အီတလီတွင် နေအိမ်များကို ၁ ဒေါ်လာဖြင့် ဝယ်ယူရရှိနိုင်ပြီ

အီတလီတွင် နေအိမ်များကို ၁ ဒေါ်လာဖြင့် ဝယ်ယူရရှိနိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
27 Sep 2018 11:38 am တွင် တင်ခဲ့သည်
20388 ကြိမ် ကြည့်ရှု့ပြီး

ပ်က္လံုးတစ္ခုမဟုတ္ပါ။ နောက်ပြောင်ခြင်းလည်း မဟုတ်ပါ။ အီတလီတွင် နေအိမ်များကို ၁ ဒေါ်လာဖြင့် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။

အီတလီသည် ဥရောပနိုင်ငံများအနက် အလွန်သာယာလှပသည့် နိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာ့ပြည်သူများ နေထိုင်လိုကြသည့် အိပ်မက်နိဗ္ဗာန်ဘုံတစ်ခုလည်း ဖြစ်သည်။

သို့ရာတွင် အီတလီသည် သွားလာလည်ပတ်ရန် အံ့အားသင့်ဖွယ်နေရာများ၊ အရသာရှိသည့်အစားအစာများ များစွာ မပေါများလှချေ။

သို့တိုင်အောင် အီတလီတွင် နေထိုင်ရေးအိပ်မက်သည် ဖြစ်တန်ရာချေမရှိသော အရာတစ်ခုသဖွယ်ဖြစ်နေပြီး ထီပေါက်မှသာလျှင် နေထိုင်နိုင်မည့်အရေးတစ်ခုလည်း ဖြစ်သည်။

ယခုအခါတွင်ကား အီတလီတွင် နေထိုင်လိုသူများအတွက် အလွန်ကောင်းမွန်သည့် အခွင့်အလမ်းကြီးတစ်ခု ပေါ်ပေါက်လာပြီ ဖြစ်သည်။

အီတလီနိုင်ငံ အနောက်တောင်ဘက် ကမ်းလွန်ပင်လယ်ပြင်အတွင်း ကျွန်းကြီးပေါ်ရှိ အော်လိုလိုင်းမြို့ကလေးတွင် နေအိမ်များကို ၁ ယူရိုငွေ (မြန်မာငွေ ၁၈၇၂ ကျပ်- စက်တင်ဘာ ၂၆ ရက် ငွေလဲနှုန်းအရ) ဖြင့် ရောင်းချလျက်ရှိနေပြီ ဖြစ်သည်။

အီတလီတွင် ပုံမှန်နေအိမ်တစ်လုံးကို အလွန်နည်းပါးလှသော ငွေပမာဏဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းလည်း ဖြစ်သည်။

ယခုကဲ့သို့ ၁ ယူရိုမျှဖြင့် ရောင်းချရခြင်း၏ အဓိကအကြောင်းရင်းမှာ အဆိုပါမြို့ကလေးတွင် လူဦးရေအလွန်နည်းပါးလာသောကြောင့် လူနေမြင့်တက်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိအားဖြင့် အော်လိုလိုင်း၏ လူဦးရေမှာ ၁၃၀၀ ကျော်သာရှိရာ ကမ္ဘာပေါ်ရှိ မြို့များနှင့် နှိုင်းယှဉ်လျှင် အလွန်သေးငယ်လှသော မြို့လေးဖြစ်နေသည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က အော်လိုလိုင်းတွင် အခြေချနေထိုင်ခဲ့သူဦးရေမှာ ၂၂၅၀ ဝန်းကျင်ရှိရာ ထက်ဝက်နီးပါးလျော့ကျသွား ခြင်းလည်း ဖြစ်သည်။

အကယ်၍သာ သားသမီးမွေးဖွားခြင်းများ အများအပြားမရှိတော့လျှင် မြို့ကလေးသည် နောင်အခါတွင် လူသူကင်းမဲ့သည့် နေရာတစ်ခုဖြစ်လာတော့မည်ကို ရတက်မအေး ဖြစ်နေကြသည်။

သင့်အနေဖြင့် အီတလီနိုင်ငံရှိ အဆိုပါနေအိမ်များကို ၁ ယူရို (ကန်ဒေါ်လာ ၁ ဒသမ ၁၇ ဒေါ်လာ) ဖြင့် ဝယ်ယူနေထိုင်လိုသည်ဆိုပါက သိထားရမည့် အချက်အလက်အချို့ရှိသည်။

ပထမဆုံးအချက်မှာ သင့်အနေဖြင့် နေအိမ်တစ်လုံးဝယ်ယူရန် ဆုံးဖြတ်လိုက်မည်ဆိုပါက အဆိုပါနေအိမ်ကို ၃ နှစ်အတွင်း ပြန်လည်မွမ်းမံရမည်ဖြစ်သည်။

ပြုပြင်မွမ်းမံမှုအတွက် ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၂၅၀၀၀ နှင့်အထက် ကုန်ကျနိုင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service