မိမိကိုယ်ကို အဆုံးစီရင်သွားသူ ကတ်ကိုဘိန်း၏ သမီး လော့စ်အိန်ဂျလိစံအိမ်ရောင်းချ

မိမိကိုယ်ကို အဆုံးစီရင်သွားသူ ကတ်ကိုဘိန်း၏ သမီး လော့စ်အိန်ဂျလိစံအိမ်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
10 Feb 2022 9:57 am တွင် တင်ခဲ့သည်
1902 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Hole ရော့ခ်ဂီတအဖွဲ့၏ ရှေ့ထွက်အဆိုတော် အမျိုးသမီး ကော့တ်နေးလာ့ဗ်နှင့် မိမိက်ိုယ်ကိုယ် အဆုံးစီရင်သွားသူ Nirvana အဖွဲ့မှ ရှေ့ထွက်အဆိုတော် ကတ်ကိုဘိန်းတို့၏ သမီး ဖရန်ဆက်စ် ဘင်း ကိုဘိန်း (၂၉ နှစ်) သည် လော့စ်အိန်ဂျလိစံအိမ်ကို ကျောခိုင်းလိုက်ပြီ ဖြစ်သည်။

Hole သည် အမေရိကန် အော်တာနေးတစ် ရော့ခ်ဂီတအဖွဲ့ဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့တွင် ၁၉၈၉ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့သည်။ အဆိုတော် ကော့တ်နေးလာ့ဗ်နှင့် လိဒ်ဂစ်တာသမား အဲရစ်ခ် အာလန်ဆန်တို့က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ကတ်ကိုဘိန်းသည် အော်တာနေးတစ် ရော့ခ်ဝိုင်း Nirvana ၏ ရှေ့ထွက်အဆိုတော်ဖြစ်ပြီး ၁၉၉၄ ခုနှစ်၊ ဧပြီလ ၅ ရက်တွင် ဆီယက်တဲလ်မြို့၌ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။

Rolling Stone မဂ္ဂဇင်းကြီး၏ သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး တေးရေး ၁၀၀ ဦး၊ အကြီးမြတ်ဆုံး ဂစ်တာသမား ၁၀၀ ဦးနှင့် အကြီးမြတ်ဆုံး အဆိုတော် ၁၀၀ ဦး စာရင်းများတွင် ကတ်ကိုဘိန်းကို ထည့်သွင်းဖော်ပြခဲ့သည်။

grunge rock ဂီတ၏ ဖခင်ကြီး ကတ်ကိုဘိန်း၏ သမီးသည် ဟောလိဝုဒ်ဟေးလ်မှ သီးခြားနေရာလေးဖြစ်သော Hollywood Knolls တွင် ၁၉၂၆ ခုနှစ်ခန့်က ဆောက်လုပ်ခဲ့သည့် စပိန်ဗိသုကာဟန်စံအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၉၉၆ သန်းဖြင့် ဝယ်ယူထားခဲ့သည်မှာ ၂ နှစ်ပင် မပြည့်သေးချေ။

ယင်းနောက်ပိုင်း သူမသည် စကိတ်စီးသမားတစ်ဦးဖြစ်သူ Riley Hawk နှင့် ငြိစွန်းခဲ့၏။ Riley မှာ သူ့နယ်ပယ်တွင် အကျော်ဒေးယျတစ်ဦးဖြစ်၏။

လက်ရှိအချိန်တွင် ဖရန်ဆက်စ် ကိုဘိန်းက ဟောလိဝုဒ်ဟေးလ်နေအိမ်ကို မလိုချင်တော့ချေ။ ပြီးခဲ့သောနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းအောက်ဖြင့် ပထမဆုံး အရောင်းတင်ခဲ့သေးသည်။ ရောင်းထွက်သွားသည်မှာ ၂ ဒသမ ၂၉ သန်းဖြင့်ဖြစ်ရာ ဖရန်ဆက်စ်အတွက် ခပ်ပါးပါး မြတ်စွန်းခဲ့သည်။

