ကေမၻာဒီးယားတြင္ အိမ္ျခံေျမ developer တို႔က ေဒၚလာ ၅၀၀၀၀ (ျမန္မာေငြ သိန္း ၇၃၀ ဝန္းက်င္) ေအာက္သာ တန္ေၾကးရွိေသာ ကြန္ဒိုခန္းမ်ားျဖင့္ ျပည္တြင္း ဝယ္လက္မ်ားကို ပစ္မွတ္ထားလာ

ကေမၻာဒီးယားတြင္ အိမ္ျခံေျမ developer တို႔က ေဒၚလာ ၅၀၀၀၀ (ျမန္မာေငြ သိန္း ၇၃၀ ဝန္းက်င္) ေအာက္သာ တန္ေၾကးရွိေသာ ကြန္ဒိုခန္းမ်ားျဖင့္ ျပည္တြင္း ဝယ္လက္မ်ားကို ပစ္မွတ္ထားလာ - Property News in Myanmar from iMyanmarHouse.com
21 Jan 2020 12:52 pm တွင် တင်ခဲ့သည်
948 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကြန္ဒိုမီနီယံသည္ ကေမၻာဒီးယားႏိုင္ငံတြင္ အေက်ာ္ၾကားဆံုး အိမ္ျခံေျမအမ်ဳိးအစားျဖစ္သည္။

လြန္ခဲ့ေသာ ဆယ္စုႏွစ္က ကေမၻာဒီးယား၏ ျမိဳ ႔ေတာ္တြင္ ကြန္ဒိုစီမံကိန္း အနည္းငယ္သာရွိခဲ့သည္။

အဆိုပါကြန္ဒိုမ်ားမွ အမ်ားစုသည္လည္း ႏိုင္ငံျခားမွ လာေရာက္အေျခခ်သူမ်ားအတြက္လိုလိုသာ ျဖစ္ေနခဲ့သည္။

ယင္းအေျခအေနမ်ား ေက်ာ္လြန္အျပီး ဆယ္စုႏွစ္တစ္ခုအၾကာ ယေန႔တြင္ကား လမ္းေၾကာင္းသစ္တစ္ခု ေပၚထြက္လာေနျပီး လူလတ္တန္းစားမ်ားအၾကား ကြန္ဒိုခန္းဝယ္လိုအားမွာ အရွိန္ဟုန္ျဖင့္ ျမင့္တက္လာေနသည္။

Seven Residence Co,Ltd မွ အေရာင္းႏွင့္ ေစ်းကြက္ဒါရိုက္တာ Ouk Chandaravuth က ေျပာၾကားရာတြင္လည္း ကေမၻာဒီးယား ႏိုင္ငံသားတို႔အၾကား ကြန္ဒိုခန္း ပိုင္ဆိုင္လိုမႈ ျမင့္တက္လာေနေၾကာင္း ေျပာၾကားသည္။

ထိုသို႔ ျမင့္တက္လာမႈေၾကာင့္ပင္ The Seven Residence ကြန္ဒိုမီနီယံကို ေဆာက္လုပ္ခဲ့သည္။

အဆိုပါ စီမံကိန္းမွာ ဆန္ေဆာ့ခ္ခရိုင္တြင္ တည္ရွိျပီး တန္ဖုိးသင့္ကြန္ဒိုစီမံကိန္းတစ္ခု ျဖစ္သည္။

“ကေမၻာဒီးယားျပည္သူေတြဟာ ကြန္ဒိုခန္းေတြ ဝယ္ယူမႈ ပိုမိုမ်ားျပားလာေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျမိဳ ႔ေတာ္အတြင္းမွာ တည္ရွိတဲ့ ယခင္က အဆင့္ျမင့္ကြန္ဒိုေတြနဲ႔ ႏႈိင္းယွဥ္ရင္ ေစ်းႏႈန္းသက္သာစြာနဲ႔ ဝယ္ယူရရွိလာႏိုင္တာေၾကာင့္ ျဖစ္ပါတယ္” ဟု Ouk Chandaravuth က ေျပာၾကားသည္။

