အိမ်မှာရှိတဲ့ ရှား‌စောင်းလက်ပတ်ပင်တွေက ရရှိနိုင်တဲ့ ဆန်းဆန်းပြားပြား အကျိုးကျေးဇူးများ

အိမ်မှာရှိတဲ့ ရှား‌စောင်းလက်ပတ်ပင်တွေက ရရှိနိုင်တဲ့ ဆန်းဆန်းပြားပြား အကျိုးကျေးဇူးများ - Property Knowledge in Myanmar from iMyanmarHouse.com
11 Jun 2021 11:53 am တွင် တင်ခဲ့သည်
8388 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ရှားစောင်းလက်ပတ်အပင်ဆိုတာ ခြံနဲ့မြေအကျယ်ကြီးရှိမှ၊ သေသေချာချာမြေသြဇာတွေနဲ့ စိုက်မှ၊ အမြဲတမ်းပြုစုယုယမှ ရှင်သန်ကြီးထွားလာကြတာမဟုတ်ပါဘူး။ မြေအိုးလေးထဲ သူ့ရဲ့အကိုင်းလေးတစ်ကိုင်ကို စိုက်မယ် တစ်နေ့ ၂ ခါလောက် အနည်းဆုံးရေလောင်းပေးရုံနဲ့တင်ကို ရှင်သန်ကြီးထွားလာနိုင်တာမလို့ စိုက်ရလွယ်တဲ့အပင်တွေထဲ ထိပ်ဆုံးစာရင်းမှာ ပါဝင်လို့နေပါတယ်။

လက်ရှိအချိန်မှာလည်း နေအိမ်တော်တေ်ာများများမှာ ရှားစောင်းလက်ပတ်ပင်လေးတွေ စိုက်လာကြတာ တွေ့မိတဲ့ အတွက် အိမ်မှာ ရှားစောင်းလက်ပတ်စိုက်ထားရုံနဲ့ အသုံးပြုတဲ့အခါ ရနိုင်တဲ့ ဆန်းဆန်းပြားပြား အကျိုးကျေးဇူးတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

အိမ်အတွက် အသုံးဝင်ပုံ

(၁) ရှားစောင်းလက်ပတ်အပင်လေးတွေဟာ အပူချိန်ကို တခြားအပင်တွေထက်ပိုစုတ်ယူနိုင်ပါတယ်တဲ့။ ဒါကြောင့် အခုလို ရာသီဥတုပူတဲ့အခါမျိုးကျရင် အိမ်ပတ်ပတ်လည်မှာ ရှားစောင်းလက်ပတ်အပင်လေးတွေကို အိုးခွဲစိုက်ပေးခြင်းအားဖြင့် အိမ်ထဲအပူချိန်သက်သာလာနိုင်ပါတယ်။

(၂) ၂၀၁၄ ခုနှစ်ရဲ့ Cambridge University Press ဆောင်းပါးအရ သုတေသီတွေဟာ ခရမ်းချဉ်သီးကို ရှားစောင်းလက်ပတ်အနှစ်တွေသုတ်လိမ်းပြီး ရက်တန်ကြာထားခဲ့ပါတယ်တဲ့။ ဒါပေမဲ့ ခရမ်းချဉ်သီးဟာ ပုတ်ရမယ့်အချိန်ရောက်တာတောင် မပုတ်သွားဘဲ လတ်လတ်ဆတ်ဆတ်ရှိနေတာကို တွေ့ခဲ့ရတယ်။ ဒါကြောင့် မီးဖိုချောင်အတွက်လည်း ရှားစောင်းလက်ပတ်ဟာ အလွန်အသုံးဝင်တယ်ဆိုတာ သိသွားခဲ့ပါတယ်။

ကျန်းမာရေးအတွက်ကောင်းကျိုးများ

 

(၁) အပူလောင်တဲ့အခါမျိုးမှာ ရှားစောင်းလက်ပတ်ရဲ့အနှစ်ကို တစ်နေ့သုံးကြိမ်လိမ်းပေးရင် သဘာဝအတိုင်း မြန်မမြန်ဆန်ဆန်နဲ့ အနာကျက်နိုင်ပါတယ်။

(၂) ဒီအပြင်နေလောင်လို့ဖြစ်တဲ့ နေလောင်ကွက်တွေကိုလည်း ပျောက်ကင်းသက်သာစေပါတယ်။

(၃) Evidence-Based Complementary နဲ့ Alternative Medicine တို့ရဲ့လေ့လာမှုတစ်ခုအရ ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ aloe emodin ဆိုတာဟာ ရင်သားကင်ဆာဖြစ်တဲ့ရာခိုင်နှုန်းကို လျော့ကျစေပါတယ်တဲ့။