ခြံအကျယ်မှာ ၁ ဧက၏ ၃ ပုံ ၁ ပုံနီးပါးရှိပြီး ကား ၂ စင်းဆန့် ကားဂိုဒေါင်၊ ပင်မစံအိမ်တွင် အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၂ ခန်း၊ သီးသန့်ဝင်ပေါက်ပါသော ၃ ထပ်ဧည့်ဂေဟာအိမ်တွင် အိပ်ခန်း၊ ရေချိုးခန်း၊ လေဝင်လေထွက်ကောင်းသော ဧည့်ခန်း၊ ပစ္စည်းအစုံအလင်ထည့်သွင်းထားသော မီးဖိုဆောင်နှင့် သီးသန့် နားနေဆောင်တို့ ပါဝင်သည်။

ဧည့်ဂေဟာအိမ်မှ မီးဖိုဆောင်၏ ညစ်ထေးနေသော ကြမ်းခင်းကြွေပြားများကို စိမ်းပြာရောင် ဆဌဂံကြွေပြားများနှင့် အစားထိုးလဲလှယ်ခြင်းမှလွဲပြီး ဖရန်ဆက်စ်ကိုဘိန်းသည် ယခုစံအိမ်ကြီးကို အတွင်းပိုင်း ပြုပြင်ပြောင်းလဲမှု များစွာပြုလုပ်မထားချေ။

အရောင်းဈေးကွက်တင်ပေးသည်မှာ Compass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် လော်ရာ ကေဖြစ်ပြီး ဝယ်လက်ဘက်မှ ကိုယ်စားပြုသည်မှာ Compass မှပင်ဖြစ်သော အကျိုးဆောင် တော့ဒ် ဟန်းရစ်ခ်ဖြစ်သည်။

ဖရန်ဆက်စ် ကိုဘိန်းသည် ဖခင်၏ အမည်နာမနှင့် ပုံရိပ်များဆိုင်ရာ မူပိုင်ခွင့်များရရှိထားပြီး လစဉ် ကန်ဒေါ်လာ ၁၀၀၀၀၀ ကျော် ဝင်ငွေရှိသည်။

ဖရန်ဆက်စ် ကိုဘိန်းသည် ယခင်က ဟောလိဝုဒ်၏ အပေါ်ဘက် ကပ်လျက်တည်ရှိသော စပိန်ဗိသုကာဟန် စံအိမ်ကို ၂၀၁၁ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၈၂၅ သန်းဖြင့် ဝယ်ယူပိုင်ဆိုင်ခဲ့သည်။ဖခင်ထံမှ အမွေရပြီးနောက် တစ်နှစ်အကြာ ၂၀၁၈ ခုနှစ်တွင် အဆိုပါစံအိမ်ကို ကန်ဒေါ်လာ ၂ ဒသမ ၃၃၁ သန်းဖြင့် ရောင်းချခဲ့သည်။

ရောင်းချသူ- ဖရန်ဆက်စ် ဘင်း ကိုဘိန်း

တည်နေရာ- ဟောလိဝုဒ်ဟေးစ်၊ လော့စ်အိန်ဂျလိ၊ ကယ်လီဖိုးနီးယား

ဈေးနှုန်း- ကန်ဒေါ်လာ ၂ ဒသမ ၂၉ သန်း

ဆောက်လုပ်သည့်ခုနှစ်-၁၉၂၆

အသေးစိတ်- ၂၉၀၈ စတုရန်းပေ၊ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၃ ခန်း

ခြံအကျယ်- ဒသမ ၂၉ ဧက

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Frances Bean Cobain Flips Vintage Hollywood Hills Home at Small Profit (dirt)

 

[Zawgyi]

မိမိကိုယ္ကို အဆံုးစီရင္သြားသူ ကတ္ကိုဘိန္း၏ သမီး ေလာ့စ္အိန္ဂ်လိစံအိမ္ေရာင္းခ်

Hole ေရာ့ခ္ဂီတအဖြဲ႔၏ ေရွ႕ထြက္အဆိုေတာ္ အမ်ဳိးသမီး ေကာ့တ္ေနးလာ့ဗ္ႏွင့္ မိမိကို္ယ္ကိုယ္ အဆံုးစီရင္သြားသူ Nirvana အဖြဲ႔မွ ေရွ႕ထြက္အဆိုေတာ္ ကတ္ကိုဘိန္းတို႔၏ သမီး ဖရန္ဆက္စ္ ဘင္း ကိုဘိန္း (၂၉ ႏွစ္) သည္ ေလာ့စ္အိန္ဂ်လိစံအိမ္ကို ေက်ာခိုင္းလိုက္ျပီ ျဖစ္သည္။

