၅ ရက် ကြိုတင်ပေးပို့ပြီး၊ အကျိုး အကြောင်းဖေါ်ပြ၍ ကန့်ကွက်နိုင်ကြောင်း အသိပေးအကြောင်းကြားရမည်။

ထို့နောက် ခိုင်လုံသော ကန့်ကွက်ချက်ရှိပါက ယင်းဧရိယာအတွက် ချန်လှပ်၍လည်းကောင်း၊ ကန့်ကွက်ချက်မရှိပါက စားကျက်မြေစီမံချက်ပါအတိုင်း စားကျက်တိုင်များ စိုက်ထူပြီး၊ သတ်မှတ်ပေး ကြောင်း ကြေညာချက် ထုတ်ပြန်ရပါမည်။ ထိုစားကျက်ကို မည်သည့်ကျေးရွာအုပ်စု သို့မဟုတ် ကျေးရွာများ က အသုံးပြုရန်ဖြစ်ကြောင်း စားကျက်မြေမှတ်တမ်းစာအုပ်တွင် ရေးသွင်းရပါမည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ်များ၌ ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာများအလိုက် နယ်နိမိတ်သတ်မှတ်ပြီး စားကျက်မြေများကို စားကျက်မြေအဖြစ် အသုံးပြုခြင်းမှတစ်ပါး မည်သူမဆို ဝင်ရောက် ကျူးကျော် စိုက်ပျိုးခြင်း၊ ဝင်ရောက် ကျူးကျော်နေထိုင်ခြင်း၊ သစ်ပင်များကို ခုတ်လှဲခြင်း၊ သယ် ဆောင်ခြင်းနှင့် ပေါက်ရောက်လျက်ရှိသော မြက်များကို ရိတ်သိမ်းခြင်းများ မပြုလုပ်ရန်၊ အထက်မြန်မာပြည် မြေနှင့်အခွန်နည်းဥပဒေ-၇၈ အရ တရားစွဲဆိုနိုင်ပြီး ထောင်ဒဏ် (၁၅)ရက် သို့မဟုတ် ငွေဒဏ် ၂၀၀ ကျပ် အရေးယူခံရနိုင်ပြီး အောက်မြန်မာပြည်မြေနှင့်အခွန်နည်းဥပဒေ-၆၉ အရ တရားစွဲဆိုနိုင်ပြီး အလုပ်ဖြင့်/ အလုပ်မဲ့ထောင်ဒဏ် (၁)လ ချမှတ်နိုင်ပါသည်။ စားကျက်မြေအတွင်း ကျူးကျော်စိုက်ပျိုးလျှင် မြေခွန်နှစ်ဆ စည်းကြပ်ရမည့်အပြင် တရားလည်းစွဲဆိုခံရနိုင်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

စားက်က္ေျမဆိုတာ ဘယ္လိုေျမအမ်ိဳးအစားလဲ။ မည္သည့္အဖြဲ႕အစည္းက စီမံအုပ္ခ်ဳပ္သလဲ။

စားက်က္ေျမဆိုသည္မွာ ျပည္ေထာင္စုျမန္မာႏိုင္ငံသည္ စိုက္ပ်ိဳးေရးႏိုင္ငံျဖစ္၍ ကြၽဲ၊ ႏြားမ်ားကို မွီခို အားထားရသျဖင့္ ယင္း ကြၽဲ၊ ႏြားမ်ားအတြက္ အစာေရစာ လုံေလာက္ေစရန္ ကြၽဲႏြား စားက်က္ေျမမ်ားကို အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ စားက်က္ေျမထိန္းသိမ္းျခင္းဆိုင္ရာဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ထိန္းသိမ္းေဆာင္႐ြက္သည့္ေျမျဖစ္ပါသည္။

စားက်က္ေျမႏွင့္ပတ္သက္၍ ေျမႏွင့္အခြန္ေတာ္အက္ဥပေဒ ပုဒ္မ-၂၀၊ ေအာက္ျမန္မာျပည္ေျမႏွင့္ အခြန္ေတာ္ နည္းဥပေဒ-၆၆ မွ ၇၁ အထိ လည္းေကာင္း၊ အထက္ျမန္မာျပည္ ေျမႏွင့္အခြန္ေတာ္ စည္းမ်ဥ္း အပိုဒ္-၂၆(၁)(ဂ)၊ အထက္ျမန္မာျပည္ ေျမႏွင့္အခြန္ေတာ္ နည္းဥပေဒ-၇၅ မွ ၇၉ အထိလည္းေကာင္း၊ ေျမႏွင့္ အခြန္ေတာ္ အမိန္႔ဆင့္ဆိုခ်က္မ်ား ၉၀ မွ ၁၀၈ အထိလည္းေကာင္းအသီးသီး ျပဌာန္းထားသည္ကို ေတြ႕ရ ပါသည္။ ျမန္မာႏိုင္ငံေျမစာရင္းလက္စြဲ အပိုဒ္-၉၁၆ မွ ၉၂၈ အထိတြင္ စားက်က္ေျမမ်ားကိုစစ္ေဆး ၾကပ္မတ္ ရန္ႏွင့္ စည္းကမ္းေဖာက္ဖ်က္မႈမ်ားကို အေရးယူျခင္းမ်ားကို ေတြ႕ရပါသည္။