(၄) နောက်ထပ်တွေ့ရှိချက်တစ်ခုကတော့ နိုက်ဂျီးရီယားမှ သုတေသီတွေရှာတွေ့ခဲ့တဲ့ အချက်တစ်ချက်ပါ။ ရှားစောင်းလက်ပတ်ပင်တွေဟာ သဘာဝကပေးတဲ့ အရိုးတွေသန်မာကြံ့ခိုင်ဖို့ အားဆေးပါပဲတဲ့။ Health Line မှ ကိုးကားဖော်ပြပေးထားတာပါ။

(၅) သွေးတွင်းသကြားဓာတ်ကိုလည်း ရှော့ချပေးတယ်ဆိုပြီး Phytomedicine: International Journal of Phytotherapy and Phytopharmacy ဆောင်းပါးမှာ ဖော်ပြထားပါသေးတယ်။

(၆) ဒီအပြင် အီသီယိုးပီးယားမှ သုတေသီများကတော့ ရှားစောင်းလက်ပတ်ဟာ သဘာဝကပေးတဲ့ ပါးစပ်ဆေးရည် (ပလုတ်ကျင်းဆေး)ပါပဲတဲ့။ အပင်မှာပါတဲ့ vitamin C တွေကြောင့် သွားဖုံးတွေယောင်ယမ်းပြီး သွေးယိုတာတွေကို သက်သာစေတာပါ။

(၇) ပြတ်ရှရာသေးသေးလေးတွေအတွက်ဆိုရင်လည်း ရှားစောင်းလက်ပတ်အနှစ်ကို အုံထားလိုက်ရင် ပျောက်ကင်းသက်သာစေတယ်လို့ Hindawi BioMed Research International ဆောင်းပါးမှာ ဖော်ပြထားပါသေးတယ်။

အသားအရေအတွက် ကောင်းကျိုးများ

(၁) ရာသီဥတုကြောင့်ပဲဖြစ်ဖြစ် ရေဓာတ်နည်းလို့ပဲဖြစ်ဖြစ် အသားခြောက်ခြင်းအမျိုးမျိုးကိုလည်း ရှားစောင်းလက်ပတ်အနှစ်လိမ်းအုံခြင်းဖြင့် ကုသနိုင်ပါတယ်။

(၂) ရှားစောင်းလက်ပတ်မှာ ယောင်ယမ်းမှုတွေကိုလျော့ကျစေပြီး ပိုးသတ်ပေးတဲ့ အာနိသင်ပါဝင်တဲ့အတွက်ကြောင့် ဝက်ခြံတွေယောင်ယမ်းနေရင်၊ နီရဲနေရင်လည်း အနှစ်လေးကိုတို့၊ အုံထားနိုင်ပါတယ်။ တစ်နေ့ သုံးခါလောက်ပြုလုပ်ပေးပါ။

(၃) ထိလွယ်ရှလွယ်တဲ့အသားအရေပိုင်ရှင်များ (sensitive skin) အတွက် ရှားစောင်းလက်ပတ်ဟာ သဘာဝ makeup remover အဖြစ် ရှိနေပါတယ်။

(၄) ဒီအပြင် ရှားစောင်းလက်ပတ်အနှစ်ထူထူဟာ ခြေသလုံးမွှေးလို အမွှေးတွေရိတ်တဲ့အခါ shaving cream အနေနဲ့ အသုံးပြုနိုင်ပါတယ်။

(၅) ဖနေင့်ကွဲခြင်းတွေကိုလည်း ရှားစောင်းလက်ပတ်က အထိရောက်ဆံး ကူညီပေးနိုင်ပါတယ်။ အနှစ်ခပ်ထူထူသုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။

(၆) ချွေးပေါက်တွေကိုသန့်စင်ပေးတဲ့ skin exfoliator အနေနဲ့လည်း သုံးနိုင်ပါတယ်။

(၇) သဘာဝမျက်နှာပေါင်းတင်နိုင်တဲ့အရာလည်း ဖြစ်တယ်။

 
Amara News and Media Sharing မှ တဆင့်ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

Credit: Amara News and Media Sharing

 

[Zawgyi]

အိမ္မွာရွိိတဲ့ ရွား‌ေစာင္းလက္ပတ္ပင္ေတြက ရရွိႏိုင္တဲ့ ဆန္းဆန္းျပားျပား အက်ိဳးေက်းဇူးမ်ား