Hole သည္ အေမရိကန္ ေအာ္တာေနးတစ္ ေရာ့ခ္ဂီတအဖြဲ႔ျဖစ္ျပီး ကယ္လီဖုိးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ ၁၉၈၉ ခုႏွစ္၌ စတင္ဖြဲ႔စည္းခဲ့သည္။ အဆိုေတာ္ ေကာ့တ္ေနးလာ့ဗ္ႏွင့္ လိဒ္ဂစ္တာသမား အဲရစ္ခ္ အာလန္ဆန္တို႔က တည္ေထာင္ခဲ့ျခင္း ျဖစ္သည္။

ကတ္ကိုဘိန္းသည္ ေအာ္တာေနးတစ္ ေရာ့ခ္ဝိုင္း Nirvana ၏ ေရွ႕ထြက္အဆိုေတာ္ျဖစ္ျပီး ၁၉၉၄ ခုႏွစ္၊ ဧျပီလ ၅ ရက္တြင္ ဆီယက္တဲလ္ျမိဳ႕၌ မိမိကိုယ္ကို အဆံုးစီရင္သြားခဲ့သည္။

Rolling Stone မဂၢဇင္းၾကီး၏ သမိုင္းတစ္ေလွ်ာက္ အၾကီးျမတ္ဆံုး ေတးေရး ၁၀၀ ဦး၊ အၾကီးျမတ္ဆံုး ဂစ္တာသမား ၁၀၀ ဦးႏွင့္ အၾကီးျမတ္ဆံုး အဆိုေတာ္ ၁၀၀ ဦး စာရင္းမ်ားတြင္ ကတ္ကိုဘိန္းကို ထည့္သြင္းေဖာ္ျပခဲ့သည္။

grunge rock ဂီတ၏ ဖခင္ၾကီး ကတ္ကိုဘိန္း၏ သမီးသည္ ေဟာလိဝုဒ္ေဟးလ္မွ သီးျခားေနရာေလးျဖစ္ေသာ Hollywood Knolls တြင္ ၁၉၂၆ ခုႏွစ္ခန္႔က ေဆာက္လုပ္ခဲ့သည့္ စပိန္ဗိသုကာဟန္စံအိမ္ကို ကန္ေဒၚလာ ၁ ဒသမ ၉၉၆ သန္းျဖင့္ ဝယ္ယူထားခဲ့သည္မွာ ၂ ႏွစ္ပင္ မျပည့္ေသးေခ်။

ယင္းေနာက္ပိုင္း သူမသည္ စကိတ္စီးသမားတစ္ဦးျဖစ္သူ Riley Hawk ႏွင့္ ျငိစြန္းခဲ့၏။ Riley မွာ သူ႔နယ္ပယ္တြင္ အေက်ာ္ေဒးယ်တစ္ဦးျဖစ္၏။

လက္ရွိအခ်ိန္တြင္ ဖရန္ဆက္စ္ ကိုဘိန္းက ေဟာလိဝုဒ္ေဟးလ္ေနအိမ္ကို မလိုခ်င္ေတာ့ေခ်။ ျပီးခဲ့ေသာႏွစ္အတြင္း ကန္ေဒၚလာ ၂ ဒသမ ၅ သန္းေအာက္ျဖင့္ ပထမဆံုး အေရာင္းတင္ခဲ့ေသးသည္။ ေရာင္းထြက္သြားသည္မွာ ၂ ဒသမ ၂၉ သန္းျဖင့္ျဖစ္ရာ ဖရန္ဆက္စ္အတြက္ ခပ္ပါးပါး ျမတ္စြန္းခဲ့သည္။

