နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း - Property News in Myanmar from iMyanmarHouse.com
21 Aug 2025 11:08 am တွင် တင်ခဲ့သည်
142 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်နိုင်ငံသား စတန် လာကင် (Stan Larkin) သည် လူ့နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန် နေထိုင်နိုင်ခဲ့သည်မှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပြီး ဆေးလောက၏ အောင်ပွဲတစ်ခုလည်း ဖြစ်သည်။

စတန် လာကင်သည် အမေရိကန်ပြည်၊ မီချီဂန်ပြည်နယ်၊ ယစ်ဆလန်းတီ (Ypsilanti) မြို့တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ကလေး ၃ ဦးနှင့်အတူ ပန်းခြံသို့ သွားလေ့ရှိကာ ညီငယ် ဒေါမနစ်နှင့်အတူလည်း မကြာခဏ သွားလာလည်ပတ်ခြင်းဖြင့် အချိန်ကုန်ဆုံးလေ့ရှိသည်။

စတန် လာကင်သည် မီးခိုးရောင် ကျောပိုးအိတ်တစ်လုံး အမြဲလွယ်ထားလေ့ရှိသည်။

ထို ကျောပိုးအိတ်သည် ၎င်းကို အသက်ရှင်သန်နေစေသည့်အရာ ဖြစ်၏။ ထို ကျောပိုးအိတ်မရှိလျှင် စတန် လာကင် အသက်ရှင်သန်နိုင်ဖွယ် မရှိချေ။

ကျောပိုးအိတ်ထဲတွင် နှလုံးတုအတွက် ပါဝါပေးမည့် ဘက်ထရီထည့်ထားသည်။

စတန်လာကင်၏ နှလုံးမှာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလက ခွဲထုတ်ဖယ်ရှားခဲ့ရသည်။

နှလုံးအစား စက်တစ်လုံးထည့်ထားပြီး အသက်ရှင်သန်နေသည်။ နှလုံးလှူဒါန်းမည့်သူကို ထိုစက်၏ အကူအညီဖြင့် ရှင်သန်နေထိုင်ရင်း စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် နှလုံးအစားထိုး ကုသရန်လိုအပ်နေသော လူနာ ၄၀၀၀ ခန့် အမြဲရှိနေကြောင်း U.S. Organ Procurement and Transplantation Network ၏ အချက်အလက်များတွင် ဖော်ပြသည်။

စတန်လာကင်သည် သူ၏နှလုံး၌ ပြဿနာရှိနေကြောင်း ဆယ်စုနှစ်တစ်ခုခန့် မသိခဲ့။ မည်သည့်လက္ခဏာမှ မခံစားရသောကြောင့်လည်း နှလုံးရောဂါပြဿနာရှိနေကြောင်း မသိခဲ့ခြင်းဖြစ်သည်။

တစ်ရက်တွင်မူ ဘတ်စ်ကက်ဘော ကစားနေရင်း ခွေလဲကျသွားခဲ့သည်။

စစ်ဆေးချက်များအရ စတန်လာကင်တွင် မျိုးရိုးအမွေ နှလုံးရောဂါရှိနေသည်ကို တွေ့ခဲ့ရသည်။

သူ၏ ညီငယ် ဒေါမနစ်တွင်လည်း အလားတူ အခြေအနေဖြစ်နေသည်ကို မကြာမီတွင် တွေ့ခဲ့ရသည်။

စတန် လာကင်နှင့် ဒေါမနစ်တို့ ၂ ဦးလုံးတွင် နှလုံးစည်းချက်မမှန်သည့် arrhythmogenic dysplasia ရောဂါ ခံစားနေရကြောင်း ၎င်းတို့ ၂ ဦးလုံးကို ခွဲစိတ်ပေးခဲ့သည့် မီချီဂန်တက္ကသိုလ်မှ နှလုံးခွဲစိတ်အထူးကု သမားတော် ဒေါက်တာ Jonathan Haft က ပြောသည်။

ညီအစ်ကိုနှစ်ဦးလုံး နှလုံးရပ်သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်လာရသောကြောင့် ၂၀၁၄ နှစ်ကုန်ပိုင်းတွင် နှလုံးတုစက်များ တပ်ဆင်ပေးခဲ့ရသည်။

ဒေါမနစ်မှာ နှလုံးတုစက်ဖြင့် ဆေးရုံတွင် ရက်သတ္တ ၆ ပတ်နေခဲ့ပြီးနောက် လူ့နှလုံးအစစ်ဖြင့် အစားထိုးခွဲစိတ် ကုသမှု ခံယူခဲ့သည်။

သို့သော် စတန်လာကင်မှာမူ နှလုံးတုစက်ဖြင့် ဆက်လက်နေထိုင်နေခဲ့ကြောင်း ဒေါက်တာ Haft က ပြောသည်။

စတန်လာကင်၏ ခန္ဓာကိုယ်ဘယ်ဘက်ခြမ်း နံရိုးအိမ်၏ အောက်ဘက်မှ ပြွန် ၂ ခုဖောက်ကာ ကိုယ်အပြင်ဘက်ရှိ ၁၃ ပေါင်လေးသော နှလုံးလည်ပတ်စက် Freedom Driver ကို ကိုယ်တွင်းရှိ နှလုံးတုနှင့် ဆက်သွယ်ပေးထားသည်။

စတန်လာကင်သည် ကျောပိုးအိတ်လွယ်ထားလျက်ဖြင့်ပင် ဘတ်စ်ကက်ဘော ကစားခြင်း၊ သားသမီးများနှင့် ဆော့ကစားခြင်း၊ သူငယ်ချင်းများနှင့် ကားပတ်စီးခြင်းတို့ လုပ်ဆောင်လေ့ရှိသည်။

ပြွန်ထွက်သော အပေါက်နေရာမှ ပတ်တီးစများကို စတန်လာကင်၏ မိခင်ကြီးက မကြာခဏလဲလှယ်ပေးသည်။

တစ်နှစ်ကျော်အကြာတွင်မူ စတန်လာကင်သည် မီချီဂန်တက္ကသိုလ် Frankel Cardiovascular Center တွင် လူ့နှလုံးအစစ်ဖြင့် ခွဲစိတ်ကုသမှု ခံယူခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Man lives 555 days without a heart

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service