ရွားေစာင္းလက္ပတ္အပင္ဆိုတာ ျခံနဲ႔ေျမအက်ယ္ႀကီးရွိမွ၊ ေသေသခ်ာခ်ာေျမၾသဇာေတြနဲ႔ စိုက္မွ၊ အျမဲတမ္းျပဳစုယုယမွ ရွင္သန္ႀကီးထြားလာၾကတာမဟုတ္ပါဘူး။ ေျမအိုးေလးထဲ သူ႕ရဲ႕အကိုင္းေလးတစ္ကိုင္ကို စိုက္မယ္ တစ္ေန႔ ၂ ခါေလာက္ အနည္းဆံုးေရေလာင္းေပးရံုနဲ႔တင္ကို ရွင္သန္ႀကီးထြားလာႏိုင္တာမလို႔ စိုက္ရလြယ္တဲ့အပင္ေတြထဲ ထိပ္ဆံုးစာရင္းမွာ ပါဝင္လို႔ေနပါတယ္။

လက္ရွိအခ်ိန္မွာလည္း ေနအိမ္ေတာ္ေတ္ာမ်ားမ်ားမွာ ရွားေစာင္းလက္ပတ္ပင္ေလးေတြ စိုက္လာၾကတာ ေတြ႕မိတဲ့ အတြက္ အိမ္မွာ ရွားေစာင္းလက္ပတ္စိုက္ထားရံုနဲ႔ အသံုးျပဳတဲ့အခါ ရႏုိင္တဲ့ ဆန္းဆန္းျပားျပား အက်ိဳးေက်းဇူးေတြအေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္။

အိမ္အတြက္ အသံုးဝင္ပံု

(၁) ရွားေစာင္းလက္ပတ္အပင္ေလးေတြဟာ အပူခ်ိန္ကို တျခားအပင္ေတြထက္ပိုစုတ္ယူနုိင္ပါတယ္တဲ့။ ဒါေၾကာင့္ အခုလို ရာသီဥတုပူတဲ့အခါမ်ိဳးက်ရင္ အိမ္ပတ္ပတ္လည္မွာ ရွားေစာင္းလက္ပတ္အပင္ေလးေတြကို အိုးခြဲစိုက္ေပးျခင္းအားျဖင့္ အိမ္ထဲအပူခ်ိန္သက္သာလာႏုိင္ပါတယ္။

(၂) ၂၀၁၄ ခုႏွစ္ရဲ႕ Cambridge University Press ေဆာင္းပါးအရ သုေတသီေတြဟာ ခရမ္းခ်ဥ္သီးကို ရွားေစာင္းလက္ပတ္အႏွစ္ေတြသုတ္လိမ္းၿပီး ရက္တန္ၾကာထားခဲ့ပါတယ္တဲ့။ ဒါေပမဲ့ ခရမ္းခ်ဥ္သီးဟာ ပုတ္ရမယ့္အခ်ိန္ေရာက္တာေတာင္ မပုတ္သြားဘဲ လတ္လတ္ဆတ္ဆတ္ရွိေနတာကို ေတြ႕ခဲ့ရတယ္။ ဒါေၾကာင့္ မီးဖိုေခ်ာင္အတြက္လည္း ရွားေစာင္းလက္ပတ္ဟာ အလြန္အသံုးဝင္တယ္ဆိုတာ သိသြားခဲ့ပါတယ္။

က်န္းမာေရးအတြက္ေကာင္းက်ိဳးမ်ား

(၁) အပူေလာင္တဲ့အခါမ်ိဳးမွာ ရွားေစာင္းလက္ပတ္ရဲ႕အႏွစ္ကို တစ္ေန႔သံုးႀကိမ္လိမ္းေပးရင္ သဘာဝအတုိင္း ျမန္မျမန္ဆန္ဆန္နဲ႔ အနာက်က္ႏုိင္ပါတယ္။

(၂) ဒီအျပင္ေနေလာင္လို႔ျဖစ္တဲ့ ေနေလာင္ကြက္ေတြကိုလည္း ေပ်ာက္ကင္းသက္သာေစပါတယ္။

(၃) Evidence-Based Complementary နဲ႔ Alternative Medicine တို႔ရဲ႕ေလ့လာမႈတစ္ခုအရ ရွားေစာင္းလက္ပတ္မွာပါဝင္တဲ့ aloe emodin ဆိုတာဟာ ရင္သားကင္ဆာျဖစ္တဲ့ရာခိုင္ႏႈန္းကို ေလ်ာ့က်ေစပါတယ္တဲ့။

