အေမရိကန္ျပည္တြင္ အိမ္ငွားခ ႏွစ္စဥ္ ေဒၚလာ ၃ ေသာင္းနီးပါးကုန္က်ေနေသာေၾကာင့္ ေနအိမ္ငယ္တစ္လံုးေဆာက္လုပ္ျပီး အငွားခ်ထားကာ ေႏြႏွင့္ ေဆာင္းကာလမ်ားတြင္ ကမၻာပတ္ေနေသာ ဇနီးေမာင္ႏွံ

အေမရိကန္ျပည္တြင္ အိမ္ငွားခ ႏွစ္စဥ္ ေဒၚလာ ၃ ေသာင္းနီးပါးကုန္က်ေနေသာေၾကာင့္ ေနအိမ္ငယ္တစ္လံုးေဆာက္လုပ္ျပီး အငွားခ်ထားကာ ေႏြႏွင့္ ေဆာင္းကာလမ်ားတြင္ ကမၻာပတ္ေနေသာ ဇနီးေမာင္ႏွံ - Property News in Myanmar from iMyanmarHouse.com
17 Jan 2020 12:06 pm တွင် တင်ခဲ့သည်
4042 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္ျပည္ေထာင္စု၊ အေနာက္ေျမာက္ပိုင္း ဆန္တာခရု ခရိုင္တြင္ ဘိုးလ္ဒါး ခရိခ္ဟုေခၚေသာ ေဒသကေလးတစ္ခုရွိျပီး ၂၀၁၀ ျပည့္ႏွစ္ သန္းေခါင္စာရင္းအရ လူဦးေရ ၄၉၂၃ ဦးသာရွိသည္။

အဆိုပါေဒသရွိ မိသားစုတစ္စုသည္ အိမ္ငွားခ ႏွစ္စဥ္ ကန္ေဒၚလာ သံုးေသာင္းနီးပါး (ကန္ေဒၚလာ ၂၉၈၈၄- ျမန္မာေငြ သိန္း ၄၄၀ ေက်ာ္) ခန္႔ ကုန္က်လ်က္ရွိေနသျဖင့္ ကိုယ္ပိုင္ေနအိမ္ငယ္တစ္လံုးေဆာက္လုပ္ရန္ ဆံုးျဖတ္ခဲ့ၾကသည္။

အိမ္ကေလးေဆာက္လုပ္ျပီးစီးေသာအခါ ၎တို႔ဇနီးေမာင္ႏွံက အဆိုပါေနအိမ္ကို ကမၻာလွည့္ခရီးသည္မ်ားထံ အငွားခ်ထားကာ ရရွိလာေသာေငြမ်ားျဖင့္ ကမၻာပတ္ခရီးထြက္လ်က္ရွိသည္။

ဘယ္လာ ဖစ္ရွ္ဘန္း (အသက္ ၃၄ ႏွစ္) ႏွင့္ စပန္ဆာ ရိုက္ (အသက္ ၃၂ ႏွစ္) တို႔ ဇနီးေမာင္ႏွံတြင္ အက္စ္ခ်ာ ကာမာလိုဗာအမည္ရွိ အသက္ ၃ ႏွစ္အရြယ္ သမီးငယ္ကေလးလည္း ရွိသည္။

လြန္ခဲ့ေသာ ၄ ႏွစ္ခန္႔က စပန္ဆာသည္ အခ်ိန္ျပည့္ အလုပ္တစ္ခုကို လုပ္ကိုင္ခဲ့သူျဖစ္ျပီး ဘယ္လာမွာ ရံုးတစ္ရံုးတြင္ တစ္ပတ္လွ်င္ ၄ ရက္အလုပ္လုပ္ခဲ့သည္။

၎တို႔သည္ ပင္ပန္းစြာအလုပ္လုပ္ျပီး ရလာသည့္ေငြ အမ်ားစုကို အိမ္ငွားခအတြက္ အသံုးျပဳေနရျခင္းအေပၚ စိတ္ကုန္လာသည္။

သို႔ႏွင့္ ဘယ္လာႏွင့္ စပန္ဆာတို႔က အေျပာင္းအလဲတစ္ခုလုပ္ရန္ ဆံုးျဖတ္ခဲ့၏။ မည္သူမဆို မိမိတို႔ လုပ္ေဆာင္သလိုမ်ဳိး လုပ္ေဆာင္ႏိုင္ၾကေၾကာင္းလည္း ၎တို႔ ဇနီးေမာင္ႏွံက ေျပာၾကားသည္။