စားက်က္ေျမမ်ားတည္ေထာင္ျခင္း၊ ထိန္းသိမ္းျခင္းႏွင့္စပ္လွ်ဥ္း၍ ေအာက္ျမန္မာျပည္အတြက္ ခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး၊ အထက္ျမန္မာျပည္အတြက္ ေကာ္လိေတၱာ္အရာ႐ွိတို႔က အမႈတြဲဖြင့္၍ ေဆာင္႐ြက္ ရမည္ ျဖစ္ပါသည္။

ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး/ေကာ္လိေတၱာ္အရာ႐ွိသည္ ေက်း႐ြာအတြင္းေနထိုင္သူမ်ား၏ အက်ိဳးအတြက္ မည္သည့္ေက်း႐ြာတြင္မဆို လိုအပ္လွ်င္ စားက်က္ေျမ တည္ေထာင္ေပးရန္ျဖစ္ပါသည္။ စားက်က္ေျမ အတြက္ လိုအပ္သည့္ ေျမဧရိယာအက်ယ္အဝန္းႏွင့္ ေနရာကို ခန္႔မွန္းတြက္ခ်က္တိုင္းတာ၍ စီမံခ်က္ ေရးဆြဲရမည္။ ထိုစီမံခ်က္တြင္ ေက်း႐ြာတစ္႐ြာႏွင့္ တစ္႐ြာသြားသည့္လမ္းႏွင့္ စားက်က္သို႔ ကြၽဲႏြားမ်ား ဝင္ထြက္သြား လာႏိုင္ရန္ လမ္းမ်ားကိုပါ ထည့္သြင္းတြက္ခ်က္ထားရပါသည္။

ထို႔ေနာက္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး/ေကာ္လိေတၱာ္အရာ႐ွိသည္ စားက်က္ေျမစီမံခ်က္ကို ပူးတြဲ၍ စားက်က္ေျမတည္ေထာင္မည့္ နီးစပ္ရာေက်း႐ြာအႀကီးအကဲမ်ားႏွင့္ စားက်က္ေျမသတ္မွတ္မည့္ေနရာတြင္ အခြန္စည္းၾကပ္ျခင္းခံေနရသူ သို႔မဟုတ္ လုပ္ကိုင္ေနသူမ်ား (႐ွိပါက) ထံ စားက်က္ေျမ သတ္မွတ္မည့္ ေနရာ ေျမပုံႏွင့္တကြ ကန္႔ကြက္လိုျခင္း ႐ွိ/မ႐ွိ အသိေပးအေၾကာင္းၾကားစာကို ၁၅ ရက္ ႀကိဳတင္ေပးပို႔ၿပီး၊ အက်ိဳး အေၾကာင္းေဖၚျပ၍ ကန္႔ကြက္ႏိုင္ေၾကာင္း အသိေပးအေၾကာင္းၾကားရမည္။

ထို႔ေနာက္ ခိုင္လုံေသာ ကန္႔ကြက္ခ်က္႐ွိပါက ယင္းဧရိယာအတြက္ ခ်န္လွပ္၍လည္းေကာင္း၊ ကန္႔ကြက္ခ်က္မ႐ွိပါက စားက်က္ေျမစီမံခ်က္ပါအတိုင္း စားက်က္တိုင္မ်ား စိုက္ထူၿပီး၊ သတ္မွတ္ေပး ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ရပါမည္။ ထိုစားက်က္ကို မည္သည့္ေက်း႐ြာအုပ္စု သို႔မဟုတ္ ေက်း႐ြာမ်ား က အသုံးျပဳရန္ျဖစ္ေၾကာင္း စားက်က္ေျမမွတ္တမ္းစာအုပ္တြင္ ေရးသြင္းရပါမည္။

ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ား႐ွိ ၿမိဳ႕နယ္မ်ား၌ ေက်း႐ြာအုပ္စုမ်ားအတြင္း႐ွိ ေက်း႐ြာမ်ားအလိုက္ နယ္နိမိတ္သတ္မွတ္ၿပီး စားက်က္ေျမမ်ားကို စားက်က္ေျမအျဖစ္ အသုံးျပဳျခင္းမွတစ္ပါး မည္သူမဆို ဝင္ေရာက္ က်ဴးေက်ာ္ စိုက္ပ်ိဳးျခင္း၊ ဝင္ေရာက္ က်ဴးေက်ာ္ေနထိုင္ျခင္း၊ သစ္ပင္မ်ားကို ခုတ္လွဲျခင္း၊ သယ္ ေဆာင္ျခင္းႏွင့္ ေပါက္ေရာက္လ်က္႐ွိေသာ ျမက္မ်ားကို ရိတ္သိမ္းျခင္းမ်ား မျပဳလုပ္ရန္၊ အထက္ျမန္မာျပည္ ေျမႏွင့္အခြန္နည္းဥပေဒ-၇၈ အရ တရားစြဲဆိုႏိုင္ၿပီး ေထာင္ဒဏ္ (၁၅)ရက္ သို႔မဟုတ္ ေငြဒဏ္ ၂၀၀ က်ပ္ အေရးယူခံရႏိုင္ၿပီး ေအာက္ျမန္မာျပည္ေျမႏွင့္အခြန္နည္းဥပေဒ-၆၉ အရ တရားစြဲဆိုႏိုင္ၿပီး အလုပ္ျဖင့္/ အလုပ္မဲ့ေထာင္ဒဏ္ (၁)လ ခ်မွတ္ႏိုင္ပါသည္။ စားက်က္ေျမအတြင္း က်ဴးေက်ာ္စိုက္ပ်ိဳးလွ်င္ ေျမခြန္ႏွစ္ဆ စည္းၾကပ္ရမည့္အျပင္ တရားလည္းစြဲဆိုခံရႏိုင္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
Central Shop House
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service