ျခံအက်ယ္မွာ ၁ ဧက၏ ၃ ပံု ၁ ပံုနီးပါးရွိျပီး ကား ၂ စင္းဆန္႔ ကားဂိုေဒါင္၊ ပင္မစံအိမ္တြင္ အိပ္ခန္း ၃ ခန္းႏွင့္ ေရခ်ဳိးခန္း ၂ ခန္း၊ သီးသန္႔ဝင္ေပါက္ပါေသာ ၃ ထပ္ဧည့္ေဂဟာအိမ္တြင္ အိပ္ခန္း၊ ေရခ်ဳိးခန္း၊ ေလဝင္ေလထြက္ေကာင္းေသာ ဧည့္ခန္း၊ ပစၥည္းအစံုအလင္ထည့္သြင္းထားေသာ မီးဖိုေဆာင္ႏွင့္ သီးသန္႔ နားေနေဆာင္တို႔ ပါဝင္သည္။

ဧည့္ေဂဟာအိမ္မွ မီးဖိုေဆာင္၏ ညစ္ေထးေနေသာ ၾကမ္းခင္းေၾကြျပားမ်ားကို စိမ္းျပာေရာင္ ဆဌဂံေၾကြျပားမ်ားႏွင့္ အစားထိုးလဲလွယ္ျခင္းမွလြဲျပီး ဖရန္ဆက္စ္ကိုဘိန္းသည္ ယခုစံအိမ္ၾကီးကို အတြင္းပိုင္း ျပဳျပင္ေျပာင္းလဲမႈ မ်ားစြာျပဳလုပ္မထားေခ်။

အေရာင္းေစ်းကြက္တင္ေပးသည္မွာ Compass အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ ေလာ္ရာ ေကျဖစ္ျပီး ဝယ္လက္ဘက္မွ ကိုယ္စားျပဳသည္မွာ Compass မွပင္ျဖစ္ေသာ အက်ဳိးေဆာင္ ေတာ့ဒ္ ဟန္းရစ္ခ္ျဖစ္သည္။

ဖရန္ဆက္စ္ ကိုဘိန္းသည္ ဖခင္၏ အမည္နာမႏွင့္ ပံုရိပ္မ်ားဆိုင္ရာ မူပိုင္ခြင့္မ်ားရရွိထားျပီး လစဥ္ ကန္ေဒၚလာ ၁၀၀၀၀၀ ေက်ာ္ ဝင္ေငြရွိသည္။

ဖရန္ဆက္စ္ ကိုဘိန္းသည္ ယခင္က ေဟာလိဝုဒ္၏ အေပၚဘက္ ကပ္လ်က္တည္ရွိေသာ စပိန္ဗိသုကာဟန္ စံအိမ္ကို ၂၀၁၁ ခုႏွစ္တြင္ ကန္ေဒၚလာ ၁ ဒသမ ၈၂၅ သန္းျဖင့္ ဝယ္ယူပိုင္ဆိုင္ခဲ့သည္။ဖခင္ထံမွ အေမြရျပီးေနာက္ တစ္ႏွစ္အၾကာ ၂၀၁၈ ခုႏွစ္တြင္ အဆိုပါစံအိမ္ကို ကန္ေဒၚလာ ၂ ဒသမ ၃၃၁ သန္းျဖင့္ ေရာင္းခ်ခဲ့သည္။

ေရာင္းခ်သူ- ဖရန္ဆက္စ္ ဘင္း ကိုဘိန္း

တည္ေနရာ- ေဟာလိဝုဒ္ေဟးစ္၊ ေလာ့စ္အိန္ဂ်လိ၊ ကယ္လီဖိုးနီးယား

ေစ်းႏႈန္း- ကန္ေဒၚလာ ၂ ဒသမ ၂၉ သန္း

ေဆာက္လုပ္သည့္ခုႏွစ္-၁၉၂၆

အေသးစိတ္- ၂၉၀၈ စတုရန္းေပ၊ အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၃ ခန္း

ျခံအက်ယ္- ဒသမ ၂၉ ဧက

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Frances Bean Cobain Flips Vintage Hollywood Hills Home at Small Profit (dirt)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service