စပန္ဆာတို႔သည္ ကန္ေဒၚလာ ၁၃၀၀၀၀ ခန္႔ အကုန္အက်ခံကာ ေနအိမ္ငယ္ေလးတစ္လံုး ေဆာက္လုပ္လုိက္ျပီး ေနအိမ္အမည္ကို သမီးငယ္၏ အမည္အတိုင္း အက္စ္ခ်ာဟု အမည္ေပးခဲ့သည္။

ေနအိမ္မွာ အရြယ္အစားေသးငယ္ေသာ္လည္း အလြန္စတိုင္က်လွေသာ ေနအိမ္ကေလးျဖစ္သည္။

ယခုအခါ စပန္ဆာတို႔က ေနအိမ္ကေလးကို အငွားခ်ထားကာ ရရွိလာေသာေငြမ်ားျဖင့္ ကမၻာပတ္လ်က္ရွိသည္။

ဘယ္လာသည္ စတန္းဖို႔ဒ္တကၠသိုလ္မွ အေမရိကန္ ေဆးဝါးႏွင့္ဇီဝသုေတသနက်င့္ဝတ္ဂ်ာနယ္ (The American Journal of Bioethics) ၏ အမႈေဆာင္အယ္ဒီတာျဖစ္၏။ ဘယ္လာက ေျပာၾကားရာတြင္ “ကၽြန္မတို႔ဟာ အျခားသူေတြနဲ႔ ဘာမွ မထူးျခားတဲ့သူေတြပါ။ ငယ္ရြယ္သူမိသားစုတစ္စုျဖစ္ျပီး က်န္းမာေရး၊ လြတ္လပ္မႈနဲ႔ အခြင့္အလမ္းေတြအေပၚ စိတ္ဝင္စားသူေတြ ျဖစ္ၾကပါတယ္” ဟု ဆုိသည္။

“ စည္းလံုးတဲ့မိသားစုေလးျဖစ္ျပီး မိသားစုအလုပ္ကေလးေတြ အေပၚ ေလ့လာစရာ ၊အနာဂတ္တိုးတက္ၾကီးပြားဖို႔ ေပးစြမ္းတဲ့အရာေတြအျဖစ္ ႏွစ္သက္တတ္သူေတြပါ” စပန္ဆာက အိမ္တြင္ေနကာ မိသားစုကို ထိန္းသိမ္းေစာင့္ေရွာက္မႈေပးျပီး ေႏြႏွင့္ ေဆာင္းကာလမ်ားတြင္ ခရီးမ်ား ထြက္ခြာၾကသည္။

“ ဘယ္လာအတြက္ အလုပ္ေတြကို အေဝးကေန လုပ္တတ္တဲ့ စြမ္းရည္ကို ကၽြန္ေတာ္တို႔ တျဖည္းျဖည္းခ်င္း ျမွင့္တင္ခဲ့ပါတယ္။ အခုခ်ိန္မွာ သူဟာလံုးဝကို အေဝးကေန လုပ္ေဆာင္ေနႏိုင္ပါျပီ” ဟု စပန္ဆာက ေျပာၾကားသည္။ ကၽြန္ေတာ္က အိမ္မွာေနျပီး မိသားစုအလုပ္ေတြကိုလုပ္ဖို႔၊ ဒီလိုနည္းနဲ႔ ဘယ္လာရဲ႕ အလုပ္အမ်ားစုကိုလည္း ျပီးစီးႏိုင္ေစဖို႔ ကၽြန္ေတာ္တို႔ ဆံုးျဖတ္ခဲ့ပါတယ္။

ဆန္ဖရန္စစၥကို၊ Bay Area ရဲ႕ ေၾကာက္မက္ဖြယ္ အိမ္ျခံေျမေစ်းေတြကို ရင္ဆိုင္ႏိုင္ဖို႔အတြက္ ေနအိမ္ငယ္ေလးတစ္လံုး ကၽြန္ေတာ္တို႔ ေဆာက္လုပ္ခဲ့ၾကတယ္။

၎တို႔ မိသားစုသည္ ေနအိမ္ကေလး ေဆာက္လုပ္ျပီးစီးစက အခ်ိန္ျပည့္ေနထုိင္ခဲ့ၾကေသာ္လည္း ၈ လခန္႔ ၾကာျမင့္ေသာအခါ ကမၻာေက်ာ္ အိမ္ငွားဝက္ဘ္ဆိုက္ျဖစ္ေသာ Airbnb တြင္ တစ္ညလွ်င္ ၁၉၅ ေဒၚလာမွ ၃၅၀ အၾကား ေစ်းႏႈန္းသတ္မွတ္ကာ အငွားေစ်းကြက္တင္ခဲ့သည္။