Seven Residence ကြန္ဒိုမီနီယံကို ယခုႏွစ္ ဇန္နဝါရီလကတည္းက ၾကိဳပြိဳင့္ေရာင္းခ်မႈမ်ား စတင္ျပဳလုပ္ခဲ့ျပီး လက္ရွိတြင္ အခန္း ၃ ပံု ၁ ပံုခန္႔အထိ ေရာင္းခ်ထားရျပီးျဖစ္ေၾကာင္းလည္း ၎က ဆက္လက္ေျပာၾကားသည္။

“လာမယ့္ ၅ ႏွစ္အတြင္းမွာ ကေမၻာဒီးယားျပည္သူေတြဟာ လံုးခ်င္းအိမ္ေတြထက္ ကြန္ဒိုကို ပိုျပီး ဝယ္လာၾကပါလိမ့္မယ္။ လံုးခ်င္းအိမ္ေတြဟာ ေစ်းႏႈန္းအရမ္းျမင့္မားတဲ့အျပင္ ျမိဳ ႔လယ္နဲ႔လည္း အလွမ္းေဝးကြာပါတယ္။ ဒါေၾကာင့္ လူေတြဟာ ျမိဳ ႔လယ္နဲ႔ နီးျပီး ေစ်းႏႈန္းလည္း သက္သာတဲ့ ကြန္ဒိုခန္းေတြဘက္ကို အာရံုေျပာင္းလာေတာ့မွာ ျဖစ္ပါတယ္” ဟု Chandaravuth က ေဟာကိန္းထုတ္သည္။

Seven Residence ကြန္ဒိုမီနီယံသည္ ကေမၻာဒီးယားအိမ္ျခံေျမက႑၏ လားရာသစ္ကို ျပသေနသည္။

အိမ္ျခံေျမ developer တို႔သည္လည္း ျပည္တြင္းဝယ္လက္မ်ားဘက္သို႔ ပစ္မွတ္ေျပာင္းလဲလာသည္။

ထို႔ေၾကာင့္ ေဆာက္လုပ္မႈ ကုန္က်စရိတ္သက္သာေအာင္ ၾကိဳးပမ္းျခင္းႏွင့္ အခ်က္အျခာမဟုတ္ေသာ ေနရာ ေရြးခ်ယ္ျခင္းမ်ား ျပဳလုပ္လာသည္။

ကေမၻာဒီးယားတြင္ လက္ရွိအားျဖင့္ တန္ဖုိးသင့္ကြန္ဒိုေစ်းကြက္အတြင္း ပွ်မ္းမွ်ေပါက္ေစ်းမွာ ၁ စတုရန္းမီတာလွ်င္ ကန္ေဒၚလာ ၁၄၀၀ ဝန္းက်င္ (သို႔မဟုတ္)ကြန္ဒိုတစ္ခန္းလွ်င္ ကန္ေဒၚလာ ၅၀၀၀၀ (ျမန္မာေငြ သိန္း ၇၃၀ ခန္႔) ဝန္းက်င္သာရွိသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

### Unicode Version ###

ကွန်ဒိုမီနီယံသည် ကမ္ဘောဒီးယားနိုင်ငံတွင် အကျော်ကြားဆုံး အိမ်ခြံမြေအမျိုးအစားဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်က ကမ္ဘောဒီးယား၏ မြို့တော်တွင် ကွန်ဒိုစီမံကိန်း အနည်းငယ်သာရှိခဲ့သည်။

အဆိုပါကွန်ဒိုများမှ အများစုသည်လည်း နိုင်ငံခြားမှ လာရောက်အခြေချသူများအတွက်လိုလိုသာ ဖြစ်နေခဲ့သည်။

ယင်းအခြေအနေများ ကျော်လွန်အပြီး ဆယ်စုနှစ်တစ်ခုအကြာ ယနေ့တွင်ကား လမ်းကြောင်းသစ်တစ်ခု ပေါ်ထွက်လာနေပြီး လူလတ်တန်းစားများအကြား ကွန်ဒိုခန်းဝယ်လိုအားမှာ အရှိန်ဟုန်ဖြင့် မြင့်တက်လာနေသည်။