(၄) ေနာက္ထပ္ေတြ႕ရွိခ်က္တစ္ခုကေတာ့ ႏိုက္ဂ်ီးရီယားမွ သုေတသီေတြရွာေတြ႕ခဲ့တဲ့ အခ်က္တစ္ခ်က္ပါ။ ရွားေစာင္းလက္ပတ္ပင္ေတြဟာ သဘာဝကေပးတဲ့ အရိုးေတြသန္မာၾကံ႕ခုိင္ဖို႔ အားေဆးပါပဲတဲ့။ Health Line မွ ကိုးကားေဖာ္ျပေပးထားတာပါ။

(၅) ေသြးတြင္းသၾကားဓာတ္ကိုလည္း ေရွာ့ခ်ေပးတယ္ဆိုၿပီး Phytomedicine: International Journal of Phytotherapy and Phytopharmacy ေဆာင္းပါးမွာ ေဖာ္ျပထားပါေသးတယ္။

(၆) ဒီအျပင္ အီသီယိုးပီးယားမွ သုေတသီမ်ားကေတာ့ ရွားေစာင္းလက္ပတ္ဟာ သဘာဝကေပးတဲ့ ပါးစပ္ေဆးရည္ (ပလုတ္က်င္းေဆး)ပါပဲတဲ့။ အပင္မွာပါတဲ့ vitamin C ေတြေၾကာင့္ သြားဖံုးေတြေယာင္ယမ္းၿပီး ေသြးယိုတာေတြကို သက္သာေစတာပါ။

(၇) ျပတ္ရွရာေသးေသးေလးေတြအတြက္ဆိုရင္လည္း ရွားေစာင္းလက္ပတ္အႏွစ္ကို အံုထားလိုက္ရင္ ေပ်ာက္ကင္းသက္သာေစတယ္လို႔ Hindawi BioMed Research International ေဆာင္းပါးမွာ ေဖာ္ျပထားပါေသးတယ္။

အသားအေရအတြက္ ေကာင္းက်ိဳးမ်ား

(၁) ရာသီဥတုေၾကာင့္ပဲျဖစ္ျဖစ္ ေရဓာတ္နည္းလို႔ပဲျဖစ္ျဖစ္ အသားေျခာက္ျခင္းအမ်ိဳးမ်ိဳးကိုလည္း ရွားေစာင္းလက္ပတ္အႏွစ္လိမ္းအံုျခင္းျဖင့္ ကုသႏုိင္ပါတယ္။

(၂) ရွားေစာင္းလက္ပတ္မွာ ေယာင္ယမ္းမႈေတြကိုေလ်ာ့က်ေစၿပီး ပိုးသတ္ေပးတဲ့ အာနိသင္ပါဝင္တဲ့အတြက္ေၾကာင့္ ဝက္ျခံေတြေယာင္ယမ္းေနရင္၊ နီရဲေနရင္လည္း အႏွစ္ေလးကိုတို႔၊ အံုထားႏုိင္ပါတယ္။ တစ္ေန႔ သံုးခါေလာက္ျပဳလုပ္ေပးပါ။

(၃) ထိလြယ္ရွလြယ္တဲ့အသားအေရပိုင္ရွင္မ်ား (sensitive skin) အတြက္ ရွားေစာင္းလက္ပတ္ဟာ သဘာဝ makeup remover အျဖစ္ ရွိေနပါတယ္။

(၄) ဒီအျပင္ ရွားေစာင္းလက္ပတ္အႏွစ္ထူထူဟာ ေျခသလံုးေမႊးလို အေမႊးေတြရိတ္တဲ့အခါ shaving cream အေနနဲ႔ အသံုးျပဳႏုိင္ပါတယ္။

(၅) ဖေနင့္ကြဲျခင္းေတြကိုလည္း ရွားေစာင္းလက္ပတ္က အထိေရာက္ဆံး ကူညီေပးႏုိင္ပါတယ္။ အႏွစ္ခပ္ထူထူသုတ္လိမ္းၿပီး ႏွိပ္နယ္ေပးပါ။

(၆) ေခၽြးေပါက္ေတြကိုသန္႔စင္ေပးတဲ့ skin exfoliator အေနနဲ႔လည္း သံုးႏုိင္ပါတယ္။

(၇) သဘာဝမ်က္ႏွာေပါင္းတင္ႏုိင္တဲ့အရာလည္း ျဖစ္တယ္။

Amara News and Media Sharing မွ တဆင့္ျပန္လည္ေဖာ္ျပျခင္းျဖစ္ပါသည္။

Credit: Amara News and Media Sharing

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service