အဆိုပါ အိမ္ကေလးတြင္ ငွားရမ္းေနထုိင္မည့္သူတို႔သည္ ဧက ၂၀ ခန္႔ က်ယ္ဝန္းေသာ သစ္ေတာေျမတြင္ လွည့္လည္ၾကည့္ရႈႏိုင္မည့္အျပင္ ခရီးေဝးလူသြားလမ္းမ်ား၊ ပရိေဘာဂမ်ား ထည့္သြင္းေပးထားေသာ ကင္းဘတ္ရြက္ဖ်င္တဲတစ္လံုး၊ အေျပာက်ယ္သည့္ ရႈခင္းမ်ားကို ေတြ႔ျမင္ႏိုင္မည့္ စတုရန္းေပ ၃၀၀ က်ယ္ဝန္းေသာ ေနရာတို႔ကိုလည္း အသံုးျပဳႏိုင္မည္ ျဖစ္သည္။

ယခုႏွစ္အတြင္း ထင္းရႈးသား ေရပူစိမ္ကန္တစ္ခုလည္း ထည့္သြင္းေပးသြားရန္ စီစဥ္ထားသည္။

ေနအိမ္ကို အငွားခ်ထားျခင္းေၾကာင့္ စပန္ဆာတုိ႔မိသားစုမွာ လြတ္လပ္စြာ ခရီးသြားခြင့္ရရွိသြားေစသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

### Unicode Version ###

အမေရိကန်ပြည်ထောင်စု၊ အနောက်မြောက်ပိုင်း ဆန်တာခရု ခရိုင်တွင် ဘိုးလ်ဒါး ခရိခ်ဟုခေါ်သော ဒေသကလေးတစ်ခုရှိပြီး ၂၀၁၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄၉၂၃ ဦးသာရှိသည်။

အဆိုပါဒေသရှိ မိသားစုတစ်စုသည် အိမ်ငှားခ နှစ်စဉ် ကန်ဒေါ်လာ သုံးသောင်းနီးပါး (ကန်ဒေါ်လာ ၂၉၈၈၄- မြန်မာငွေ သိန်း ၄၄၀ ကျော်) ခန့် ကုန်ကျလျက်ရှိနေသဖြင့် ကိုယ်ပိုင်နေအိမ်ငယ်တစ်လုံးဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

အိမ်ကလေးဆောက်လုပ်ပြီးစီးသောအခါ ၎င်းတို့ဇနီးမောင်နှံက အဆိုပါနေအိမ်ကို ကမ္ဘာလှည့်ခရီးသည်များထံ အငှားချထားကာ ရရှိလာသောငွေများဖြင့် ကမ္ဘာပတ်ခရီးထွက်လျက်ရှိသည်။

ဘယ်လာ ဖစ်ရှ်ဘန်း (အသက် ၃၄ နှစ်) နှင့် စပန်ဆာ ရိုက် (အသက် ၃၂ နှစ်) တို့ ဇနီးမောင်နှံတွင် အက်စ်ချာ ကာမာလိုဗာအမည်ရှိ အသက် ၃ နှစ်အရွယ် သမီးငယ်ကလေးလည်း ရှိသည်။

လွန်ခဲ့သော ၄ နှစ်ခန့်က စပန်ဆာသည် အချိန်ပြည့် အလုပ်တစ်ခုကို လုပ်ကိုင်ခဲ့သူဖြစ်ပြီး ဘယ်လာမှာ ရုံးတစ်ရုံးတွင် တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခဲ့သည်။

၎င်းတို့သည် ပင်ပန်းစွာအလုပ်လုပ်ပြီး ရလာသည့်ငွေ အများစုကို အိမ်ငှားခအတွက် အသုံးပြုနေရခြင်းအပေါ် စိတ်ကုန်လာသည်။

သို့နှင့် ဘယ်လာနှင့် စပန်ဆာတို့က အပြောင်းအလဲတစ်ခုလုပ်ရန် ဆုံးဖြတ်ခဲ့၏။ မည်သူမဆို မိမိတို့ လုပ်ဆောင်သလိုမျိုး လုပ်ဆောင်နိုင်ကြကြောင်းလည်း ၎င်းတို့ ဇနီးမောင်နှံက ပြောကြားသည်။

စပန်ဆာတို့သည် ကန်ဒေါ်လာ ၁၃၀၀၀၀ ခန့် အကုန်အကျခံကာ နေအိမ်ငယ်လေးတစ်လုံး ဆောက်လုပ်လိုက်ပြီး နေအိမ်အမည်ကို သမီးငယ်၏ အမည်အတိုင်း အက်စ်ချာဟု အမည်ပေးခဲ့သည်။

နေအိမ်မှာ အရွယ်အစားသေးငယ်သော်လည်း အလွန်စတိုင်ကျလှသော နေအိမ်ကလေးဖြစ်သည်။

ယခုအခါ စပန်ဆာတို့က နေအိမ်ကလေးကို အငှားချထားကာ ရရှိလာသောငွေများဖြင့် ကမ္ဘာပတ်လျက်ရှိသည်။