Seven Residence Co,Ltd မှ အရောင်းနှင့် ဈေးကွက်ဒါရိုက်တာ Ouk Chandaravuth က ပြောကြားရာတွင်လည်း ကမ္ဘောဒီးယား နိုင်ငံသားတို့အကြား ကွန်ဒိုခန်း ပိုင်ဆိုင်လိုမှု မြင့်တက်လာနေကြောင်း ပြောကြားသည်။

ထိုသို့ မြင့်တက်လာမှုကြောင့်ပင် The Seven Residence ကွန်ဒိုမီနီယံကို ဆောက်လုပ်ခဲ့သည်။

အဆိုပါ စီမံကိန်းမှာ ဆန်ဆော့ခ်ခရိုင်တွင် တည်ရှိပြီး တန်ဖိုးသင့်ကွန်ဒိုစီမံကိန်းတစ်ခု ဖြစ်သည်။

“ကမ္ဘောဒီးယားပြည်သူတွေဟာ ကွန်ဒိုခန်းတွေ ဝယ်ယူမှု ပိုမိုများပြားလာနေပါတယ်။ ဘာကြောင့်လဲဆိုတော့ မြို့တော်အတွင်းမှာ တည်ရှိတဲ့ ယခင်က အဆင့်မြင့်ကွန်ဒိုတွေနဲ့ နှိုင်းယှဉ်ရင် ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူရရှိလာနိုင်တာကြောင့် ဖြစ်ပါတယ်” ဟု Ouk Chandaravuth က ပြောကြားသည်။

Seven Residence ကွန်ဒိုမီနီယံကို ယခုနှစ် ဇန်နဝါရီလကတည်းက ကြိုပွိုင့်ရောင်းချမှုများ စတင်ပြုလုပ်ခဲ့ပြီး လက်ရှိတွင် အခန်း ၃ ပုံ ၁ ပုံခန့်အထိ ရောင်းချထားရပြီးဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“လာမယ့် ၅ နှစ်အတွင်းမှာ ကမ္ဘောဒီးယားပြည်သူတွေဟာ လုံးချင်းအိမ်တွေထက် ကွန်ဒိုကို ပိုပြီး ဝယ်လာကြပါလိမ့်မယ်။ လုံးချင်းအိမ်တွေဟာ ဈေးနှုန်းအရမ်းမြင့်မားတဲ့အပြင် မြို့လယ်နဲ့လည်း အလှမ်းဝေးကွာပါတယ်။ ဒါကြောင့် လူတွေဟာ မြို့လယ်နဲ့ နီးပြီး ဈေးနှုန်းလည်း သက်သာတဲ့ ကွန်ဒိုခန်းတွေဘက်ကို အာရုံပြောင်းလာတော့မှာ ဖြစ်ပါတယ်” ဟု Chandaravuth က ဟောကိန်းထုတ်သည်။

Seven Residence ကွန်ဒိုမီနီယံသည် ကမ္ဘောဒီးယားအိမ်ခြံမြေကဏ္ဍ၏ လားရာသစ်ကို ပြသနေသည်။

အိမ်ခြံမြေ developer တို့သည်လည်း ပြည်တွင်းဝယ်လက်များဘက်သို့ ပစ်မှတ်ပြောင်းလဲလာသည်။

ထို့ကြောင့် ဆောက်လုပ်မှု ကုန်ကျစရိတ်သက်သာအောင် ကြိုးပမ်းခြင်းနှင့် အချက်အခြာမဟုတ်သော နေရာ ရွေးချယ်ခြင်းများ ပြုလုပ်လာသည်။

ကမ္ဘောဒီးယားတွင် လက်ရှိအားဖြင့် တန်ဖိုးသင့်ကွန်ဒိုဈေးကွက်အတွင်း ပျှမ်းမျှပေါက်ဈေးမှာ ၁ စတုရန်းမီတာလျှင် ကန်ဒေါ်လာ ၁၄၀၀ ဝန်းကျင် (သို့မဟုတ်)ကွန်ဒိုတစ်ခန်းလျှင် ကန်ဒေါ်လာ ၅၀၀၀၀ (မြန်မာငွေ သိန်း ၇၃၀ ခန့်) ဝန်းကျင်သာရှိသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service