ဘယ်လာသည် စတန်းဖို့ဒ်တက္ကသိုလ်မှ အမေရိကန် ဆေးဝါးနှင့်ဇီဝသုတေသနကျင့်ဝတ်ဂျာနယ် (The American Journal of Bioethics) ၏ အမှုဆောင်အယ်ဒီတာဖြစ်၏။ ဘယ်လာက ပြောကြားရာတွင် “ကျွန်မတို့ဟာ အခြားသူတွေနဲ့ ဘာမှ မထူးခြားတဲ့သူတွေပါ။ ငယ်ရွယ်သူမိသားစုတစ်စုဖြစ်ပြီး ကျန်းမာရေး၊ လွတ်လပ်မှုနဲ့ အခွင့်အလမ်းတွေအပေါ် စိတ်ဝင်စားသူတွေ ဖြစ်ကြပါတယ်” ဟု ဆိုသည်။

“ စည်းလုံးတဲ့မိသားစုလေးဖြစ်ပြီး မိသားစုအလုပ်ကလေးတွေ အပေါ် လေ့လာစရာ ၊အနာဂတ်တိုးတက်ကြီးပွားဖို့ ပေးစွမ်းတဲ့အရာတွေအဖြစ် နှစ်သက်တတ်သူတွေပါ” စပန်ဆာက အိမ်တွင်နေကာ မိသားစုကို ထိန်းသိမ်းစောင့်ရှောက်မှုပေးပြီး နွေနှင့် ဆောင်းကာလများတွင် ခရီးများ ထွက်ခွာကြသည်။

“ ဘယ်လာအတွက် အလုပ်တွေကို အဝေးကနေ လုပ်တတ်တဲ့ စွမ်းရည်ကို ကျွန်တော်တို့ တဖြည်းဖြည်းချင်း မြှင့်တင်ခဲ့ပါတယ်။ အခုချိန်မှာ သူဟာလုံးဝကို အဝေးကနေ လုပ်ဆောင်နေနိုင်ပါပြီ” ဟု စပန်ဆာက ပြောကြားသည်။ ကျွန်တော်က အိမ်မှာနေပြီး မိသားစုအလုပ်တွေကိုလုပ်ဖို့၊ ဒီလိုနည်းနဲ့ ဘယ်လာရဲ့ အလုပ်အများစုကိုလည်း ပြီးစီးနိုင်စေဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဆန်ဖရန်စစ္စကို၊ Bay Area ရဲ့ ကြောက်မက်ဖွယ် အိမ်ခြံမြေဈေးတွေကို ရင်ဆိုင်နိုင်ဖို့အတွက် နေအိမ်ငယ်လေးတစ်လုံး ကျွန်တော်တို့ ဆောက်လုပ်ခဲ့ကြတယ်။

၎င်းတို့ မိသားစုသည် နေအိမ်ကလေး ဆောက်လုပ်ပြီးစီးစက အချိန်ပြည့်နေထိုင်ခဲ့ကြသော်လည်း ၈ လခန့် ကြာမြင့်သောအခါ ကမ္ဘာကျော် အိမ်ငှားဝက်ဘ်ဆိုက်ဖြစ်သော Airbnb တွင် တစ်ညလျှင် ၁၉၅ ဒေါ်လာမှ ၃၅၀ အကြား ဈေးနှုန်းသတ်မှတ်ကာ အငှားဈေးကွက်တင်ခဲ့သည်။

အဆိုပါ အိမ်ကလေးတွင် ငှားရမ်းနေထိုင်မည့်သူတို့သည် ဧက ၂၀ ခန့် ကျယ်ဝန်းသော သစ်တောမြေတွင် လှည့်လည်ကြည့်ရှုနိုင်မည့်အပြင် ခရီးဝေးလူသွားလမ်းများ၊ ပရိဘောဂများ ထည့်သွင်းပေးထားသော ကင်းဘတ်ရွက်ဖျင်တဲတစ်လုံး၊ အပြောကျယ်သည့် ရှုခင်းများကို တွေ့မြင်နိုင်မည့် စတုရန်းပေ ၃၀၀ ကျယ်ဝန်းသော နေရာတို့ကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။

ယခုနှစ်အတွင်း ထင်းရှုးသား ရေပူစိမ်ကန်တစ်ခုလည်း ထည့်သွင်းပေးသွားရန် စီစဉ်ထားသည်။

နေအိမ်ကို အငှားချထားခြင်းကြောင့် စပန်ဆာတို့မိသားစုမှာ လွတ်လပ်စွာ ခရီးသွားခွင့်ရရှိသွားစေသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service